This media is not supported in your browser
VIEW IN TELEGRAM
၄-၅-၂၀၂၆
"ပညာရေးနည်းပြ လျှောက်ထားချင်သူများအတွက် သတင်းကောင်း"
တပ်မတော် လူငယ်ပညာရေးသင်တန်းကျောင်းများနှင့် ပညာရေးကျောင်းများအတွက် ပညာရေးနည်းပြများ အလိုရှိသည်။
TW

👍24
ဆင်ဖြူရှင်
Photo
နေပြည်တော်တွင် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရေး ဆွေးနွေး
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနက် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကျေးလက်နေအမျိုးသမီးများအတွက် ဦးစားပေးစီမံကိန်းများ ရေးဆွဲထားပြီး စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းနေနိုင်ရေး၊ အမျိုးသမီးများ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းများကို ဒေသသုံးခုရှိ ကျေးရွာများတွင် ကနဦးဆောင်ရွက်သွားမည်ဖြစ်ပြီး နေပြည်တော်အတွင်းရှိ ကျေးရွာများ၌ ရှေ့ပြေးစီမံကိန်းများ စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် Base Line Data များ ကောက်ယူခြင်းနှင့် စီမံကိန်းရေးဆွဲခြင်းများတွင် နေပြည်တော်ကောင်စီအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက နေပြည်တော်မြို့နယ်ရှစ်ခုအနက် လယ်ဝေး၊ ပျဉ်းမနားနှင့် တပ်ကုန်းမြို့နယ်များတွင် ကျေးလက်နေပြည်သူများ များပြားကြောင်း၊ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးစေလိုကြောင်းနှင့် သတ်မှတ်ရည်မှန်းချက်များထားရှိ၍ ထိရောက်စွာ ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့သည်။
ထို့အပြင် နေပြည်တော်ကောင်စီအနေဖြင့် လိုအပ်သည့်ကဏ္ဍများတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

👍18❤4
ဆင်ဖြူရှင်
Photo
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် အသေးစားထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်(Value Added)များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆွေးနွေးမှာကြား
နေပြည်တော် မေ ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကွက်ကဲမှုအောက်ရှိ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက သမဝါယမစနစ်ဖြင့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စနစ်ကျသည့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများဖြစ်စေရေးနှင့် ထွက်ရှိလာသည့် စိုက်ပျိုးရေးကုန်ကြမ်းများကို အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက နည်းပညာပံ့ပိုး၍ တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သည်အထိ သမဝါယမ စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ သမဝါယမစနစ် (MSME)လုပ်ငန်းများ အောင်မြင်ရေးတို့အတွက် တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊
ဝန်ထမ်းများအနေဖြင့် သမဝါယမစနစ်ကို မဏ္ဏိုင်ပြု၍ စိုက်ပျိုး မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ကျေးလက် အခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး၍ မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် သတင်းအချက်အလက် မှန်မှန် ကန်ကန် ကောက်ယူပြီး ဒေသခံတောင်သူများ စနစ်ကျတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်နှင့် လက်တွေ့ကျသည့်လုပ်ငန်းစီမံချက်များ ရေးဆွဲတင်ပြ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#News #SN

👍14❤2
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
နေပြည်တော်၊ မေ-၄
နေပြည်တော်၊ မေ-၄
👍19❤4
Media is too big
VIEW IN TELEGRAM
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။
နေပြည်တော်၊ ၂၀၂၆ မေ ၄။
နေပြည်တော်၊ ၂၀၂၆ မေ ၄။
👍18❤2
မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများထွက်မည်
အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇ ကျောင်းဖွင့်ရာသီအတွက် KG မှ G-12 အထိ အခြေခံပညာအဆင့်၏ ကျောင်းအပ်လက်ခံခြင်းကိုလည်း မေ ၂၂ ရက်မှစတင်ကာပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
#SN

👍21❤2