Saw Ka Zaw
23.2K subscribers
8.25K photos
2.69K videos
594 links
Download Telegram
ကျောက်တော် (၁)

#ကျောက်တော် စကခ(၉) စတင်တိုက်ခိုက်ခံ ခဲ့ရတဲ့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ကနေ
ကျောက်တော်မြို့နယ်၊ ကျောက်ဖြူရွာအနီးမှာ ကမ်းထိုးရေယာဉ် ၃ စီး မီးလောင်နှစ်မြုပ်ခံရတဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ဖြစ်စဉ်အထိ အဲ့ဒီရေယာဉ်ပေါ်မှာပါဝင်ခဲ့ပြီး ကံကောင်းထောက်မစွာ တစ်ဦးတည်း အသက်ရှင် ကျန် ခဲ့တဲ့ လူငယ်လေးကြောင့် ရင်နာဖွယ် ၊ ကြေကွဲဖွယ်၊ ခါးသီးတဲ့ အမှန်တရားတွေကို သိခွင့် ကြုံခဲ့ရပါတယ်—-အမှန်တရားတွေဟာ ခါးသီးလွန်းလို့ လက်မခံချင်ဘဲ လက်ခံ ခဲ့ရတဲ့ အပိုင်းတွေ ရှိတယ်။

( ၁)

ကျနော်တို့ ကစ္ဆပနဒီတံတားနားက ကင်းမှာ တာဝန်ကျနေတုံး ဖေ ၁ ရက်နေ့မှာ တံတားကို
ဒီကောင် တွေစတိုက်တာ ၊ အင်အား ၃၀၀လောက်ပါတယ်။ ကျနော်တို့လဲ အင်အားမမျှတော့ ၃၇၄ ဗဟိုကင်းကို ပူးပေါင်းခဲ့ရတယ်၊ ကျနော်တို့က ၅ ယောက်ထဲလေ

နောက်တစ်ရက် ဖေဖော်ဝါရီ ၂ ရက်ကျတော့ AA တွေ ကစစ္ဆပနဒီတံတားကို ဗုံးခွဲလိုက်ပြီးဒီဖက်ကကမ်းကို လှေတွေနဲ့ကူးလာကြတယ်…

ဖေဖော်ဝါရီ ၃ ရက်နေ့က စပြီး တပ်မကို စတိုက်ကြတာ၊ တသုတ် ကို အင်အား ၆၀လောက်က လက်ပစ်ဗုံး ၃ လုံးစီနဲ့ ဓားတစ်ချောင်းဆီကိုင်ပြီး ကာထားတဲ့ အုတ်တံတိုင်းတွေကို ကျော်တက်ဖို့ လုပ်ကြတယ်။ အုတ်နံရံတွေမှာကျနော်တို့ဖက်က ပုံသေ ပစ်ကြောင်းလဲ ဆင်ထားတယ်၊ ရှေ့ထွက်မိုင်းတွေလဲ ထောင်ထားတယ်—-သူတို့တက်လာတဲ့ အချိန် ရှေ့ထွက်မိုင်းတွေ ခွဲပလိုက်တာ အပြုံလိုက်ပဲ ထိကြတာ ရန်ကုန် စစ်တွေကားလမ်းမကြီးပေါ်မှာ
ေ-သွးချောင်းစီးနေတာမြင်မကောင်းဘူး။
ဒါပေမယ့် တသုတ်ကုန်တိုင်း နောက်တသုတ် ထပ်တက်လာတယ် ၊ တချို့ဆို ရင်အုံတွေမှာ ထိပီး ဒဏ်ရာ အကြီးအကျယ်ရတာတောင် သေနတ်ကို မရမက လာဆွဲကြတာ၊ ကျနော့်စိတ်ထင် ဆေးတမျိူးမျိုးသုံးထားကြသလိုပဲ
ဒဏ်ရာရထားတဲ့ကြားကနေ နောက်ထပ် တစ်နာရီ နှစ်နာရီလောက်အထိ ပုံသေ ပစ်ကြောင်းထဲကိုပဲ တိုးတိုးဝင်လာကြတယ်…

AA အဖွဲ့တွေက အိမ်ထောင်သည်လိုင်းတွေကို drop ဗုံးတွေချတော့ မှီခို ကောင်လေး ၂ ယောက် ၁၃ နှစ်ဝန်းကျင်ပေါ့၊ သူတို့မိဘ နှစ်ပါးလုံး ဆုံးပါးသွားကြတယ်…အဲ့ဒီ ညီလေး နှစ်ယောက်က မိဘတွေ သူတို့ရှေ့ ထိခိုက်ခဲ့ရတာ မြင်တော့ ကျနော်တို့နဲ့အတူတူ လာပြီး ခံပစ်ကြတယ် ၊ တားလို့ကိုမရတာ မခံချင်စိတ်ပေါ့ အကိုရယ်။ နောက်ဆုံးကျ သူတို့ နှစ်ယောက်လဲ ဒဏ်ရာ ရပြီး ရန်သူတွေ တက်လုံးတဲ့အချိန် အဖမ်းတော့မခံဘူးကွာဆိုပြီး သူတို့ဘာသာ အဆုံးစီရင်လိုက်ကြတယ်

ဒီကောင်တွေ ကျနော်တို့တပ်မ အုတ်တံတိုင်းခြံစည်းရိုးကို လူတွေအများကြီး အ/ သေ ခံပြီးတိုက်ကြတာ ၃ ရက်မြောက်နေ့အထိ မရဘူး၊ ဒါနဲ့ သူတို့ တပ်မအစွန်က ထောက်ပို့ဖက် ကျားလန် ခြံစည်းရိုးကိုဖြဲပြီး တပ်ယူနီဖောင်းတွေနဲ့ အယောင်ဆောင်ဝင်လာခဲ့ကြတာ-//အရှေ့ဖက် ခြမ်းမှာမဲတိုက်နေတော့ အနောက်ပိုင်းမှာ အားနည်းခဲ့တာဗျ။ အဲ့လိုဝင်လာမှန်းသိတော့ ကျနော်တို့ကို သွားရှင်းခိုင်းတဲ့ အချိန် ကြက်ခြံနဲ့ ဝက်ခြံကြားမှာ ထမင်းချက်စားနေကြတာ၊ တပ်ယူနီဖောင်းတွေနဲ့ ကျနော်တို့က ဘယ်တပ်ကလဲမေးတာနဲ့သူတို့စပစ်ပေမယ့် ကျနော်တို့ဝိုင်းပစ်တော့ ၄ ယောက်ကျန်ခဲ့ပြီး လျှိုထဲဆင်းပြေးကြတယ်။ ကျပြီးကျန်ခဲ့တဲ့လူရဲ့ အိတ်ကပ်ထဲမှာ wy ဆေးပြား ၃၀လောက်နဲ့ ဆေးပြားရှူတဲ့ ခဲပတ်တွေပါလာတယ်

(၂ )
ကျနော်ထင်တာတော့ AA အဖွဲ့ရဲ့ အတွင်းသတင်းပေးက တပ်မမှူးနားမှာကို ရှိနေတာ၊ တပ်မမှူး ရိပ်သာကုန်းမှာရှိရင် အဲ့နေရာကို dropဗုံးတွေ ၊ RPGတွေ အပြုံလိုက်ကျတယ်၊ အာ့နဲ့ ရိပ်သာကုန်းကနေ BE အဖွဲ့တွေနေတဲ့ တောင်ကုန်းဖက်ကို ညတွင်းချင်း ရွှေ့တော့လဲ
အဲ့နေရာကို ပစ်ပြန်ရော၊ အာ့နဲ့နောက်ထပ် ဆေးကုန်း၊ အဲ့ဒီကနေ သကြားစက်ကုန်းပြောင်းရပြန်ရော၊ တပ်မမှူး လက်မောင်းနဲ့ပေါင်မှာ ပတ်တီးစည်းထားတယ်၊ ပတ်တီးပေါ်မှာ သွေးတွေ မြင်ရတယ်ဗျ။ သကြားစက်ကုန်းက ချုံတအားထူတာ အောက်ကလဲ လှိုဏ်ခေါင်းဖောက်ထားတယ် အရင်က ကျည်တစ်ပေါက်တောင်မရောက်ဖူး၊ တပ်မမှူး လာနေမှပဲdromp ဗုံးတင်မက၊ လက်နက်ကြီးပါအဆက်မပြတ် ကျနေတာ

စကားတောင်စခန်းဆိုတာ တပိမနဲ့ ချောင်းတဖက်မှာထားတာ လူနည်းနည်းပဲ ကာကင်း သဘောထုတ်ထားတာ၊ အဲ့နေရာကို AA တွေက ဝိုင်းထားပြီး လက်နက်ချခိုင်းတာ၊ ရဲဘော်တွေက လက်နက်ချလိုက်တော့မှ လက်နက်တွေသိမ်း၊ နောက်ပြန်ကြိုးတုပ်ပြီး ကမ်းစပ်မှာဒူးထောက်ခိုငိး၊ နောက်စေ့တွေကို ပစ်that ပြီး မြစ်ထဲကို ကန်ချကြတယ်

Cd###Tin Ko Win
#ကျောက်တော်(၂)

၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ ကျောက်တော်စကခ ၉ ဌာနချုပ် ရန်သူ့လက်အောက်ကျသွားပါတယ်။

အဲ့လို ကျသွားတဲ့ အခါ ဒဏ်ရာ ရနေတဲ့တပ်မမှူးက သကြားစက်ကုန်းမှာ ရှိနေပြီး ထိခိုက်ဒဏ်ရာရထားတဲ့ စစ်သည် အင်အား ၂၀၀လောက်နဲ့ မှီခိုသူ ရဲမေ မိသားစုဝင် ၄၀၀ကျော်လောက်ကို ကယ်ထုတ်ဖို့ အတွက် သတင်းပို့ခဲ့တဲ့အခါ ကမ်းထိုးရေယာဉ်
၁၇၁၃ နဲ့ ၁၆၁၃ တို့ဟာ ဖေ ၈ ရက်နေ့မှာ ရောက်လာခဲ့ပါတယ်။

ကမ်းထိုးကပ်ရမယ့် BE ရေဆိပ်ဟာ ရန်သူ့လက်ရောက်နေတဲ့ အတွက်
တပ်မမှူးက ကမ်းထိုးရေယာဉ်ခေါ်ထားပြီးကြောင်း ၊ ကမ်းထိုးကပ်ရန်နေရာကို AA အဖွဲ့က စိုးမိုးထားတဲ့ အတွက် BE ရေဆိပ်ကို ပြန်တိုက်ယူ မှဘဲ ကမ်းထိုးကပ်နိုင်မှာလို့ စစ်သည်တွေကို ပြောပါတယ်

ဒါနဲ့ ဗျူဟာမှူးဦးစီး တစ်ဖွဲ့က BE ရေဆိပ်ကို ပြန်တိုက်ယူကြတဲ့ အခါ တပ်မဖက်အခြမ်း ချောင်းကမ်းစပ်တစ်ဝက်အထိ ကျနော်တို့ ပြန်ရလိုက်တယ်၊ အဲ့လို တိုက်နေတုံးမှာပဲ ဒဏ်ရာရ စစ်သည်တွေနဲ့ ရဲမေတွေကို ရေဆိပ်နဲ့ အနီးဆုံးနေရာအထိ ခေါ်ဆောင်ထားရတယ်၊ အဓိကကျတဲ့နေရာတွေမှာ ကင်းတွေ လည်းချထားတာပေါ့ အကိုရယ်။ ကမ်းထိုးကပ်တဲ့ အချိန် တစ်ဖက်က ပစ်လို့ ကာပစ်ကျရင်း ထပ်ပြီး ကျဆုံး ရတာတွေ လည်း ရှိတယ်။

ကျနော်တောင် ကာပစ်ကောင်းလို့ ကမ်းထိုးပြန်ထွက်တာ မသိဘဲ ကျန်ခဲ့တော့မလို့

တပ်မမှူးက ကျနော်တို့ ၃ ယောက်တစ်ဖွဲ့ကို သကြားစက်ကုန်းမှာ နောက်ဆုံး ခံစစ်အဖြစ် တာဝန်ပေးခဲ့တာ။ အမ်အေ ၃ က ၂လက်၊ ပစ္စတိုက ၁ လက်၊ ရှေ့ထွက်မိုင်း ၃ လုံး၊ လက်ပစ်ဗုံးတွေ ပေးခဲ့တယ်——ကျနော်တို့က ရန်သူလာမယ့် လမ်းကို မျှော်ပြီးစောင့်ရတော့ ကမ်းထိုး လာမယ့် လမ်းကို မ မြင်ရ၊ အသံ လည်းမကြားရဘူးဗျ။ ခနကြာတော့ AA အဖွဲ့တွေ အော်ဟစ်ဆဲဆိုနေတဲ့ အသံတွေ ကြားရမှ အတူတူ စောင့်နေတဲ့ ၂ ယောက်ကို ကမ်းထိုးကပ်ပြီလား
ကြည့်ဖို့ လွှတ်လိုက်တယ်။

အဲ့ဒီ အချိနိမှာပဲ ကျနော်တို့ စောင့်နေရတဲ့ သကြားစက်ကုန်းကို AA တွေ အပြုံ လိုက်တက်လာကြာတာ၊ ကျနော်လည်း ရှိတဲ့ ရှေ့ထွက်မိုင်း ၃ လုံးကို ခွဲပြီး၊ လက်ပစ်ဗုံး ၃ လုံးထဲက ၂ လုံးကို ထုပြီး သူတို့ကစဉ့်ကလျား ဖြစ်တဲ့ အချိန်လေး ကမ်းဖက်ကို ပြေးရတာ

ကျနော်ကံကောင်းတာက အဲ့အချိန် ကမ်းထိုးက
ကမ်းကခွါနေပြီ၊ ကျနော်လည်း
ရေထဲကို ခုန်ချ ၊ ကမ်းထိုးရေယာဉ်သို့ ရေကူးပြီး ဘောကွင်းတွေကတဆင့် ကမ်းထိုးပေါ် ရောက်သွားတယ်။ ကျနော် တက်လို့ ရလိုက်တဲ့ ကမ်းထိုးက အသေးဗျ၊ ကြည့်လိုက်တော့မှ ကပ်လျက်မှာ ကမ်းထိုး အကြီး ၁ စီးပါတာ တွေ့လိုက်ရတယ်။ အဲ့ ဒီအချိန်က ဖေ ဖော်ဝါရီ ၈ ရက် နေ့လယ် ၁၂ ခွဲလောက်ပေါ့ဗျာ—-

ကျနော်တို့စထွက်ခဲ့ကြတာ။😢

Cd###Tin Ko Win
#ကျောက်တော်(၃)

ကျနော်တို့ ကျောက်တော်က စထွက်လာပြီး မြို့အထွက်က ကစ္ဆပနဒီတံတားကို ဖြတ်တဲ့ အချိန်မှာ တံတားပေါ်ကနေ ကမ်းထိုးဆီကို လက်ပစ်ဗုံးတွေနဲ့ ပစ်ချကြတယ်။ ကမ်းထိုးပေါ်ကို မကျဘဲ ရေထဲကျပြီး လက်ပစ်ဗုံးကွဲသံတွေကြားရတယ်…

ကျောက်တော်ကနေ ထွက်ပြီး အပေါက်ဝကျေးရွာ အထိ ကုလားတန်မြစ်ကြောင်းတစ်လျောက်မှာ ကမ်းဘေး က ရွာတွေကနေလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တောက်လျောက်ပစ်ခတ်ကြတယ်၊ ကမ်းထိုးပေါ်ကို Dropဗုံးတွေလဲ ချတယ်ဗျ၊

အဲ့လို ပစ်တော့ ကမ်းထိုး ၁၇၁၃ က နေပူခံရွာနားမှာ
စက်ပျက်ပြီး ရေတွေဝင် မြုပ်ရော
အဲ့ဒါနဲ့ အဲ့ဒီ ကမ်းထိုးပေါ် ပါလာတဲ့ စစ်သည်၊ ရဲမေ၊ မိသားစုဝင်တွေကို ဟိုဘက်က ကမ်းထိုး ၁၆၁၃ ပေါ်ကို ပစ်တဲ့ခတ်တဲ့ကြားကနေ ပဲ ပြောင်းရတာပေါ့ဗျာ။

အဲ့လို လူတွေ ပြောင်းတင်ပြီး ဆက်ထွက်လာကြတဲ့အခါ AA ကလဲ ကမ်းနားဘေးကနေ ၁၀၇ မမရှော့တိုက်ဒုံးတွေ၊ Dropဗုံးသီးတွေနဲ့ တရစပ် ပစ်တာ

ဒီဖက်ကလဲ ရှိတဲ့ လက်နက်နဲ့ ပြန်ပစ်ကြပေါ့၊
အဲ့လိုနဲထွက်လာလိုက်တာ သိပ်မကြာဘူး
နေပူခံရွာ အလွန်လေးပဲ ရှိသေးတယ်၊
ကမ်းထိုးဟာ AAထောင်ထားတဲ့ အတားအဆီး
ကျားပိုက်နဲ့ ပန်ကာနဲ့ ညှိပြီး ရေလယ်ခေါင်ကြီးမှာ စက်ရပ်သွားလေရော

ကမ်းထိုး ရပ်တာနဲ့ ကမ်းဘေးက ရွာကနေ လက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်၊
Dropတွေ တောက်လျောက်ချတော့တာပဲ
ခနကြာတော့ Drop ဗုံးဒဏ်ကြောင့် ရေလယ်ခေါင်က ကမ်းထိုးကို မီးစလောင်ရောအကို

ဒါနဲ့ ပစ်နေခတိနေတဲ့ ကြားကပဲ မီးဝိုင်းငြှိမ်းကြတယ်….ရေတပ်က အဖွဲ့တွေက အလေးအပင်တွေ
စွန့်ပစ်ဖို့ ပြောလာတော့
ရဲမေတွေရဲ့ ပစ္စည်းတွေရော၊
လက်နက်ကြီး အချို့ကိုရော စွန့်ကြရတယ်

တပ်မမှူးကလဲ နောက်ထပ်ကမ်းထိုးအကြီး တစ်စီးလာနေပြီ၊ အားတင်းထားကြဆိုတာနဲ့ စစ်သည်တွေလဲ အားရှိပြီး လက်နက်ငယ်တွေ နဲ့ ပစ်ခတ်တဲ့ ဖက်ကို ပြန်ပစ်ကြတယ်၊
ဒီလိုနဲ့ အဲ့ဒီ ပိုက်ငြိနေတဲ့နေရာမှာ ၂ နာရီလောက် ကြာပြီးတဲ့ အချိန် မှာ နောက်ထပ်ကမ်းထိုးတစ်စီး ထပ်ရောက်လာလို့ အဲ့ဒီပေါ်ကို လူတွေ ထပ်ရွှေ့ကြပြန်တယ်၊
ကျားပိုက်နဲ့ ငြိတဲ့ ကမ်းထိုးက စက်ခန်းတွေ မီးလောင်နေပြီ အကို မြုပ်တော့ မမြုပ်သွားဘူး

နောက်ထပ်ရောက်လာတဲ့ ကမ်းထိုးအကြီးနဲ့ ဆက်ထွက်လာတဲ့ အခါ AAက အတားအဆီး လုပ်ထားတဲ့ ရေလယ်က ကျားပိုက်တွေကို မငြိအောင်ရှောင်တိမ်းရင်း သွားကြရတယ်၊အဲ့ဒါနဲ့ နောက်ထပ် ၁ နာရီလောက် ပဲထွက်ရသေးတယ်
ကျားပိုကိတွေ ရှောင်ရင်း ကမ်းထိုးကသောင်တင် သွားတယ်ဗျာ…အဲ့ဒီအချိန် ညနေစောင်းတော့မယ် ၊

ကမ်းထိုး သောင်တင်နေတဲ့ နေရာကို လောင်းလှေ ၁၀၀ကျော်လောက်နဲ့ AA အဖွဲ့တွေ ရောက်လာပြီး ကမ်းထိုးကိုဝိုင်းထားတယ်၊
လူတွေက ကြိုးချိတ်တွေနဲ့ ပစ်ပြီး ကမ်းထိုးပေါ်ကို တက်ဖို့ ကြိုးစားကြလို့ ကျနော်တို့ ပစ်ကြတာ

သူတို့အတော်များများထိပြီးတော့ လောင်းလှေ တွေ ပြန်ထွက်သွားကြတယ်

ခနနေတော့ ကမ်းထိုးကို မီးကျည်တွေနဲ့ ပစ်ပြီး
လက်နက်ငယ်၊ လက်နက်ကြီးတွေ ပစ်တယ်၊ dropဗုံးချတယ်။ ထူးဆန်းတာက သစ္စာဖောက်ကောင်က ကမ်းထိုးပေါ်အထိ ပါလာတာပဲ အကို ၊

ကမ်းထိုးပေါ်မှာ ရေတပ်အဖွဲ့ ကလွဲ ပြီး ကျန်သူအားလုံး ယူနီဖောင်းမဝတ်ထားကြဘူး၊ အဲ့ဒါကိုတပ်မမှူး ကမ်းထိုးဦးပိုင်းမှာဆို ဗုံးသီးက ဦးပိုင်းကိုကျ တယ်၊ နောက်ပိုင်းသွားရင် နောက်ပိုင်းကိုကျတယ်၊ တပ်မမှူးကလဲ တောက်လျောက်ကွပ်ကဲတယ်၊ ရဲဘော်တွေကိုလဲ အားပေးတယ်၊ တပည့်တို့တောင့်ထား ကမ်းထိုး ထပ်လာလိမ့်ဦးမယ်လို့ပြောတယ်

အဖြစ်အပျက်တွေက ပြန်မပြော
ချင်လောက်အောင်ဆိုးတယ်အကို၊
တပ်မမှူးနဲ့တပ်ရင်းမှူးတွေ ကမ်းထိုးအရှေ့ပိုင်းက ဂေါ်ချတဲ့ ထောင့်ကျဉ်းလေးမှာ စုပြီးတိုင်ပင်နေကြတဲ့အချိန် လက်နက်ကြီးတစ်လုံးက အဲ့ထဲကို တည့်တည့်ကျသွားတယ်😢

Cd###Tin Ko Win
Forwarded from Michael Saw (M S)
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၂၃/၂၀၂၅)
======================================
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန်ထုတ်ပြန်ချက်
------------------------------------------------------------------------

“ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း ၂၈-၄-၂၀၂၅ ရက်နေ့မှ ၃-၅-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။”

အကြံပြုချက်
-------------
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်
နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန်
အကြံပြုအပ်ပါသည်။

မိုး / ဇလ
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်ကပါးကိုက်လျင်နားကိုက်မည်ဟု​ပြော
NOM
ပါကစ္စတန်ကာကွယ်​ရေးဝန်ကြီးအဆဇ်ကအိန္ဒိယသည်ပါကစ္စတန်နှင့်စစ်ပွဲအတွက်အလုံးစုံပြင်ဆင်​နေ​​ကြောင်း၊မိမိတို့ပါကစ္စတန်ကလည်းပါးကိုက်လျင်နားပြန်ကိုက်မည်ဖြစ်​ကြောင်း၊စစ်ဖြစ်လျင်အိန္ဒိယပြည်သူများလည်းလုံခြုံမှုမရှိမည်ကိုသိ​စေလို​ကြောင်းပါကစ္စတန်ကာကွယ်​ရေးဝန်ကြီးအဆဇ်ကသတင်းစာရှင်းလင်းပွဲတွင်​ပြောကြားလိုက်သည်။

NOM
.

☯️

ကက်ရှိမီးယားက (၂) ပိုင်းရှိတယ်၊ အိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့အပိုင်းနဲ့ ပါကစ္စတန် အုပ်ချုပ်မှုအောက်မှာရှိတဲ့အပိုင်း၊

အခုဖြစ်သွားတာက အိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့ ကက်ရှ်မီးယားက Pahagam မှာဖြစ်ပါတယ်၊ အကြမ်းဖက်ပစ်ခတ်မှုကြောင့် လူ (၂၈) ယောက်သေတယ်၊

ပါကစ္စတန်အခြေစိုက် TRF အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်လို့ကြေငြာသွားတယ်၊

မိုဒီက ပါကစ္စတန်ကို Land of terror အကြမ်းဖက်တွေမွေးဖွားရာနိုင်ငံလို့ သုံးထားတယ်၊

ဒီအကြမ်းဖက်မှုကို နိုင်ငံတကာကလဲ ဝိုင်းပြီးရှုံ့ချလိုက်ကြတာတွေ့ရတယ်၊

( ကက်ရှ်မီးယားဒေသဟာ Flash point ပါ၊ ​ြှိတိသျှတွေ မွှေးခဲ့တဲ့မီး ဖြစ်ပါတယ် )



BaMg ☯️

.
.

☯️

အိန္ဒိယ ကာဝန်ကလဲကြိမ်းပြီ

" အကြမ်းဖက်တိုက်ခိုက်မှုအတွက် သီးခံနှိုင်မှုက သုညအဆင့်ပဲ "

" အကြမ်းဖက်တွေကိုသာ အရေးယူသွားမှာမဟုတ်ဘူး၊ အကြမ်းဖက်ဖြစ်အောင် လှုံ့ဆော်သူတွေကိုပါ အရေးယူသွားမှာဖြစ်ပါတယ် "

ပါကစ္စတန်ကိုဆိုလိုတာ သိကြပြီးဖြစ်ပါတယ်၊


BaMg ☯️

.
Welcome to Myanmar

၁၉၈၈ လောက်က စတင်ခဲ့တဲ့ ... ယခင့်ယခင်ထက် ပိုမိုပွေလီ သပွတ်အူလိုက်နေသော ဒီနိုင်ငံရဲ့အရှုပ်ထုပ်ကြီးထဲ ... ဘယ်နိုင်ငံက ထပ်ဝင်လာချင်သေးလဲ ???

ရူးသွားချင်လား ??? ဒစ်လည်ချင်လား??? လာခဲ့ပါ ... ကြိုဆိုပါ၏ 😆

Credit: Kaytu Naung

မြန်မာနိုင်ငံက ဘပုမှ မဟုတ်ဘူး ရှီကျင့်ဖျင်တောင်ကိုင်တွယ်လို့မရဘူးဆိုတာ 1027 သက်သေပဲ ။ ဟုတ်ပြီ ဟုတ်လှနှင့် လက်နက်ကိုင်တွေကို မြှောက်ပေး လက်နက်လူသူရိက္ခာပိုက်ဆံထောက်လှမ်းရေးစစ်ဗျူဟာ လိုအပ်ချက်မရှိအောင် ထောက်ပံ့ပေးလိုက်တာမှာ လားရှိုးရမခကြီး ကျစေသတည်းပေါ့ ။

အဲ့မှာ CIA က ဝင်လာကော ၊ သူ့လူဆိုတဲ့ဟာတွေကလဲ သိတယ်မဟုတ်လား ၊ ရသမျှ ခွတုတ်တတ်တဲ့ဟာတွေကိုး ။ CIA လက်တံလည်း သူ့လူဆိုတဲ့ဟာတွေထဲ ဝင်ကော ၊ ပေါက်စီကို ပျားတုတ်တော့တာပေါ့။ နာမည်ပျက်ခံပြီး ကြောက်ရွံကျိုးနွံအောင် သွန်သင်ပါတယ်ဆိုမှ အညွန့်အဖူးကို CIA ကခူးတာတော့ ဘယ်တရားမတုန်း ..... နော့် ။ ဒါမျိုး ပေါက်စီဘယ်သည်းခံနိုင်မတုန်း ။

ဒီကြားထဲ တပ်မတော်က တိုက်လားဆိုတော့လည်း မတိုက် ၊ ပေါက်စီရဲ့ လူတွေကကော ဆက်တိုက်လားဆိုတော့လည်း မတိုက် ၊ ကဲ ..... မထူးဘူး မတိုက်တိုက်အောင် ဇွတ်တွန်းပြီး မန္တလေးကိုပါယူမယ်‌ ဆိုပြန်တော့ ၊ ငလျင်ကြီးကလှုပ် ၊ ဒီအခြေအနေမှတော့ မန္တလေးကို စစ်ပြုလျှင် ကမ္ဘာ့အလည် ရှက်ဖွယ်လိလိ ။ ငလျင်မလှုပ်လျှင် မန္တလေးကို အချိန်တစ်ခုယူပြီး တိုက်ဖို့ရှိတယ် ။ 1027 ကို နောက်တစ်လှိုင်းအနေနှင့် ချိန်နေတာမှာ ငလျင်ကြောင့် ရှေ့ဆက်မဖြစ်နိုင်တော့တာလို့ ယူဆရတယ် ။

ကုန်သွယ်လမ်း ပိတ်ထားတာကလည်း လေးနှစ်လောက်ရှိပြီ ၊ ယူနန်လည်း တော်တော်ပြဿနာတက်နေပြီ ။ အခုတလောက အမေရိကန်နဲ့ကုန်သွယ်စစ်ကြောင့်လည်း ပေါက်စီဆီမှာ ရပ်နားသွားရတဲ့ အငယ်စားနဲ့အလတ်စား လုပ်ငန်းတွေက များလာ ။ ယူနန်ထဲက အချို့အငယ်စားအလတ်စားလုပ်ငန်းတွေတောင် ပိတ်ထားရတာ ကြာလှနေပြီ ။ အခြားမသိပေမယ့် ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်တွေထဲကတစ်ခုဖြစ်တဲ့ ယူနန်ဟာ တော်တော်စီးပွါးကျနေပြီ။

အခုက ယူနန်တင်မက ပြည်မက စီးပွါးရေးပါ တန့်မသွားလျှင်တောင် တိုးတက်မလာတော့ ၊ အပြုံးတော့မပျက်ပေမယ့် ၊ ပေါက်စီရဲ့ ရင်ထဲတော့ အောင့်တာပေါ့ ။

ပြောချင်တာက လုပ်ချင်တိုင်းလာလုပ်လို့မရတဲ့ နိုင်ငံတွေထဲ ဒီနိုင်ငံပါနေတာ ။ ကိုယ့်ဟာကိုယ်မှဇာတ်ရှုပ်ပါဆို အဲ့ဇာတ်ရှုပ်ထဲ ဝင်ရှုပ်မိတဲ့ ပေါက်စီ ကိုယ့်အမြီးကိုယ်နင်းမိပြီး တိုင်ပတ်သွားပုံကို ပြောပါတယ် ။

နိုင်ငံရဲ့ Sovereignty (အချုပ်အခြာအာဏာ)ကို ထိလို့ စိတ်မကောင်းဘူး ။ ထိတာပေါ့ ဒီလောက်အင်အားကြီးနိုင်ငံကြီးက အနီးကပ်ဖိခံရတာ အဘမှမဟုတ်ဘူး ဘယ်သူတာဝန်ယူနေနေ ဒီ‌လိုကတော့ဖြစ်မှာပဲ ။ ဒီလောက်ထိ ထိမ်းနိုင်တာကံကောင်းတယ် ။

ကိုယ့်ဖက်က ကိုယ်ဆွေကိုယ်မျိုး ပိုက်ဆံပဲမက်ပြီး ဘာအရည်အချင်းမှမရှိတဲ့ စောက်ပဲ့တွေအကြောင်းလည်း ဒီစစ်ပွဲမှာသိရတာပေါ့ ..... နော့် ။ ရမခ ရမခ စောက်ဆံပေါတော့ အသည်းအသန်ပြေးကြ ။ စောက်ဆံကိုပဲ မဲရှာကြ ။ စောက်ဆံကလွဲ ဖွဲနှင့်ဆန်ကွဲဆိုပြီး ပုခုံးပေါ်က နိုင်ငံတော်ကချီးမြှင့်ထားတဲ့ ရာထူးအပွင့်ကြီးတွေမှ အားမနာ ငွေမက်ကြတာကိုး ။ စောက်ပဲ့များငွေမက်တာ ပြဿနာမဟုတ်ဘူး စစ်ရှုံးတော့ နိုင်ငံတော်နစ်နာကော ။ ကိုယ်ဆွေကိုယ်မျိုးများ သိဖို့ .........။

အခု ပေါက်စီ ကိုယ်တိုင်ကိုယ်ကျ ကုန်သွယ်လမ်းပွင့်ဖို့ ကိုယ်ဖိရင်ဖိ လာလုပ်ရတယ် ။ နိုင်ငံတကာအမြင်မှာ ဘယ်လိုနေမလဲ ။ ကိုယ်တိုင်မြှောက်ပေးပြီး တိုက်ထားတဲ့ဒေသကိုတောင် ကိုယ်နိုင်အောင်မထိမ်း​ကျောင်းနိုင်ဘူးဖြစ်တာပေါ့ ။ နိုင်ငံတကာကကြည့်နေတာကိုး ။

1027 သည် ပေါက်စီက လုပ်မှန်းလည်းသိ ၊ အခုထိ ပေါက်စီ အမြီးမနိုင် အမောက်မနိုင် ဖြစ်နေမှန်းလည်းသိနေတော့ ။ နိုင်ငံတကာအနေနှင့် ဘေးကကြည့်လျှင် ပေါက်စီ အိုးနင်းခွက်နင်းဖြစ်နေတာကို သိတာပေါ့ ။ သိက္ခာကျတာပေါ့ ။ ပေါက်စီဟာ နိုင်ငံတစ်နိုင်ငံရဲ့ တည်ဆဲအစိုးရမပြောနှင့် တကယ့်တကယ်ကျ နိုင်ငံတစ်နိုင်ငံက သူပုန်အဖွဲ့လောက်ကိုတောင် နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်ဘူးလို့ နိုင်ငံတကာအမြင်မှာ ဖြစ်တာပေါ့ ။

ပြီးတော့ ခုလို လားရှိုးကို အတင်းအကြပ် စစ်တပ်လက်ထဲပြန်ထည့်ခိုင်းတာက ပေါက်စီအပေါ် သူမွေးထားတဲ့ EAOs တွေရဲ့ယုံကြည်မှုလည်း ကျဆင်းတယ် ။

နောင်ခါမှာ ဒီလို EAOs တွေအပေါ် ပေါက်စီရဲ့ ဩဇာ​ ညောင်းပါဦးမလား ။ နောက်တစ်ခါ တိုက်ခိုင်းလျှင်ကော တိုက်ပါဦးမလားပေါ့ ။ EAOs တွေရင်းရတာလည်း လူ့အသက်တွေလေ ၊ ထောက်ပံ့ရေးအရ မရှုံးဘူးဆိုလျှင်တောင် လူလေးထောင်လောက် အသက်စွန့်ရပြီး ၊ သောင်းဂဏန်းနီးပါးထိခိုက်ဒဏ်ရာရထားတာ ။ ခုလို စွန့်လွှတ်ရတာ သူတို့ရင်ထဲ ဘယ်ကောင်းမလဲ ။ မပြောသာလို့သာ မပြောလျှင်ရှိမယ်လေ ။ ပေါက်စီအလိုကျ သေပေးရအောင် ငါတို့အသက်တွေက တန်ဖိုးမရှိတော့ဘူးလားဖြစ်တာပေါ့ ။

ပေါက်စီလည်း ရှုံးတယ် ၊ တပ်မတော်လည်းရှုံးတယ် ၊ EAOs တွေလည်းရှုံးတယ် ။ သုံးဦးသုံးဖလှယ်ရှုံးတယ် ။ ဘယ်သူသာတုန်း China-Myanmar Economic Coridor (CMEC) တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း - ဖြစ်မလာခြင်းကြောင့် အနောက်အုပ်စုနှင့် CIA အတွက်အမြတ်ဖြစ်တာပေါ့ ။

ဘယ်လိုနေနေလေ တရုတ် CMEC မဖြစ်ရေး ...
One Belt One Road (OBOR) သို့မဟုတ် Belt and Road Initiative (BRI) ရပ်ဝန်းတစ်စင်း လမ်းတစ်စင်း - ပြတ်တောက်ရေးသည် West ရဲ့ ရည်မှန်းချက်ဆိုတော့ အနောက်အုပ်စုမြတ်တာပေါ့ ၊ ဒီလိုပဲပြောရမယ် ။

အခုတော့ ပေါက်စီ ဘာဆက်လုပ်မလဲ စောင့်ကြည့်တာပေါ့ ။ အရမ်းကြီး မျှော်လင့်လို့မရသေးပါဘူး ။ ပေါက်စီက လားရှိုးကိုပေးပြီး ဘာကိုစားမလဲပေါ့ ။

လောကမှာ ဘယ်အရာမှ အလကား မရဘူးလေ ။

အချို့အရာတွေက ဘေးကကြည့်ရတာ ကိုယ်တွေက ဉာဏ်မမီပါဘူး ။ ဘာဖြစ်ပြီ ၊ ဘာဖြစ်တော့မှာလဲ သုံးသပ်ချက် မထုတ်ရဲပါဘူး အခြေအနေတွေက ခန့်မှန်းမရတာတွေ ဖြစ်နေတာကိုး ။ တပ်မတော်ကလည်း ဘာလုပ်မယ်မှန်း မသိလေ၊ ဥပမာ နောင်ချိုပတ်ပတ်လည်ကို ဝိုင်းထားပြီ ဒီနေ့ဝင်လျင် နောင်ချိုက ဒီနေ့ရပြီ ၊ မဝင်ဘူး ၊ မတိုက်ဘူး။ ဒီတိုင်းကြည့်နေတာ ။ အလကားတော့ ဘယ်ဟုတ်မတုန်း ...... စစ်တုရင် Grandmasters တွေပြိင်တဲ့ပွဲကို စစ်တုရင်အခြေခံလောက်တောင် မတတ်တဲ့သူက ဘေး‌ကကြည့်ပြီး ဝေဖန်သလိုသာ ဖြစ်တော့မှာပေါ့ ။

ဒါပေမယ့် ...... ဖြစ်ပြီးသမျှ အခြေအနေကို သေချာတစ်ခုချင်း သုံးသပ်ကြည့်တဲ့အခါမှာတော့ ဒီနိုင်ငံဟာ တော်တော်ရှုပ်ထွေးတဲ့နိုင်ငံဆိုတာ သေချာသည်ထက်ကို သေချာလာတာ ။

အဲ့ဒီအရှုပ်ထဲဝင်မိတဲ့ကောင် ရူးမှာပဲ ။ အရှုပ်ဆိုတာက တပ်မတော်နှင့်လက်နက်ကိုင်သူပုန်တွေကြားကို ပြောတာပါ ။ ပထမ NLD.က အဲ့အရှုပ်ကြားထဲ ဝင်တယ် ၊ NLD လည်း ရူးရုံမက အာဏာပါသိမ်းခံလိုက်ရတယ် ။ အခု ပေါက်စီဝင်တယ် ၊ ပေါက်စီလည်း ကိုယ့်ရှူးကိုယ်ပတ်သွားတယ် ။

အခြားမကြည့်နှင့် နှစ်ပေါင်းခြောက်ဆယ်မက ဒေါ်လာဘီလျံများစွာသုံးပြီး တစ်လျှောက်လုံး မွှေလာတဲ့ CIA တောင် ဒီတိုင်းပြည်နဲ့ပတ်ပြီး လုပ်သမျှကိုင်သမျှတွေဟာ ခုချိန်ထိ ဒစ်လည်နေတုန်း ။ သူတို့ပေးသမျှ ဒုက္ခကို မခံစားရဘူး မပြောဘူးနော် ၊ ဒါပေမယ့် ဒုက္ခပေးရုံသာတတ်နိုင်တယ် ၊ ဒီနိုင်ငံရဲ့ နိုင်ငံရေးက သူတို့လိုချင်တဲ့ Result ခုချိန်ထိဖြစ်မလာခဲ့ဘူး ။

တော်တော်ရှုပ်တဲ့နိုင်ငံ ။ ကြားဝင်မိတဲ့ကောင် ရူးမှာပဲ ။

မြန်မာနိုင်ငံထဲ ဝင်ရှုပ်ချင်တဲ့ တခြားနိုင်ငံတွေအတွက်ကတော့ ဘယ်ဘက်ကိုမှ မယုံရဘူးလေ ။ တပ်မတော်ကိုလည်း ယုံမရ ၊ EAOs ကိုလည်း ယုံမရ ၊ အပြီးအပိုင်သိမ်းပိုက်လို့ကလည်း မဖြစ်နဲ့။

ရှေ့ဆက်လည်း ဒီလိုဖြစ်နေဦးမှာပဲ ။

ဒစ်လည်နေဦးမှာပဲ ။ ကြောင်ပျောက်နေဦးမှာပဲ ။

ရှီကျင့်ဖျင်ပါ တိုင်ပတ်သွားတာ သက်သေပဲ ။

အခုတော့ တစ်ခုပဲရှိတယ် ၊ ပေါက်စီ ဘာဆက်လုပ်မလဲ စောင့်ကြည့်တာပေါ့ ၊

အဘကတော့ အေးဆေးပဲ ၊ ပေါက်စီကို- မင်းစတဲ့ပြဿနာ မင်းရှင်း - ဆိုတဲ့ ပုံစံမျိုးပဲ ။

ပေါက်စီ ဘယ်လိုရှင်းမတုန်း စောင့်ကြည့်ရုံပဲ ။

မေတ္တာဖြင့်ယှဉ်လျှက်

#XENON
တပ်မတော်အရာရှိ(ငြိမ်း) တဦး၏ ဆွေးနွေးချက်။
===============================

လူကြီးခိုင်းမှ လုပ်တာရယ်

အင်တာနက်ပေါ်ပါလာမှ လုပ်တာရယ်

အာရ်ကေရမှ လုပ်တာရယ်..

ဒီ ၃ မျိုးဘဲ လုပ်တော့တာ..

ကိုယ်လုပ်ရမယ့်အလုပ်ကို မူမှန်အတိုင်းမလုပ်တော့ဘူး။
ထွင်လုပ်ရမယ်ဆို ပိုဝေးသေး။
ဝန်ထမ်းလောက တာဝန်ရှိသူအဆင့်ဆင့်အကုန်လုံးက ပါးပါးလေးနောက်ဆုတ်လိုက်ကြတာ။

ထစ်ကနဲရှိ ပြည်သူကဆဲတော့ ခေါင်,ကိုတက်ဆဲကြတာရယ်။

ဆွေးနွေးသွားတဲ့အဘကို လေးစားပါတယ် ခင်ဗျာ။

ကကဖွ
.
.

☯️

အိန္ဒိယ-ပါကစ္စတန်ပြသနာက ဆိုင်းမဆင့်ဗုံမပါ ရုတ်တရက် ထ hot သွားခဲ့တယ်၊

ဒီ (၂) နိုင်ငံရဲ့သမိုင်းကြောင်းကလဲ စကထဲကမကောင်းခဲ့၊ 1947 အိန္ဒိယကိုလွတ်လပ်ရေးပေးကထဲက ဗြိတိသျှတွေ မွှေးခဲ့တဲ့မီး၊ အိန္ဒိယထဲက အစ္စလမ်အများစုရှိတဲ့နယ်မြေကို အရှေ့ပါကစ္စတန်နဲ့ အနောက်ပါကစ္စတန် ဆိုပြီး ခွဲထုတ်မီးမွှေးခဲ့တာ၊ အရှေ့ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ်ရယ်လို့ထပ်ဖြစ်လာတာ၊

ပါကစ္စတန်ရော အိန္ဒိယရော နျူပိုင်နိုင်ငံတွေဖြစ်နေလို့ အတော်ထိမ်းသိမ်းရလိမ့်မယ်၊ သမိုင်းတလျှောက်စစ်ပွဲနဲ့ ပဋိပက္ခတ်တွေ ခပ်စိပ်စိပ်ဖြစ်တာကိုတွေ့ရလိမ့်မယ်၊

ပါကစ္စတန်ဟာ ကမ္ဘာမှာ နျူပိုင်တဲ့ တခုထဲသော အစ္စလမ်နိုင်ငံဖြစ်တယ်၊ ( တူရကီက အမေရိကန်နဲ့ ပူးတွဲ ) ၊ ပါကစ္စတန်က အရင်က အမေရိကန်နဲ့ရင်းနှီးတယ်၊ အကြမ်းဖက်နှိမ်နင်းရေးခေါင်းစဉ်အောက်ကနေ အမေရိကန်ဆီက နှစ်စဉ် $ ဘီလီယံချီယူပြီး၊ အကြမ်းဖက်လေ့ကျင့်မွေးထုတ်ပေရာ နေရာဖြစ်တဲ့အပြင် ဘယ်လိုမှဖြောင့်ဖျမရလို့ အမေရိကန်နဲ့ ခွာပြန်ပြဲသွားတာ၊

ပါကစ္စတန်ကသင်္ခန်းစာကိုယူပြီး အရှေ့အလယ်ပိုင်းမှာ ဘယ်အစ္စလမ်နိုင်ငံကမှ နျူမပိုင်စေရဘူး... ဆိုတာဖြစ်လာတာ၊

.........

စစ်ရေးနှိုင်းယှဉ်ရင် အိန္ဒိယက အများကြီး ကြီးပါတယ်၊ ဒါပေမဲ့ ပါကစ္စတန်နောက်မှာ OIC ရှိထားတယ်၊

အနုမြူပိုင်နိုင်ငံတွေဖြစ်တော့ စစ်ကိုထိမ်းနေကြတာ၊ ဘယ်နေ့ ပွင့်ထွက်လာမလဲတော့မသိဘူး၊

( ဒေါ်စုလက်ထက် ရခိုင်ဒေသအကြမ်းဖက်အတိုက်ခံရတာ ပါကစ္စတန်လက်ချက်၊ အိန္ဒိယ ထောက်လှမ်းရေး RAW ကကြားဖြတ် အမိန့်ပေးသံကိုဖမ်းမိပြီး မြန်မာဖက်ပို့ပေးတာ၊ )

ဘမောင်လို စာရေးတဲ့သူတွေ Ref လုပ်လိုရအောင် key info တွေကို ပုံနဲ့ ပူးတွဲပေးလိုက်ပါတယ်၊



BaMg ☯️


.