ဆင်ဖြူရှင်
13.9K subscribers
67.6K photos
12.6K videos
135 files
8.54K links
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။
Download Telegram
👍7👏1
ဆင်ဖြူရှင်
Photo
အိန္ဒိယနိုင်ငံ ဘုဒ္ဓဂယာမြို့သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား နွေးထွေးစွာ ကြိုဆို

SN May 30th

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဘုဒ္ဓဂယာမြို့သို့ ရောက်ရှိလာရာ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန (MEA) က “အိမ်နီးချင်းနိုင်ငံနှင့် ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုခိုင်မာစေခြင်း” ဟု ဖော်ပြကာ နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း သိရသည်။

သမ္မတ ဦးမင်းအောင်လှိုင်အား ဘုဒ္ဓဂယာလေဆိပ်တွင် ဘီဟာပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Lt. Gen. Syed Ata Hasnain (Retd.) နှင့် တာဝန်ရှိသူများက ပန်းစည်းများ ပေးအပ်ကာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက ယခုခရီးစဉ်သည် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ရှည်လျားသည့် ဘာသာရေး၊ သမိုင်းဝင်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများကို ပိုမိုခိုင်မာစေမည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကို ထင်ဟပ်စေကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာ၏ အထွတ်အမြတ် နေရာတစ်ခုဖြစ်သည့် ဘုဒ္ဓဂယာမြို့သို့ သမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ဆက်ဆံရေးများ ပိုမိုနီးကပ်ခိုင်မာလာစေရေးအတွက် အရေးပါသည့် သံတမန်ရေးရာ ခရီးစဉ်တစ်ရပ်အဖြစ် ရှုမြင်လျက်ရှိကြောင်း သိရသည်။
#PhotosbyHeadofState
#SN ✍️
23👍5👏1
Media is too big
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဉ်သွားရောက်

At the invitation of Prime Minister of the Republic of India His Excellency Shri Narendra Modi, President of the Republic of the Union of Myanmar
His Excellency U Min Aung Hlaing departed Nay Pyi Taw this morning to pay an official visit to the Republic of India.

https://t.me/ppibofficial/237
21👍5👏1
ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြော်ကြည်ညို

May 30th

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၃၀ ရက် နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂါယာ ယဉ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်အား ဖူးမြော်ကြည်ညိုခဲ့သည်။

နိုင်ငံတော်သမ္မတသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး နားနေဆောင်၌ အလှူငွေများ ပေးအပ်လှူဒါန်းကာ မှတ်တမ်းတင်လက်မှတ် ရေးထိုးခဲ့သည်။

ထို့နောက် ဗုဒ္ဓဂါယာ ယဉ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
#SN
#PhotosbyHeadofState
🙏1816👍3
ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက် နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့သည်။

နားနေဆောင်၌ အလှူငွေများလှူဒါန်းပြီး မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။
#PhotosbyHeadofState
25🙏20👍5