Forwarded from Sitt Naing News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံ သားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျ
နေပြည်တော်၊ ဩဂုတ် - ၃၁
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
#PPIB
#SN

👍10🔥1
ဆင်ဖြူရှင်
Photo
■ နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ရေပိုလွှဲမှ ရေစတင်ကျော်လွန်၍ ရေထုတ်လွှတ်နေပြီး ပေါင်းလောင်းမြစ်တစ်လျှောက်ရေကြီးရေလျှံမှု အတွက် စိုးရိမ်စရာမရှိဟုဆို
နေပြည်တော်ရှိ အောက်ပေါင်းလောင်းတမံမှာ ကန်ရေပြည့်အမှတ်သို့ရောက်ရှိပြီးနောက် သြဂုတ် ၃၁ ရက် နံနက် ၇ နာရီမှစတင်၍ ရေပိုလွှဲမှ စတင်ရေကျော်ခဲ့ပြီး ရေထုတ်လွှတ်ပေးလျှက်ရှိကြောင်း တည်ဆောက်ရေး (၅) ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ရေပိုလွှဲမှ ရေထုတ်လွှတ်ပေးလျှက်ရှိသော်လည်း ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေသည့်အတွက် ပေါင်းလောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှုအတွက် စိုးရိမ်ရန် မလိုကြောင်း ထပ်မံအသိပေးထုတ်ပြန်ထားသည်။
သြဂုတ် ၃၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ရေပိုလွှဲမှရေကျော်လွန်စီးဆင်းမှုမှာ ၂,၀၅၀ ကုဗပေ/စက္ကန့် ရေကျော်စီးဆင်းလျက်ရှိပြီး ပြီးခဲ့သော ၂၀၂၄ ခုနှစ်၌ စံချိန်တင်အဖြစ် အများဆုံးစီးဆင်းခဲ့သည့် (၅၆,၆၈၁ ကုဗပေ/စက္ကန့်)နှင့် နှိုင်းယှဉ်ပါက ယခုရေကျော်စီးဆင်းမှု အခြေအနေမှာ အလွန်နည်းပါးသောအခြေအနေဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆည်တမံနှင့် ရေပိုလွှဲတို့၏ ကြံ့ခိုင်မှုမှာ ကောင်းမွန်သည့် အခြေအနေတွင် ရှိနေပြီး ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေသည့်အတွက် ပေါင်းလောင်းမြစ်တစ်လျှောက် ရေကြီးရေလျှံမှုများအတွက် စိုးရိမ်စရာမရှိပါကြောင်းနှင့် သတင်းများကို အချိန်နှင့်တပြေးညီ တင်ပြပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။
ပေါင်းလောင်းရေလှောင်တမံမှာ တမံသက်တမ်း ၂၂ နှစ်အတွင်း အများဆုံးရေကျော်ကျမှုအဖြစ် ၂၀၁၃ ခုနှစ်တွင် ရေအမြင့် (၈ ဒသမ ၃)ပေဖြင့် ၁၁၈ ရက် ရေကျော်ကျခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရေအမြင့် (၁၁ ဒသမ ၈၇)ပေဖြင့် ၆၈ ရက် ရေကျော်ကျခဲ့ကြောင်း ၊ ယခု ၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း ရေကျော်မှုအပါအဝင် တမံသက်တမ်း (၂၂) နှစ်အတွင်း ရေပိုလွှဲမှ ရေကျော်ကျမှုဖြစ်စဉ် (၁၉) နှစ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ပေါင်းလောင်းတမံ၏ မှတ်တမ်းများအရ သိရသည်။
ပေါင်းလောင်းမြစ်ဆုံရာ စစ်တောင်းမြစ်တွင် တောင်ငူမြို့၏ စစ်တောင်းမြစ်ရေမှာ သြဂုတ် ၃၁ ရက် နံနက် ၆ နာရီခွဲအချိန် မိုးဇလ၏ ထုတ်ပြန်ချက်ရ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအောက် ၄၁၃ စင်တီမီတာသာ ရှိနေပြီး စစ်တောင်းမြစ်၏ အောက်ဘက် မဒေါက်မြို့မှာ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၁၅၆ စင်တီမီတာ( ၂ ပေ ၁၀ လက်မ ခန့်ကျော်လွန်)သို့ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ၂ လက်မခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။
ပုံစာ။ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်းတမံ ရေပိုလွှဲမှရေကျော်နေသည့်အခြေအနေအား တွေ့ရစဥ်
#elevennews

👍13❤2
Forwarded from Sitt Naing News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံ သားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျ
နေပြည်တော်၊ ဩဂုတ် - ၃၁
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
#PPIB
#SN
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံ သားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျ
နေပြည်တော်၊ ဩဂုတ် - ၃၁
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
#PPIB
#SN
👍13❤1
Forwarded from Sitt Naing News
တတိယအကြိမ် လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ ကျင်းပမည့်ရက်များ ထုတ်ပြန်
နေပြည်တော်၊ ဩဂုတ် ၃၁
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၌ စတင်ကျင်းပရန် ခေါ်ယူထားကြောင်း သိရသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက် အင်္ဂါနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူထားသည်။
ထို့အပြင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၁၃၈၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက် အင်္ဂါနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၌ စတင်ကျင်းပရန် ခေါ်ယူထားကြောင်း သိရသည်။

👍14🔥1