စစ်ခွေးသင်္ချိုင်း
89.6K subscribers
24.1K photos
4.51K videos
1 file
1.46K links
မတရားမှုကိုမြေလှန်တော်လှန်ကြ
Download Telegram
Media is too big
VIEW IN TELEGRAM
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂမ်ရှောင် ဦးဆောင်သည့် KIO ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလကုန်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ၀ဒေသသို့ သွားရောက်ပြီး မဟာမိတ်တပ်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ KIO အုပ်ချုပ်ရေး ဌာနမှူး ဗိုလ်မှူးကြီး လဖိုင်ဇော်ရော်၊ မဟာမိတ်ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး ဘရန်နန်၊ ဗိုလ်မှူးကြီး ဆင်ဝါး၊ ရှမ်းမြောက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတို့ ပါဝင်သည့် အဖွဲ့သည် ဧပြီလကုန်မှစ၍ မဟာမိတ်များနှင့်တွေ့ဆုံရန် ခရီးစဉ်စတင်ခဲ့ပြီး မေလ ပထမပတ်တွင် ၀ပြည်သွေးစည်းညီ
ညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း၌ ကျင်းပသည့် ပြည်ထောင်စုနိုင်ငံရေးဆွေး
နွေးညှိနှိုင်းရေးကော်မတီ(FPNCC) အစည်းအဝေး တက်ရောက်ခဲ့သည်ဟု ဆိုသည်။

KIO ကိုယ်စားလှယ်အဖွဲ့  ပန်ဆန်း၌ FPNCC အဖွဲ့ဝင်များနှင့် စစ်ရေး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအပြီး ယာဉ်တန်းဖြင့်အပြန် လမ်းခရီးတနေရာ၌ ကချင်လူထုက ကြိုဆိုကြသည်။

FPNCC သည် ၀တပ်ဖွဲ့(UWSA)၊ မိုင်းလား (NDAA)၊ ရှမ်း( SSPP)၊ ကချင်(KIO)၊ တအာင်း(TNLA)၊ ကိုးကန့်(MNDAA)၊ ရက္ခိုင်(AA) တို့ဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။
ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ဖက်ဆစ်ခွေးမိစ္ဆာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ မေ ၁၄ ရက်နေ့ ၄ နာရီအချိန်ခန့်က ဖက်ဆစ်ခွေးမိစ္ဆာ လေကြောင်းကနေ ကျောက်တော်မြို့ ရွာမရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးဖြင့် လာရောက် ကြဲချခဲ့ကြောင်း ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့ခံများသည့် အထိတ်တလန့်ဖြစ်နေကြပြီး  နောက်ထပ် ဖက်ဆစ်ခွေးမိစ္ဆာ လေကြောင်းကနေ လာရောက် ဗုံးကြဲမည်ကို စိုးရိမ်နေမှုများ မြင့်တက်နေကြောင်း သိရှိရသည်။