Aye Thida Swe
1.27K subscribers
203 photos
93 videos
2 files
630 links
Download Telegram
🎧 Finding INNER PEACE - TRUE LOVE - FREEDOM
https://youtu.be/GOI_vBQJvzk
..
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

#Wednesday - Breathing

ဗုဒ္ဓဟူး မှာ အသက် ကောင်းကောင်းရှုမယ် ..

လူတိုင်းက မွေးလာကတည်းက သေတဲ့ အထိ အချိန် တိုင်း အသက်ရှု နေကြရတာပဲနော်

တချို့ကတော့ အသက်ရှင်ရုံလေး အပေါ်ယံ ရှုနေကြတယ်

ဒါပေမယ့် စနစ်တကျ အသက်ရှုတတ်ရင် အများကြီး အကျိုးရှိပါတယ်

အိပ်မပျော်တဲ့ ရောဂါတွေ အရေပြားရောဂါတွေ ပန်းနာရင်ကြပ် စသဖြင့် ရောဂါ ဝေဒနာတွေကိုလည်း ပျောက်ကင်း သက်သာစေတယ်

ခန္ဓာကိုယ်တင်လား ဆိုတော့ အဲဒါထက် အများကြီး ပိုပါတယ် .. စိတ်မှာဖြစ်တဲ့ ဝေဒနာတွေကိုလည်း ပျောက်ကင်းစေနိုင်တယ်တယ်

ဘုရားဟောထဲမှာလည်း အာနာပါန ဝင်လေ - ထွက်လေ ကို စောင့်ကြည့် ဆင်ခြင်ရင်း မြင့်မားတဲ့ အသိဉာဏ်တွေ ရကုန်ကြ တယ်လို့ ပါတယ် မဟုတ် ပါလား

ဒီနေ့ အသက်ရှုတာလေးကို သတိထား ကြည့်မယ် အချိန်လေးယူပြီး သတိထားကျင့်မယ်

အသက်ရှုတာ တရားထိုင်မှ မဟုတ်ပါဘူး .. ကားကြပ်လို့ မီးပွိုင့်မိတုန်း .. ရထားပေါ်မှာ ..ဘတ်စ်ကားပေါ်မှာ တခုခုကို စောင့်နေတာဦး လုပ်လို့ ရသလို တခုခု လုပ်လက်စလေး ခဏရပ်ပြီး ၃ မိနစ်လောက် ဒါမှမဟုတ် ဝင်သက် ထွက်သက်ကို ၅- ၁၀ ကြိမ် လောက် ဝ ဝ လေးရှုလိုက် တာဟာလည်း ကောင်းပါတယ်

အဲဒါကို Pause လုပ်တယ်လို့ လည်း ခေါ်ပါတယ် ..ခဏလေးရပ်ထားပြီး အသက်လေး ရှုလိုက် တာဟာလည်း အမောပြေ အားပြည့်စေတယ်

အချိန်ရရင်တော့ သေချာလေးထိုင်ပြီး အသက်ရှုပါနော် ..

တကယ်တမ်း ခန္ဓာကိုယ်အတွက် အကောင်းဆုံးသော အသက်ရှုနည်းက Yogic Breathing လို့ ခေါ်တဲ့ ယောဂီ အသက်ရှုနည်းပါ

တနည်း ပြောရရင် ဖောင်း ပိန် အသက်ရှုနည်းပါ

အရင်ဆုံး သက်တောင့် သက်သာဖြစ်အောင် ထိုင်ပါ မျက်နှာ လည်ဂုတ် ကအကြောတွေ လျှော့ထားပါ အာရုံလေးကို စုစည်းပြီး အကြောတွေ လျှော့ထား အသက်စရှုပါမယ်

အဆင့် ၃ ဆင့် ရှိပါတယ်

🧘‍♀️ပထမ ဆုံး ဗိုက်ကို ဖောင်းပြီး ချက်ထိ ရောက်အောင် လေကို ရှုသွင်းပါ
ပြန်ထုတ်တဲ့ အခါ ဗိုက် ကို ချပ် ပါ

လက်ကလေးကို ဗိုက်ပေါ်တင်ပြီး ရှုသွင်း တဲ့ အချိန် ဗိုက် ဖောင်း ပြီး ရှုထုတ်တဲ့ အချိန် ဗိုက်ချပ်သွားတာကို ခံစားလို့ ရပါတယ်
၉ ကြိမ်ခန့် ရှုသွင်း ရှုထုတ် လေ့ကျင့်ပေးပါ

🧘‍♀️ဒုတိယ က လက်နှစ်ဖက်ကို ခါးထောက်သလို နံရိုးပေါ် ကို ခပ်ဖြဖြ ထောက်လိုက်ပါ
ပြီးရင် နံရိုး ကားလာတဲ့ အထိ အသက်ကို ရှုသွင်းပါ
ရှုလိုက်တဲ့ လေက ရင်ခေါင်း ထိ ရောက်ပြီး နှလုံး ထိအောင် ပေါက်ပါတယ် .. Heart Breathing လို့လည်း ခေါ်ပါတယ်

နံရိုးပေါ် ထောက်ထားတဲ့ လက်က ရှုသွင်းချိန် နံရိုးမြင့်တက် လာတာ ကိုခံစားရပါလိမ့်မယ် ..
၉ ကြိမ်ခန့် ရှုသွင်း ရှုထုတ် လေ့ကျင့်ပေးပါ

နောက်ပိုင်း လက်ထောက်စရာမလိုပဲ နံရိုကားအောင် အသက်ရှုတတ်လာပါလိမ့်မယ်

🧘‍♀️တတိယအဆင်ကတော့ လည်ပင်းကတဆင့် ဦးနှောက် ထဲထိ ရောက်အောင် ရှုတာပါ
လက်နှစ်ဖက်ကို ယှက်ပြီး ဇက် ပေါ် အသာလေး တင်ထားပြီး တံတောင် နှစ်ဖက် ကို ထောင်ထားပါ
အသက်ကို ငယ်ထိပ်ထိ ရောက်အောင် ရှုသွင်း တဲ့ အခါ ဇက်နေရာမှာ တင်း လာ ပြီး ရှုထုတ်တဲ့ အခါ လျော့သွားတာကို ခံစားရပါလိမ့်မယ်
၉ ကြိမ်ခန့် လေ့ကျင့်ပေးပါ

ရေးတာသိပ်မရှင်းရင် ဒီဗီဒီယိုလေးမှာ ဆရာနဲ့အတူ လေ့ကျင့်ကြည့်ပါ နော်
🔗 https://youtu.be/tyk6zG1UD2s

စစချင်း ၃ ဆင့် ခွဲ လေ့ကျင့် ရပေမယ့် နောက်ပိုင်း ရှုတတ် လာရင် ၃ ဆင့် ကို တခါထဲ လုပ်လို့ရပါတယ် ..
အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ
အဲလို ပြည့်ပြည့်ဝဝ ရှုခြင်း ဖြင့် အဆုပ် ထဲ လေအပြည့် ရောက်သလို အဆုပ်ကို ချဲ့ လိုက် ကျုံ့ လိုက် လေ့ကျင့်ပေးသလို ဖြစ်တာကြောင့် အဆုပ်အားအရမ်း ကောင်းစေပါတယ်
သွေးထဲမှာ အောက်စီဂျင် ပိုများလာပြီး ဦးနောက်လည်း ကြည်စေသလို ဆဲလ်တွေ လည်း နုပ်ညိုစေပါတယ်

ပြီးတော့ ၃-၆ -၉ နည်းနဲ့ လည်း ရှုလို့ ရပါတယ်
၃ စက္ကန့် ရှုသွင်း - ၆ စက္ကန့် အောင်ထား - ၉ စက္ကန့် ရှုထုတ် တဲ့ နည်းပါ ..

အသက်ရှုလို့ ကောင်းတဲ့ ဗုဒ္ဓဟူးနေ့ ဖြစ်ပါစေ
ယနေ့ လုပ်ရန် – အသက် ဝ ဝ ရှုမည်

---

Affirmation –

လိုအပ်တဲ့ အောက်စီဂျင်ကို ဝ အောင် ရှုသွင်းမယ် ..
မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ကုန်အောင် ရှုထုတ်မယ် ..
လိုအပ်တဲ့ ချစ်ခြင်းမေတ္တာတွေ ကို ရှုသွင်းမယ် ..
မလိုအပ်တဲ့ အမုန်းတွေ အာဃာတတွေကို ရှုထုတ်မယ်
ပြည့်ဝတဲ့ စွမ်းအားကို ရှုသွင်းမယ် ..
ကိုယ်တွင်းက စိုးရိမ်ပူပန်မှုတွေကို ထွက်လေနဲ့ အတူ စွန့်ထုတ်မယ်

---

အသက်ရှုနည်းလေးတွေ ပြောပြထားတဲ့ Video လေးတွေကို ဒီအယ်လဘမ်လေးမှာ ကြည့်လို့ ရပါတယ် –
🔗 https://www.facebook.com/media/set/?set=a.10226942212371618&type=3

💕💕

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

#Thursday .. Compliment Yourself

ကြာသာပတေးမှာ ကိုယ့်ကိုယ်ကို ချီးမြှမ်း /ချီးကျူးပါ တဲ့ ..

လူတွေတော်တော်များများ သူများကို ချစ်တတ် ဂရုစိုက် တတ် ပြီး ကိုယ့် ကိုယ်ကို ချစ်ဖို့ ဂရုစိုက်ဖို့ကျတော့ မေ့နေတတ်တယ်

ကိုယ့်ကိုယ်ကို ချစ်ပါ လို့ ပြောတာ ကိုယ့်အတွက်ပဲ ကိုယ်သိတဲ့ အတ္တ အချစ် ကို ပြောတာမဟုတ်ဘူးနော်
🥰7
ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ
အတွေးတွေနဲ့ ကိုယ့် ကိုယ် ကို မနှိပ်စက်ပဲ
ကိုယ့် စိတ်ကိုရော ခန္ဓာကိုယ် ကိုရော ပြန်ကြည့်ပြီး စိတ်ထဲမှာ ကိုယ်ခန္ဓာ ထဲမှာဘာဖြစ်နေလဲ
ကိုယ် ဘာလိုချင်တာလဲ လို့ ကိုယ့်ကိုယ်ကို ပြန်ကြည့် ပြီး ကိုယ့် ကိုယ်ကို ငြိမ်းအေးအောင် နေတတ်တာ ကို ဆိုလိုတာပါ ..

ကိုယ့်ကိုယ်ကို ချစ်ဖို့ ဆိုရင်ရင် ကိုယ့်ကိုယ်ကို ချီးကျူး တတ်ရပါမယ်
ကိုယ့်ကိုယ်ကို ချီးကျူးဖို့ဆို ကိုယ့်ကိုယ်ကို သိနေဖို့ လိုပါတယ်
တော်တော်များများက ကိုယ့်ကိုယ် နဲ့ စိတ် အချိတ် အဆက် Connection လွတ်နေပြီး ကိုယ့်ကိုယ်ကို မသိတာ များတယ်

AY ရဲ့ Relationship Mastery တက်တုန်းက ကိုယ့် ကိုယ် နဲ့ ကိုယ့်စိတ် relationship ကောင်းဖို့ သင်ပေးဖူးတယ်
ဘာလို့လည်း ဆိုတော့ ကိုယ့်ကိုယ် နဲ့ ကိုယ့်စိတ် Relationship အဆင်ပြေမှ တခြား Relationship တွေလည်း အဆင်ပြေမှာ တဲ့ ..

ဒါကြောင့် ဘဝမှာ အရာရာ အဆင်ပြေချင်တယ်ဆို ရင် ကိုယ့်ကိုယ်ကို သိဖို့ ချီးမြှမ်းဖို့ လိုပါတယ် တဲ့

ချီးမြှမ်းတယ်ဆိုတာ မြှောက်ပြောတာနဲ့ မတူဘူးနော်
ချီးမြှမ်းတာဟာ တနည်းအားဖြင့် အသိအမှတ် ပြု ချင်းပါ

လူတိုင်းက အသိအမှတ်ပြု ချီးကျူးတာကို နှစ်သက် ပါတယ် ..
အသေးအဖွဲလေး ဖြစ်ဖြစ် ငါလုပ်နိုင်တယ် ဆိုတာမျိုးလေးပေါ့
ညက အိပ်ယာဝင်နောက်ကျပေမယ့် ဒီမနက် စောစောနိုးရင် အော် ငါ ထ နိုင်တယ် လို့ ကိုယ့်ကိုယ်ကို ချီးကျူး လိုက်ပါ
တကယ်တော့ ကိုယ့်ထဲမှာ ချီးကျူးစရာတွေအများကြီးပါ ..
လူဖြစ်လာတာကိုက ငါ့အတိတ်ကံ ကောင်းလိုက်တာလို့ ချီးကျူး လို့ရတယ်
တခြား ဘာသာဆိုလည်း ဘုရားက ငါ့ ကိုဖန်ဆင်းတယ် ဆိုတာ ကိုက ငါ့ကို ချစ်လို့ .. စသဖြင့်ပေါ့

စိတ်လေ့ကျင့်ခန်းမှာ ကိုယ့်ကိုယ်ကို ချီးမြှမ်း ရမယ် ဆိုတာ ချောရေးဖူးတာလေး ဒီမှာဖတ်ပေးပါ

👇
https://www.facebook.com/photo.php?fbid=10224383931976207&set=a.10223369333891889&type=3

ကိုယ့်ကိုယ်ကို ချီးမြှမ်းဖို့ဆို ကိုယ့်ကိုယ်ကို ခွင့်လွှတ်ဖို့ လည်း လိုပါတယ်
တခါတရံမှာ လူတွေက နောင်တ တွေနဲ့ ကိုယ့်ကိုယ် ကို အပြစ်တွေ တင်မိ ကြတယ်
အဲဒါဆိုရင် ကိုယ့်ကိုယ်ကို ချီးကျူးဖို့ ခက်သွားပါ မယ် ..
အဲဒါအတွက် ကိုယ့်စိတ်နှလုံးထဲက ကိုယ့်ကိုယ်ကို ခွင့်လွှတ်ဖို့ (လူမျိုးဘာသာ မရွေး ) ဒီ meditation လေးကို လုပ်ကြည့်နိုင်ပါတယ်
🧘‍♂️🧘‍♀️
https://youtu.be/fF0HyoGbLGo

အသက်လေး ရှုရင်း
🌷 I'm Sorry ( တောင်းပန်ပါတယ် )
🌷Please Forgive me ( ခွင့်လွှတ်ပါ )
🌷Thank you ( ကျေးဇူးတင်ပါတယ် )
🌷I love you ( ချစ်တယ် ) ဆိုတာလေး နဲ့
ကိုယ့်ကိုယ် ကို ရော သူများတွေကိုရော ခွင့်လွှတ် တဲ့ အခါ စိတ် နှလုံးက သန့်စင် သွားပြီး အကောင်းမြင် စိတ် နဲ့ အရာရာကို အသိအမှတ် ပြု ချီးကျူးတတ်လာပါလိမ့်မယ်

❌ အရာရာကို အပြစ်တင်တတ်တဲ့ အကျင့်က လာဘ် ပိတ်စေတယ် ..

✅အဆိုးရှိနေနေသော်လည်း အကောင်း ကိုရှာဖွေ ချီးကျူးတတ် တဲ့ သူက လာဘ်လာဘ တွေ..
ကောင်းခြင်း မဂ္လာတွေနဲ့ ပြည့်စုံ မယ် .... တဲ့

ဒီ ကြာသာပတေး နေ့လေးမှာ ကိုယ့်ကိုယ်ကို ချီးမြှမ်း အသိအမှတ်ပြုရင်း ကျေးဇူးတရားတွေ အောက်မေ့ ဆင်ခြင်ရင်း ငြိမ်းအေးသာယာ ရှိကြပါစေ 💜🌹

ယနေ့ လုပ်ရန် – ကိုယ့်ကိုယ်ကို မေတ္တာထားရန် ကိုယ့် ကိုယ်ကို ဂရုစိုက်ရန်
💕💕

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

#Friday - Clear Your Mind

သောကြာနေ့မှာ စိတ်တွေ ကို ရှင်းလင်းပါ တဲ့

အားလုံးက စိတ်ထဲမှာ အတွေးတွေနဲ့ ပြည့်နေတတ်တယ်
စိတ်ထဲမှာ ဘာတွေ နဲ့ ပြည့်နေလဲ ဆိုတာ ဒီတိုင်း နေ ရင် မသိ ရဘူး

ငြိမ်ငြိမ်လေး ထိုင်ပြီး စိတ်ကို ကြည့်ပြီ ဆိုရင် တော့ တွေ့ရပါလိမ့်မယ်

စိတ်ထဲမှာ
လုပ်ချင်တာတွေ
လုပ်ရမှာတွေ
အတိတ် တွေ အနာဂတ်တွေ
သူများအကြောင်းတွေ
မိသားစု အကြောင်းတွေ စုံလို့ပါပဲ 🙂

ရှင်းမထားတဲ့ စိတ်ဟာ ရှင်းမထားတဲ့ အိမ်လိုပဲ ပင့်ကူမျှင်တွေ ဖုန်တွေ အမှိုက်တွေ နဲ့ ရှုပ်ပြ နေတဲ့ အိမ် နဲ့တူတယ် ..

တကယ်တမ်း ဘဝမှာ စိတ်ချမ်းသာ ပျော်ရွှင်ချင် တယ် ဆိုရင် ဘယ်တန်ခိုးရှင်မှ တ နေစရာမလိုဘူး
ကိုယ်ဘာကိုယ် လုပ်လို့ ရတယ် တဲ့
ဘုရားလည်း ဟောတယ်
သိပ္ပံ ကလည်း ပြောတယ် ..

အိမ်ကိုရှင်းတဲ့ အခါ အမှိုက်တွေ ကို ရှင်းလင်း ပစ်
ထုတ် လိုက်ပြီး အလှဆင် မယ့် အရာတွေကို နေရာတကျ ထားလိုက်ရင် လှပတဲ့ နေချင်စဖြယ် အိမ်လေး ဖြစ်လာသလိုပဲ

စိတ်ကို ရှင်းတဲ့အခါ အလိုအပ်တဲ့ အမှိုက် နဲ့တူတဲ့ အတွေးတွေကို ရှင်းလင်းပြီး
လုပ်ချင်တာတွေ လုပ်ရမှာတွေကို စနစ်တကျ တွေးတောလိုက်ရင်
ဘဝမှာ လိုတာရ တဲ့ တန်ခိုးရှင်ဟာ ကိုယ် ကိုယ်တိုင်ပါပဲ

အဲဒီတော့ အိမ် ကိုရှင်းသလိုပဲ
ပထမ ပင့်ကူမျှင်တွေကို တံမြက်စည်းကြမ်း နဲ့ လှည်းရတယ်
ဖုန်စုပ်စက်နဲ့ စုပ် ရသလိုမျိုးပဲ

တသက်လုံး ရှင်းလင်းမထားတဲ့ စိတ်ကို ရှင်းဖို့
အရင်ဆုံး ကိုယ်ခန္ဓာ body ကို အချက်ပေးရပါမယ်
ကိုယ်ခန္ဓာက တောင်းတင်း နေရင် စိတ်ကို ရှင်းလင်းဖို့ ခက်ပါတယ်
ဒါကြောင့် ၅ မိနစ် ၁၀ မိနစ်လောက် အချိန်ယူပြီး အကြောတွေလျှော့ပြီး ကိုယ်ခန္ဓာ ကို ပြင်ဆင်ရပါတယ်
ချော အမြဲတမ်း လုပ်တဲ့ ဆရာမိုက်ကယ်ရဲ့
တိဗက်လူမျိုးတွေ လုပ်လေ့ရှိတဲ့ Tibetan Rites ၅ မျိုး ဟာ ခန္ဓာကိုယ်ကို တကယ် နေလို့ ကောင်းစေပါတယ်
ဗွီဒီယို ဒီမှာပါ 👇

https://youtu.be/fOhmgOHYQUg
🥰4
ဆရာ့ နာမည်ကြီး ၅ မိနစ် warm up ဗြီဒီယိုလေးကတော့ ဒီမှာပါ 👇

https://youtu.be/6EiMbIdAWVI

ပင့်ကူမျှင်တွေ ဖုန်တွေ ဆေးကြောပြီးရင်
ဖုန်စုပ် ကြမ်း တိုက် သလိုပဲ

ကိုယ်ခန္ဓာ အကြောလျှော့ ပြီး ရင် Strong Breathing အသက်ပြင်းပြင်း ရှုတဲ့ သမထ နဲ့ ရှင်းရပါမယ်
အဲဒါကို Activate လုပ်တယ်လို့ ခေါ်တယ်
ခန္ဓာကိုယ် ကိုရော ဦးနှောက် ကိုရော ငါ စိတ်အလုပ် လုပ်တော့မယ်ဟေ့ လို့ အချက်ပေးတာပါ

​Chit Shakati ဆိုတဲ့ အသက်ရှုနည်းက
ဦးနှောက် ကို အောက်စီဂျင် များများပို့ ပြီး လက်လှဲ အသက်ရှုတာပါ
အသက်ရှုသွင်းချိန် လက် ကို မြှောက်လိုက်ပြီး
ရှု ထုတ် ချိန် လက်ကို လှဲ ပါတယ်
ရှုထုတ်ချိန်မှာ ပါးစပ်ကို ပိတ်ထားပြီး
နှာခေါင်းက နေ နှပ်ညှစ်သလို ခပ် ပြင်းပြင်း လေး ရှုထုတ် ရပါတယ်
စစချင်းလုပ်ရင် လက်လှဲ တာနဲ့
နှာခေါင်းက ရှူထုတ်တာ စည်းချက်မကျ တိုင်မင် မကိုက် ဖြစ်တတ်ပါတယ်
အဲဒီအခါ နှာခေါင်းကနေ နှပ်ညှစ်သလို လေကို ရှုထုတ်ပြီး မှ လက်ကို လိုက်ပါ
အလေ့အကျင့်ရလာရင် လွယ်ကူသွားမှာပါ
လုပ်နည်း ဗွီဒီယို ဒီမှာကြည့်ပါ 👇

https://youtu.be/xBZInO0-ZHk

ချောရှုပြထားတဲ့ Video ဒီမှာ ကြည့်ပါ

https://www.facebook.com/happy5442/videos/548693769546966/?

နောက် strong breathing တခုက Kundalini ပါ
စိတ်အလုပ်တွေ လုပ်နိုင်ဖို့ ကိုယ်တွင်းက စွမ်းအားတွေကို နှိုးတာပါ
ကျောရိုးကနေ ဦးနှောက်ထိ သွေး လည်ပတ်တာကောင်းစေပြီး
အရမ်း powerful ဖြစ်တဲ့ အသက်ရှု နည်း တခုပါ ..
အသက် ရှုထုတ်တာနဲ့ အရင်စရပါတယ်
ရှုထုတ်ချိန် ကျောရိုးကို ကွေးပြီး ခေါင်းကိုငုံ့ ပါ
ရှုသွင်းချိန် ကျောရိုးကို ပြန်မတ်ပြီး ခေါင်းကို မော့ပါ
ဗွီဒီယို ဒီမှာကြည့်ပါနော်👇

https://youtu.be/1MJQFN7XmD8
ချော ရှင်းပြထားတာ ဒီမှာကြည့်ပေးပါ

https://www.facebook.com/happy5442/videos/425171539042865/?

ကဲ တံမြက်စည်းလှည်း ကြမ်းတိုက် ပြီးသွားရင် အချောသပ် ရှင်းပါမယ်
ငြိမ်ငြိမ်လေးထိုင်ပြီး စိတ်ကို ကြည့်မယ်
အသက်ကို သိမ်သိမ်မွေ့မွေ့ ရှုရင်း
ပေါ်လာတာ ထိုင် ကြည့်ရင်း လိုက်သိ ရင်း ရှင်းထုတ်ပါမယ်
စိတ်နဲ့ ခေါင်းကနေ ခြေဖျားထိ အကြောတွေလျှော့ မယ် ..
ဆရာကြီးဦးဂိုအင်ကာ ကလည်း တံမြက်စည်းလှည်းတယ် လို့ပဲ သုံးပါတယ် ..
တကယ်လို့ ဒီအပိုင်းကို Guide လုပ်ပေးတာ လိုချင်ရင် တော့
ဆရာကြီး ဦးဂိုအင်ကာ လို့ YouTube မှာ ရှာကြည့်ပြီး လုပ်လို့ ရပါတယ်
ချောကဆရာမိုက်ကယ် ရဲ့ ဗွီဒီယို နဲ့ လုပ်ဖြစ်တာ များပါတယ်
ဆရာ့ ဗွီဒီယိုမှာက ဦးနှောက်ကို လှိုင်းတွေ နဲ့ Tune in လုပ်ပေးတာ ပါတာမို့
နားကြပ်နဲ့ နားထောင်ပြီး လုပ်လို့ ရပါတယ်
ဗွီဒီယို တွေ ဒီမှာပါ 👇
နှစ်သက်ရာ တခုခုကို ရွေးပြီး လုပ်ပါ

ကြာချိန် မိနစ် ၃၀
https://youtu.be/frGIK7iEKmU

ကြာချိန် ၂၂ မိနစ်
https://youtu.be/MKNA7rk3lrA

နောက်ပြီး စာအုပ်လေး တအုပ်ထားပြီး ဖြစ်ချင်တာတွေ ဖြစ်နေတာတွေ ဖြစ်ရမှာတွေ Journal writing ချရေးပါ
စာအုပ်နဲ့ ဘောလ်ပင်သုံးရေးပါ
ဒါမှ ကိုယ့် စိတ် ထဲက အရာတွေ သိသိသာသာ သိရ တဲ့ clarity ရနိုင်မှာပါ
ဒီပို့စ်မှာ အရမ်းရှည်နေမှာစိုးလို့
Journal Writing အကြောင်း သပ်သပ် ပြောပြမယ်နော် ..

စိတ်တွေ ရှင်းလင်း နေတဲ့ သောကြာနေ့ ဖြစ်ပါစေ
🙏🌹💜
သောကြာနေ့ မို့ အလုပ်တွေ အများကြီးပေးလိုက်ပြီနော် ..
💕💕

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
🥰7
#Saturday - Sit in Silence

စနေ နေ့မှာ တိတ်ဆိတ် ငြိမ်းသက်စွာ ထိုင်ပါ တဲ့

သတိထားမိလားဟင်
SILENT (တိတ်ဆိတ်ခြင်း) နဲ့
LISTEN (နားထောင်ခြင်း) မှာ ပါဝင်တဲ့ စာလုံးတွေက အတူတူပဲ

သူတော်စင်တွေ ခဏခဏ ပြောတယ်

တိတ်ဆိတ်ခြင်းမှာ အသံတွေ ရှိတယ်
နားထောင်ပါ တဲ့

ဘယ်သူ့ကိုမှ စကားမပြောပဲ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်းငြိမ်းလေးထိုင်နေတာဟာ
စိတ် ငြိမ်းချမ်းဖို့
စိတ်တည်ငြိမ်ဖို့
ကျင့်သင့်တဲ့ အကောင်းဆုံး ကျင့်စဉ်တခုပါ ..

လူနှစ်ယောက်တွေ့တယ် ဆိုရင် သူပြောတာတွေ ကြားဖို့ ဆို
ကိုယ်က ဘာမှ မပြောပဲ ငြိမ်းနေမှ ကြားရမှာပါ ..
သူကလည်း ပြော ကိုယ်ကလည်း ပြောနေရင် ဆူညံနေတော့
ကိုယ်ပြောတာလည်း သူမကြား
သူပြောတာလည်း ကိုယ်မကြား ဖြစ်နေမှာပါ

ဒါကြောင့် စကြာဝဠာ ကြီးဆီက (သို့မဟုတ်) ဘုရားဆီက အသံကြားချင်ရင်
တနေ့တာအတွင်း စိတ်အေး လက်အေး ရှိတဲ့ အချိန် မှာ
ငြိမ်းငြိမ်း တိတ်တိတ်လေး ထိုင်ပြီး တိတ်ဆိတ်ခြင်း အသံကို နားထောင် ကြည့်ပါ

အဲဒီတော့ စနေနေ့မှာ ကိုယ့်အတွက် အချိန်လေး တချိန်ယူမယ်
အကြောတွေ လျှော့မယ်
ဆရာမိုက်ကယ်ရဲ့ warm up လေး ဒီဗွီဒီယို လေး နဲ့ လုပ်မယ် 👇

https://youtu.be/6EiMbIdAWVI

ပြီးရင် တိတ်ဆိတ်ခြင်း ကို နားထောင်ဖို့ အတွက် အထောက်အကူ ပြုတဲ့ အသက်ရှုနည်းလေးနဲ့ အသက်ရှုမယ် ..
အဲဒါက အခု သင်ယူထားတဲ့ အသက်ရှူနည်းပေါင်း ၂၀ ကျော်မှာ
ချောရဲ့ အကြိုက်ဆုံး favourite အသက်ရှုနည်း လည်း ဖြစ်တယ်

Ujjayi Pranayama (Victorious Breathing)

ဦးဂျာရီ အသက်ရှုနည်း လို့ ခေါ်ပါတယ်

🧘‍♀️ အသက်ကို ခပ်ရှည်ရှည်လေး ဆွဲပြီး ရှုရပါမယ်
လေကို နှာခေါင်းနဲ့ ရှုသွင်း နှာခေါင်း နဲ့ ရှုထုတ် ရပါ မယ် ..
ရှုသွင်းတဲ့ အခါမှာပါ ရှုထုတ် တဲ့ အခါမှာပါ
လည်ချောင်း ကို ဖြတ်ပြီး လည်ချောင်းထဲက လေ ဖြတ်သွားတဲ့ အသံ ထွက် ရပါမယ်

ရေငုပ်တဲ့ အခါ ရေအောက်မှာ ကြားရတဲ့ အသံမျိုးထွက်လို့
Ocean breath လို့ လည်း ခေါ်ပါတယ် ..

မြန်မာလို ရှင်းပြထားတာလေး ဒီမှာကြည့်ပေးပါနော်
https://www.facebook.com/happy5442/videos/3103610316538874/?

ဆရာအင်္ဂလိပ် လို ရှင်းပြတဲ့ လုပ်နည်း ဗွီဒီယိုလေး ဒီမှာ ကြည့်ပေးပါ 👇
https://youtu.be/WVei7tY8ZAQ

အဲလို အသက်ရှုလိုက် ခြင်းဖြင့်
လေဟာ လည်ချောင်း က သိုင်းရွိုက် ကို ဖြတ်သွားရတာကြောင့်
သိုင်းရွိုက် ပြသနာရှိနေသူတို့အတွက် Healing ရစေပါ တယ်
ကိုယ်တွင်း အပူ ဓါတ် ကို ရစေလို့
အတွင်းကလီစာတွေအတွက်လည်း ကောင်းပါတယ်

၅ မိနစ် ကနေ ၁၀ မိနစ်လောက် ထိ ဦးဂျာရီ နဲ့ အသက်ရှု ပြီး ပြီ ဆိုရင်တော့
သက်တောင့် သက်သာလေး ထိုင်ပြီး တိတ်ဆိတ်ခြင်း ကို ထိုင်နားထောင်ပါ ..
တခါတလေလည်း အိပ်ပျော်သွားတတ်တယ်
ခဏ အိပ်လိုက်ပါ နိုးလာရင် အားတွေ ပြည့်နေလန်းဆန်းနေပါလိမ့်မယ်

တိတ်ဆိတ်ခြင်းရဲ့ အသံအကြောင်း
ချော ရေးဖူးတာလေး ဒီမှာဖတ်ပေးပါ 👇
Voice of Silence
https://www.facebook.com/photo.php?fbid=10224443711390655&set=a.10223369333891889&type=3

---

ယနေ့ လုပ်ရန်

တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ်နေရန် ..

စကားကို လိုအပ်မှသာ ပြောရန်

ဘာမှ မရွတ် မဖတ်ပဲ

အသက်လေးရှုပြီး တိတ်တိတ်ဆိတ်ဆိတ်လေး အချိန်ရသလောက် ထိုင်နေရန် ..

💕💕

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

ကဲ ၇ ရက် Day 7 တောင် ရောက်လာပြီနော်

မြန်မှ မြန်ပဲ ..
တစ်ရက်ချင်း လုပ်စရာရှိတာလုပ်ရင်း
စိတ်အားရှိအောင် Charging သွင်းလာတာ
နောက်ဆုံးနေ့ ရောက်လာပြီနော်
လုပ်ရတာ အဆင်ပြေတဲ့ သူကလည်း
စုဆောင်းမိတဲ့ ကုသိုလ်တရားတွေနဲ့
အေးချမ်းတာကိုခံစားရမယ်လို့ ထင်ပါတယ်

ဒီရက်ပိုင်း အနှောက်အယှက် test တွေလာလို့
အဆင်သိပ် မပြေတဲ့ သူများကလည်း
ဖြေးဖြေးချင်းပေါ့နော် ..

---

#Sunday - Remember a peaceful moment

တနင်္ဂနွေ လုပ်ရန်လေးကတော့
အေးချမ်းတဲ့ အချိန်လေးတွေ ကို သတိရ မယ် တဲ့ ..

အချိန်တွေဟာ ကုန်သွားပြီးရင် ပြန်မရဘူး

အချိန်ကို ဘယ်လို ကုန်မလဲဆိုတာတော့ ကိုယ်ကရွေးချယ် လို့ ရပါတယ်
ပြန်မရနိုင် တဲ့ အချိန် ကို ဘယ်လိုကုန်မလဲ

ရန်ဖြစ်ငြင်းခုန် ရင်း ကုန်မလား

အရည်မရ အဖတ် မရ သူများ အတင်းတွေ ပြောရင် ကုန်မလား

ဘာမှ အကျိုးမရှိတဲ့ သတင်း တွေ လျှောက်ဖတ်ရင်း
စိုးရိမ် ပူပန်မှု့ တွေ နဲ့ ကုန်မလား

အဲလိုမှ မဟုတ်ပဲ
ရတဲ့ အချိန်လေးမှာ
ချစ်ချစ် ခင် ခင် ကြင်ကြင်နာနာ
နဲ့ ပျော်ပျော်ရွှင်ရွှင် ကုန်မလား

ကိုယ် ရော စိတ်ပါ ငြိမ်းငြိမ်းချမ်းချမ်း လေး နေရင်း ကုန်မလား ..

အားလုံးက ကိုယ့် choice ကိုယ့် ရွေးချယ်မှု့ပါ

---

အဲဒီတော့ ...
အေးချမ်းတဲ့ အချိန်လေးတွေ ပြန်သတိရ ရင်း
သတိရ တိုင်း အေးချမ်းအောင် နေပါနော် ..

---

ဒီနေ့ ဒါလေးတွေ လုပ်ကြည့် ရအောင်

---

🧘‍♀️Step - 1

ဆရာမိုက်ကယ် ရဲ့ Tibetan Rites လေးနဲ့ အကြောလျှော့မယ်
🔗 https://youtu.be/fOhmgOHYQUg

---

🧘‍♀️Step - 2

Chit Shakati pranayama
လက်လှဲ အသက်ရှု နည်း နဲ့ Nervous System ကို နှိုး ပြီး Activate လုပ်မယ်
🔗 https://youtu.be/xBZInO0-ZHk

---

🧘‍♀️Step - 3

သက်တောင့် သက်သာ နဲ့ ငြိမ်ငြိမ်လေး ထိုင်ပြီး
အသက်ရှုရင်း နှလုံးသား နဲ့ စိတ် ကို ရှင်းမယ်
🔗 https://youtu.be/fF0HyoGbLGo

---
🥰3
ပြီးရင် တနေ့ကုန်
ငြိမ်းချမ်းတဲ့ စိတ်ကလေး နဲ့ နေ မယ် ..

စိတ်ဆိုးစရာ အာရုံနောက်စရာတွေ တွေ့ရင်
ငါ့ ငြိမ်းချမ်း မှု့လေး ပျက် သွား အုံး မယ် လို့
သတိရပြီး ထိန်းလိုက်နိုင် လည်း မဆိုးဘူး ..

တနင်္ဂနွေ နေ့ ရဲ့ တခဏတိုင်းဟာ
ငြိမ်းချမ်းသာယာမှု့ တွေ နဲ့ ပြည့်စုံ နေပါစေ .. 🌹💜🙏

---

#7daysmeditation

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
🥰23🙏2
Aye Thida Swe pinned «#7daysmeditation by @ChawSukhita 💐ဝါတွင်းမှာ Body Mind Spirit ချိတ်ဆက်ချင်သူများအတွက် ချောရဲ့ #7daysmeditation ကို တစုတစည်း ၇ ရက်စာ ပြန်ကူးတင်ပေးလိုက်ပါတယ်။ New Setting New Me group ထဲမှာလည်း ၄၉ ရက်စာ လေ့ကျင့်ရမှာတွေ ရေးထားတာ ရှိပါတယ်။ အဓိကက ပုံမှန်လေးလုပ်သွားဖို့ပါ။…»
#7daysmeditation by Chaw Sukhita

#Wednesday - Breathing

ဗုဒ္ဓဟူး မှာ အသက် ကောင်းကောင်းရှုမယ် ..

လူတိုင်းက မွေးလာကတည်းက သေတဲ့ အထိ အချိန် တိုင်း အသက်ရှု နေကြရတာပဲနော်

တချို့ကတော့ အသက်ရှင်ရုံလေး အပေါ်ယံ ရှုနေကြတယ်

ဒါပေမယ့် စနစ်တကျ အသက်ရှုတတ်ရင် အများကြီး အကျိုးရှိပါတယ်

အိပ်မပျော်တဲ့ ရောဂါတွေ အရေပြားရောဂါတွေ ပန်းနာရင်ကြပ် စသဖြင့် ရောဂါ ဝေဒနာတွေကိုလည်း ပျောက်ကင်း သက်သာစေတယ်

ခန္ဓာကိုယ်တင်လား ဆိုတော့ အဲဒါထက် အများကြီး ပိုပါတယ် .. စိတ်မှာဖြစ်တဲ့ ဝေဒနာတွေကိုလည်း ပျောက်ကင်းစေနိုင်တယ်တယ်

ဘုရားဟောထဲမှာလည်း အာနာပါန ဝင်လေ - ထွက်လေ ကို စောင့်ကြည့် ဆင်ခြင်ရင်း မြင့်မားတဲ့ အသိဉာဏ်တွေ ရကုန်ကြ တယ်လို့ ပါတယ် မဟုတ် ပါလား

ဒီနေ့ အသက်ရှုတာလေးကို သတိထား ကြည့်မယ် အချိန်လေးယူပြီး သတိထားကျင့်မယ်

အသက်ရှုတာ တရားထိုင်မှ မဟုတ်ပါဘူး .. ကားကြပ်လို့ မီးပွိုင့်မိတုန်း .. ရထားပေါ်မှာ ..ဘတ်စ်ကားပေါ်မှာ တခုခုကို စောင့်နေတာဦး လုပ်လို့ ရသလို တခုခု လုပ်လက်စလေး ခဏရပ်ပြီး ၃ မိနစ်လောက် ဒါမှမဟုတ် ဝင်သက် ထွက်သက်ကို ၅- ၁၀ ကြိမ် လောက် ဝ ဝ လေးရှုလိုက် တာဟာလည်း ကောင်းပါတယ်

အဲဒါကို Pause လုပ်တယ်လို့ လည်း ခေါ်ပါတယ် ..ခဏလေးရပ်ထားပြီး အသက်လေး ရှုလိုက် တာဟာလည်း အမောပြေ အားပြည့်စေတယ်

အချိန်ရရင်တော့ သေချာလေးထိုင်ပြီး အသက်ရှုပါနော် ..

တကယ်တမ်း ခန္ဓာကိုယ်အတွက် အကောင်းဆုံးသော အသက်ရှုနည်းက Yogic Breathing လို့ ခေါ်တဲ့ ယောဂီ အသက်ရှုနည်းပါ

တနည်း ပြောရရင် ဖောင်း ပိန် အသက်ရှုနည်းပါ

အရင်ဆုံး သက်တောင့် သက်သာဖြစ်အောင် ထိုင်ပါ မျက်နှာ လည်ဂုတ် ကအကြောတွေ လျှော့ထားပါ အာရုံလေးကို စုစည်းပြီး အကြောတွေ လျှော့ထား အသက်စရှုပါမယ်

အဆင့် ၃ ဆင့် ရှိပါတယ်

🧘‍♀️ပထမ ဆုံး ဗိုက်ကို ဖောင်းပြီး ချက်ထိ ရောက်အောင် လေကို ရှုသွင်းပါ
ပြန်ထုတ်တဲ့ အခါ ဗိုက် ကို ချပ် ပါ

လက်ကလေးကို ဗိုက်ပေါ်တင်ပြီး ရှုသွင်း တဲ့ အချိန် ဗိုက် ဖောင်း ပြီး ရှုထုတ်တဲ့ အချိန် ဗိုက်ချပ်သွားတာကို ခံစားလို့ ရပါတယ်
၉ ကြိမ်ခန့် ရှုသွင်း ရှုထုတ် လေ့ကျင့်ပေးပါ

🧘‍♀️ဒုတိယ က လက်နှစ်ဖက်ကို ခါးထောက်သလို နံရိုးပေါ် ကို ခပ်ဖြဖြ ထောက်လိုက်ပါ
ပြီးရင် နံရိုး ကားလာတဲ့ အထိ အသက်ကို ရှုသွင်းပါ
ရှုလိုက်တဲ့ လေက ရင်ခေါင်း ထိ ရောက်ပြီး နှလုံး ထိအောင် ပေါက်ပါတယ် .. Heart Breathing လို့လည်း ခေါ်ပါတယ်

နံရိုးပေါ် ထောက်ထားတဲ့ လက်က ရှုသွင်းချိန် နံရိုးမြင့်တက် လာတာ ကိုခံစားရပါလိမ့်မယ် ..
၉ ကြိမ်ခန့် ရှုသွင်း ရှုထုတ် လေ့ကျင့်ပေးပါ

နောက်ပိုင်း လက်ထောက်စရာမလိုပဲ နံရိုကားအောင် အသက်ရှုတတ်လာပါလိမ့်မယ်

🧘‍♀️တတိယအဆင်ကတော့ လည်ပင်းကတဆင့် ဦးနှောက် ထဲထိ ရောက်အောင် ရှုတာပါ
လက်နှစ်ဖက်ကို ယှက်ပြီး ဇက် ပေါ် အသာလေး တင်ထားပြီး တံတောင် နှစ်ဖက် ကို ထောင်ထားပါ
အသက်ကို ငယ်ထိပ်ထိ ရောက်အောင် ရှုသွင်း တဲ့ အခါ ဇက်နေရာမှာ တင်း လာ ပြီး ရှုထုတ်တဲ့ အခါ လျော့သွားတာကို ခံစားရပါလိမ့်မယ်
၉ ကြိမ်ခန့် လေ့ကျင့်ပေးပါ

ရေးတာသိပ်မရှင်းရင် ဒီဗီဒီယိုလေးမှာ ဆရာနဲ့အတူ လေ့ကျင့်ကြည့်ပါ နော်
🔗 https://youtu.be/tyk6zG1UD2s

စစချင်း ၃ ဆင့် ခွဲ လေ့ကျင့် ရပေမယ့် နောက်ပိုင်း ရှုတတ် လာရင် ၃ ဆင့် ကို တခါထဲ လုပ်လို့ရပါတယ် ..
အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ
အဲလို ပြည့်ပြည့်ဝဝ ရှုခြင်း ဖြင့် အဆုပ် ထဲ လေအပြည့် ရောက်သလို အဆုပ်ကို ချဲ့ လိုက် ကျုံ့ လိုက် လေ့ကျင့်ပေးသလို ဖြစ်တာကြောင့် အဆုပ်အားအရမ်း ကောင်းစေပါတယ်
သွေးထဲမှာ အောက်စီဂျင် ပိုများလာပြီး ဦးနောက်လည်း ကြည်စေသလို ဆဲလ်တွေ လည်း နုပ်ညိုစေပါတယ်

ပြီးတော့ ၃-၆ -၉ နည်းနဲ့ လည်း ရှုလို့ ရပါတယ်
၃ စက္ကန့် ရှုသွင်း - ၆ စက္ကန့် အောင်ထား - ၉ စက္ကန့် ရှုထုတ် တဲ့ နည်းပါ ..

အသက်ရှုလို့ ကောင်းတဲ့ ဗုဒ္ဓဟူးနေ့ ဖြစ်ပါစေ
ယနေ့ လုပ်ရန် – အသက် ဝ ဝ ရှုမည်

---

Affirmation –

လိုအပ်တဲ့ အောက်စီဂျင်ကို ဝ အောင် ရှုသွင်းမယ် ..
မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ကုန်အောင် ရှုထုတ်မယ် ..
လိုအပ်တဲ့ ချစ်ခြင်းမေတ္တာတွေ ကို ရှုသွင်းမယ် ..
မလိုအပ်တဲ့ အမုန်းတွေ အာဃာတတွေကို ရှုထုတ်မယ်
ပြည့်ဝတဲ့ စွမ်းအားကို ရှုသွင်းမယ် ..
ကိုယ်တွင်းက စိုးရိမ်ပူပန်မှုတွေကို ထွက်လေနဲ့ အတူ စွန့်ထုတ်မယ်

---

အသက်ရှုနည်းလေးတွေ ပြောပြထားတဲ့ Video လေးတွေကို ဒီအယ်လဘမ်လေးမှာ ကြည့်လို့ ရပါတယ် –
🔗 https://www.facebook.com/media/set/?set=a.10226942212371618&type=3

💕💕

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
🥰6👍1
Free Coaching ရော Paid Coaching ရော လက်ခံ ပေးပါတယ်
Private message က လာပြောပေး လို့ ရပါတယ်,
ဒါကတော့ fb page ပါ
https://www.facebook.com/profile.php?id=61568129439902&mibextid=ZbWKwL

ဒါက Telegram link ပါ
https://t.me/heart_n_soul_coaching
🥰15🤩1
Media is too big
VIEW IN TELEGRAM
Basic yoga ​လေ့ကျင့် ကြမယ်🩷
..

ဒီတိုင်း ဆို body က ပျက်စီး ယိုယွင်း နေတာ မသိရ ဘူး..
Yoga ကစားကြည့်မှ လက်မြှောက်မရ တာ, ကွေး မရတာ, ဆန့်မရ တာ သိရတယ်။
၄၉ ပြည့် ပြီးတုန်းက တော့ yoga သေချာ ကစား တော့မယ် ဆိုပြီး Yuta yoga ဝယ် ပြီး ကစား ခဲ့တာ , တော်တော်လေး အဆင်ပြေ လာ ချိန်မှာ မန်းတလေး ငလျင် ဖြစ်ပြီး စိတ်တွေ ကျပြီး yoga ကစားတာ ရပ်သွားတယ်။
အခု Body က တောင့်တင်း နေလို့ မကောင်း ဖြစ်တော့ မှ yoga ဆော့ဖို free yoga တွေ ပြန်ရှာ တာ ဒါ လေး YouTube မှာ တွေ့တော့ အတော် ဖြစ် သွား တယ်။
YouTube ကနေ Telegram ကို ပြောင်းပေးတာ
ညီမ Zarni ပါ 🩷
🥰30🍓9
#7daysmeditation by Chaw Sukhita

#Friday - Clear Your Mind

သောကြာနေ့မှာ စိတ်တွေ ကို ရှင်းလင်းပါ တဲ့

အားလုံးက စိတ်ထဲမှာ အတွေးတွေနဲ့ ပြည့်နေတတ်တယ်
စိတ်ထဲမှာ ဘာတွေ နဲ့ ပြည့်နေလဲ ဆိုတာ ဒီတိုင်း နေ ရင် မသိ ရဘူး

ငြိမ်ငြိမ်လေး ထိုင်ပြီး စိတ်ကို ကြည့်ပြီ ဆိုရင် တော့ တွေ့ရပါလိမ့်မယ်

စိတ်ထဲမှာ
လုပ်ချင်တာတွေ
လုပ်ရမှာတွေ
အတိတ် တွေ အနာဂတ်တွေ
သူများအကြောင်းတွေ
မိသားစု အကြောင်းတွေ စုံလို့ပါပဲ 🙂

ရှင်းမထားတဲ့ စိတ်ဟာ ရှင်းမထားတဲ့ အိမ်လိုပဲ ပင့်ကူမျှင်တွေ ဖုန်တွေ အမှိုက်တွေ နဲ့ ရှုပ်ပြ နေတဲ့ အိမ် နဲ့တူတယ် ..

တကယ်တမ်း ဘဝမှာ စိတ်ချမ်းသာ ပျော်ရွှင်ချင် တယ် ဆိုရင် ဘယ်တန်ခိုးရှင်မှ တ နေစရာမလိုဘူး
ကိုယ်ဘာကိုယ် လုပ်လို့ ရတယ် တဲ့
ဘုရားလည်း ဟောတယ်
သိပ္ပံ ကလည်း ပြောတယ် ..

အိမ်ကိုရှင်းတဲ့ အခါ အမှိုက်တွေ ကို ရှင်းလင်း ပစ်
ထုတ် လိုက်ပြီး အလှဆင် မယ့် အရာတွေကို နေရာတကျ ထားလိုက်ရင် လှပတဲ့ နေချင်စဖြယ် အိမ်လေး ဖြစ်လာသလိုပဲ

စိတ်ကို ရှင်းတဲ့အခါ အလိုအပ်တဲ့ အမှိုက် နဲ့တူတဲ့ အတွေးတွေကို ရှင်းလင်းပြီး
လုပ်ချင်တာတွေ လုပ်ရမှာတွေကို စနစ်တကျ တွေးတောလိုက်ရင်
ဘဝမှာ လိုတာရ တဲ့ တန်ခိုးရှင်ဟာ ကိုယ် ကိုယ်တိုင်ပါပဲ

အဲဒီတော့ အိမ် ကိုရှင်းသလိုပဲ
ပထမ ပင့်ကူမျှင်တွေကို တံမြက်စည်းကြမ်း နဲ့ လှည်းရတယ်
ဖုန်စုပ်စက်နဲ့ စုပ် ရသလိုမျိုးပဲ

တသက်လုံး ရှင်းလင်းမထားတဲ့ စိတ်ကို ရှင်းဖို့
အရင်ဆုံး ကိုယ်ခန္ဓာ body ကို အချက်ပေးရပါမယ်
ကိုယ်ခန္ဓာက တောင်းတင်း နေရင် စိတ်ကို ရှင်းလင်းဖို့ ခက်ပါတယ်
ဒါကြောင့် ၅ မိနစ် ၁၀ မိနစ်လောက် အချိန်ယူပြီး အကြောတွေလျှော့ပြီး ကိုယ်ခန္ဓာ ကို ပြင်ဆင်ရပါတယ်
ချော အမြဲတမ်း လုပ်တဲ့ ဆရာမိုက်ကယ်ရဲ့
တိဗက်လူမျိုးတွေ လုပ်လေ့ရှိတဲ့ Tibetan Rites ၅ မျိုး ဟာ ခန္ဓာကိုယ်ကို တကယ် နေလို့ ကောင်းစေပါတယ်
ဗွီဒီယို ဒီမှာပါ 👇

https://youtu.be/fOhmgOHYQUg

ဆရာ့ နာမည်ကြီး ၅ မိနစ် warm up ဗြီဒီယိုလေးကတော့ ဒီမှာပါ 👇

https://youtu.be/6EiMbIdAWVI

ပင့်ကူမျှင်တွေ ဖုန်တွေ ဆေးကြောပြီးရင်
ဖုန်စုပ် ကြမ်း တိုက် သလိုပဲ

ကိုယ်ခန္ဓာ အကြောလျှော့ ပြီး ရင် Strong Breathing အသက်ပြင်းပြင်း ရှုတဲ့ သမထ နဲ့ ရှင်းရပါမယ်
အဲဒါကို Activate လုပ်တယ်လို့ ခေါ်တယ်
ခန္ဓာကိုယ် ကိုရော ဦးနှောက် ကိုရော ငါ စိတ်အလုပ် လုပ်တော့မယ်ဟေ့ လို့ အချက်ပေးတာပါ

​Chit Shakati ဆိုတဲ့ အသက်ရှုနည်းက
ဦးနှောက် ကို အောက်စီဂျင် များများပို့ ပြီး လက်လှဲ အသက်ရှုတာပါ
အသက်ရှုသွင်းချိန် လက် ကို မြှောက်လိုက်ပြီး
ရှု ထုတ် ချိန် လက်ကို လှဲ ပါတယ်
ရှုထုတ်ချိန်မှာ ပါးစပ်ကို ပိတ်ထားပြီး
နှာခေါင်းက နေ နှပ်ညှစ်သလို ခပ် ပြင်းပြင်း လေး ရှုထုတ် ရပါတယ်
စစချင်းလုပ်ရင် လက်လှဲ တာနဲ့
နှာခေါင်းက ရှူထုတ်တာ စည်းချက်မကျ တိုင်မင် မကိုက် ဖြစ်တတ်ပါတယ်
အဲဒီအခါ နှာခေါင်းကနေ နှပ်ညှစ်သလို လေကို ရှုထုတ်ပြီး မှ လက်ကို လိုက်ပါ
အလေ့အကျင့်ရလာရင် လွယ်ကူသွားမှာပါ
လုပ်နည်း ဗွီဒီယို ဒီမှာကြည့်ပါ 👇

https://youtu.be/xBZInO0-ZHk

ချောရှုပြထားတဲ့ Video ဒီမှာ ကြည့်ပါ

https://www.facebook.com/happy5442/videos/548693769546966/?

နောက် strong breathing တခုက Kundalini ပါ
စိတ်အလုပ်တွေ လုပ်နိုင်ဖို့ ကိုယ်တွင်းက စွမ်းအားတွေကို နှိုးတာပါ
ကျောရိုးကနေ ဦးနှောက်ထိ သွေး လည်ပတ်တာကောင်းစေပြီး
အရမ်း powerful ဖြစ်တဲ့ အသက်ရှု နည်း တခုပါ ..
အသက် ရှုထုတ်တာနဲ့ အရင်စရပါတယ်
ရှုထုတ်ချိန် ကျောရိုးကို ကွေးပြီး ခေါင်းကိုငုံ့ ပါ
ရှုသွင်းချိန် ကျောရိုးကို ပြန်မတ်ပြီး ခေါင်းကို မော့ပါ
ဗွီဒီယို ဒီမှာကြည့်ပါနော်👇

https://youtu.be/1MJQFN7XmD8
ချော ရှင်းပြထားတာ ဒီမှာကြည့်ပေးပါ

https://www.facebook.com/happy5442/videos/425171539042865/?

ကဲ တံမြက်စည်းလှည်း ကြမ်းတိုက် ပြီးသွားရင် အချောသပ် ရှင်းပါမယ်
ငြိမ်ငြိမ်လေးထိုင်ပြီး စိတ်ကို ကြည့်မယ်
အသက်ကို သိမ်သိမ်မွေ့မွေ့ ရှုရင်း
ပေါ်လာတာ ထိုင် ကြည့်ရင်း လိုက်သိ ရင်း ရှင်းထုတ်ပါမယ်
စိတ်နဲ့ ခေါင်းကနေ ခြေဖျားထိ အကြောတွေလျှော့ မယ် ..
ဆရာကြီးဦးဂိုအင်ကာ ကလည်း တံမြက်စည်းလှည်းတယ် လို့ပဲ သုံးပါတယ် ..
တကယ်လို့ ဒီအပိုင်းကို Guide လုပ်ပေးတာ လိုချင်ရင် တော့
ဆရာကြီး ဦးဂိုအင်ကာ လို့ YouTube မှာ ရှာကြည့်ပြီး လုပ်လို့ ရပါတယ်
ချောကဆရာမိုက်ကယ် ရဲ့ ဗွီဒီယို နဲ့ လုပ်ဖြစ်တာ များပါတယ်
ဆရာ့ ဗွီဒီယိုမှာက ဦးနှောက်ကို လှိုင်းတွေ နဲ့ Tune in လုပ်ပေးတာ ပါတာမို့
နားကြပ်နဲ့ နားထောင်ပြီး လုပ်လို့ ရပါတယ်
ဗွီဒီယို တွေ ဒီမှာပါ 👇
နှစ်သက်ရာ တခုခုကို ရွေးပြီး လုပ်ပါ

ကြာချိန် မိနစ် ၃၀
https://youtu.be/frGIK7iEKmU

ကြာချိန် ၂၂ မိနစ်
https://youtu.be/MKNA7rk3lrA

နောက်ပြီး စာအုပ်လေး တအုပ်ထားပြီး ဖြစ်ချင်တာတွေ ဖြစ်နေတာတွေ ဖြစ်ရမှာတွေ Journal writing ချရေးပါ
စာအုပ်နဲ့ ဘောလ်ပင်သုံးရေးပါ
ဒါမှ ကိုယ့် စိတ် ထဲက အရာတွေ သိသိသာသာ သိရ တဲ့ clarity ရနိုင်မှာပါ
ဒီပို့စ်မှာ အရမ်းရှည်နေမှာစိုးလို့
Journal Writing အကြောင်း သပ်သပ် ပြောပြမယ်နော် ..
🥰7🔥3
စိတ်တွေ ရှင်းလင်း နေတဲ့ သောကြာနေ့ ဖြစ်ပါစေ
🙏🌹💜
သောကြာနေ့ မို့ အလုပ်တွေ အများကြီးပေးလိုက်ပြီနော် ..
💕💕

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
🥰18
စိတ်ပင်ပန်း မှု့တွေ ကို ရေအေး လေး လောင်းချ လိုက် သလို ခံစားရတဲ့ သီချင်းလေး..
ပေါ့ပါး ပျော်ရွှင် မှု့ ကို ရတယ်..

ဟိုဟာ ဖြစ်တယ်, ဒီဟာ ဖြစ်တယ် judge မလုပ်ဘဲ
Energy ကို just touch ပဲ လုပ်ပါ။
သံစဥ် မှာ စီးမျောပါ။
အဆင်ပြေ ကြပါစေ။

အစစ အရာရာ အတွက် ကျေးဇူးပါ .. Chaw Sukhita

Heart Sutra 2
https://t.me/sukhitachaw/1108

Heart Chakra ကို နှိုးတဲ့
Heart Sutra
https://t.me/sukhitachaw/1098

🩷🙏🩷
😍5
#7daysmeditation by Chaw Sukhita

#Saturday - Sit in Silence

စနေ နေ့မှာ တိတ်ဆိတ် ငြိမ်းသက်စွာ ထိုင်ပါ တဲ့

သတိထားမိလားဟင်
SILENT (တိတ်ဆိတ်ခြင်း) နဲ့
LISTEN (နားထောင်ခြင်း) မှာ ပါဝင်တဲ့ စာလုံးတွေက အတူတူပဲ

သူတော်စင်တွေ ခဏခဏ ပြောတယ်

တိတ်ဆိတ်ခြင်းမှာ အသံတွေ ရှိတယ်
နားထောင်ပါ တဲ့

ဘယ်သူ့ကိုမှ စကားမပြောပဲ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်းငြိမ်းလေးထိုင်နေတာဟာ
စိတ် ငြိမ်းချမ်းဖို့
စိတ်တည်ငြိမ်ဖို့
ကျင့်သင့်တဲ့ အကောင်းဆုံး ကျင့်စဉ်တခုပါ ..

လူနှစ်ယောက်တွေ့တယ် ဆိုရင် သူပြောတာတွေ ကြားဖို့ ဆို
ကိုယ်က ဘာမှ မပြောပဲ ငြိမ်းနေမှ ကြားရမှာပါ ..
သူကလည်း ပြော ကိုယ်ကလည်း ပြောနေရင် ဆူညံနေတော့
ကိုယ်ပြောတာလည်း သူမကြား
သူပြောတာလည်း ကိုယ်မကြား ဖြစ်နေမှာပါ

ဒါကြောင့် စကြာဝဠာ ကြီးဆီက (သို့မဟုတ်) ဘုရားဆီက အသံကြားချင်ရင်
တနေ့တာအတွင်း စိတ်အေး လက်အေး ရှိတဲ့ အချိန် မှာ
ငြိမ်းငြိမ်း တိတ်တိတ်လေး ထိုင်ပြီး တိတ်ဆိတ်ခြင်း အသံကို နားထောင် ကြည့်ပါ

အဲဒီတော့ စနေနေ့မှာ ကိုယ့်အတွက် အချိန်လေး တချိန်ယူမယ်
အကြောတွေ လျှော့မယ်
ဆရာမိုက်ကယ်ရဲ့ warm up လေး ဒီဗွီဒီယို လေး နဲ့ လုပ်မယ် 👇

https://youtu.be/6EiMbIdAWVI

ပြီးရင် တိတ်ဆိတ်ခြင်း ကို နားထောင်ဖို့ အတွက် အထောက်အကူ ပြုတဲ့ အသက်ရှုနည်းလေးနဲ့ အသက်ရှုမယ် ..
အဲဒါက အခု သင်ယူထားတဲ့ အသက်ရှူနည်းပေါင်း ၂၀ ကျော်မှာ
ချောရဲ့ အကြိုက်ဆုံး favourite အသက်ရှုနည်း လည်း ဖြစ်တယ်

Ujjayi Pranayama (Victorious Breathing)

ဦးဂျာရီ အသက်ရှုနည်း လို့ ခေါ်ပါတယ်

🧘‍♀️ အသက်ကို ခပ်ရှည်ရှည်လေး ဆွဲပြီး ရှုရပါမယ်
လေကို နှာခေါင်းနဲ့ ရှုသွင်း နှာခေါင်း နဲ့ ရှုထုတ် ရပါ မယ် ..
ရှုသွင်းတဲ့ အခါမှာပါ ရှုထုတ် တဲ့ အခါမှာပါ
လည်ချောင်း ကို ဖြတ်ပြီး လည်ချောင်းထဲက လေ ဖြတ်သွားတဲ့ အသံ ထွက် ရပါမယ်

ရေငုပ်တဲ့ အခါ ရေအောက်မှာ ကြားရတဲ့ အသံမျိုးထွက်လို့
Ocean breath လို့ လည်း ခေါ်ပါတယ် ..

မြန်မာလို ရှင်းပြထားတာလေး ဒီမှာကြည့်ပေးပါနော်
https://www.facebook.com/happy5442/videos/3103610316538874/?

ဆရာအင်္ဂလိပ် လို ရှင်းပြတဲ့ လုပ်နည်း ဗွီဒီယိုလေး ဒီမှာ ကြည့်ပေးပါ 👇
https://youtu.be/WVei7tY8ZAQ

အဲလို အသက်ရှုလိုက် ခြင်းဖြင့်
လေဟာ လည်ချောင်း က သိုင်းရွိုက် ကို ဖြတ်သွားရတာကြောင့်
သိုင်းရွိုက် ပြသနာရှိနေသူတို့အတွက် Healing ရစေပါ တယ်
ကိုယ်တွင်း အပူ ဓါတ် ကို ရစေလို့
အတွင်းကလီစာတွေအတွက်လည်း ကောင်းပါတယ်

၅ မိနစ် ကနေ ၁၀ မိနစ်လောက် ထိ ဦးဂျာရီ နဲ့ အသက်ရှု ပြီး ပြီ ဆိုရင်တော့
သက်တောင့် သက်သာလေး ထိုင်ပြီး တိတ်ဆိတ်ခြင်း ကို ထိုင်နားထောင်ပါ ..
တခါတလေလည်း အိပ်ပျော်သွားတတ်တယ်
ခဏ အိပ်လိုက်ပါ နိုးလာရင် အားတွေ ပြည့်နေလန်းဆန်းနေပါလိမ့်မယ်

တိတ်ဆိတ်ခြင်းရဲ့ အသံအကြောင်း
ချော ရေးဖူးတာလေး ဒီမှာဖတ်ပေးပါ 👇
Voice of Silence
https://www.facebook.com/photo.php?fbid=10224443711390655&set=a.10223369333891889&type=3

---

ယနေ့ လုပ်ရန်

တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ်နေရန် ..

စကားကို လိုအပ်မှသာ ပြောရန်

ဘာမှ မရွတ် မဖတ်ပဲ

အသက်လေးရှုပြီး တိတ်တိတ်ဆိတ်ဆိတ်လေး အချိန်ရသလောက် ထိုင်နေရန် ..

💕💕

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
🥰15👎1
ကဲ ၇ ရက် Day 7 တောင် ရောက်လာပြီနော်

မြန်မှ မြန်ပဲ ..
တစ်ရက်ချင်း လုပ်စရာရှိတာလုပ်ရင်း
စိတ်အားရှိအောင် Charging သွင်းလာတာ
နောက်ဆုံးနေ့ ရောက်လာပြီနော်
လုပ်ရတာ အဆင်ပြေတဲ့ သူကလည်း
စုဆောင်းမိတဲ့ ကုသိုလ်တရားတွေနဲ့
အေးချမ်းတာကိုခံစားရမယ်လို့ ထင်ပါတယ်

ဒီရက်ပိုင်း အနှောက်အယှက် test တွေလာလို့
အဆင်သိပ် မပြေတဲ့ သူများကလည်း
ဖြေးဖြေးချင်းပေါ့နော် ..

---

#Sunday - Remember a peaceful moment

တနင်္ဂနွေ လုပ်ရန်လေးကတော့
အေးချမ်းတဲ့ အချိန်လေးတွေ ကို သတိရ မယ် တဲ့ ..

အချိန်တွေဟာ ကုန်သွားပြီးရင် ပြန်မရဘူး

အချိန်ကို ဘယ်လို ကုန်မလဲဆိုတာတော့ ကိုယ်ကရွေးချယ် လို့ ရပါတယ်
ပြန်မရနိုင် တဲ့ အချိန် ကို ဘယ်လိုကုန်မလဲ

ရန်ဖြစ်ငြင်းခုန် ရင်း ကုန်မလား

အရည်မရ အဖတ် မရ သူများ အတင်းတွေ ပြောရင် ကုန်မလား

ဘာမှ အကျိုးမရှိတဲ့ သတင်း တွေ လျှောက်ဖတ်ရင်း
စိုးရိမ် ပူပန်မှု့ တွေ နဲ့ ကုန်မလား

အဲလိုမှ မဟုတ်ပဲ
ရတဲ့ အချိန်လေးမှာ
ချစ်ချစ် ခင် ခင် ကြင်ကြင်နာနာ
နဲ့ ပျော်ပျော်ရွှင်ရွှင် ကုန်မလား

ကိုယ် ရော စိတ်ပါ ငြိမ်းငြိမ်းချမ်းချမ်း လေး နေရင်း ကုန်မလား ..

အားလုံးက ကိုယ့် choice ကိုယ့် ရွေးချယ်မှု့ပါ

---

အဲဒီတော့ ...
အေးချမ်းတဲ့ အချိန်လေးတွေ ပြန်သတိရ ရင်း
သတိရ တိုင်း အေးချမ်းအောင် နေပါနော် ..

---

ဒီနေ့ ဒါလေးတွေ လုပ်ကြည့် ရအောင်

---

🧘‍♀️Step - 1

ဆရာမိုက်ကယ် ရဲ့ Tibetan Rites လေးနဲ့ အကြောလျှော့မယ်
🔗 https://youtu.be/fOhmgOHYQUg

---

🧘‍♀️Step - 2

Chit Shakati pranayama
လက်လှဲ အသက်ရှု နည်း နဲ့ Nervous System ကို နှိုး ပြီး Activate လုပ်မယ်
🔗 https://youtu.be/xBZInO0-ZHk

---

🧘‍♀️Step - 3

သက်တောင့် သက်သာ နဲ့ ငြိမ်ငြိမ်လေး ထိုင်ပြီး
အသက်ရှုရင်း နှလုံးသား နဲ့ စိတ် ကို ရှင်းမယ်
🔗 https://youtu.be/fF0HyoGbLGo

---

ပြီးရင် တနေ့ကုန်
ငြိမ်းချမ်းတဲ့ စိတ်ကလေး နဲ့ နေ မယ် ..

စိတ်ဆိုးစရာ အာရုံနောက်စရာတွေ တွေ့ရင်
ငါ့ ငြိမ်းချမ်း မှု့လေး ပျက် သွား အုံး မယ် လို့
သတိရပြီး ထိန်းလိုက်နိုင် လည်း မဆိုးဘူး ..

တနင်္ဂနွေ နေ့ ရဲ့ တခဏတိုင်းဟာ
ငြိမ်းချမ်းသာယာမှု့ တွေ နဲ့ ပြည့်စုံ နေပါစေ .. 🌹💜🙏

---

#7daysmeditation

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
😍16
Forwarded from Aye Thida Swe
Media is too big
VIEW IN TELEGRAM
ကိုယ် ရင်မဆိုင်ရဲတဲ့အရာတွေက ကိုယ့်ဘဝမှာ ထပ်ခါထပ်ခါ ကြုံနေရမယ့်အရာတွေပါပဲ။

အဲ့ဒီလိုပဲ ... ကိုယ်ဖိနှိပ်ထားတဲ့အရာတွေက နောက်ဆုံးမှာ ကိုယ့်ရဲ့ပုံစံ ဖြစ်လာပါလိမ့်မယ်။

Shadow work ဆိုတာက ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး fix လုပ်တာမျိုး မဟုတ်ပါဘူး။

ဒါက နှစ်ပေါင်းများစွာ ကိုယ့်ရဲ့ဟိုးအတွင်းနက်နက်ထဲမှာ လုံခြုံအောင် ဖုံးကွယ်ထားခဲ့တဲ့၊ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိတဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းတွေကို မြင်အောင်ကြည့်တာမျိုးပါ။

ဒေါသတွေ၊ တိတ်တခိုးကြောက်ရွံ့နေတဲ့အရာတွေ၊ နောင်တတွေ ဒါမှမဟုတ် မနာလိုစိတ်တွေလိုမျိုး … ဒီလို ခံစားချက်တွေကို အရှိကို အရှိအတိုင်း မြင်လာဖို့ပါ။

သူတို့ကို အပြစ်တင်ဖို့ မဟုတ်ဘဲ၊ နားလည်လက်ခံပြီး လွှတ်ချနိုင်ဖို့ပါ။

ကိုယ် ရှောင်ပြေးနေတဲ့ ကိုယ့်ရဲ့ အပိုင်းတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် “Shadow” လို့ comment လုပ်ခဲ့ပါ။

#ShadowWork #InnerHealing #EmotionalGrowth
Forwarded from Aye Thida Swe
Media is too big
VIEW IN TELEGRAM
နေရာအသစ်၊ အလုပ်အသစ်၊ ချစ်သူအသစ်...
ဘယ်လောက်ပဲ ပြင်ပကအရာတွေကို ပြောင်းလဲပြောင်းလဲ၊ အရင်လို တူညီတဲ့ နာကျင်မှုတွေကိုပဲ ဆက်တိုက် ကြုံနေရတုန်းလား?

ဒါက ဘာလို့လဲဆိုတော့ "real shift" ဆိုတာ အပေါ်ယံပြောင်းလဲမှုတွေလုပ်ရုံနဲ့ ရလာနိုင်တဲ့အရာမျိုး မဟုတ်ဘဲ... ကျွန်မတို့ အတွင်းထဲမှာ ရှိနေတဲ့ energetic field ကနေ ကိုယ်တိုင် ဖန်တီးယူရတဲ့အရာ ဖြစ်နေလို့ပါပဲ။

ပြင်ပက အရာတွေကိုတော့ အကုန် ပြောင်းနေတာပဲ...

ဒါပေမဲ့ ကိုယ့်အတွင်းထဲမှာတော့ "ငါက မပြည့်စုံဘူး" လို့ ကိုယ့်ကိုယ်ကိုယ် တီးတိုးပြောနေတုန်း ...

မသိစိတ်ထဲမှာ လူတွေ ကိုယ့်ကို ထားသွားမှာ၊ မချစ်တော့မှာ ကြောက်နေတုန်း ...

လွှတ်ချနိုင်ပြီ ထင်ခဲ့တဲ့ pattern တွေက ကိုယ့်ရဲ့ အတွင်းနက်နက်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတုန်းပဲဆိုရင် ...

ဘဝမှာ challenge တွေနဲ့ ရင်ဆိုင်ရတဲ့အခါ အရင်လိုပဲ ပြန်တုံ့ပြန်မိတတ်ပြီး… ကိုယ့်ရဲ့ ပုံစံဟောင်းတွေထဲမှာပဲ ပိတ်မိနေပါလိမ့်မယ်။

ဒါကြောင့် ပြင်ပကအရာတွေကို တစ်ခုပြီးတစ်ခု ပြောင်းလဲနေမယ့်အစား ကိုယ့်အတွင်းထဲက အရာတွေကို အရင်စပြီး ပြောင်းလဲကြည့်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ အပြင်ကမ္ဘာကလည်း တဖြည်းဖြည်း ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။
👍14
Forwarded from Aye Thida Swe
Media is too big
VIEW IN TELEGRAM
ပြဿနာတွေ ကြုံလာတိုင်း တူညီတဲ့ တုံ့ပြန်မှုတွေနဲ့ပဲ ပြန်တုံ့ပြန်နေမိလား?

ဥပမာ၊ တစ်ယောက်ယောက်နဲ့ စကားများတယ်ဆိုရင် ဒေါသ မထိန်းနိုင်ဘဲ အော်လိုက်တာမျိုး။ ဒါမှမဟုတ် ဘယ်သူနဲ့မှ စကားမပြောတော့ဘဲ ရှောင်နေတာမျိုးပေါ့။

ကျွန်မတို့တွေက ဒီလို တုံ့ပြန်တာတွေကို "ငါ့အကျင့်ကိုက ဒီလိုပဲ၊ ငါ့ personality ကိုက ဒီလိုပဲလို့" ထင်တတ်ကြတယ်။

ဒါပေမဲ့ ဒါက ကျွန်မတို့ရဲ့ personality မဟုတ်ဘဲ... pattern တစ်ခုဖြစ်နေမယ်ဆိုရင်ရော?

ဟိုးအရင်ကတည်းက ကိုယ့်မိဘတွေ၊ ကိုယ့်ဘိုးဘေးဘီဘင်ဘောင်ဆက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ emotion တွေ၊ behaviour တွေနဲ့ belief တွေကနေ ဆင်းသက်လာတဲ့ တုံ့ပြန်မှုတစ်ခုဆိုရင်ရော?

ဥပမာ၊ ကိုယ့်အဖေက စိတ်တိုတိုင်း အော်တတ်တဲ့သူ၊ ကိုယ့်အမေက တစ်ခုခုဖြစ်တာနဲ့ ရှောင်ပြေးတတ်သူ ဖြစ်နေခဲ့တယ်ဆိုရင်... ကိုယ့်ရဲ့ တုံ့ပြန်ပုံတွေကလည်း သူတို့လိုပဲ ဖြစ်နေတာမျိုးပေါ့။

အဲ့ဒါကို Morphic Field လို့ ခေါ်တယ်။

ပြီးတော့ အဲဒီ field ကို သတိမထားမိမချင်း… တူညီတဲ့ တုံ့ပြန်မှုတွေ၊ တူညီတဲ့ trigger တွေ၊ တူညီတဲ့ နာကျင်မှုတွေကိုပဲ ထပ်ခါတလဲလဲ ကြုံနေရပါလိမ့်မယ်။
😍9👍3
Forwarded from Aye Thida Swe
ဒါကြောင့် ကိုယ့်ရဲ့ morphic field ကို မြင်အောင် ကြည့်ပါ။ ပြီးရင် အဲဒီ field ထဲကနေ ရုန်းထွက်နိုင်အောင် လုပ်ပါ။ ဒါဆိုရင် ကိုယ့်ဘဝမှာ ထပ်တလဲလဲ ဖြစ်နေတဲ့ pattern တွေလည်း ရပ်တန့်သွားပါလိမ့်မယ်။

Ready to break free from those patterns? Take the first step inside The Shadow Work System:
👉 https://arabelleyee.com/theshadowworksystem
🥰8
Channel photo updated
MV空靈梵聲.西行吟遊歌者般若心經梵頌【The Heart Sutra in Sanskrit 】| 【SUNYATA Band】桑雅塔樂團(建議戴耳機聽)…
Heart Sutra 2 ×(5)

စိတ်တွေ ပင်ပန်း လွန်းလို့
ချော တင်ပေးထားတဲ့
Heart Sutra 2
ကိုပဲ ထပ်ခါထပ်ခါ နားထောင် ဖြစ်တယ်။
ခံစား နေရတာ သက်သာ လို့ပါ။
သီချင်း က တကယ်တမ်းက ၇ မိနစ် စာပဲ ရှိတာ, နာရီဝက်စာ အသံ ဖိုင် လို ချင် လို့ ညီမ zarni ကို ပူဆာ တာ ရအောင် လုပ် ပေး ထားလို့ ကျေးဇူး တင်ပါ တယ်။ ..
🥰66👍4
#7daysmeditation by Chaw Sukhita

#Tuesday - Thinking of someone you love တဲ့

အင်္ဂါနေ့မှာ မေတ္တာ တရားလေးနဲ့ နေကြမယ်။
ကိုယ်ချစ်တဲ့ သူတွေ အကြောင်းပဲ စဉ်းစားမယ်။
ကိုယ်မချစ်တဲ့ မနှစ်သက်တဲ့ အကြောင်းအရာတွေ မစဉ်းစားဘူး မပြောဘူး။

တစုံတယောက်ကို သတိရသွားရင်လည်း သတိရတာနဲ့ ချက်ချင်း
"သူ အဆင်ပြေပါစေ၊ အေးချမ်းပါစေ" လို့
မေတ္တာပို့ ဆုတောင်းပေးလိုက်မယ်။

လမ်းမှာတွေ့တဲ့ သူကို ပြုံးပြ နှုတ်ဆက်မယ်။
တယောက်ယောက်က တခုခု လုပ်ပေးရင် အသိအမှတ်ပြု
ချီးကျူး ကျေးဇူးတင်စကား ပြောမယ်။

ဒီနေ့ တနေ့ကုန် မေတ္တာစိတ်လေးနဲ့ နေမယ်လို့ စိတ်ကို set up လုပ်ပြီး နေကြည့်ပါနော်။

ငြိမ်ငြိမ်လေး ထိုင်တဲ့အချိန်မှာလည်း
မေတ္တာဘာဝနာ ပြားနေနိုင်ပါတယ်။
ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူ တယောက်ယောက်ကို အထူးရည်စူး
မေတ္တာပို့ကြည့်ပါ။

အဲဒီလူက မိဘ ဖြစ်ချင်လည်း ဖြစ်မယ်၊
ချစ်သူရည်းစား ဖြစ်ချင်လည်း ဖြစ်မယ်၊
သားသမီး၊ သူငယ်ချင်း မည်သူမဆို ဖြစ်နိုင်ပါတယ်။

Love meditation လုပ်ချင်ရင် ဒီဗီဒီယိုလေးနဲ့ လုပ်ကြည့်ပါနော် –
ချောရဲ့ အကြိုက်ဆုံး love meditation ပါ။
သမီးရည်းစား၊ လင်မယားကစလို့ သူငယ်ချင်း၊ မိသားစုဝင်တွေအတွက်လည်း တကယ်ကိုကောင်းပါတယ်။
နားကြပ်လေးနဲ့ နားထောင်ပြီး လုပ်ကြည့်ပါ – ၁၅ မိနစ်လောက်ပါပဲ။
🎧 https://youtu.be/rru3QwlTF1Y

တခုရှိတာက သူများကို အေးချမ်းဖို့ ဆုတောင်းမယ်ဆိုရင်
သူများကို အေးချမ်းမှု့ ပေးဖို့
ကိုယ်မှာ အေးချမ်းမှု့ ရှိအောင် အရင်လုပ်ရပါတယ်။

ဒီ Energy တွေက ကိုယ်မှာ ရှိမှပဲ ပေးလို့ရပါတယ်။
ကိုယ်ကိုယ်တိုင် အေးချမ်းအောင် မနေနိုင်ပဲ
သူများကို "အေးချမ်းပါစေ" လုပ်လို့ မရဘူး။

ကိုယ်တိုင်က အေးချမ်းမှု့နဲ့ နေတဲ့အခါ
ကိုယ်က အထူးပေးနေစရာတောင် မလိုဘူး။
တုန်ခါတဲ့လောက ဆိုတော့
အေးချမ်းတဲ့ လှိုင်းတွေက အလိုအလျှောက် စက်ကွင်းမိသွားပါတယ်။

ဒါကြောင့် ကိုယ်ရော အားလုံးရော အေးချမ်းအောင်
အရာရာကို လျှော့ချထားပြီး ခွင့်လွှတ်ဖို့၊
နားလည်ပေးဖို့ ကြိုးစားရင်း
လက်ခံတတ်တဲ့ Acceptance လေးနဲ့ နေကြည့်ပါနော်။
ကိုယ်ကိုယ်ကိုလည်း မေတ္တာပို့ပါ... 💕💕

---

သာယာသော အင်္ဂါနေ့ ဖြစ်ပါစေ။

🎵 The Chant of Metta (English version) by Imee Ooi
https://youtu.be/lCT4xGZR3_o

ယနေ့လုပ်ရန် – ဒီနေ့ ချစ်ခြင်းမေတ္တာနဲ့ နေမယ်။
Affirmation –
ငါဟာ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တယ်။
ချစ်ဖို့ကောင်းတယ်။
မေတ္တာတရားနဲ့ ထုံလွှမ်းနေတဲ့နေရာမှာ ငါနေထိုင်တယ်။
လူတွေကို ချစ်သောမျက်စိနဲ့ ကြည့်မယ်။

🎧 Finding INNER PEACE - TRUE LOVE - FREEDOM
https://youtu.be/GOI_vBQJvzk
..
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
🥰29🕊1