ဆင်ဖြူရှင်
13.6K subscribers
65.5K photos
12.5K videos
135 files
8.48K links
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။
Download Telegram
ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

မေ ၁၀

ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုမိန်းမြို့၊ လဲချားမြို့၊ ကာလိမြို့၊ နမ့်စန်မြို့နှင့် လင်းခေးမြို့တို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ခရေရိပ်သာ၌ တွေ့ဆုံပါတယ်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပါတယ်။
👍143
👍12
ဆင်ဖြူရှင်
Photo
အခြေခံလစာခံစားခွင့်များ ပေးအပ်သွားမည့် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက်
ကျောင်းသားသစ်များခေါ်ယူ

၁၀-၅-၂၀၂၆

အခြေခံလစာ ခံစားချက်များပေးအပ်သွားမည့် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများ အတွက် ကျောင်းသားသစ်များ ခေါ်ယူနေပြီဖြစ်ရာ မေလ ၁၄ ရက်မှ စတင်လျှောက်ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းဆင့်  Grade -10 ၊ Grade -11 နှင့် Grade -12 အတန်းပညာများကို သင်ကြားလေ့ကျင့်ပေးမည့် အမှတ်(၁)တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း (ရဲမွန်)နှင့် အမှတ်(၂)တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း(နေပြည်တော်)တို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းသားသစ်များအဖြစ် လျှောက်ထားသူများသည် Grade-10 သင်တန်းအတွက် Grade-9 အောင်မြင်ပြီး အသက်(၁၇)နှစ်ထက် မကြီးသူ၊ Grade-11 သင်တန်းအတွက် Grade-10 အောင်မြင်ပြီး အသက်(၁၈)နှစ်ထက်မကြီးသူ၊ Grade-12 သင်တန်းအတွက် Grade-11 အောင်မြင်ပြီး အသက်(၁၉)နှစ်ထက် မကြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ အမျိုးသား(လူပျို)ဖြစ်ရမည်။

တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ သို့မဟုတ် ပြစ်ဒဏ်စီရင်ခြင်း ခံရသူမဖြစ်စေရနှင့် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်း အောင်မြင်ရမည်ဖြစ်ပြီး လျှောက်လွှာများကို နီးစပ်ရာ တပ်၊ ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ စာရွက်စာတမ်းများနှင့်အတူ ၁၄-၅-၂၀၂၆ ရက်နေ့မှ ၂၀-၅-၂၀၂၆ ရက်အတွင်း လျှောက်ထားသူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ နီးစပ်ရာတိုင်းစစ်ဌာနချုပ်သို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထားရာတွင် တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ သုံးပုံ၊ နိုင်ငံသား စိစစ်ရေးကတ်(မိတ္တူ)မိဘ/အုပ်ထိန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ) အိမ်ထောင်စုလူဦးရေး စာရင်း(ပုံစံ-၆၆/၆)(မိတ္တူ) ကျောင်းထွက်လက်မှတ်(မိတ္တူ) ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံး သို့မဟုတ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံး၏ ထောက်ခံစာမူရင်း ၊ မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံစာချက်တို့ ပါဝင်ရမည် ဖြစ်သည်။

ကျောင်းသားသစ်အဖြစ် လျှောက်ထားသူများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းကြီးကြပ် ရေးနှင့် ကျောင်းသားစိစစ်ရွေးချယ်ရေးအဖွဲ့က ပဏာမရွေးချယ်ရန် အကြောင်းကြားလာပါက စာရွက်စာတမ်း များမူရင်းနှင့်အတူ သတင်းပို့ရမည်ဖြစ်ပြီး ရွေးချယ်ခံရသူများအား ဆေးစစ်ခြင်းများ ပြုလုပ်၍ ဆေးစစ် အောင် မြင်သူများကို ကျောင်းသားအဖြစ် အတည်ပြုရွေးချယ်မည်ဟု သိရသည်။

အဆိုပါတပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား များ ၏ နေထိုင်စားသောက်ရေး ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှု ၊ကျောင်းဝတ်စုံ၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလစာအုပ်၊ စာရေးကိရိယာနှင့် အခြားသင်ထောက်ကူပစ္စည်းများအား အခမဲ့ခံစားခွင့်ရရမည့်အပြင် ပညာသင်ကြားနေစဉ် ကာလအတွင်း လစာအဖြစ် တစ်လလျှင် Grade -10 အတန်းအတွက် အခြေခံတပ်သားသစ် လစာ၏ ရာခိုင်နှုန်း၃၀ (ကျပ် ၄၃၂၀၀)၊ Gracde -11 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ရာခိုင်နှုန်း၄၀ (ကျပ် ၅၇၆၀၀)နှင့် Grade -12 အတန်းအတွက် အခြေခံတပ်သားသစ်လစာ ၏ ရာခိုင်နှုန်း၅၀(ကျပ် ၇၂၀၀၀)တို့အား ခံစားခွင့်ရရှိမည် ဖြစ်သည်။

ကျောင်းသားများအား အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များကို ပညာရေးဝန်ကြီးဌာနနှင့်ပေါင်း၍ နှစ်အလိုက်သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတော်မှ ကျင်ပသည့် တက္ကသိုလ်ဝင်စားမေးပွဲကို ဝင်ရောက် ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စားမေးပွဲအောင်မြင်သူ ကျောင်းသားများသည် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိပါက တပ်မတော်ဆိုင်ရာ တက္ကသိုလ်နှင့်သိပ္ပံများသို့ လျှောက်ထားခွင့်ရှိမည် ဖြစ်သည်။ တပ်မတော်ဆိုင်ရာတက္ကသိုလ်နှင့် သိပ္ပံများသို့ တက်ရောက်ရန် သတ်မှတ်အရည်နှင့်ကိုက်ညီမှုမရှိပါက ကွန်ပျူတာ ဒီပလိုမာတပ်ကြပ်ကြီး စာရေးသင်တန်းနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်တန်းကျောင်း၌ ဖွင်လှစ်သည့် တတိယအဆင့် ဆေးလက်ထောက်သင်တန်း(အထူး)သို့ လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ၊ ပညာရေးဌာနစု ဖုန်း ၀၃၆-၃၀၅၃၁ ၊ ၀၃၆ - ၃၀၅၆၆ သို့ ဆက်သွယ်မေးမြန်း စုံးစမ်းနိုင်ကြောင်း သိရသည်။
#SN
👍156
နိုင်ငံသားကောင်း တာဝန်ကျေ ပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင်ရရှိရေး အသိပေးထုတ်ပြန်ချက်
#SN
👍161
👍9
ဆင်ဖြူရှင်
Photo
ခိုင်မာသည့် အနာဂတ်အခွင့်အလမ်းများနှင့် လမ်းခင်းကြိုဆိုလျက်ရှိသည့် တပ်မတော်လူငယ် ပညာရေးသင်တန်းကျောင်း

မေ ၈

သင်တန်းတက်ရောက်ကြမည့် ကျောင်းသားလူငယ်များကို ကျောင်းမှ ခေတ်မီသည့် သင်ကြားသင်ယူမှု စနစ်များ၊ နေထိုင်စားသောက်မှုပုံစံ၊ ကျန်းမာရေးဝန်ဆောင်မှုစတဲ့ ကဏ္ဍများ စုံလင်စွာဖြင့် ပြစုပျိုးထောင်ပေးမည်ဖြစ်ပါသည်။

သက်တောင့်သက်သာ နေထိုင်ရေးအတွက် အိပ်ဆောင်အခန်းများတွင် စနစ်ကျနသည့် ရေ၊  မီး၊ မိလ္လာစနစ်များကို ၂၄ နာရီ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပါသည်။

အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွှတ်သည့် စားသောက်မှုပုံစံများဖြင့် စီစဉ်ဆောင်ရွက် ပေးထားပါသည်။

ကျန်းမာရေးအတွက် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများဖြင့် ကျောင်းဆေးခန်းတွင်  ၂၄ နာရီ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအပြင် လိုအပ်ပါက ဆေးရုံများသို့ ကုသနိုင်ရန် စီမံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

ညပိုင်း စာပေပညာ self study ပြုလုပ်ချိန်များတွင် ပညာရေးနည်းပြများမှ အနီးကပ် စောင့်ကြည့်၍ လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးခြင်း ဆောင်ရွက်ပေးပါသည်။

နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် စာမေးပွဲများ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

ကျောင်းဝတ်စုံအပါအဝင် စာရေးကိရိယာ၊ သင်ထောက်ကူပစ္စည်းများကို အခမဲ့ထောက်ပံ့ ပေးမည်ဖြစ်ပါသည်။

တန်းစဉ်အလိုက် သတ်မှတ်ထားတဲ့ လစာနှုန်းထားကိုလည်း အကျိုးခံစားခွင့် ရရှိမည်ဖြစ် ပါမည်။

အခြေခံပညာအထက်တန်းဆင့်ဘာသာရပ်များကို ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နှစ် အလိုက်သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတော်မှကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ကျောင်းသားများသည် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိပါက တပ်မတော်ဆိုင်ရာ တက္ကသိုလ်နှင့် သိပ္ပံများသို့လျှောက်ထားခွင့်၊ ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်းနှင့် တပ်မတော် ဆေးဘက် ဆိုင်ရာ ပညာသင်ကျောင်းများ ၌ ဖွင့်လှစ်သည့် တတိယအဆင့်ဆေးလက်ထောက်သင်တန်း(အထူး)သို့လည်း လျှောက်ထားခွင့် ရှိမည်ဖြစ်ပါသည်။

ယခုကဲ့သို့ ခိုင်မာသည့် အနာဂတ်အခွင့်အလမ်းများနှင့် လမ်းခင်းကြိုဆိုလျက်ရှိသည့် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းသို့ တက်ရောက်ရန် အခွင့်အရေးအလမ်းက ကြိုဆိုလျက်ရှိကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။
#SN
👍141
အသိပေးနိုးဆော်ချက်

10-5-2026

တပ်မတော်လူငယ်ပညာရေး ကျောင်းသားသစ်
လျောက်ထားချင်သူများ

လျောက်လွှာများ သတ်မှက်ရက် ပေးပို့နိုင်ရေး သတိပေးနှိုးဆော်လိုက်ပါသည်။

Truth Waves
👍132
10-5-2026

တပ်မတော် လူငယ်ပညာရေးကျောင်းသားသစ်များ
ဖြည့်သွင်းရမည့် လျောက်လွှာ ပုံစံဖြစ်ပါတယ်။

Truth Waves
👍123
ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

မေ ၁၀

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးပါတယ်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ပြတိုက်အဆောက်အအုံကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာ ပြတိုက် (နေပြည်တော်) ကို ငလျင်ဒဏ်ခံနိုင်အောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သိရပါတယ်။
#SN
👍122
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် လယ်ဝေးမြို့နယ် အင်တိုင်းသာကျောင်းတိုက်ပရိဝုဏ်အတွင်းရှိဘုရားစေတီပုထိုးများနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မေ ၁၀

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် အင်တိုင်းသာကျောင်းတိုက်၌ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုကို ကြည့်ရှုအားပေးပါတယ်။

ဦးစွာ လယ်ဝေးမြို့ အမှတ် (၅) ရပ်ကွက် အင်တိုင်းသာကျောင်းတိုက်အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် ကျောင်းဝင်းအတွင်း၌ သာသနာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးပါတယ်။

ထို့နောက် အင်တိုင်းသာကျောင်းတိုက် ပဓာနနာယကဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရပါတယ်။
#SN
👍13
👍102
ဆင်ဖြူရှင်
Photo
ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂၉၂ ဒသမ ၅ သိန်း၊ ကလေးဝမြို့၌ ငွေကျပ်သိန်း ၁၂၀ နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မေ ၁၀

ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂၉၂ ဒသမ ၅ သိန်း၊ ကလေးဝမြို့၌ ငွေကျပ်သိန်း ၁၂၀ ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ငွေကျပ် သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။

ဖြစ်စဉ်မှာ မေ ၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုမြို့နယ် ဈေးကုန်းကျေးရွာနေ ဦးသက် (ခ) ဝင်းကို (၄၆) နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မယဉ်ဝင်းမြိုင် (ခ) မကြီး (၄၂) နှစ် လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၉၂ ဒသမ ၅ သိန်း) ဖမ်းဆီးရမိသဖြင့် ဦးသက် (ခ) ဝင်းကိုနှင့် မယဉ် ဝင်းမြိုင် (ခ) မကြီးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပါတယ်။

ထို့အတူ မေ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးဝမြို့ အမှတ် (၂) ရပ်ကွက် အောင်မင်္ဂလာလမ်းတွင် ကလေးဝမြို့နယ် အုန်းပင်စုရွာနေ စိုးလင်း မင်း (၂၃) နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၂၀) ဖမ်းဆီးရမိသဖြင့် စိုးလင်းမင်းကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။

အလားတူ မေ ၇ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် (၁၃) ရပ်ကွက် မန္တလေးလမ်းနှင့် စစ်တွေလမ်းထောင့်တွင် လမ်းလျှောက်လာသူ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက်နေ လှိုင်မျိုးကျော် (ခ) ကျော်ကြီး (၃၈) နှစ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၃၀) ဖမ်းဆီးရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းနေထိုင်သည့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃၀) ထပ်မံသိမ်းဆည်းရမိသဖြင့် လှိုင်မျိုးကျော် (ခ)ကျော် ကြီးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
#SN
👍152🔥1
တပ်မတော်သားများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် စေတနာထား၍ လုပ်ဆောင်ရန်၊ သစ္စာရှိစွာ လုပ်ဆောင်ရန်လိုကြောင်း၊ အခွင့်အရေး၊ ရာထူးမြော်တွေး ၍ မလုပ်ဆောင်ကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား

တပ်မတော်သားများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် စေတနာထား၍ လုပ်ဆောင်ရန်၊ သစ္စာရှိစွာ လုပ်ဆောင်ရန်လိုကြောင်း၊ အခွင့်အရေး၊ ရာထူးမြော်တွေး ၍ မလုပ်ဆောင်ကြရန်လိုကြောင်း၊ ရာထူးနှင့် ဥစ္စာသည် လုပ်ယူ၍ မရကြောင်း၊ မိမိ၏လုပ်ဆောင်မှု၊ ကြိုးစားအားထုတ်မှုနှင့် ကိုက်ညီသောအခြေအနေကိုသာရရှိနိုင်ကြောင်း၊ တပ်မတော်သားဘဝသည် ရခဲသောဘဝဖြစ်၍ အသက်ကိုစွန့်လွှတ်ရန် သစ္စာပြုထားသူများဖြစ်သည့်အတွက် မိမိတပ်မတော်သားဘဝကို ချစ်မြတ်နိုး၍ ဂုဏ်ယူစွာတာဝန်ထမ်းဆောင်ကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က မေလ ၈ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
👍212
နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသဖြင့် ရှောင်ကွင်းလမ်းများမှ မသွားဘဲ မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ကသာ မော်တော်ယာဥ်များ သွားလာရန် ဟိုပင်မြို့တွင်  အသိပေးစာများ ဖြန့်ဝေ

ဟိုပင်၊ မေ ၁၀

လုံခြုံရေးပူးပေါင်းစစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသဖြင့် ရှောင်ကွင်းလမ်းများမှ မသွားဘဲ မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ကသာ မော်တော်ယာဥ်များ သွားလာရန် ဟိုပင်မြို့တွင်  အသိပေးစာများအား သက်ဆိုင်ရာက  ဖြန့်ဝေသွားတယ်လို့ စုံစမ်း သိရသည်။
👍137
Media is too big
VIEW IN TELEGRAM
အာဆီယံ၏ အက်ကြောင်းနှင့် မြန်မာ့ပထဝီနိုင်ငံရေး ဗျူဟာမြောက် ထွက်ပေါက်
#VOP
#SN
15👍5
ပြည်ဖျက်မီဒီယာ Khit Thit ရဲ့ ဖော်ပြချက်များသည် သတင်းတု၊ သတင်းအမှားသာ ဖြစ်ကြောင်း ပြည်သူများက လူမှုကွန်ရက်ပေါ်တွင် ပြန်လည်ဖော်ပြခဲ့


၂၀၂၆ ခုနှစ်၊ မေ ၁၀
👍191
ထပ်မံ အသိပေးအပ်ပါသည်။

သတင်းတု၊ သတင်းမှားများကို သတိပြုရန် နှိုးဆော်ခြင်း

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည့်ရက် မကြေညာသေးပါ။ ယခင်နှစ်များနည်းတူ အောင်စာရင်းလုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးစီး၍ အောင်စာရင်းကြေညာရန်အသင့်ဖြစ်သည့် အချိန်မှသာ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဤ Website (www.myanmarexam.org) နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Facebook Page (www.facebook.com/dme.gov.mm) တို့မှတစ်ဆင့် တရားဝင် အချိန်မီ အသိပေးကြေညာပါမည်။ ထိုသို့ တရားဝင်မကြေညာမီ မည်သည့်ရက်ကိုမှ အတည်မပြုပါ။
 
ယခင်နှစ်က ကြေညာချက်အဟောင်းများကို ဖြတ်ညှပ်ကပ်ပြုလုပ်၍ သတင်းမှားများထုတ်လွှင့်နေသော Page အတုအယောင်များကို သတိပြုကြပါရန်နှင့် အောင်စာရင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော လိမ်လည်မှုများကို သတိပြုကြပါရန် ကြိုတင်၍ အသိပေး နှိုးဆော်အပ်ပါသည်။

ပညာရေး သတင်းလွှာ
👍192
ထီးချိုင့်မြို့ဒေသခံပြည်သူလူထုအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး သွားရန်နှင့် အစိုးရရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ထီးချိုင့်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်း (၁၃၈)ဦးနှင့် ၎င်းတို့ရဲ့ မှီခိုသူ (၄၄)ဦး စုစုပေါင်း (၁၈၂)ဦးတို့သည် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ မေလ ၉ ရက်နေ့ ညနေပိုင်းတွင် မော်တော်ယာဉ်များဖြင့် စစ်ကိုင်းမြို့မှ ထီးချိုင့်မြို့သို့ ရောက်ရှိလာကြတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်။
#SN
👍193