စစ်ခွေးသင်္ချိုင်း
90.1K subscribers
22.6K photos
4.22K videos
1 file
1.34K links
မတရားမှုကိုမြေလှန်တော်လှန်ကြ
Download Telegram
ဒလက်တပ်ယဥ်ငယ် ဂျိုင်ရိုကော်ပတာ ( Gyrocopter ) တစီးပျံသန်းနေပုံ။

#WaiHin
https://t.me/WaiHin/124277
မင်္ဂလာပါ ခင်ဗျာ

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာသုခ ပြည့်ဝကြ၍ ဖက်ဆစ်ခွေးမိစ္ဆာဘေးက ကင်းဝေးကြပါစေ။
ခွေးမြီးတိုနဲ့ ဖက်ဆစ်ခွေးမိစ္ဆာတသိုက်က နိုင်ငံတော်၏ အာဏာကိုလုယူ၍ ၄င်းတို့၏ အာဏာပါဝါ ကိုယ်ကျိုးစီးပွားအတွက် ငြိမ်ချမ်းစွာဆန္ဒပြတောင်းဆိုခဲ့မှုအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ရုံတင်မက ပြည်သူလူထုများ၊ ရွေးကောက်ခံ တရားဝင်အစိုးရအဖွဲ့ဝင်များနှင့် မဲပေး ထောက်ခံသူများကို ဖမ်းဆီးထောင်ချ၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ် ခဲ့သည့် ရက်ပေါင်း ၁၅၄၆ ရက်ရှိလာပြီဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်က ဖက်ဆစ်​ခွေးမိစ္ဆာတပ်၏ အဓမ္မစစ်မှုထမ်း တပ်သားသစ် ၆ ဦးသည် လက်နက််ခဲယမ်းများဖြင့် DMO Local PDF တပ်ဖွဲ့ထံ အလင်းဝင်လာကြောင်းသိရှိရသည်။

အလင်းဝင်လာသည့် ၆ ယောက်တွင် MA 1 သေနတ် ၅ လက်၊ ကျည် ၄၅၅ တောင့်၊ ကျည်ဘောက် ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ 14 နင်းမိုင်း ၃ လုံး၊ ကျည်ကာ ၄ထောက် အိုင်ကွန် ၁ လုံး၊ ဖုန်း ၇ လုံးတို့နဲ့အတူ အလင်းဝင်လာတယ်လို့သိရှိရသည်။

အလင်းဝင်လာတဲ့ စစ်ကကူညီစီတပ်သား ၆ ဦးကို ကနဦးထောက်ပံ့ငွေ ကျပ် ၆၅ သိန်းခန့် ထောက်ပံ့ထားပြီး ကျန်ရစ်မိသားစုနဲ့ ဆက်သွယ်နိုင်အောင် ကူညီလုပ်ဆောင်ပေးကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ DMO Local PDF က ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ထွက်ဆိုချက်အရ တပ်တွင်းမှာ WY မူးယစ်ဆေးဝါးကို ရောင်းဝယ်သုံးစွဲနိုင်သလို အနိုင်ကျင့် ညှင်းပန်းနှိပ်စက်မှုတွေ လည်း မကြာခဏ ခံစားခဲ့ရတယ်လို့ သိရှိရသည်။
စစ်ခွေးသင်္ချိုင်း
Photo
မင်းအောင်လှိုင်ဟာ သူ့စစ်ဗိုလ်ချုပ်တွေကို တရုတ်ကိုမမုန်းဖို့၊ အထင်မလွဲဖို့၊ ကျေးဇူးရှင်ကိုမပြစ်မှားဖို့  ပေါ်ပေါ်ထင်ထင် ထုတ်ပြောခဲ့တာ တွေ့ရတယ်။ "ဦးနေဝင်း လက်ထက်မှာလည်း ကူညီတယ်။ ဦးသန်းရွှေ လက်ထက်လည်း ကူညီခဲ့တယ်၊ ကျွန်တော်တို့ လက်ထက်မှာလည်း ကူညီနေတုန်းပဲ။ ရယူလိုစိတ် မရှိတဲ့ ကူညီမှုမျိုးပါ။ ဒါကို ကျေးဇူးတင်ရမယ့် အစား ဝိုင်းပြီး ပုတ်ခတ် နေတာဟာ တရုတ်နိုင်ငံကို စော်ကားသလို ဖြစ်နေတယ်။ သတိထားပြီး ဆောင်ရွက်ကြဖို့ မှာချင် တယ်” လို့ ကြိမ်းမောင်း ပြောဆိုခဲ့တယ်။

ဒါပေမယ့် သမိုင်းကြောင်း ပြန်ကြည့်ရင်တော့ နေဝင်း လက်ထက် ၁၉၅၈ မှာ ကချင်မြေ ဖိမော်၊ ဂေါ်လန်၊ ဂန်ဖန်၊ ပန်ဟိန်း၊ ပန်လောင်းဆိုတဲ့ မြန်မာပိုင်နက် နယ်မြေ ၅ ခုကို ချူအင်လိုင်းလက်ထဲ ပေးပြီး မြန်မာပြည်မြေပုံရဲ့ ခေါင်းပိုင်းနေရာမှာ ချိုင့်ခွက် ဖြစ်စေခဲ့တယ်။ ဒါကိုမကျေနပ်တဲ့ ပြည်သူတွေ ဆန္ဒပြရာက ၁၉၆၆မှာတရုတ်ဗမာ အရေးကို ဖန်တီးခဲ့တယ်။

သန်းရွှေ လက်ထက်မှာတော့ တရုတ်ဟာ အထက်မြန်မာပြည် တစ်ခုလုံးနဲ့ ရခိုင်ဒေသက မြေပေါ်မြေအောက် သယံဇာတတွေကို အမိအရ ဝါးမျိုယူရင်း မြန်မာပြည်မြေပုံကို ခါးလယ်ကနှစ်ပိုင်းဖြစ်အောင် သူ့ဓာတ်ငွေ့လိုင်း၊ ရေနံပိုက် လိုင်းတွေနဲ့ စည်းတားခဲ့တယ်။ တနိုင်ငံလုံးရဲ့ အသည်းနှလုံး ဖြစ်တဲ့ ဧရာဝတီကိုပါ မြစ်ဆုံဆည်နဲ့ ရန်ရှာခဲ့တယ်။ ကြေးနီတောင်က ထွက်​တဲ့ ရွှေ၊ သတ္တု၊ ကြေးမှန်သမျှ အမြစ်လှန်တူးဖော်ယူရင်း လယ်တီ ဆရာတော်ရဲ့သိမ်တော်ပါမကျန် ဖျက်ဆီးခဲ့သလို ကန့်ကွက်တဲ့ သံဃာတွေကို မီးလောင်ဗုံး ကပ်ခံရတယ်။

​တရုတ်ဟာ မြန်မာပြည်အတွက် ဘာအကျိုးအမြတ်မှ မယူဘဲ ပညာရေး အတွက် ကူညီတာ၊ စကော်လာ ပေးတာမျိုး၊ လမ်း၊ တံတား၊ ကျောင်း၊ လျှပ်စစ်မီး ကူညီတာလည်း မရှိဘူး။ အဲဒီအစား အတိုးကြီးကြီးနဲ့သာ ငွေတွေ ချေးခဲ့တယ်။ ချေးငွေပမာဏကို ကြည့်ရင် သန်းရွှေနဲ့ သိန်းစိန်လက်ထက်မှာ အများဆုံး ဖြစ်ခဲ့တယ်။ တရုတ် လုပ်ငန်းရှင်တွေဟာ မြန်မာပြည် ထဲကနေ ရသမျှ ခိုးထုတ်တယ်။ ကချင်မှာဆိုရင် မြေအောက်လှိုဏ်ခေါင်း တူးပြီးတောင် မြန်မာပြည်ထဲက ကျောက်နဲ့ မြေရှားသတ္တတွေ ခိုးထုတ် ခဲ့တယ်လို့ ကချင်အမတ်က လွှတ်တော်မှာ တင်ပြဖူးတယ်။

တရုတ်ဟာ မြန်မာနိုင်ငံကို တတိယ အုပ်စုထဲထားပြီး သူနိုင်ငံက ပို့ကုန်မှန်သမျှ အညံ့စားအဆင့်တွေသာ တင်သွင်းဖြန့်ဖြူး ခဲ့တယ်။ စက်ပစ္စည်း ကိရိယာတွေက အစ၊ ကား၊ ဆိုင်ကယ်တွေအထိ တရုတ်စက်ဆို တစ်ရက်စုတ်လို့ ပြောရလောက်အောင် ညံ့ဖျင်းတာတွေပဲ တင်သွင်းခဲ့တယ်။ တရုတ်က မြန်မာပြည်ပဲ ဒုက္ခပေးတာလား ဆိုတော့ မဟုတ်ပါဘူး။ သူ့ဓာတ်ခွဲခန်းက ထွက်တဲ့ ကိုဗစ်ပိုးကြောင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ကြီး ဖြစ်ခဲ့ရသလို သူ့ဆီက အစပြုတဲ့ ဂိမ်းပေါင်း ၅၀၀ တို့၊ ငါးပစ်ဂိမ်း၊ စလော့ဂိမ်းတို့ကြောင့် ကမ္ဘာပေါ်က လူသန်းပေါင်းများစွာ အလိမ်ခံနေရတယ်။

တရုတ်ရဲ့ နောက်ဆုံး ထုတ်ကုန်ဖြစ်တဲ့ ကျားဖြန်ဟာ မြန်မာအပါအဝင် ဒေသတွင်း နိုင်ငံ အများအပြား သာမက တကမ္ဘာလုံးကိုပါ ဒုက္ခပေး နေတယ်။ အဲဒီ ကျားဖြန်ကို အကြောင်းပြပြီး ရှမ်းမြောက် တခွင်ကို ပြဲပြဲစင်အောင် သူ့ရဲ့ ဩဇာမကင်းတဲ့ တပ်တွေ သိမ်းပိုက်ခဲ့ရာမှာ လက်နက်၊ ခဲယမ်း၊ ဒရုန်းနဲ့ ထောက်လှမ်းရေး နည်းပညာတွေက အစ သူ့လက်ချက်နဲ့ မကင်းခဲ့ပါဘူး။ ဒီတိုက်ပွဲ တွေကြောင့် မင်းအောင်လှိုင်ရဲ့ တပ်စခန်းပေါင်း ရာချီ၊ အရာရှိ အရာခံတွေ အပါအဝင် စခ အသက်ပေါင်း ထောင်ချီ၊ လက်နက် ကြီးငယ်တွေ အပြင် တင့်ကားတွေ၊ ဗျူဟာမြောက် ယာဉ်ယန္တယား တွေပါ ပေးဆပ်ခဲ့ရတယ်။

အခုနောက်ဆုံး စတုရန်း ကီလိုမီတာ ၁၀၀ မကျော်တဲ့ လားရှိုး မြို့ပေါ် ကွက်ကွက်လေး ပြန်ပေးပြီး ကိုးကန့်သိမ်းထားတဲ့ နယ်မြေစုစုပေါင်း စတုရန်း ကီလိုမီတာ တစ်သောင်းကျော်ကို ကျည်တစ်ပေါက် ကျခွင့် မပေးတော့တဲ့ တရုတ်ရဲ့ အပစ်ရပ် စေ့စပ်မှုကို မင်းအောင်လှိုင်လို စောင်သုံးမကျလွန်းတဲ့ သူမို့လို့ လက်ခံလိုက်တာ။ ဒါကိုပဲ အောင်မြင်မှုကြီးလို ဂုဏ်ယူ ဝံ့ကြွားနေတဲ့ စခလော်ဘီတွေနဲ့ တရုတ်ကို ကျေးဇူးရှင်လို သဘောထား နေတဲ့ မင်းအောင်လှိုင်ရဲ့ ဥာဏ်ရည်က လိုက်တော့လည်း လိုက်ပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်က Non-CDM ဝန်ထမ်းများ နေထိုင်ရာ မလိခအိမ်ရာအတွင်းကျရောက်ပေါက်ကွဲပြီး ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ ည ၁၁ နာရီခွဲကျော်အချိန် မြစ်ကြီးနားမြို့ရှိ ဖက်ဆစ်ခွေးမိစ္ဆာ၏ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ စစ်ခွေးတပ်လက်အောက်ခံ Non-CDM ဝန်ထမ်းများ နေထိုင်သော မလိခအိမ်ရာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေဆုံးပြီး  ဝန်ထမ်းအိမ်ရာအဆောက်အအုံများ လက်နက်ကြီးအစထိမှန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

KIA သတင်းရင်းမြစ်တစ်ခုကမူ ယမန်နေ့ညပိုင်း မြစ်ကြီးနားမြို့၊ မလိခအိမ်ရာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည်မှာ စစ်ခွေးတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
Media is too big
VIEW IN TELEGRAM
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
၂၀၂၅ ခုနှစ် ၊ ဧပြီလ ၂၆ ရက်

သရက်ခရိုင် ၊ ကံမမြို့နယ် ၊ သရက် - ကံမ - ပြည် ကားလမ်းနဘေး ၊ ကပစ (၁၂)နှင့် (၁၃)မိုင်အကွာ၊ ရေနံ့သာကျေးရွာရှိ စခန်းမူး မြတ်သွင်အောင် ဦးဆောင်သော ရေနံ့သာရဲကင်းစခန်းအား၊ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင် အမှတ် - ၄ တပ်ရင်း မှ တပ်ခွဲ (၁) နှင့် တပ်ခွဲ (၂) တို့ ပူးပေါင်း၍ (၂၅.၄.၂၀၂၅)ရက်နေ့ နံနက် (၅) နာရီချိန်တွင်၊စတင်ဝင်ရောက် တိုက်ခိုက်ရာ ၊ ရန်သူ့ဘက်မှ အနည်းငယ်သာ ပြန်လည်ပစ်ခတ်နိုင်ပြီး လက်နက်ချအညံ့ခံမည် ဆိုသဖြင့် ကျွန်ုပ်တို့ဘက်မှ  အပစ်ရပ်ပေးချိန်တွင် စခန်းမူးအပါ ရဲများအားလုံး လက်နက်များယူဆောင်ကာ ထွက်ပြေးသွားကြပါသည်။

ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ ရဲစခန်းထဲဝင်ရောက်ရှင်းလင်းရာတွင်
ရဲတပ်ကြပ်အဆင့် သုံးပန်း (၁)ဦး ဖမ်းစီးရမိပြီး ၊ G3 (၁)လက်၊
G3ကျည်ဘောက် (၃)ခု ၊ ကျည်မျိုးဆုံ (၁၀၀၀) ကျော် ၊
ကား (၂) စီး ၊ ဆိုင်ကယ် (၄)စီးတို့နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့အား သိမ်းဆည်းကာ ရဲစခန်းအား မီးရှို့ပြာချခဲ့ပြီး
ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

KO MYAT
အမှတ်-၄တပ်ရင်း
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကိုင်းမြို့နယ်၊ မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် ဖက်ဆစ်ခွေးမိစ္ဆာရဲ့ အမှတ်(၃၃) ခြေမြန်တပ်မ ဌာနချုပ်မှ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေ ကြားဖြတ်တိုက်ခိုက် ခွေးမီးဖုတ်ခဲ့ရာ စစ်ကြောင်း တစ်ခုလုံး ပျက်သည့်အထိ တိုက်ခိုက်ခံရပြီး ခွေးစုတ်ဖွား အကောင် ၂၀ ထက် မနည်း သေဆုံးကာ လက်နက်အစုံ ၂၀ ကျော်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။