ရွှေစင်အကယ်ဒမီရွှေဆိုင်၌ လုယက်ခဲ့သူနှစ်ဦးအားဖမ်းဆီးရမိ
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင်၌ သေနတ်ဖြင့်ခြိမ်းခြောက် လုယက်ခဲ့သူနှစ်ဦးကို သက်သေခံပစ္စည်းများဖြင့်ဖမ်းဆီးရမိကြောင်း နစက က ယမန်နေ့ (ဇန်နဝါရီ ၁ ရက်)တွင်ထုတ်ပြန်သည်။
အဆိုပါကျူးလွန်သူများမှာ ပြီးခဲ့သည့်ဒီဇင်ဘာ ၁၈ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်၌ ရွှေဆိုင်ပိုင်ရှင်ဖြစ်သူနှင့် ဆိုင်ဝန်ထမ်းများသည် ဆိုင်ပိတ်ပြီး ဆိုင်အတွင်း ရှိနေစဉ် နှာခေါင်းစည်း mask တပ်ဆင်ထားသည့် အမျိုးသားသုံးဦး(စိစစ်ဆဲ) သည် နံပါတ်မပါသည့် Click ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့်ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်း ရွှေအလေးချိန် ၃ ပိဿာ ၅၅ ကျပ်သားခန့်(တန်ဖိုးကျပ်သိန်း ၃၀၀၀၀ ခန့်)အား လုယူခဲ့ကြောင်း၊ ယင်း အမှုအတွက် မဟာအောင်မြေမြို့မရဲစခန်း (ပ)၃၃၀/၂၀၂၄၊ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ခဲ့ ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရဒီဇင်ဘာ ၁၀ ရက်တွင် ၎င်းတို့နှင့်ခင်မင်ရင်းနှီးသူ မြဝတီမြို့နေ (ဖမ်းဆီးရန်ကျန်) အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့ နှစ်ဦးသည် မန္တလေးမြို့သို့ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ အောင်မျိုးသူထံတွင် ပစ္စတိုသေနတ် နှစ်လက်ရှိ၍ ယင်း ပစ္စတိုသေနတ်အားအသုံးပြုကာ အောင်မျိုးသူမှခေါင်းဆောင်၍ “ရွှေစင်အကယ်ဒမီ” ရွှေဆိုင်အား ဝင်ရောက်လုယက်ရန်တိုင်ပင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လုယက်မှုကျူးလွန်ရာမှရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့မှ တစ်ပုံ၊ ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့် ဇင်မျိုးထိုက်(ခ)ဇင်မျိုးတို့မှ တစ်ပုံစီ အသီးသီးခွဲဝေယူခဲ့ကြောင်း၊ လုယက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် နှစ်လက်အား အောင်မျိုးသူမှ မြဝတီမြို့၌ နေထိုင်စဉ် အမျိုးသားတစ်ဦး(စိစစ်ဆဲ)ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေဆိုင်အားသေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သည့် ဖြိုးသက်အောင်(ခ) ဖြိုးလေးနှင့်ဇင်မျိုးထိုက် (ခ) ဇင်မျိုးတို့အား ဥပဒေအရ အရေးယူရန်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန် ကျန်ရှိသည့် အောင်မျိုးသူနှင့်ဝင်းမြတ်သူတို့အား ဖမ်းဆီးရမိနိုင်ရန် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
သတင်း - အင်ကြင်း

◾️ ငွေဒဏ်သိန်း ၁,၀၀၀ နှင့် ထောင်ဒဏ်သုံးနှစ်အထိချမှတ်နိုင်သည့်ပြစ်ဒဏ်များပါဝင်သော ဆိုက်ဘာလုံခြုံရေး ဥပဒေပြဋ္ဌာန်း
အမြင့်ဆုံးငွေဒဏ်သိန်း ၁၀၀၀ နှင့် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်သည့် ပြစ်ဒဏ်များပါဝင်သော အခန်း(၁၆) ခန်းပါ ဆိုက်ဘာလုံခြုံရေးဥပဒေကို နစကက ယမန်နေ့(ဇန်နဝါရီ ၁ ရက်) ရက်စွဲဖြင့် ပြဋ္ဌာန်းလိုက်သည်။
အဆိုပါဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ (၆၁) တွင် ပြစ်မှုထင်ရှားစီရင်ခံရပါက အနည်းဆုံး ထောင်ဒဏ် ခြောက်လမှသုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သိန်း ၅၀ မှ အများဆုံးကျပ်သိန်း ၂၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဆိုက်ဘာလုံခြုံရေးဥပဒေပုဒ်မ (၆၁) တွင် မည်သူမဆိုအရေးကြီးသတင်းအချက်အလက် အခြေခံ အဆောက်အအုံ၏ အီလက်ထရောနစ်သတင်းအချက်အလက်အား ခွင့်ပြုချက်မရှိဘဲနှောက်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ ထိခိုက်စေခြင်း၊ ဥပဒေနှင့်မညီဘဲပေးပို့ခြင်း၊ အသုံးပြုခြင်း၊ ဖြန့်ဝေခြင်း၊ ထုတ်ဖော်ခြင်း၊ ပြုပြင်ခြင်း (သို့မဟုတ်) ပြောင်းလဲခြင်းတို့ကို ကျူးလွန်ကြောင်း (သို့မဟုတ်) ကျူးလွန်ရန်ကြိုးပမ်းအားထုတ်သူများပါဝင်သည်။
ထို့ပြင် နိုင်ငံတော်အတွင်းအသုံးပြုသူတစ်သိန်းနှင့်အထက်ရှိသည့် ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် မှတ်ပုံတင်ခြင်းမရှိဘဲ ဆောင်ရွက်ပါက အနည်းဆုံး ကျပ်သိန်းတစ်ထောင်အောက်မလျော့တဲ့ ငွေဒဏ်ချမှတ်ခံရမည့်အပြင် အမှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရမည်ဟု ပြဋ္ဌာန်းထားသည်။
ဆိုက်ဘာလုံခြုံရေးဥပဒေတွင် မရိုးမဖြောင့်သောသဘောဖြင့် ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြု၍ အခြားသူ၏အွန်လိုင်းငွေကြေးတစ်ရပ်ရပ်ကို ခိုးယူခြင်း (သို့မဟုတ်) အကျိုးဖျက်ဆီးခြင်းကို ကျူးလွန်ကြောင်း (သို့မဟုတ်) အခြားသူတစ်ဦးဦးကိုပြုလုပ်ရန်ခိုင်းစေကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက အနည်းဆုံးထောင်ဒဏ်နှစ်နှစ်မှ အများဆုံးထောင်ဒဏ်ခုနစ်နှစ်အထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်းဖော်ပြထားသည်။
VPN နှင့်ပတ်သက်ပြီး ဝန်ကြီးဌာနခွင့်ပြုချက်ရယူခြင်းမရှိဘဲ VPN ထူထောင်ခြင်း (သို့မဟုတ်) ဝန်ဆောင်မှုပေးခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက အနည်းဆုံးထောင်ဒဏ်တစ်လမှ အများဆုံးထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး အမှုနှင့်သက်ဆိုင်သောသက်သေခံပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ပါက ကျပ်သိန်း ၁၀၀ အောက် မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း အဆိုပါဥပဒေတွင်ဖော်ပြထားသည်။
ဆိုက်ဘာလုံခြုံရေးဥပဒေ အွန်လိုင်းလောင်းကစားစနစ်တည်ဆောက်ခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက ထောင်ဒဏ်ခြောက်လမှ တစ်နှစ်အထိဖြစ်စေ၊ ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၂၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ပြီး အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
သတင်း - နေသစ်ဦး

#မနက်ဖြန်ထွက်မယ့်သတင်းစာမှာ_ဒါတွေပါမယ်
မနက်ဖြန်ထွက်မယ့် စံတော်ချိန်သတင်းစာမှာ နောက်ဆုံးရ နိုင်ငံတကာသတင်း၊ ပြည်တွင်းသတင်းနဲ့ အားကစားသတင်းတွေအပြင် ဒီဆရာတွေရဲ့ ဒီဆောင်းပါးတွေ ဒီကဏ္ဍတွေ ပါပါမယ်။

◾️အိန္ဒိယ၏ မြန်မာနယ်စပ်စည်းရိုး ၉ ကီလိုမီတာကျော်အထိ ပြီးစီး
အိန္ဒိယနိုင်ငံသည် မဏိပူရပြည်နယ် မိုရေးမြို့၊ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်၌ နယ်စပ် စည်းရိုး
တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် အရှည် ၉ ဒသမ ၂၁၄ ကီလိုမီတာအထိ တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း အိန္ဒိယ မီဒီယာများက ဇန်နဝါရီ ၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အိန္ဒိယ-မြန်မာ နယ်စပ်စည်းရိုး တည်ဆောက်ပြီးစီးမှု အခြေအနေကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ နှစ်စဉ် အစီရင်ခံစာ၌ အတည်ပြုထားသည်။
အိန္ဒိယနိုင်ငံ၏ နယ်စပ်လုံခြုံရေးကို မြှင့်တင်ရန်၊ မှောင်ခို ကုန်သွယ်ရေးလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်းကဲ့သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်၌ နယ်စပ်လုံခြုံရေးစည်းရိုးကို အိန္ဒိယအစိုးရက တည်ဆောက်နေခြင်း ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် နယ်စပ်ချင်း အရှည် ကီလိုမိတာ ၁၆၀၀ ကျော် ထိစပ်လျက်ရှိရာ လုံခြုံရေးလစ်ဟာမှုကြောင့် တရားမဝင်နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုများအားကောင်းကြောင်း အိန္ဒိယတာဝန်ရှိသူများက ပြောကြားထားသည်။
အိန္ဒိယ ပြည်နယ်များအနက် အရူနာချယ်ပရာဒေ့ရှ် ပြည်နယ်မှာ ကီလို မီတာ ၂၅၀၊ နာဂလန်းပြည်နယ်မှာ ၂၁၅ ကီလိုမီတာ၊ မဏိပူရ ပြည်နယ်မှာ ၃၈၉ ကီလိုမီတာနှင့် မီဇိုရမ်ပြည်နယ်မှာ ၅၁၀ ကီလ်ိုမိတာအထိ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးစည်းရိုး တည်ဆောက်မှုနှင့်အတူ ယင်းလုံခြုံ
ရေးစည်းရိုးနှင့် မျဉ်းပြိုင်တည်ရှိမည့် လမ်းဖောက်လုပ်ရေး လုပ်ငန်းကိုလည်း အကောင်အထည်ဖော်လျက်ရှိသည်။
သတင်း - ဗျည်းနွဲ့
ကိုးကား - ဖိုင်နင်ရှယ်အိတ်စပရက်စ်

◾️ ဟုမ္မလင်း၌ ၄ ဒသမ ၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၌ ယနေ့(ဇန်နဝါရီ ၃ ရက်) နံနက် ၁၁ နာရီ ၂ မိနစ် ၃၈ စက္ကန့်တွင် အင်အား ၄ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုမှာ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၉၂ မိုင်ခန့်ကွာဝေးသော ဟုမ္မလင်းမြို့၏ အရှေ့ဘက် ၄၂ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၉၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၅၇ ဒီဂရီ၊ အနက် ၁၅၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၇ နာရီ ၅၅ မိနစ်တွင်လည်း စစ်ကိုင်းတိုင်း (တောင်ပိုင်း) ၊ ကလေးဝအရှေ့မြောက်ဘက်၊ မော်လိုက်အရှေ့တောင် ၁၅ မိုင်ခန့်အကွာ ကဘော်ပြတ်ရွေ့ကြော တစ်နေရာ တောင်တန်းဒေသအောက် ၆၂ မိုင်တွင် မဂ္ဂနီကျု ၄ ဒသမ ၇ အဆင့်မြေငလျင်နှင့် စစ်ကိုင်းတိုင်း၊ မော်လိုက်အနီးတွင် မဂ္ဂနီကျု ၅ အဆင့်ရှိမြေငလျင်များလှုပ်ခတ်ခဲ့ကြောင်း ဒေသတွင်းဖော်ပြခဲ့သည့် မြေငလျင်သတင်းများအရ သိရသည်။

◾️ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သား ၁၆၀၀ ကို ခေါ်ယူမည်
ဂျပန်ကုမ္ပဏီပေါင်း ၄၅၀ ကျော်က မြန်မာအလုပ်သမား ၁၆၀၀ ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ရရှိသည့် ဂျပန်အလုပ်သမား ဝန်ကြီးဌာန၏ အလုပ်ခေါ်စာများကို
မြန်မာသံရုံးက အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်နေပြီး၎င်း စိစစ် ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများက ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ကာ စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန် ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံ ရရှိသည့် ရက်စွဲအလိုက် စိစစ်ပေးလျက်ရှိပြီး အောက်တိုဘာ ၂၁ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄၅၁ ခုနှင့် ပတ်သက်သည့် အချက်အလက်များကို အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ရွှေရည်ခိုင်

◾သမ္မတယွန်းအား ဖမ်းဆီးရန်ကြိုးပမ်းမှု တောင်ကိုရီးယားစုံစမ်းစစ်ဆေးရေးမှူးများရပ်တန့်
မအောင်မြင်သောစစ်အုပ်ချုပ်ရေးပြဌာန်းမှုနှင့် စပ်လျဉ်း၍ စွပ်စွဲပြစ်တင်ခံထားရသော သမ္မတ ယွန်းဆွတ်ယိုးလ် အား ဖမ်းဝရမ်းဖြင့် ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း သမ္မတ အိမ် တော် ဝင်းအတွင်း ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပေါ်ခဲ့သောကြောင့် ၎င်းအား ဖမ်းဆီးရေးကို တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးများက ရပ်တန့်ခဲ့ကြောင်း သိရသည်။
ယနေ့လုပ်ဆောင်ခဲ့သည့် ဖမ်းဝရမ်းနှင့် ဆက်စပ်၍ ဆက်လက်ဖြစ်ပေါ်နေခဲ့သည့် ထိပ် တိုက် ရင်ဆိုင်မှုကြောင့် ဖမ်းဝရမ်းကို ကျင့်သုံးရန် မဖြစ်နိုင်ဟု ဆုံးဖြတ်လိုက်ကြောင်းနှင့် ထိပ် တိုက်တွေ့ဆုံမှုဖြစ်ခဲ့သည့်နေရာတွင် ရှိနေသည့်လူပုဂ္ဂိုလ်များ၏ လုံခြုံရေးအပေါ် စိုးရိမ် မှုကြောင့် ထိုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အဆင့်မြင့်အရာရှိများ အကျင့် ပျက် ခြစားမှုကို စုံစမ်းစစ်ဆေးသည့်ရုံး (CIO) က ထုတ်ပြန်ပြောကြားသည်။
အစောပိုင်းတွင် ဖမ်းဝရမ်းအား စည်းကြပ်ရန် အာဏာပိုင်များက သမ္မတအား ထော က်ခံ သူ များကို ရှောင်ရှား၍ သမ္မတအိမ်တော်ဝင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသော်လည်းသမ္မတ လုံခြုံရေးတပ်ဖွဲ့ က ၎င်းတို့အား ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။
လက်ရှိ တာဝန်ထမ်းဆောင်ဆဲ သမ္မတ တစ်ဦးအား ပထမဆုံးအကြိမ် ထိန်း သိမ်းရန် ကြိုး ပမ်းမှုအတွင်း အဆင့်မြင့်အရာရှိများ အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေးသည့်ရုံး (CIO) ထိပ်တန်းရှေ့နေ လီဒေးဟွမ် အပါအဝင် စုံစမ်းစစ်ဆေးရေးမှူးများက သမ္မတအိမ်တော်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော် လည်း ၎င်းတို့ကို စစ်တပ်အဖွဲ့တစ်ဖွဲ့က တားဆီးခဲ့ကြောင်း ယွန်ဟပ်သတင်းက ဖော်ပြသည်။
စုံစမ်းစစ်ဆေးရေးမှူးများက ယင်းစစ်ဘက်အဖွဲ့ကို ကျော်ဖြတ်သွားနိုင်ခဲ့သော်လည်း အထဲ တွင် အခြားလုံခြုံရေးအဖွဲ့ဝင်များက ၎င်းတို့ကို တားဆီးခဲ့သည်။
ထို့နောက်သမ္မတအိမ်တော်သို့ အပြေးအလွှားရောက်ရှိလာခဲ့ပြီး အထဲဝင်ခွင့်ရခဲ့သော ယွန်း ၏ ရှေ့နေအဖွဲ့ က သမ္မတအပေါ် ဖမ်းဝရမ်းအား စည်းကြပ်ရန်ကြိုးပမ်းမှုကို ရှုတ်ချ ပြော ဆိုခဲ့သည်။
တရားမဝင်သော ဖမ်းဝရမ်းဖြင့် သမ္မတအားထိန်းသိမ်းရန်ကြိုးပမ်းမှုသည် တ ရားဥပဒေနှင့် မညီကြောင်းနှင့်ယင်းနှင့်ပတ်သက်၍တရားဥပဒေကြောင်းအရလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယွန်း၏ ရှေ့နေအဖွဲ့ က ယနေ့ ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကို မပြောပေ။
သတင်း-ရဲမင်း
ကိုးကား- Agencies

◾အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ဂါဇာရဲတပ်ဖွဲ့ အကြီးအကဲ အပါအဝင် ၆၈ ဦး သေဆုံး
ယမန်နေ့က ဂါဇာကမ်းမြောင်အပေါ် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများအ တွင်း အနည်းဆုံးလူပေါင်း ၆၈ ဦး သေဆုံးသွားခဲ့ပြီး၎င်းတို့ထဲတွင် ယာယီတဲတစ်ခုအတွင်း ခိုလှုံနေရင်း အခြားစစ်ဘေးရှောင်နေသူ ကိုးဦးနှင့်အတူ သေဆုံးခဲ့သည့် ဂါဇာရဲတပ်ဖွဲ့ အကြီးအကဲနှင့် ၎င်း၏လက်ထောက် တို့လည်း ပါဝင်ကြောင်း ဂါဇာအာဏာပိုင်များက ပြောကြားကြသည်။
သေဆုံးမှုတွင်ပါဝင်သည့်ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲသည် ဂါဇာတောင်ပိုင်း မှ ဟားမားစ်အဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း အစ္စရေးက ပြောကြားသည်။
ယင်းတိုက်ခိုက်မှုသည် အယ်လ်မာဝါဆီ ခရိုင်အတွင်း ဖြစ်ပေါ်ခဲ့ပြီး အဆိုပါခရိုင်မှာ အစ္စရေးနှင့်ဟားမားစ်အဖွဲ့ကြား ၁၄ လကြာ စစ်ပွဲအတွင်း အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားမှုဇုန်အဖြစ် သတ်မှတ်ထားသော နေရာဖြစ်သည်။
ယာယီတဲစခန်းတွင် နေထိုင်သူများ၏ အခြေအနေကို သွားရောက်ကြည့်ရူနေကြစဉ် ဂါဇာရဲတပ်ဖွဲ့ ညွန်ကြားရေးမှူးချုပ် မာမွတ်ရှား နှင့် ၎င်း၏လက်ထောက်ဖြစ်သူ ဟူဆမ်ရှာဝမ် တို့ အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ဂါဇာပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
ခန်ယူနွတ်စ်မြို အနောက်ဘက်နားမှာပင် တည်ရှိသော အယ်လ်မာဝါဆီ စခန်းတွင် ထောက်လှမ်းရေးသတင်းအရ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း နှင့် ဂါဇာတောင်ပိုင်း ဟားမားစ်အဖွဲ့ ခေါင်းဆောင် ရှာဝမ်ကို သုတ်သင်လိုက်ကြောင်း အစ္စရေးစစ်ဘက် က ထုတ်ပြန်ပြောကြားသော်လည်း မာမွတ်ရှားနှင့်ပတ် သက်၍ တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ကြောင်း သတင်းက ဖော်ပြသည်။
ယင်းဖြစ်ရပ်ကြောင့်ဂါဇာဒေသတွင် ဘေးကင်းဇုန် မဆိုထားနှင့် လူသားချင်းစာနာထောက်ထားမှုဇုန်ပင် မရှိကြောင်း နှစ် စ ပိုင်းကတည်းက သတိပေးခံခဲ့ရခြင်း ဖြစ်ကြောင်း ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလအေဂျင်စီ( UNRWA) အကြီးအကဲ ဖိလစ်လက်ဇာရာနီ က လူမှုကွန်ရက်တွင် ပြောကြားသည်။
အပစ်အခတ် ရပ်စဲမှုမရှိပါက နေ့စဉ်နေ့တိုင်း ကြေကွဲစရာများ ထပ်မံဖြစ်ပေါ်နေမည် ဖြစ်ကြောင်း လက်ဇာရီနီ က ဆက်လက်ပြောသည်။
ယမန်နေ့က သေဆုံးသူအရေအတွက်သည် မကြာသေးမီ သီတင်းပတ်များအတွင်း အများဆုံးစာရင်းတစ်ခုဖြစ်သည်။
သတင်း - ရဲမင်း
ကိုကား - Reuters

◾️အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှား တရားဝင် ရယူ
မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် တောင်တရုတ်ပင်လယ် ပြဿနာကဲ့သို့ အကဲဆတ်သော ဒေသတွင်း ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။
မလေးရှားနိုင်ငံသည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အကြံပေးတစ်ဦးအဖြစ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကိုလည်း ရွေးချယ်ထားပြီးဖြစ်သည်။
မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အစည်းအဝေးပေါင်း ၃၀၀ ကျော်တို့ကို ယခုနှစ်အတွင်း လက်ခံကျင်းပရမည်ဖြစ်သည်။
မလေးရှားနိုင်ငံသည် ၁၉၆၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး နောက်ပိုင်း ယခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ အပါအဝင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ငါးကြိမ်အထိ ရယူထားပြီးဖြစ်
သည်။
သတင်း - ဗျည်းနွဲ့
ကိုးကား - The Straits Times

◾️ ငွေကြေးလိမ်လည်ထုတ်ခံရသူများကို အစားထိုးပြန်ပေးနေဟု KBZ ဘဏ်ထုတ်ပြန်
ကမ္ဘောဇဘဏ်၏ ငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်သည့် KBZ Pay အသုံးပြုသူများထဲမှ နည်းပညာဖြင့် ငွေကြေးလိမ်လည်ခံရမှုနှင့်ပတ်သက်ပြီး ငွေကြေးဆုံးရှုံးမှုမရှိစေရန် ကြိုတင်အစားထိုးစိုက်ထုတ်ပေး လျက်ရှိကြောင်း ကမ္ဘောဇဘဏ်က ယနေ့(ဇန်နဝါရီ ၃ ရက်)တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း KBZ Pay အသုံးပြုသူတချို့၏အကောင့်ထဲမှ ငွေလွှဲခြင်း မရှိဘဲ ငွေကြေးလိမ်လည်ထုတ်ယူခံရမှုများ လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် နည်းပညာဖြင့်ငွေးကြေးလိမ်လည်ခံရသူ ၃၁ ဦး၏ ငွေကြေးဆုံးရှုံးမှုမရှိစေရန် ကြိုတင်အစားထိုး စိုက်ထုတ်ပေးခြင်းကို ဒီဇင်ဘာ ၃၁ ရက်မှစတင်၍ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပြန်လျော်ပေးရမှာပဲလေ သုံးစွဲသူတွေကအမှားမှမရှိတာ။ အဲဒီလိုအသံတွေကြားကတည်းက K Pay ထဲကပိုက်ဆံတွေခဏထုတ်ပြီး K pay တောင်မသုံးဘဲထားတာ။ ဘယ်လိုဘဲဖြစ်ဖြစ် တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာပေါ့” ဟု KBZ Pay အသုံးပြုသူတစ်ဦးကပြောသည်။
ကမ္ဘောဇဘဏ်မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာမှာ ဖုန်းဟန်းဆက်ပြောင်းလဲသည့် (Device Change) လုပ်ငန်းစဉ်ကိုသာ သက်ရောက်မှုရှိပြီး ဖြစ်စဉ် ၃၁ ခုကိုတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။
လက်ရှိတွင် အချို့ operator များ၏ဖုန်းဟန်းဆက်ပြောင်းလဲမှုများ (Device Change) ကို ခေတ္တရပ် တန့်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် အဆိုပါလုပ်ငန်းစဉ်ကို ဇန်နဝါရီ ၇ ရက်တွင်ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြချက်တွင်ဖော်ပြထားသည်။
ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက်ဝန် ဆောင်မှုပေးသူများ (Mobile Network Operator) မှတစ်ဆင့် ၎င်းတို့၏တစ်ဆင့်ခံဝန်ဆောင်မှုပေးသူ များ၏စနစ်အား နည်းပညာဖြင့်ဖောက်ထွင်းယူခြင်းများဆောင်ရွက်ပြီး၊ သုံးစွဲသူများ၏ မိုဘိုင်းငွေကြေး များအား ဖောက်ထွင်းရယူ၍လိမ်လည်ခြင်းများ ပြုလုပ်လာသည်ကိုတွေ့ရကြောင်း ဗဟိုဘဏ်က ဒီဇင်ဘာ ၃၁ ရက်တွင်ထုတ်ပြန်ထားသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - APO