ဒါဆို GraphQL က REST API ထက် ပိုကောင်းတာလား?

မဟုတ်ပါဘူး

REST API ကတော့ ရိုးရှင်းပြီး အသုံးများတဲ့ API ပုံစံဖြစ်တာကြောင့် project တော်တော်များများမှာ အခုထိ အဓိကအသုံးပြုနေဆဲပါ။ Project သေးသေးလေးတွေ၊ API ရိုးရိုးလေးတွေဆို REST API က ရိုးရှင်းပြီး လုပ်ရလည်းလွယ်ပါတယ်။ ဒါပေမယ့် app ကကြီးလာမယ်၊ screen တစ်ခုတည်းမှာ data အမျိုးမျိုးလိုလာမယ်၊ mobile Internet ချွေတာချင်မယ်ဆိုရင်တော့ GraphQL က ပိုအဆင်ပြေပါတယ်။

အတိုချုပ်ပြောရရင် REST API က "Server ပေးချင်တဲ့ data ကိုပဲ ယူရတယ်" GraphQL ကတော့ "ကိုယ်လိုချင်တဲ့ data ကိုပဲ server ဆီက တောင်းယူလို့ရတယ်"

ဒါကြောင့် API နှစ်ခုစလုံးကို သိထားတာ ကောင်းပါတယ်။ ဘာကိုရွေးရမလဲဆိုတာက ကိုယ်လုပ်မယ့် project ပေါ်မှာပဲ မူတည်ပါတယ်
❤1👍1
WebSockets ဆိုတာဘာလဲ?
Messenger Chat တွေ၊ Live Chat တွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်
💬

ကိုယ်က Messenger မှာ friend တစ်ယောက်ဆီ စာပို့လိုက်တယ်ဆိုပါစို့။ send နှိပ်ပြီး စက္ကန့်ပိုင်းအတွင်း တစ်ဖက်ကလူက ဖတ်ပြီး reply ပြန်လာတယ်။ အဲ့ဒီလိုပဲ Live Chat တွေမှာလည်း message အသစ်တွေက refresh မနှိပ်ဘဲ အလိုအလျောက် ပေါ်လာတယ်။ ဒီလို Real-time ဖြစ်နေတာရဲ့ နောက်ကွယ်မှာ အဓိက အလုပ်လုပ်ပေးနေတာကတော့ WebSockets ပါ။

ပုံမှန် website တွေမှာ browser က server ကို request ပို့တယ်။ server က response ပြန်ပို့တယ်။ ပြီးရင် connection ကို ပိတ်လိုက်ပါတယ်။ ကိုယ်က data အသစ်ထပ်လိုချင်ရင် browser က request ထပ်ပို့ရပါတယ်။ ဒါပေမယ့် chat app တွေမှာ ဒီနည်းလမ်းက အဆင်မပြေပါဘူး။ Message အသစ်ရောက်မရောက်ကို အမြဲတမ်း request ပို့နေရရင် network လည်းပိုသုံးရသလို delay လည်း ဖြစ်ပါတယ်။
❤1👍1
ဒါကြောင့် WebSockets ကိုအသုံးပြုရတာပါ။ WebSockets က browser နဲ့ server ကြားမှာ connection တစ်ခုကို ဖွင့်ထားပြီး ချိတ်ဆက်ထားပါတယ်။ အဲ့ဒီ connection ဖွင့်ထားတဲ့အတွက် browser က server ဆီ data ပို့ချင်ရင် ချက်ချင်းပို့နိုင်သလို Server ကလည်း browser မတောင်းခင် message အသစ်၊ notification အသစ်တွေကို တိုက်ရိုက် push လုပ်ပေးနိုင်ပါတယ်။

ဒါကြောင့် messenger မှာ စာပို့ရင် ချက်ချင်းမြင်ရတာ၊ live chat တွေမှာ reply ချက်ချင်းရတာတွေ အားလုံးက WebSockets ကြောင့် ဖြစ်တာပါ။ WebSockets ကို chat application တွေအပြင် live notification၊ stock price၊ sports score နဲ့ multiplayer game တွေမှာလည်း အသုံးပြုကြပါတယ်။

အနှစ်ချုပ်ပြောရရင် WebSockets ဆိုတာ browser နဲ့ server ကြားမှာ connection ကို အမြဲဖွင့်ထားပြီး data တွေကို real-time အပြန်အလှန် ပို့နိုင်အောင် လုပ်ပေးတဲ့ technology တစ်ခုပါ
❤1👍1
Cloud Computing ဆိုတာဘာလဲ?
ဘယ်နေရာမှာ သုံးတာလဲ?
☁

Cloud Computing ဆိုတာ Internet ပေါ်က server တွေ၊ storage၊ database နဲ့ အခြား computing resources တွေကို ငှားရမ်းအသုံးပြုတဲ့ နည်းပညာကို ပြောတာပါ။ Website တစ်ခု ဒါမှမဟုတ် App တစ်ခု ဖန်တီးပြီးရင် ကိုယ့် laptop ထဲမှာပဲ ထားလို့ မရပါဘူး။ လူတိုင်း အချိန်မရွေး အသုံးပြုနိုင်ဖို့ Server တွေပေါ်မှာ တင်ထားရပါတယ်။ အရင်တုန်းက company တွေက server ဝယ်ရတယ်၊ ထိန်းသိမ်းရတယ်၊ ပျက်ရင် ပြင်ရတယ်။ အခုတော့ အဲ့လိုမဟုတ်တော့ဘူး

ကိုယ်လိုတဲ့ resource ကို cloud ကနေ ငှားသုံးလိုက်ရုံပဲ။ အသုံးများရင် တိုး၊ မလိုတော့ရင် လျှော့လို့ရတာကြောင့် အချိန်ကုန်သက်သာပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ ကိုယ်တိုင် server ကြီးတွေ ဝယ်မောင်းမယ့်အစား Internet ပေါ်က tech ကုမ္ပဏီကြီးတွေရဲ့ server မှာ နေရာသွားငှားသုံးတာလိုပါပဲ။ အလွယ်ဆုံး ဥပမာပေးရရင် ကားတစ်စီးကို ပိုက်ဆံအပုံလိုက်ကြီးပေးဝယ်မယ့်အစား ကိုယ်လိုတဲ့အချိန်မှ taxi ခေါ်စီးသလိုမျိုးပါ။
❤1👍1
နာမည်ကြီး cloud platform တချို့ဆိုရင် Amazon Web Services (AWS)၊ Microsoft Azure နဲ့ Google Cloud Platform (GCP) တို့ ဖြစ်ပါတယ်။ အဲ့ဒီလို cloud platform တွေဆီကနေ server၊ storage၊ database စတဲ့ resources တွေကို အချိန်မရွေး ငှားသုံးနိုင်ပြီး ကိုယ့်ရဲ့ လုပ်ငန်းကို ချဲ့ထွင်းလို့ရပါတယ်

အခုခေတ် website တွေ၊ mobile app တွေ၊ AI application တွေကို cloud ပေါ်မှာပဲ တည်ဆောက်ပြီး run ကြပါတယ်။ ဒါကြောင့် developer တွေက Cloud Computing ကို မဖြစ်မနေ ထိတွေ့အသုံးပြုရပါတယ်။

အနှစ်ချုပ်ပြောရရင် Cloud Computing ဆိုတာ ကိုယ်တိုင် server ကြီးတွေ ဝယ်ပြီး ထိန်းသိမ်းနေစရာမလိုဘဲ Internet ပေါ်က computing resources တွေကို လိုသလို ငှားသုံးနိုင်အောင် လုပ်ပေးထားတဲ့ နည်းပညာပါ
❤1👍1
React vs Vue
Web Frontend အတွက်ဘာရွေးရမလဲ?


Frontend အတွက် React နဲ့ Vue က အမြဲတမ်း “ဘယ်ဟာရွေးရမလဲ” ဆိုတဲ့အငြင်းပွားမှုထဲမှာပါလာတတ်ပါတယ်။ တကယ်တော့ ဒီနှစ်ခုမှာ "ဘယ်ဟာပိုကောင်းလဲ" ဆိုတာထက် ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတာကို ရွေးချယ်တာက ပိုအရေးကြီးပါတယ်။

React ကတော့ “industry standard” လို့ပြောလို့ရတယ်။ သူ့ကို company project ကြီးတွေ၊ large scale system တွေမှာ အများဆုံးတွေ့ရတယ်။ သူက အစပိုင်းမှာ learning လုပ်ရတာ နည်းနည်းခက်တယ်။ ဒါပေမယ့် နားလည်သွားရင် ecosystem ကအရမ်းကြီးတယ်။ job market လည်းပိုကျယ်တယ်။

Vue ကတော့ “easy going” type လို့ပြောရမယ်။ beginner တွေအတွက် နားလည်လွယ်တယ်။ HTML, CSS, JS ကို အနည်းအကျဥ်းလောက် နားလည်ထားရင် စရေးနိုင်ပြီ။ structure ကလည်း ရိုးရိုးရှင်းရှင်းဖြစ်လို့ small to medium project တွေမှာ အရမ်းအဆင်ပြေတယ်။
❤2🔥1
အဲ့တော့ တကယ်တမ်း ရွေးရမယ်ဆိုရင် ကိုယ့်ရဲ့ goal ပေါ်မှာမူတည်တယ်။ အလုပ်ရဖို့၊ big ecosystem ထဲဝင်ချင်ရင် React ကပိုအားသာတယ်။ ဒါမှမဟုတ် အမြန်လေ့လာပြီး project တွေထုတ်ချင်တယ်၊ smooth experience လိုချင်ရင် Vue ကပိုအဆင်ပြေတယ်။ တကယ်တော့ React ပဲဖြစ်ဖြစ် Vue ပဲဖြစ်ဖြစ် ကိုယ်က JavaScript ကို သေချာကျွမ်းကျင်ရင် framework ပြောင်းသုံးတာက မခက်တော့ပါဘူး
❤2🔥1
Docker ဆိုတာဘာလဲ? Developer တွေဘာကြောင့် Docker ကိုသုံးကြတာလဲ? 🐳 💻

Docker ဆိုတာကိုယ့် project အလုပ်လုပ်ဖို့လိုအပ်တဲ့ environment ကို container ထဲမှာ ထည့်ထားပြီး ဘယ် computer မှာပဲဖြစ်ဖြစ် run လို့ရအောင် လုပ်ပေးတဲ့ tool တစ်ခုပါ။

Developer တစ်ယောက်အနေနဲ့ Docker ကို သိထားတာက project manage လုပ်တာ၊ team နဲ့အလုပ်လုပ်ရတာတွေမှာ တော်တော်အထောက်အကူဖြစ်စေပါတယ်။

video ကြည့်ရန်နှိပ်ပါ ➡ https://vt.tiktok.com/ZSqRtBLM2/
❤2
Database ဆိုတာဘာလဲ? ဘာကြောင့် လိုအပ်တာလဲ?

Website တစ်ခု၊ Mobile App တစ်ခုကို အသုံးပြုတဲ့အခါ User Account တွေ၊ Product တွေ၊ Message တွေဟာ App ပိတ်လိုက်တာနဲ့ ပျောက်သွားတယ်ဆိုရင် အဲ့ဒီ App ကို ဘယ်သူမှ သုံးချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Data တွေကို အမြဲတမ်း သိမ်းထားနိုင်ဖို့ Database ဆိုတာ လိုအပ်လာတာပါ။ Database ဆိုတာကို အလွယ်ပြောရရင် Data တွေကို စနစ်တကျ သိမ်းဆည်းထားတဲ့ နေရာ တစ်ခုပါ။

ဥပမာ Facebook မှာ Account ဖွင့်လိုက်တဲ့အချိန် ကိုယ့်ရဲ့ Name, Email, Password, Profile Photo စတာတွေကို Database ထဲမှာ သိမ်းထားပါတယ်။ ကိုယ်က နောက်တစ်ခါ Login ဝင်တဲ့အချိန်မှာ Database ထဲက Data တွေကို ပြန်ရှာပြီး မှန်မမှန် စစ်ဆေးပေးတာပါ။ YouTube ဆိုရင်လည်း ကိုယ်တင်တဲ့ Video တွေ၊ Like လုပ်ထားတဲ့ Video တွေ၊ Subscribe လုပ်ထားတဲ့ Channel တွေ အားလုံးကို Database ထဲမှာ သိမ်းထားပါတယ်။
❤4👍1
ဒါဆို Database မရှိရင် ဘာဖြစ်မလဲ?

User Register လုပ်ထားတဲ့ Account တွေကို မမှတ်မိတော့ဘူး။ Login ဝင်လို့မရတော့ဘူး။ Comment တွေ၊ Post တွေလည်း သိမ်းထားလို့မရတော့ဘူး။ တစ်နည်းအားဖြင့် Dynamic Website တစ်ခုလုံးနီးပါး အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် Backend Developer တစ်ယောက်အတွက် Database က မဖြစ်မနေ လေ့လာရမယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။

Database ကို အဓိကအားဖြင့် SQL Database (Relational Database) နဲ့ NoSQL Database ဆိုပြီး ၂ မျိုး ခွဲနိုင်ပါတယ်။ SQL Database အမျိုးအစားက Data တွေကို Table ပုံစံနဲ့ သိမ်းပါတယ်။ ဥပမာ User Table, Product Table, Order Table ဆိုပြီး ခွဲသိမ်းပါတယ်။ Data တွေကို စနစ်တကျ စီမံနိုင်ပြီး Data မှန်ကန်မှုကို အရမ်းအရေးပေးတဲ့ System တွေအတွက် သင့်တော်ပါတယ်။ ဥပမာ Banking System, Hospital System, E-commerce Website

NoSQL Database ကတော့ Table ပုံစံနဲ့ မသိမ်းပါဘူး။ သူက Data တွေကို JSON လို Document ပုံစံ၊ Key-Value ပုံစံ၊ Graph ပုံစံ စတာတွေနဲ့ သိမ်းပါတယ်။ Data Structure အမြဲပြောင်းလဲနေတဲ့ Project တွေ၊ User အရေအတွက် အရမ်းများတဲ့ Application တွေအတွက် NoSQL က ပိုအဆင်ပြေပါတယ်။ ဥပမာ Chat Application, Social Media

အလွယ်မှတ်ရမယ်ဆိုရင် SQL Database က Data တွေကို Table ပုံစံ စနစ်တကျ သိမ်းတယ်။ NoSQL ကတော့ Table မသုံးဘဲ Data တွေကို လိုအပ်သလို Flexible ဖြစ်အောင် သိမ်းပေးတယ်။ ဒါကြောင့် SQL က စည်းကမ်းပိုတင်းကျပ်ပြီး Data မှန်ကန်မှုကို အားပေးတယ်။ NoSQL ကတော့ မြန်မြန်ဆန်ဆန် ချဲ့နိုင်ပြီး Flexible ဖြစ်တာကို အားပေးပါတယ်။ ဒါပေမယ့် "SQL က ပိုကောင်းတယ်" ဒါမှမဟုတ် "NoSQL က ပိုကောင်းတယ်" လို့ ပြောလို့မရပါဘူး။ ကိုယ်ရေးမယ့် Project အမျိုးအစားပေါ်မူတည်ပြီး သင့်တော်တဲ့ Database ကို ရွေးချယ်ရတာပါ
❤4👍2
💡 Random Web Dev Tips #1
📚 HTML Element အကြောင်း

What is HTML Element ❓

HTML Element ဆိုတာ ကိုယ်ရေးထားတဲ့ HTML code တွေထဲက  အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မျက်စိထဲမြင်သာအောင်ပြောရရင် HTML Element ဆိုတာ opening tag + content + closing tag  ဒီ ၃ ခုလုံးပေါင်းထားတာကိုဆိုလိုတာပါ။
❤5
🟢 HTML Tag vs HTML Element
Tag နဲ့ Element ဘာကွာလဲ?


​HTML Tag ဆိုတာကတော့ HTML code ရဲ့ အဖွင့် (Opening Tag) နဲ့ အပိတ် (Closing Tag) ကိုသာ ဆိုလိုတာဖြစ်ပါတယ်။

​HTML Element ဆိုတာကတော့ အဖွင့် Tag၊ အပိတ် Tag နဲ့ အဲ့ဒီ Tag နှစ်ခုကြားမှာ ရေးသားထားတဲ့ Content (အကြောင်းအရာ) အားလုံးကို ပေါင်းပြီး ခေါ်တာပါ။

(ဥပမာ - <p>Hello World</p> တစ်ခုလုံးသည် Element ဖြစ်သည်)

​ပုံထဲမှာ မြင်သာအောင် ပြထားပေးပါတယ်။
❤4
HTTP နဲ့ HTTPS ဘာကွာလဲ?
Web Security ရဲ့ အခြေခံကို လေ့လာကြမယ်
🔐

Website တစ်ခုကို ဝင်လိုက်တဲ့အခါ Browser Address Bar မှာ http:// ဒါမှမဟုတ် https:// ဆိုပြီး တွေ့ဖူးကြမှာပါ။ လူအများစုကတော့ ဒါကို သတိမထားမိကြပေမယ့် Web Security အတွက်တော့ အရမ်းအရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

HTTP နဲ့ HTTPS ဆိုတာ Browser နဲ့ Server ကြားမှာ Data တွေကို ဘယ်လို အပြန်အလှန် ပို့ရမယ်ဆိုတဲ့ စည်းမျဉ်း (Protocol) တွေ ဖြစ်ပါတယ်။ ဥပမာ Browser က Server ဆီက Web Page တစ်ခု တောင်းဆိုတဲ့အခါ Request ပို့ရပါတယ်။ Server ကလည်း ပြန်ပြီး Response ပို့ပေးရပါတယ်။ ဒီ Request နဲ့ Response တွေ ဘယ်လိုပုံစံနဲ့ သွားလာရမယ်ဆိုတာကို HTTP နဲ့ HTTPS က သတ်မှတ်ပေးတာပါ။

နှစ်ခုလုံးက Data တွေကို အပြန်အလှန် ပို့ဆောင်ဖို့ အသုံးပြုကြပေမယ့် HTTP က Data တွေကို သာမန်ပုံစံနဲ့ ပို့ပြီး HTTPS ကတော့ Data တွေကို Encryption လုပ်ပြီး လုံခြုံစွာ ပို့ပေးပါတယ်။ ဥပမာ Facebook Website ထဲ Login ဝင်ဖို့ Username နဲ့ Password ရိုက်ထည့်နေတယ်ဆိုပါစို့။ Facebook က HTTP ကိုသာ အသုံးပြုထားရင် ကိုယ့်ရဲ့ Data တွေဟာ Internet ပေါ်မှာ သာမန်စာသားအဖြစ် သွားနေတဲ့အတွက် ကြားဖြတ်ဖမ်းယူခံရနိုင်ပါတယ်။
❤4
ဒါပေမယ့် HTTPS ကို အသုံးပြုထားရင်တော့ Data တွေကို Encryption လုပ်ထားပြီး ပို့ပေးတာကြောင့် ကြားဖြတ်ဖမ်းယူမိခဲ့ရင်တောင် နားမလည်နိုင်တဲ့ Code တွေအဖြစ်ပဲ မြင်ရပါလိမ့်မယ်။ အလွယ်ပြောရရင် HTTP က Postcard ပို့သလိုဖြစ်ပြီး လမ်းမှာ ဘယ်သူမဆို ဖတ်လို့ရနိုင်ပါတယ်။ HTTPS ကတော့ စာအိတ်ပိတ်ပြီး ပို့သလိုပါပဲ။ ပေးပို့သူနဲ့ လက်ခံသူကလွဲပြီး အခြားသူတွေ မဖတ်နိုင်ပါဘူး။

ဒါကြောင့် Website တစ်ခု ဝင်တဲ့အခါ Address Bar ထဲမှာ 🔒 Lock Icon လေးနဲ့ HTTPS ပါမပါကို ကြည့်တတ်ဖို့ လိုပါတယ်။ အဲ့ဒီ Lock Icon လေးက Website က လုံခြုံတဲ့ Connection ကို အသုံးပြုနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ Web Developer တွေအတွက်လည်း HTTPS က Optional မဟုတ်တော့ပါဘူး။ User တွေရဲ့ Data တွေကို ကာကွယ်ဖို့၊ Search Engine Ranking ကောင်းဖို့နဲ့ Website ရဲ့ ယုံကြည်မှုကို မြှင့်တင်ဖို့ HTTPS ကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်
❤5
HTML အခြေခံသင်ခန်းစာ
အပိုင်း (၁)


HTML နဲ့ပတ်သတ်ပြီး Beginner တစ်ယောက် သိသင့်သိထိုက်ရမယ့် အကြောင်းအရာတွေကို လိုတိုရှင်း series အနေနဲ့ ဖန်တီးသွားပါမယ်။

အခု အပိုင်း (၁) ရပါပြီ 🎞

video ကြည့်ရန်နှိပ်ပါ ➡ https://vt.tiktok.com/ZSqRtBLM2/
❤5
SkillHub coding facebook page 🚩

Please follow our Facebook page for more updates and content. Thank you for your support! ❤️

Link ⬇⬇⬇
https://www.facebook.com/share/1BUHwYTBiN/
❤2
UI/UX ဆိုတာ ဘာလဲ? Web Dev တစ်ယောက်အတွက် ဘာလို့ အရေးကြီးတာလဲ? 🎨 💻

Website တစ်ခုကို လူတွေဝင်တဲ့အခါ အရင်ဆုံးမြင်ရတာ code မဟုတ်ဘူး။ Design နဲ့ Experience ပဲ။ ဒါကြောင့် UI/UX က Web Development မှာအရမ်းအရေးပါတယ်။

UI ဆိုတာ လူတွေမြင်ရတဲ့အရာတွေကိုပြောတာ ဥပမာ color တွေ၊ button တွေ၊ font တွေ၊ layout တွေ။ UI လှရင်လူတွေရဲ့ အထင်ကြီးမူ၊ စိတ်ဝင်စားမူကို ရရှိစေတယ်။ ဒါပေမယ့် အဲ့ဒါတင်မလုံလောက်သေးဘူး။ Website တစ်ခုကလှပေမယ့် အသုံးပြုရခက်နေမယ်ဆိုရင် user ကကြာကြာမနေပဲ ထွက်သွားတတ်တယ်။ ဒါကြောင့် UI နဲ့အတူ UX ကလဲအရေးပါတယ်။

UX ဆိုတာကတော့ user အတွေ့အကြုံပါ။ Site ထဲဝင်လာတဲ့အချိန် ဘယ်ခလုပ်ကိုနှိပ်ရမှန်းသိတာ၊ ကိုယ်လိုတာကိုလွယ်လွယ်ကူကူရှာလို့ရတာ၊ သုံးရတာစိတ်မရှုပ်ဘူး ဒီလိုအရာတွေကို UX လို့ခေါ်ပါတယ်။ တစ်ခါတလေ UI မလှပေမယ့် UX ကောင်းရင် လူတွေပြန်လာတတ်တယ်။ ဒါကြောင့် UI နဲ့ UX နှစ်ခုလုံး balance ဖြစ်ရမယ်။
❤7
Web Developer တစ်ယောက်အတွက် ဒီနှစ်ခုက မျက်နှာပြင်ပေါ်က decoration တင်မကဘူး။ ကိုယ်ရေးတဲ့ code ရဲ့တန်ဖိုးကို ဆုံးဖြတ်ပေးတဲ့အရာတွေဖြစ်တယ်။

Feature ကောင်းတစ်ခုလုပ်ထားပေမယ့် user မသုံးတတ်ဘူးဆိုရင် အဲ့ဒီ feature က မရှိသလိုပဲဖြစ်သွားတယ်။ ဒါကြောင့် developer ကောင်းတစ်ယောက်ဆိုတာ code ရေးတတ်ရုံတင်မကဘူး။ User ဘာလိုချင်လဲဆိုတာ နားလည်တတ်ရမယ်။ သူတို့ကိုမပင်ပန်းစေဘဲ လမ်းပြပေးတတ်ရမယ်။ Simple ဖြစ်ပေမယ့် အသုံးဝင်အောင်လုပ်တတ်ရမယ်။

နောက်ဆုံးတော့ Website တစ်ခုအောင်မြင်၊ မအောင်မြင်ဆိုတာ code ကိုမိုးပျံအောင်ရေးထားတာနဲ့ မဆိုင်ဘူး။ လူတွေဘယ်လောက်အဆင်ပြေပြေသုံးလို့ရလဲ ဆိုတာနဲ့ပဲ သက်ဆိုင်တယ်။
❤4
HTML အခြေခံသင်ခန်းစာ
အပိုင်း (၂)


ဒီအပိုင်းမှာတော့ HTML Heading (ခေါင်းစဥ်) နဲ့ Paragraph (စာပိုဒ်) tags တွေအကြောင်းရှင်းပြပေးထားပါတယ်။

အပိုင်း (၂) ရပါပြီ 🎞

video ကြည့်ရန်နှိပ်ပါ ➡ https://vt.tiktok.com/ZSqf7EJwy/
❤3🔥2
HTML အခြေခံသင်ခန်းစာ
အပိုင်း (၃)


ဒီအပိုင်းမှာတော့ HTML img tag နဲ့ webpage ပေါ်မှာပုံထည့်နည်း၊ a tag နဲ့ link ချိတ်နည်းစတာတွေကို ရှင်းပြပေးထားပါတယ်။

အပိုင်း (၃) ရပါပြီ 🎞

video ကြည့်ရန်နှိပ်ပါ ➡ https://vt.tiktok.com/ZSqQd1Dop/
❤3
Developer တိုင်းမဖြစ်မနေ သိထားရမယ့် API အကြောင်း 📚 💻

Developer တိုင်း API ဆိုတဲ့စကားလုံးကို ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲ့ဒီ API ဆိုတာ ဘာကြီးလဲ? ဘယ်နေရာမှာသုံးတာလဲ?

API ဆိုတာ Application Programming Interface ဖြစ်ပြီး Software နှစ်ခုကြား အချက်အလက်တွေ အပြန်အလှန် ဆက်သွယ်ဖို့ အသုံးပြုတဲ့ တံတားတစ်ခုလိုပါပဲ။ ဥပမာ Facebook App ကို ဖွင့်လိုက်တဲ့အခါ သင့်ရဲ့ Profile, Posts, Messages တွေက App ထဲမှာ သိမ်းထားတာမဟုတ်ဘူး။ Server ဆီကနေ API ကိုသုံးပြီး လှမ်းတောင်းယူတာပါ။ Weather App တစ်ခုမှာ ရာသီဥတုအချက်အလက်တွေ မြင်ရတာလည်း API ကြောင့်ပဲ။ Payment စနစ်တွေ၊ Maps တွေ၊ AI Chatbot တွေ၊ Login with Google လို Feature တွေအားလုံးရဲ့ နောက်ကွယ်မှာ API တွေ အလုပ်လုပ်နေကြပါတယ်။

Developer တစ်ယောက်အနေနဲ့ API ကို နားမလည်ဘဲ Application ကြီးတွေ တည်ဆောက်ဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ် Software Development က အရာအားလုံးကို အစကနေ ပြန်မတည်ဆောက်တော့ပါဘူး။ ရှိပြီးသား Service တွေနဲ့ပဲ ချိတ်ဆက်ပြီး အလုပ်လုပ်ကြတာများပါတယ်။
❤5