ဆင်ဖြူရှင်
13.6K subscribers
65.5K photos
12.5K videos
135 files
8.48K links
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။
Download Telegram
👍111
ဆင်ဖြူရှင်
Photo
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ဖမ်းဆီးရမိ

နေပြည်တော်၊ ​မေ ၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ ထွက်ခွာမည့်လေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည် မျိုးညီညီဟိန်း နှင့် မနှင်းသဇင်ဦး တို့ထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၂၆ ဒသမ ၆ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီအချိန် အလားတူ လေယာဉ်ဖြင့်လိုက်ပါမည့် ခရီးသည် တင်အောင်သန်း၊ မခင်သန္တာဝင်း၊ ခင်မောင်သန်း နှင့် ချမ်းမြေ့ပိုင် တို့ ၄ ဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၆ ဒသမ ၀၅ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား လက်ခံ၍ ပို့ဆောင်ပေးသည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ  နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ကုမ္ပဏီရုံးခန်းအား ဝင်ရောက်ရှာဖွေရာ မထက်ဧကရီ နှင့် မကြယ်စင်လင်းလဲ့ တို့ ၂ ဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၉ ဒသမ ၅ ကီလိုအား ဆက်လက်ဖမ်းဆီးရမိပြီး ၎င်းတို့၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မလေးရှားသို့ ပို့ဆောင်ပေးရန်အပ်နှံသူ အောင်ကျော်ဝင်း(ခ)အောင်အောင် နှင့် ၎င်း၏ဇနီး မသန္တာလွင် တို့အား လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိဟိုတယ်တွင် အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၃၁၆၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ဒသမ ၁၅ ကီလိုအား သိမ်းဆည်းရမိခဲ့သည်။


ဆက်လက်၍ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရန်စေခိုင်းသူမှာ သီပေါမြို့နယ်၊ လင်တိကျေးရွာနေ လောက်ချီ(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြထားသည်။
👍231
This media is not supported in your browser
VIEW IN TELEGRAM
၅-၅-၂၀၂၆
မော်လူးမြို့ကို တပ်မတော်က
ပြန်လည်သိမ်းပိုက် ပြလိုက်ပြန်ပြီ...


Truth Waves
👍296
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်    ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဩဝါဒအမှာစကားပြောကြား လူငယ်တိုင်းသည် နိုင်ငံကို ဦးဆောင်နိုင်သူမဖြစ်သော်လည်း လူငယ်အားလုံးသည် နိုင်ငံတော်၏ အနာဂတ်ကို အကောင်အထည်ဖော်ကြမည့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်

နေပြည်တော်၊ မေ - ၅
👍12
Forwarded from Our President 🇲🇲
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်                      ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား တွေ့ဆုံဩဝါဒအမှာစကားပြောကြား
👍111