ဆင်ဖြူရှင်
12.7K subscribers
73.6K photos
12.8K videos
135 files
8.64K links
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။
Download Telegram
၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် မြေပေါ်မြေအောက် အဖျက်သမားတို့၏ တိုင်းပြည်ဆူပူအုံကြွစေမှုနှင့် မင်းမဲ့စရိုက်ဆန်သောလုပ်ရပ်များကြောင့် ဆိုးရွားစွာဖြင့် တိုင်းပြည်ပြိုကွဲမည့်အခြေအနေတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အပြည့်အဝ အချိန်မီတာဝန်ယူခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား
=================================
တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် မြေပေါ်မြေအောက် အဖျက်သမားတို့၏ တိုင်းပြည်ဆူပူအုံကြွစေမှုနှင့် မင်းမဲ့စရိုက်ဆန်သောလုပ်ရပ်များကြောင့် ဆိုးရွားစွာဖြင့် တိုင်းပြည်ပြိုကွဲမည့်အခြေအနေတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အပြည့်အဝ အချိန်မီတာဝန်ယူခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က ဩဂုတ်လ ၂၇ ရက်တွင် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်တို့ရှိ နည်းပြများနှင့် ဗိုလ်လောင်းများ၊ ဘွဲ့လွန်သင်တန်းသားများနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်များအား စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
👍142
Breaking News

ယနေ့ နံနက် ၅နာရီခွဲအချိန်

မန္တလေးတိုင်းဒေသကြီး၊မလှိုင်မြို့နယ်၊ ထမကြီးရွာ ၊ လက်နက်မဲ့ရွာသူ ၊ရွာသား ၁၂ယောက်ကို NUG PDfအကြမ်းအဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားပြီး ရွားသားအချို့ကိုလည်း ဖမ်းသွားကြောင်း ကနဦး
သတင်း ရရှိပါသည်။

https://t.me/tharsitt007
👍7🤔2😢21🤯1
Forwarded from Sitt Naing News
ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ ဒဂုံတောင်တွင် ကျင်းပ

ဒဂုံတောင်၊ ဩဂုတ် ၃၁

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ရှေ့တန်းပြန် တပ်မတော်သားများအား အောင်သပြေခက်များ၊ အတီးအမှုတ်နှင့် အကအခုန်များဖြင့် လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
#SN
👍162
အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

ဩဂုတ် ၃၁

အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး အောင်ပွဲနှင့်အတူ ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအား အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

အဆိုပါ ကြိုဆိုပွဲတွင် အောင်ပွဲရ တပ်မတော်သားများအား နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
#SN
👍117