ဆင်ဖြူရှင်
12.7K subscribers
73.6K photos
12.8K videos
135 files
8.64K links
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။
Download Telegram
Forwarded from Sitt Naing News
ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ ဒဂုံတောင်တွင် ကျင်းပ

ဒဂုံတောင်၊ ဩဂုတ် ၃၁

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ရှေ့တန်းပြန် တပ်မတော်သားများအား အောင်သပြေခက်များ၊ အတီးအမှုတ်နှင့် အကအခုန်များဖြင့် လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
#SN
👍162
အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

ဩဂုတ် ၃၁

အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး အောင်ပွဲနှင့်အတူ ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအား အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

အဆိုပါ ကြိုဆိုပွဲတွင် အောင်ပွဲရ တပ်မတော်သားများအား နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
#SN
👍117
Forwarded from Sitt Naing News
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာ၀တီတိုင်း‌ဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာ၀တီမြစ်ခွဲ)
တာကိုယ်ထည်ရေတိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးစဉ် မှာကြားချက်များမှကောက်နုတ်ချက်
#HOS
👍87