ဆင်ဖြူရှင်
13.7K subscribers
65K photos
12.5K videos
135 files
8.48K links
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။
Download Telegram
ရန်ကုန်မြို့တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် ဧပြီလအတွင်း လူ ၃၀ ခန့်ဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် လှုံ့ဆော်ဝါဒဖြန့်


၂၀၂၆ ခုနှစ်၊ မေ ၄
👍71
ရွှေဘိုမြို့အနောက်ဘက်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေ ရမ်းသန်း ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန် ရေးသားဝါဒဖြန့်

၂၀၂၆ ခုနှစ်၊ မေ ၄
👍91
👍8
ဆင်ဖြူရှင်
Photo
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် အသေးစားထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်(Value Added)များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆွေးနွေးမှာကြား

နေပြည်တော် မေ ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကွက်ကဲမှုအောက်ရှိ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက သမဝါယမစနစ်ဖြင့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စနစ်ကျသည့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများဖြစ်စေရေးနှင့် ထွက်ရှိလာသည့် စိုက်ပျိုးရေးကုန်ကြမ်းများကို အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက နည်းပညာပံ့ပိုး၍ တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သည်အထိ သမဝါယမ စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ သမဝါယမစနစ် (MSME)လုပ်ငန်းများ အောင်မြင်ရေးတို့အတွက် တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊

ဝန်ထမ်းများအနေဖြင့် သမဝါယမစနစ်ကို မဏ္ဏိုင်ပြု၍ စိုက်ပျိုး မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ကျေးလက် အခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး၍ မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် သတင်းအချက်အလက် မှန်မှန် ကန်ကန် ကောက်ယူပြီး ဒေသခံတောင်သူများ စနစ်ကျတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်နှင့် လက်တွေ့ကျသည့်လုပ်ငန်းစီမံချက်များ ရေးဆွဲတင်ပြ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#News #SN
👍142
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော်၊  မေ-၄
👍194
အများပြည်သူသို့ အသိပေးခြင်း

#SN
👍162
Media is too big
VIEW IN TELEGRAM
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၂၀၂၆ မေ ၄။
👍182
မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများထွက်မည်

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇ ကျောင်းဖွင့်ရာသီအတွက် KG မှ G-12 အထိ အခြေခံပညာအဆင့်၏ ကျောင်းအပ်လက်ခံခြင်းကိုလည်း မေ ၂၂ ရက်မှစတင်ကာပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
#SN
👍212
Forwarded from Sitt Naing(News)
လှိုင်းဘွဲမြို့နယ်၊မြိုင်ကြီးငူ၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

‎မေ ၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှအဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်မြိုင်ကြီးငူ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး စိုးမိုးဝင်းက အဖွင့်အမှာစကားပြောကြားကာ သင်တန်းအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြိုင်ကြီးငူ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မီမီစံက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်၊ ဌာနဆိုင်ရာအကြီးအကဲများက ခင်းကျင်းပြသထားသော သင်တန်းသူများ၏လက်မှုပညာများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
#SN
👍174