ဆင်ဖြူရှင်
13.6K subscribers
65.5K photos
12.5K videos
135 files
8.48K links
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။
Download Telegram
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် လယ်ဝေးမြို့နယ် အင်တိုင်းသာကျောင်းတိုက်ပရိဝုဏ်အတွင်းရှိဘုရားစေတီပုထိုးများနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မေ ၁၀

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် အင်တိုင်းသာကျောင်းတိုက်၌ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုကို ကြည့်ရှုအားပေးပါတယ်။

ဦးစွာ လယ်ဝေးမြို့ အမှတ် (၅) ရပ်ကွက် အင်တိုင်းသာကျောင်းတိုက်အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် ကျောင်းဝင်းအတွင်း၌ သာသနာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးပါတယ်။

ထို့နောက် အင်တိုင်းသာကျောင်းတိုက် ပဓာနနာယကဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရပါတယ်။
#SN
👍13
👍102
ဆင်ဖြူရှင်
Photo
ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂၉၂ ဒသမ ၅ သိန်း၊ ကလေးဝမြို့၌ ငွေကျပ်သိန်း ၁၂၀ နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မေ ၁၀

ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂၉၂ ဒသမ ၅ သိန်း၊ ကလေးဝမြို့၌ ငွေကျပ်သိန်း ၁၂၀ ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ငွေကျပ် သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။

ဖြစ်စဉ်မှာ မေ ၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုမြို့နယ် ဈေးကုန်းကျေးရွာနေ ဦးသက် (ခ) ဝင်းကို (၄၆) နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မယဉ်ဝင်းမြိုင် (ခ) မကြီး (၄၂) နှစ် လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၉၂ ဒသမ ၅ သိန်း) ဖမ်းဆီးရမိသဖြင့် ဦးသက် (ခ) ဝင်းကိုနှင့် မယဉ် ဝင်းမြိုင် (ခ) မကြီးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပါတယ်။

ထို့အတူ မေ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးဝမြို့ အမှတ် (၂) ရပ်ကွက် အောင်မင်္ဂလာလမ်းတွင် ကလေးဝမြို့နယ် အုန်းပင်စုရွာနေ စိုးလင်း မင်း (၂၃) နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၂၀) ဖမ်းဆီးရမိသဖြင့် စိုးလင်းမင်းကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။

အလားတူ မေ ၇ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် (၁၃) ရပ်ကွက် မန္တလေးလမ်းနှင့် စစ်တွေလမ်းထောင့်တွင် လမ်းလျှောက်လာသူ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက်နေ လှိုင်မျိုးကျော် (ခ) ကျော်ကြီး (၃၈) နှစ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၃၀) ဖမ်းဆီးရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းနေထိုင်သည့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃၀) ထပ်မံသိမ်းဆည်းရမိသဖြင့် လှိုင်မျိုးကျော် (ခ)ကျော် ကြီးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
#SN
👍152🔥1
တပ်မတော်သားများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် စေတနာထား၍ လုပ်ဆောင်ရန်၊ သစ္စာရှိစွာ လုပ်ဆောင်ရန်လိုကြောင်း၊ အခွင့်အရေး၊ ရာထူးမြော်တွေး ၍ မလုပ်ဆောင်ကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား

တပ်မတော်သားများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် စေတနာထား၍ လုပ်ဆောင်ရန်၊ သစ္စာရှိစွာ လုပ်ဆောင်ရန်လိုကြောင်း၊ အခွင့်အရေး၊ ရာထူးမြော်တွေး ၍ မလုပ်ဆောင်ကြရန်လိုကြောင်း၊ ရာထူးနှင့် ဥစ္စာသည် လုပ်ယူ၍ မရကြောင်း၊ မိမိ၏လုပ်ဆောင်မှု၊ ကြိုးစားအားထုတ်မှုနှင့် ကိုက်ညီသောအခြေအနေကိုသာရရှိနိုင်ကြောင်း၊ တပ်မတော်သားဘဝသည် ရခဲသောဘဝဖြစ်၍ အသက်ကိုစွန့်လွှတ်ရန် သစ္စာပြုထားသူများဖြစ်သည့်အတွက် မိမိတပ်မတော်သားဘဝကို ချစ်မြတ်နိုး၍ ဂုဏ်ယူစွာတာဝန်ထမ်းဆောင်ကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က မေလ ၈ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
👍212
နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသဖြင့် ရှောင်ကွင်းလမ်းများမှ မသွားဘဲ မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ကသာ မော်တော်ယာဥ်များ သွားလာရန် ဟိုပင်မြို့တွင်  အသိပေးစာများ ဖြန့်ဝေ

ဟိုပင်၊ မေ ၁၀

လုံခြုံရေးပူးပေါင်းစစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသဖြင့် ရှောင်ကွင်းလမ်းများမှ မသွားဘဲ မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ကသာ မော်တော်ယာဥ်များ သွားလာရန် ဟိုပင်မြို့တွင်  အသိပေးစာများအား သက်ဆိုင်ရာက  ဖြန့်ဝေသွားတယ်လို့ စုံစမ်း သိရသည်။
👍137
Media is too big
VIEW IN TELEGRAM
အာဆီယံ၏ အက်ကြောင်းနှင့် မြန်မာ့ပထဝီနိုင်ငံရေး ဗျူဟာမြောက် ထွက်ပေါက်
#VOP
#SN
15👍5
ပြည်ဖျက်မီဒီယာ Khit Thit ရဲ့ ဖော်ပြချက်များသည် သတင်းတု၊ သတင်းအမှားသာ ဖြစ်ကြောင်း ပြည်သူများက လူမှုကွန်ရက်ပေါ်တွင် ပြန်လည်ဖော်ပြခဲ့


၂၀၂၆ ခုနှစ်၊ မေ ၁၀
👍191
ထပ်မံ အသိပေးအပ်ပါသည်။

သတင်းတု၊ သတင်းမှားများကို သတိပြုရန် နှိုးဆော်ခြင်း

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည့်ရက် မကြေညာသေးပါ။ ယခင်နှစ်များနည်းတူ အောင်စာရင်းလုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးစီး၍ အောင်စာရင်းကြေညာရန်အသင့်ဖြစ်သည့် အချိန်မှသာ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဤ Website (www.myanmarexam.org) နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Facebook Page (www.facebook.com/dme.gov.mm) တို့မှတစ်ဆင့် တရားဝင် အချိန်မီ အသိပေးကြေညာပါမည်။ ထိုသို့ တရားဝင်မကြေညာမီ မည်သည့်ရက်ကိုမှ အတည်မပြုပါ။
 
ယခင်နှစ်က ကြေညာချက်အဟောင်းများကို ဖြတ်ညှပ်ကပ်ပြုလုပ်၍ သတင်းမှားများထုတ်လွှင့်နေသော Page အတုအယောင်များကို သတိပြုကြပါရန်နှင့် အောင်စာရင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော လိမ်လည်မှုများကို သတိပြုကြပါရန် ကြိုတင်၍ အသိပေး နှိုးဆော်အပ်ပါသည်။

ပညာရေး သတင်းလွှာ
👍192
ထီးချိုင့်မြို့ဒေသခံပြည်သူလူထုအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး သွားရန်နှင့် အစိုးရရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ထီးချိုင့်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်း (၁၃၈)ဦးနှင့် ၎င်းတို့ရဲ့ မှီခိုသူ (၄၄)ဦး စုစုပေါင်း (၁၈၂)ဦးတို့သည် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ မေလ ၉ ရက်နေ့ ညနေပိုင်းတွင် မော်တော်ယာဉ်များဖြင့် စစ်ကိုင်းမြို့မှ ထီးချိုင့်မြို့သို့ ရောက်ရှိလာကြတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်။
#SN
👍193
Forwarded from Our President 🇲🇲
Media is too big
VIEW IN TELEGRAM
ငွေလမင်းကြီးနဲ့အတူ ဒိုတွေအတူတူတည်ဆောက်ကြပါစို"


လရောင်အောက်က ကုမုဒြာ
တေးရေး- အလင်္ကာကျော်စွာ သျှန်ထွဏ်း (မြန်မာစာ)

တေးဆို- မေသက်ထားဆွေ
#Our
👍112
မေ‌လ ၉ ရက်မနက်ပိုင်းက သရက်ချောင်းမြို့မှ ထားဝယ်မြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့တဲ့ လဝက ဝန်ထမ်းအမျိုးသမီး ၁ ဦးကို ဒေသခံ PDF အကြမ်းဖက်တွေက ထားဝယ်-သရက်ချောင်းလမ်းမ တောက်ထိန်တောင် ဘုရားအနီးတွင် အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး အခုချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်... 
-
ခြိမ်းခြောက်ငွေညှစ်ဖို့အတွက် နိုင်ငံ့ဝန်ထမ်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးနေတဲ့ PDF အကြမ်းဖက်တွေရဲ့  အင်မတန်အောက်တန်းကျလွန်းတဲ့လုပ်ရပ်ကို ပြည်သူတိုင်းက ကန့်ကွက်ရှုတ်ချကြဖို့လိုပါတယ်။။။

KT, May 10
👍11🤬32
Summit ကတော့ ပြီးသွားပြီဆိုပါတော့ ....

ဘာတွေရလည်းဆို သံဝေဂတွေရပါတယ် .....

အားနာတာတွေ ကိုယ်ခြင်းစာတာတွေ လူသားချင်စာနာပါတယ်ဆိုတာတွေ  နိုင်ငံရေးမှာမရှိဘူးဆိုတာပဲ ......

Community တစ်ခုဖြစ်ပြီး ဆင်ခြင်စဥ်းစားတာမျို မရှိဘဲမြန်မာနိုင်ငံကို အဖန်တရာတေနေတဲ့ အသုံးမဝင်တဲ့ စကားလုံးတွေနဲ့တိုက်ခိုက်တယ် ....

Out of date ဖြစ်နေတဲ့ တူညီဆန္ဒ ၅ ရပ်ဆိုတာနဲ့ကြည့် ကိုင်ပေါက်တယ် ....

မျက်စိလေးဖွင့် နားလေးစွင့်ကြပါဦး အဲ့သည့် ၅ ရပ်က ဒီနေ့အခြေအနေတွေနဲ့ မကိုက်ညီတော့ဘူးဆိုတာ မြင်ရသိရလိမ့်မယ် .....

တစ်နိုင်ငံတည်းကိုကွက်ပြီး ထိုးနှက်တာကြီးကတော့ အာဆီယံမပီသဘူး.....

နောင်များတော့ ဒီအဖွဲ့ထဲက ၁၀ နိုင်ငံ မြန်မာပြည်ကတစ်ခုခုလိုချင်ရင် တန်ဖိုးကြီးကြီးတစ်ခု ပြန်တောင်းမယ် ....

ပြီးရင်    ၉၀ ဒီဂရီ ခါးချိုးပြီးလာ မော်ဖူးစေဆိုမှဖူး ပြောပြီးရင်  ၉၀ ဒီဂရီ ခါးချိုးပြီး ပြန်ခိုင်းဦးမယ် .....

Ava Harris
👍182💯2