ဆင်ဖြူရှင်
12.7K subscribers
73.6K photos
12.8K videos
135 files
8.64K links
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။
Download Telegram
Forwarded from Sitt Naing News
ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ ဒဂုံတောင်တွင် ကျင်းပ

ဒဂုံတောင်၊ ဩဂုတ် ၃၁

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ရှေ့တန်းပြန် တပ်မတော်သားများအား အောင်သပြေခက်များ၊ အတီးအမှုတ်နှင့် အကအခုန်များဖြင့် လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
#SN
👍162
အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

ဩဂုတ် ၃၁

အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး အောင်ပွဲနှင့်အတူ ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအား အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

အဆိုပါ ကြိုဆိုပွဲတွင် အောင်ပွဲရ တပ်မတော်သားများအား နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
#SN
👍117
Forwarded from Sitt Naing News
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာ၀တီတိုင်း‌ဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာ၀တီမြစ်ခွဲ)
တာကိုယ်ထည်ရေတိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးစဉ် မှာကြားချက်များမှကောက်နုတ်ချက်
#HOS
👍87
ရက်စက်လိုက်ကြတာဗျာ


၂၀၂၆ သြ ၃၁ ၀၆၁၀ နာရီအချိန်ခန့်တွင် မလှိုင်မြို့၏ အရှေ့​​တောင်ဘက် (၁၁)မိုင်ခန့် အကွာ ထမ္မကြီးကျေးရွာအုပ်စု၊ ထမ္မကြီးကျေးရွာ သို့ အကဖ သကသ PDF အဖွဲ့ခေါင်းဆောင်(စိစစ်ဆဲ) အင်အား (၅၀)ဦးခန့်မှ ကား(၄)စီး နှင့် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးစိုးလင်းထိုက် နှင့် အခြားလူ (၁၂)ဦးခန့်အား သတ်ဖြတ်သွားကြောင်း ကနဦး သတင်းရရှိ ။
😱12😢11👍52🤔1🤬1
အဖွဲအစည်းတွေအတွင်း သတင်းအမှားနဲ့ သပ်လျှိသွေးခွဲတိုက်ခိုက်နေတဲ့ Dawna TV Tiktokအကောင့်
31-8-2026

Dawna TV Tiktokအကောင့်မှာ တင်ထားတဲ့ သတင်းပိုစ်အကြောင်းအရာ တော်တော်များများက အဖွဲအစည်းတွေအတွင်း သပ်လျှိသွေးခွဲဖို ရည်ရွယ်ချက်နဲ့ ခိုင်မာတိကျမှုမရှိတဲ့ သတင်းတွေတင်ထားတာပဲ ဖြစ်ပါတယ်။

တပ်မတော်၊ရဲတပ်ဖွဲ၊ဌာနဆိုင်ရာအဖွဲအစည်းတွေအတွင်းမှာ အထက်နဲ့အောက်အကြား၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းအကြားမှာ မညီညွတ်၊မစည်းလုံးအောင် တနည်းအားဖြင့် ပြိုကွဲလာအောင် နည်းမျိုးစုံသုံးပြီး လုပ်ကြံဝါဒဖြန့်ပေးနေတာဆိုရင်လည်း မမှားပါဘူး။

အောက်ခြေက ကိုယ့်လုပ်ဖော်ကိုင်ဖက် အချင်းချင်း မကျေနပ်၊ မနာလိုစိတ်ရှိတာနဲ့ ရေးသားပေးပိုတဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန်သတင်းအကြောင်းအရာတွေကို Dawna TV Tiktokအကောင့်က အတင်းကို သတင်းလုပ်ပြီး ပြန်လည်ဝါဒဖြန့် ဖော်ပြပေးနေတာဟာ သပ်လျှိသွေးခွဲနေတဲ့ လုပ်ရပ်တွေပါပဲ။

ဒါကြောင့် Dawna TV Tiktokအကောင့်မှာတင်ထားတဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန်သတင်းဖြစ်စဉ် အကြောင်းအရာအားလုံးဟာ သပ်လျှိသွေးခွဲဖို ရည်ရွယ်ချက်ဖြင့် လုပ်ကြံဝါဒဖြန့်တိုက်ခိုက်နေခြင်းသာ ဖြစ်ပါတယ်။
Truth Waves
👍111
Forwarded from Sitt Naing News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံ သားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျ

နေပြည်တော်၊ ဩဂုတ် - ၃၁

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
#PPIB
#SN
👍11🔥1