စစ်ခွေးသင်္ချိုင်း
90K subscribers
22.6K photos
4.23K videos
1 file
1.35K links
မတရားမှုကိုမြေလှန်တော်လှန်ကြ
Download Telegram
လားရှိုးကို တရုတ်က ဝေခြမ်းရေး ဘယ်လိုလုပ်လိုက်ပြီလဲ
———
စစ်တပ်ထောက်ခံသူများကတော့ တရုတ်ကိုစည်းရုံးနိုင်ခဲ့သည့် စစ်ကောင်စီ၏သံခင်းတမန်ခင်းစွမ်းရည်ကြောင့် သေနတ်တချက်မှမဖောက်ရဘဲ လားရှိုးကိုပြန်သိမ်းနိုင်သည်ဟု ဝင့်ကြွားခဲ့ကြသည်။ လားရှိုးတွင်ခြေချနိုင်သည့်တိုင် စစ်ကောင်စီအတွက်တော့ လားရှိုးက ရန်သူဝိုင်းနေသည့်မြို့ ဖြစ်နေသည်။

ကိုးကန့်တပ် MNDAA တို့သည် မြို့အရှေ့ဘက်မှ ကွမ်းလုံ၊ မြောက်ဘက်မှ သိန္နီ၊ တအာင်းတပ် TNLA သည် အနောက်ဘက်မှ သီပေါ၊နမ္မတူ၊ တောင်ဘက်မှ ကျောက်မဲမြို့များကို ထိန်းချုပ်ထားသည်။ စစ်တပ်အတွက် တောင်ဘက် မိုင်းရယ် နှင့်အရှေ့တောင်ဘက်မှ တန့်ယန်းမြို့များသာ လားရှိုးကိုအဝင်အထွက်လုပ်နိုင်သည်။

တရုတ်ဝေခြမ်းပေးသည့် လားရှိုးအုပ်ချုပ်ရေးအကြောင်းကို နေပြည်တော်၊ကိုးကန့်နှင့် ဘေဂျင်းတို့က လျှို့ဝှက်ထားသည်။

စစ်တပ်သည် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို အုပ်စိုးစေ၊ ကိုးကန့်တပ် MNDAA သည် ကျေးရွာ ၄၅၀ ကိုအုပ်စိုးစေဟု တရုတ်ကကြားဝင်စေ့စပ်ပေးခဲ့သည်ဟု Myanmar Now ၏သတင်းအရင်းအမြစ်များကဆိုသည်။

စစ်တပ်သည် မြို့မြောက်ဘက်ရှိ အေတီတံတား၊ အနောက်ဘက်ရှိ အီနိုင်းတံတား၊ တောင်ဘက်ရှိ မန်ဟန်ရွာကို ကျော်လွန်ပြီးတပ်စွဲခွင့်မရှိဟုလည်းသိရသည်။ ထိုနယ်မြေခွဲဝေမှုအတွက် ဘေဂျင်းမှလွှတ်လိုက်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့က လားရှိုးတွင်ရုံးထိုင်ကာ အနီးကပ်စောင့်ကြည့်မည်ဟုဆိုသည်။

လားရှိုးမြို့ဝေခြမ်းရေးအတွက် စစ်ကောင်စီနှင့်ကိုးကန့်တပ်များသည် တရုတ်အစိုးရကိုကျေးဇူးတင်ကြသည်ဟု တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၂ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် မြို့ခံအရပ်သားများ၏ လုံခြုံရေးနှင့် အနာဂတ်အတွက် မည်သည့်အဖွဲ့ကမှ အာမခံချက်မပေးဘဲ နှုတ်ဆိတ်နေကြဆဲဖြစ်သည်။

မင်းမောင်၊ နိုရာပြည့်၊ ဟန်လင်း/Myanmar Now

https://www.youtube.com/watch?v=3iPwA_PHV7w
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ခွေး အင်အား အကောင် ၇၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားအလောင်း ၁၀ လောင်း၊ လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် အင်အား ၇၀ ပါ စစ်ကြောင်းက မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာ အတွင်းသို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် ဧပြီလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ငမိုးရိပ်ကျေးရွာမှ ဇရစ်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလားစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၂၂ ပူးပေါင်း မဟာမိတ်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲ ၂ နာရီခွဲခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ခွေးတပ်က တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်း ပစ်ကူပေးခဲ့ပြီး တိုက်ပွဲအပြီးတွင် ခွေးစုတ်ဖွားအလောင်း ၁၀ လောင်း၊  လက်နက်ငယ် ၁၀ လက်နှင့် ၆၀ မမ လက်နက် ၁ လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေတိုက်ပွဲတွင်း ဗျုဟာ ၂၂  မှ တပ်ရင်း ၃၇၀၁ ၊ ၃၈၀၁ ၊ ၃၈၀၂ ၊ ၃၈၀၃ တပ်ရင်းများ၊ACDF  (Asho Chin Defense Force) အပါအဝင် ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုံ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် ဖက်ဆစ်ခွေးမိစ္ဆာရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငွေကျပ်သိန်း (၂၃၀၀)ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် သပိတ်ကျင်းမြို့နယ်က ဒီနေ့ ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ ဧပြီလအတွင်း ဖက်ဆစ်ခွေးမိစ္ဆာရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ ၄၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ  ၄၅ ဦးနဲ့ နေအိမ် ၄၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၄၂ ဦးထဲမှာ တစ်ဦးကို ငွေသိန်း၂၀ နဲ့ ဒဏ်ရာရ တစ်ဦးကို ၁၅ သိန်းနဲ့ နေအိမ်ပျက်စီးသွားသူ တစ်အိမ်ကို သိန်း ၂၀ ကူညီထောက်ပံ့ပေးပြီး စုစုပေါင်း ငွေသိန်း (၂၃၅၅)ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

သပိတ်ကျင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်သင့် ပြည်သူတွေကို  သပိတ်ကျင်းမြို့နယ် (ပကဖ) နဲ့ သပိတ်ကျင်းတိုက်နယ် (ပကဖ)တို့က ကူညီထော်ပံ့ရေး ကော်မတီကို ဖွဲ့စည်းပြီး ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။