ဆင်ဖြူရှင်
13.6K subscribers
65.3K photos
12.5K videos
135 files
8.48K links
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။
Download Telegram
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များအား တွေ့ဆုံဩဝါဒ အမှာစကားပြောကြားမှ ကောက်နုတ်ချက်
# Speech
👍152
Media is too big
VIEW IN TELEGRAM
မြိတ်မှာ အလင်းဝင်ခဲ့တဲ့ PDF တပ်စုမှူးလူငယ်တစ်ဦး၏ စကားသံ(6-5-2026)
👍171
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံမှ ဩဝါဒခံယူပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပါဝင်တက်ရောက်


၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို မေလ ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
👍173
၆.၅.၂၀၂၆ ရက်နေ့၊ ၁၀ ၃၀ အချိန်ခန့်၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ သစ္စာမြိုင်လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းနှင့် ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
12👍8
This media is not supported in your browser
VIEW IN TELEGRAM
ရန်ကုန်မြို့က Public Area မှ လည်လှီးအသတ်ခံရမှုအား မစိုးရိမ်ရ သတ်မှတ်ပြီး ထိန်ချန်ထားမှုများ ရှိနေ(6-5-2026)

Truth Waves
😱19👍61
ယခု ၁း၄၅ အချိန်
Hotal Max - Nay Pyi Tawအရှေ့
Honda Fit Car မီးလောင် (1:45 pm)
😱15👍31🤔1
ထိုင်းဝန်ကြီးချုပ် တက်ရောက်ပြီး ၊ ထိုင်းတရားရေးဝန်ကြီးဌာနက ကျင်းပတဲ့ ထိုင်းတရားဥပဒေအောက်မှ နစ်နာသူများအပေါ် ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံး ပြည်ပသံရုံးဆုမှာ မြန်မာသံရုံးက ရရှိ

#SN
👍212😱1
တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နှစ်စဉ် ပုံမှန်စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီအသစ်များ (ယခင်ခွင့်ပြုထားပြီးသော ကုမ္ပဏီများမပါ) အနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group) (မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်) တွင်လည်းကောင်း ရယူပြီး (၁) Hard Copy (၂) Soft Copy (Word file) များဖြင့် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အဆိုပြုတင်ပြ လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
#SN
👍151
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား လက်ခံတွေ့ဆုံ

မေ ၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပါတယ်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဆေးပညာရှင်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေး၊ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များအကြား ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ပါကစ္စတန်နိုင်ငံမှ ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်း လျက်ရှိသည့်ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါကစ္စတန်နိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါတယ်။
#SN
👍173👏1