ဆင်ဖြူရှင်
13.9K subscribers
67.6K photos
12.6K videos
135 files
8.54K links
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။
Download Telegram
Forwarded from Sitt Naing(News) (Sitt Naing)
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံရောက်ရှိ

May 30th

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက အိန္ဒိယနိုင်ငံသို့ တရား ဝင်ခရီးစဉ်အဖြစ် နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်အတူ ‎နိုင်ငံတော်သမ္မတရုံး ပြည် ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ကာကွယ်ရေးပစ္စည်းထုတ် လုပ်ရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေ၊ ဒု-ဝန် ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြသည်။
#Photos-Headofstate
27👍10👏1
👍7👏1
ဆင်ဖြူရှင်
Photo
တပ်မတော်အကြီးအကဲတွေရဲ့ သားသမီးတွေကို ပြည်သူ့စစ်မှုထမ်းသင်တန်း တက်စေခဲ့တဲ့ သတင်းတွေက လူမှုကွန်ရက်ပေါ်မှာ အတော်လေး အာရုံစိုက်ခံလာရတယ်။

လက်ရှိ တပ်ချုပ်ကြီးရဲ့ သားက ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၃ ကတည်းက စတက်စေခဲ့တာ။ အဲ့ချိန်တုန်းက တပ်ချုပ်ကြီးတောင် မဖြစ်ခဲ့သေးဘူး။ တပ်မတော်ရဲ့ ထိပ်တန်းအဆင့် အကြီးအကဲ တယောက်အနေနဲ့ ကိုယ့်သားကို ပြည်သူ့စစ်မှုထမ်း မလုပ်ခိုင်းလည်း ဘာမှမဖြစ်တဲ့အနေအထားလို့ ပြောလို့ရချိန်မှာ စစ်မှုထမ်းစေခဲ့တာက ပြည်သူနဲ့အတူ ဆိုတဲ့ ပုံရိပ်မျိုး ရသွားတယ် ။ ရာထူး အာဏာ ရှိတာတောင် ရှောင်ပြေး မသွားတဲ့ စိတ်ဓာတ်က ချီးကျူးစရာ ကောင်းတာ အမှန်ပဲ။

ဒီနေရာမှာ အရေးကြီးတာက တပ်ချုပ်ကြီးရဲ့ ဇနီးအနေအထားပဲ။ တကယ်တော့ စစ်မြေပြင်လေ့ကျင့်ခန်းဆိုတာ....ဘယ်သူ့သားပဲ ဖြစ်ဖြစ် လျှော့ပေးပြီး သင်လို့ရတဲ့ အရာတွေ မဟုတ်ဘူး။ အနည်းဆုံးတော့ ပင်ပန်းမယ်။ ချွေးထွက်မယ်။ နေလောင်ဒဏ်ခံရမယ်။ သင်တန်း သဘောသဘာဝအတိုင်း မနက် PT ၊ ညနေ PT တွေလာမယ်။ ၃ မိုင် ဆန်းစစ်နဲ့ ၅ မိုင် အပြေးတက်တွေလည်း ရှိမှာပဲ။ ဒီလို ဆင်းရဲတဲ့ လေ့ကျင့်ခန်းမျိုးကို ဖခင်က စစ်သားစိတ်နဲ့ ထည့်နိုင်ရင်တောင် မိခင်တွေအတွက်ကတော့ အနည်းအကျဉ်း သနားစိတ်တွေ ရှိကြမှာပဲ။ သိပ်လွယ်ကူတဲ့ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ဘူး။

ခုလည်း ဒုချုပ်ကြီးရဲ့ သားက အပတ်စဉ် ၂၃ မှာ တက်ပြီး ကျောင်းဆင်းလာခဲ့ပြီဆို‌ တော့ တပ်မတော်ရဲ့ ထိပ်တန်းအဆင့်၊ အကြီးအကဲတွေကိုယ်တိုင် ဒီဥပဒေနဲ့ တသားတည်း ရှိနေတယ်ဆိုတဲ့ ပုံရိပ်မျိုး ရှိလာခဲ့ပြီ။ အနည်းဆုံးတော့ သားသမီးတွေကိုယ်တိုင်လည်း နောင်တချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ခေါင်းမော့ရင်ကော့ပြီး ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောနိုင် ဆိုနိုင်သွားကြပြီ။ နိုင်ငံသား တယောက် ရှုထောင့်ကကြည့်ရင်လည်း တာဝန်ကျေခဲ့ကြပြီးပြီပေါ့။


(နရီမိုး)
👍261👏1
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

တောင်ငူ၊မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့ရှိအခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း) တွင်မေ ၃၀ ရက် နံနက်ပိုင်းကကျောင်းပတ်ဝန်းကျင် သာယာလှပရေးနှင့်ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းတွင်နယ်မြေခံတပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ကျောင်းဝန်းအတွင်း ရေဝပ်နေသောနေရာများ၌ ရေစီးရေလာကောင်းမွန်စေရေး၊ ခြင်နှင့်အန္တရာယ်ဖြစ်စေနိုင်သည့်ပိုးမွှားများပေါက်ဖွားမှုလျော့နည်းစေရေးနှင့်သန့်ရှင်းသပ်ရပ်သောသင်ကြားရေးပတ်ဝန်းကျင်ဖန်တီးနိုင်ရေးတို့အတွက်သန့်ရှင်းရေးလုပ်ငန်းများကိုအင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကိုတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးခဲ့ပြီးလိုအပ်သည်များကိုညှိနှိုင်းပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Ref:နောင်ရိုးဟစ်တိုင်
#SN
👍187👏1
ကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်ငူ၊ မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူတပ်နယ်ခန်းမ၌ ကျန်းမာရေးအသိပညာ တိုးပွားစေရန် ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ၂၀၂၆ ခုနှစ် မေ ၂၉ ရက် ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ တောင်ငူတပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်များနှင့် ရဲမေများ တက်ရောက်ခဲ့ကြပြီး နယ်မြေခံဆေးရုံမှ ဆရာဝန်တစ်ဦးက အသည်းရောဂါနှင့်ပတ်သက်သည့် ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အချက်အလက်များကို အသေးစိတ် ဟောပြောဆွေးနွေးခဲ့သည်။

ထို့ပြင် တက်ရောက်လာသူများ၏ သိရှိလိုသည့် ကျန်းမာရေးဆိုင်ရာ မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ပြီး ကျန်းမာရေးဗဟုသုတများ တိုးပွားစေရေးအတွက် အထောက်အကူဖြစ်စေခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲသည် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးအသိပညာ မြင့်မားလာစေရန်နှင့် ရောဂါများအား ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
Ref:နောင်ရိုးဟစ်တိုင်
#SN
👍182👏1