ဆင်ဖြူရှင်
13.7K subscribers
65K photos
12.5K videos
135 files
8.48K links
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။
Download Telegram
ဆင်ဖြူရှင်
Photo
မွန်ပြည်နယ်ဝန်ကြီးချုပ် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲနှင့် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်ရှိ ဝန်ထမ်းမိသားစုဝင်များအား ရဟန်းခံ၊ ရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်

မေ ၃

၂၀၂၆ ခုနှစ် မေလ (၅)ရက်နေ့တွင်ကျရာက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သွေးလှူရှင်များ တက်ရောက်ပါတယ်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စုပေါင်းသွေးလှူဒါန်းပေးကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများကို ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြပါတယ်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို အားဆေးများ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်ခဲ့ပြီး နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပေးခြင်းအပေါ် ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသူများကို ရင်းရင်းနှီးနှီး လိုက်လံအားပေးစကား ပြောကြားခဲ့‌ကြောင်း သိရပါတယ်။
#News #SN
👍16
ဆင်ဖြူရှင်
Photo
တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက် ကျောင်းသားသစ်များခေါ်ယူခြင်း

၁။        ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းဆင့် Grade-10၊ Grade-11 နှင့် Grade-12 အတန်းပညာများကို သင်ကြားလေ့ကျင့်ပေးမည့် အမှတ်(၁)တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း(ရဲမွန်)၊ အမှတ်(၂)တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း(နေပြည်တော်)တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသားသစ်များအဖြစ် လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

          (က)     Grade-10 သင်တန်းအတွက် Grade-9 အောင်မြင်ပြီး အသက် ၁၇ နှစ်ထက်မကြီးသူ၊ Grade-11 သင်တန်းအတွက်                        Grade10  အောင်မြင်ပြီး အသက် ၁၈ နှစ်ထက်မကြီးသူ၊ Grade-12 သင်တန်းအတွက် Grade-11 အောင်မြင်ပြီး                         အသက် ၁၉ နှစ်ထက်မကြီးသူ ဖြစ်ရမည်။

            ( ခ )     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူအမျိုးသား(လူပျို)ဖြစ်ရမည်။

            ( ဂ )    တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ခြင်းခံရဖူးသူ မဖြစ်စေရ။    
    
            (ဃ)     စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းအောင်မြင်ရမည်။

၂။         လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၄-၅-၂၀၂၆ 
ရက်နေ့မှ ၂၀-၅-၂၀၂၆ ရက်နေ့အတွင်း လျှောက်ထားသူကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ နီးစပ်ရာတိုင်း စစ်ဌာနချုပ်များသို့ လျှောက်ထားရမည်-
           
(က)     တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ  ၃  ပုံ။
          
  ( ခ )     နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)။
           
( ဂ )    မိဘ/အုပ်ထိန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)။
         
   (ဃ)     အိမ်ထောင်စုဝင်လူဦးရေစာရင်း(ပုံစံ-၆၆/၆)(မိတ္တူ)။
           
( င )     ကျောင်းထွက်လက်မှတ်(မိတ္တူ)။
         
   ( စ )     အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သို့မဟုတ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံး၏
                        ထောက်ခံစာမူရင်း။
           
(ဆ)     မိဘ/အုပ်ထိန်းသူ၏သဘောတူညီကြောင်းထောက်ခံချက်။

၃။        ကျောင်းသားသစ်အဖြစ်လျှောက်ထားသူအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းကြီးကြပ်ရေးနှင့် ကျောင်းသားစိစစ်ရေး ရွေးချယ်ရေးအဖွဲ့က ပဏာမရွေးချယ်ရန် အကြောင်းကြားလာပါက အပိုဒ်(၂)ပါစာရွက်စာတမ်းများမူရင်းနှင့် မိတ္တူ(၃)စောင်စီ ယူဆောင်၍ ၂၂-၅-၂၀၂၆ ရက်အရောက် မိဘ/အုပ်ထိန်းသူနှင့်အတူ သတင်းပို့ရမည်။ ရွေးချယ်ခံရသူများအား ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများကို ကျောင်းသားအဖြစ် အတည်ပြုရွေးချယ်သွားမည်။

၄။        တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိသောကျောင်းသားများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှု၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် အခြားသင်ထောက်ကူပစ္စည်းများ၊ အခြေခံပစ္စည်းများ အခမဲ့ရရှိမည့်အပြင် ပညာသင်ကြားနေစဉ်ကာလအတွင်း လစာအဖြစ် တစ်လလျှင် Grade-10 အတန်းအတွက်  အခြေခံတပ်သားသစ်လစာ၏ ၃၀ ရာခိုင်နှုန်း(၄၃၂၀ဝိ/-ကျပ်)၊ Grade-11 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ၄၀ ရာခိုင်နှုန်း(၅၇၆၀ဝိ/-ကျပ်)နှင့် Grade-12 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ၅၀ ရာခိုင်နှုန်း(၇၂၀၀ဝိ/-ကျပ်)တို့အား ခံစားခွင့်ရှိသည်။

၅။        ကျောင်းသားများအား အခြေခံပညာအထက်တန်းဆင့်ဘာသာရပ်များကို ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နှစ်အလိုက် သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး  နိုင်ငံတော်မှကျင်းပပြုလုပ်သည့်တက္ကသိုလ်ဝင်စာမေးပွဲကို    ဝင်ရောက်ဖြေဆိုကြရမည်။   

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူကျောင်းသားများသည်  သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီမှုရှိပါက တပ်မတော်ဆိုင်ရာ တက္ကသိုလ်နှင့် သိပ္ပံများသို့  လျှောက်ထားခွင့်ရှိသည်။  တပ်မတော်ဆိုင်ရာတက္ကသိုလ်နှင့် သိပ္ပံများသို့တက်ရောက်ရန်   သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီမှုမရှိပါက ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်းနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၌ဖွင့်လှစ်သည့် တတိယအဆင့်ဆေးလက်ထောက်သင်တန်း(အထူး)သို့ လျှောက်ထားခွင့်ရှိသည်။ 

၆။        အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ပညာရေးဌာနစု၊ ဖုန်း-၀၃၆-၃၀၅၃၁/၀၃၆-၃၀၅၆၆ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
👍255
နေပြည်တော်မှာ ဝါးကားမှောက်လို့ ၁၉ယောက်သေဆုံးပြီး ၂၀ ကျော်လောက်ထိခိုက်ဒဏ်ရာရ

မေ ၃(မှုခင်း)

နေပြည်တော်၊ဥတ္တရသီရိမြို့နယ် မိုးစွေအုပ်စု၊  မိုးစွေ-လွင်သာယာလမ်းမှာ ဝါးတင်တဲ့ကားတစီးတိမ်းမှောက်လို့ နေရာမှာပဲ ၁၉ယောက်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။

မနေ့ ကနေ့လယ်ပိုင်းမှာ ဝါးခုတ်ပြီးတင်ဆောင်လာတဲ့ ခြောက်ဘီး ကားဟာ  မြေသားကျွံကျပြီး ချောက်ထဲတိမ်းမှောက်ခဲ့တာ ဖြစ်ကြောင်း ၊တိမ်းမှောက်မှုကြောင့် သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၂၀ ကျော်လောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

တောထဲကနေ ဝါးခုတ်ပြီး ကားတက်လာကာမြေကျွံပြီးတော့ ကားကချောက်ထဲတိမ်းမှောက်သွားတာ။ လမ်းဘေးမြေသားက ကျွံပြီးနိမ့်ကျသွားတာ။ အခင်းဖြစ်တဲ့နေရမတော်တဆ မြေကျွံတာကြောင့်ပေါ့ ။" လို့ မြေပြင်ကူညီ ကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ အမြန်လမ်း မီးသတ်စခန်းတာဝန်ရှိသူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေပါကြောင်း ၊ထိခိုက်ဒဏ်ရာ ရသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံနဲ့ တောင်ညိုတိုက်နယ်ရှိ ဆေးရုံတို့ကို ပို့ဆောင်ထားတယ် လို့ သိရပါတယ်။
#New #SN
😢13👍114
ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့ရှိရှေးဟောင်းသမိုင်းဝင်နန်းတော်ဉီးလောကမာဇရိန်စေတီတော်မြတ်ကြီးစိန်ဖူးတော်နှင့်ငှက်မြတ်နားတော်အားဆင်တော်မင်္ဂလာပေါ်ပင့်ဆောင်ပူဇော်ပွဲကိုမေလ၂ရက်နေ့နံနက်ပိုင်းကသီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၌ကျင်းပပြုလုပ်ခဲ့ရာတပခတိုင်းမှူးဗိုလ်ချုပ်စိုးကျော်ထက်နှင်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
👍205
လူရည်ချွန်​မောင်မယ် ကျောင်းသား/ကျောင်းသူများ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်များပဲဖြစ်ပါတယ်...
👍164