.
☯️
အနာဂါတ်မှာမြင်တွေ့ရမဲ့ပွဲကတော့
" 1027 " ပုံစံမျိုးမဟုတ်တော့ဘူး
သိသာသိစေ မမြင်စေနဲ့ဆိုသလို... နောက်ကွယ်က Big hands တွေက အကျိုးစီးတွေကိုကာရင်းက ဖြစ်လာတဲ့စစ်ပွဲ၊
အခုတော့ လားရှိုးလဲ ပြဿနာတခုပြီးသလောက်နီးပါးရှိသွားပြီ၊ အဲ့သလို လားရှိုးပြဿနာကိုရှင်းနိုင်မယ်ဆိုတာ သိသွားလေတော့ အခြားတဖက်ကလဲ အဝေးရောက် ကစားတာကနေ အနီးကိုကပ်ပြီး Double proxy နဲ့ကစားပြီ၊
တဖက်က လူလုံးထွက်ပြလာပြီး
Proxy ကလဲ အရောင်အမှန်ကို ပြလာပြီဆိုတော့..
အင်း....
ပြောခဲ့တဲ့အတိုင်း ညပ်ကြတော့မယ်
ညပ်မယ်ဆိုတာက စကားမရင့်အောင်သုံးတာ
အမှန်တကယ်က စတေးခံကြရတော့မယ်၊
Kra canal က မလက္ကာ Choke point ကိုရှောင်တဲ့သဘောနဲ့ Logistic သက်သာအောင်ပဲလုပ်ပေးနိုင်တာပဲရှိတယ်
ကျောက်ဖြူကမှာ တကယ့် Vital exit အစစ်
ကြမ်းမယ် ရမ်းမယ်၊ ရင်တွေတလှပ်လှပ်ဖြစ်မယ်၊
ရုပ်ရှင်တကားလိုပေါ့
ပြီးကာနီးလေ Tempo အမြင့်ဆုံးရောက်ချိန်ဆိုသလို....
BaMg ☯️

Forwarded from Michael Saw (M S)
၂ လုံးထီ ထိုးတဲ့သူတွေကို အံ့သြမိကြောင်း
ပိုစ့်တင်ခဲ့ဖူးတယ်။
(ကိုယ့်ရှေ့မှာ ဘဝပျက်သွားတဲ့သူတွေ ၊
ဆူဆိုဒ်သွားသူတွေ သာဓက ရှိနေလည်း ထိုးတုန်း..
၂ လုံးထီ ထိုးလို့ ချမ်းသာသွားသူ တစ်ယောက်
(တစ်ယောက်လေးပဲ) တောင်မှ သက်သေပြစရာ
မရှိတာကိုလည်း ထိုးတုန်းမို့ အံ့သြမိတာ..)
ထားပါတော့...။
အခုတော့ အမျိုးတို့ရေ ...
၂ လုံးသမားတွေထက် ကျွန်တော်ပိုပြီး
အံ့သြရတဲ့သူ ၊ ဦးညွှတ်ရတဲ့သူတွေ ပေါ်လာပါပြီ။
သူတို့တွေကတော့
အွန်လိုင်း ငါးပစ်ဂိမ်း ၊ စလော့ဂိမ်းတွေကို
ကစားကြတဲ့ သူတွေပါပဲ။
၂ လုံး ၊ ၃ လုံးကမှ ထိုင်းကထွက်တဲ့ နံပါတ်ကို
ရမ်းသမ်း ထိုးကြ ၊ ဒိုင်ကိုင်ကြရတာပါ။
ဘယ်ဂဏာန်းထွက်မလဲဆိုတာ
ထိုးသား နည်းတူ ဒိုင်လည်း ကြိုမသိဘူး။
အွန်လိုင်းဂိမ်းတွေကျတော့ ဒိုင်စားအောင်ကို
ဆော့ဝဲနဲ့ တမင်ဖန်တီးယူထားတာ။
သူနိုင်မှာကို ဒိုင်က ကြိုသိပြီးသား။
လူလုပ်ဖန်တီးယူထားတာမှန်း သိသိကြီးနဲ့
ဘဝပျက်အောင် ကစားကြတယ်ဗျိုး...။
တကယ် အံ့သြရပါတယ်။
၂ လုံး ၃ လုံးသမားနဲ့မတူတာက
အွန်လိုင်း ဂိမ်းသမားတွေဟာ အစပိုင်း
ဟုတ်မလိုလိုနဲ့ နောက်ပိုင်းမှ
တဖြည်းဖြည်းနဲ့ မွဲတေသွားကြတာမျိုး..။
(ချက်ချင်း မသိသာ..
အစပိုင်းမှာ ပေးကျွေးသေးတယ်..)
အွန်လိုင်းဂိမ်းသမားတွေကို သူတို့
လောင်းကစားစွဲနေမှန်း မိသားစုဝင်တောင် မသိကြဘူး။
လူတိုင်း ဖုန်းကိုင်ကြတာဆိုတော့
မသိရင် Fb ပဲ ကြည့်နေသလိုလို ၊ Video ပဲ
ကြည့်နေသလိုလိုနဲ့ နောက်ဆုံး တတ်တတ်ပြောင်မှ
လောင်းကစားဂိမ်းတွေဆော့နေမှန်း
ပတ်ဝန်းကျင်က သိကြတာ။
ကျွန်တော့် မိတ်ရင်း ဆွေရင်းထဲမှာတင်
အွန်လိုင်းဂိမ်းတွေကြောင့်
ဘဝ ပျက်သွားကြသူ ၊
ဘဝ ပျက်လု ပျက်ခင် ၊
ဘဝ ပျက်ဆဲ လူတွေ မနည်းဘူး။
တကယ့် လူကောင်းသူကောင်းတွေ ၊
လူတော်တွေ ၊ ပညာတတ်ပါတယ်ဆိုသူတွေ
အွန်လိုင်းဂိမ်းစွဲပြီး ရှိသမျှ အကုန်ပြောင်
ဆင်းရဲဒုက္ခရောက်ကုန်ကြတာ။
ဘယ်လိုမှ မထင်ထားတဲ့ မိတ်ဆွေတစ်ဦး
အကြွေးပတ်လည်ဝိုင်းနေလို့ အကြောင်းရင်း
စုံစမ်းလိုက်တော့ အွန်လိုင်းဂိမ်းကြောင့်
ဖြစ်နေတာကိုသိလိုက်ရပြီးတဲ့နောက်
ဒီပိုစ့်ကို အလန့်တကြား ရေးမိတယ်။
လောင်းကစား မလုပ်ကြပါနဲ့ဗျာ..
လောင်းကစားထဲမှာ သမာသမတ်အကျဆုံးလို့
သတ်မှတ်ထားကြတဲ့ ''ဘောလုံးပွဲ'' မှာတောင်
၂ သင်းထဲရှိတာကို တည့်အောင်မလောင်းနိုင်တာ။
သူတို့ ဖန်တီးထားတဲ့ ဆော့ဝဲတွေကိုကစားပြီး
သူတို့တွေရဲ့ ငွေကို ကိုယ်က အနိုင်ရမယ်လို့
ထင်နေမှုကြီးကတော့ တကယ့်ကို
Next Level အဆင့် ရူးမိုက်ဥာဏ်နည်းတာပါပဲ။
.....
ကိုစိုးထိုက် (ဖဒို)

People Media မှကိုကျော်စိုးဦးသည် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကိုမေးမြန်းထားသော အကြောင်းအရာ
မှာ ဒလမြို့ ဗိုလ်ရန်ပြေရပ်ကွက်ရှိ သောက်သုံးရေကန်ကို နှစ်၆၀ဂရန် ထုတ်ပေးသည့်ကိစ္စဖြစ်ပါသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ အဆက်ဆက်တို့သည်
မြေယာကိစ္စနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအလွဲအမှားများစွာကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။
သောက်သုံးရေကန်ကို ဂရန်ထုတ်ပေးရန် လုံလောက်သော အကြောင်းဖော်ပြချက်ရှိပါက ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် သတင်းမီဒီယာများဖိတ်ကြား
ရှင်းလင်းရန်တိုက်တွန်းအပ်ပါသည်။
ဌေးအောင် အယ်ဒီတာ
Orchid news agency
----------------------------------------
PeopleMedia က သတင်းထောက် ကျော်စိုးဦးပါ။
ရန်ကုန်တိုင်းအစိုးရ အဖွဲ့ကို မေးမြန်းမှုပါ ခင်ဗျာ။
ဒလမြို့ ဗိုလ်ရန်ပြေရက်ကွက်ရှိ သောက်သုံးရေကန်ကြီးကို နှစ် ၆၀ ဂရန် ထုတ်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
မေးမြန်းလိုတာက အများပြည်သူ သောက်ရေကန်ကို နှစ် ၆၀ ဂရန် ထုတ်ပေးထားမှုကို ပြန်လည် ပယ်ဖျက်ပေးရန် ရှိပါသလား။
တိုင်းအစိုးရ သဘောထား သိရှိလိုပါတယ် ခင်ဗျာ။
ကျေးဇူးတင်ပါတယ်။
အချက်လက် ပူးတွဲမေးမြန်းပါသည်။
ဂရန်ရရှိသူ ကိုင်ရိုအုပ်စုလို့ သိရပါတယ်။
သောက်ရေကန်မှတ်တမ်းပါ။

( ဆေးပေးတချက်အမှား )
ဆေးပေးတချက်အမှားမှာ အနိုင်ကပ် Winning card က ကိုယ်လက်ထဲကပြုတ်ကျသွားတယ်၊
တဖက်မှာ လိုရာသုံး Joker card ဖြစ်သွားလေရဲ့၊
PDF ကိစ္စဆေးပေးမှားတာက စလိုက်တာပဲ
PDF တွေအင်အားကြီးလာတော့ တရုတ်စိုးရိမ်လာပြီ၊ နောက်ခံက အမေရိကန်ကိုး၊ အဲ့ဒီမှာ " 1027" ဇာတ်လမ်းစတော့တာပဲ၊
(၃) မျိုးဖြစ်နိုင်တယ်လို့တွေးကြည့်မိတယ်
ပထမ တမျိုးက MNDAA ကိုသုံးပြီး Leverage ယူတာ၊
ဒုတိယတမျိုးက MNDAA ကရတဲ့အခွင့်အလမ်းပေါ်မူတည်ပြီး Cross လုပ်သွားတာ
တတိယတမျိုးက MNDAA သိမ်းထားတဲ့ လားရှိုးရဲ့ အခွင့်အလမ်းကို တရုတ်ဖက်ကမြင်သွားပြီး အင်အားပြန်သုံးလိုက်တာ၊
( အရှည်ရှင်းချက်တော့ မရေးတော့ဘူး )
ဒီကိစ္စ မရေးတော့ဘူးဆိုပြီး ရင်ထဲမျိုသိပ်ထားတာကြာပြီ၊ ရခိုင်ဖက်မှာ ထပ်ကြုံနိုင်ရသေးတာကြောင့် " ပညာရှိ သတိဖြစ်ခဲ " မဖြစ်ရလေအောင်ရေးလိုက်တာ ၊
PDF တွေကို အမေရိကန်က အဝေးကထောက်တယ်၊ အိမ်နီးချင်းဆိုတော့ တရုတ်ကတပန်းသာတယ်၊ အနီးကပ်ကစားခွင့် ရှိနေတယ်၊ လက်ကိုင် အဖွဲ့တွေကလဲရှိနေတာကိုး၊
မြန်မာမှာ ရေရှည်ပြည်တွင်းစစ်ဖြစ်ရင် တရုတ်အတွက် အဆိုးတွေချည်းဖြစ်မယ်ဆိုတဲ့အချက်က မြန်မာကို အသက်ရှုပေါက်တခုဖြစ်စေခဲ့တာပဲ၊
လားရှိုးကစားကွက်က လက်ရှိမြင်ကွင်းမဖြစ်ခင် ဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးနားလည်သူတွေတောင် ကြိုတင်မြင်နိုင်ရင် ပင်တဂွန်နဲ့ CIA ကမမြင်စရာမရှိဘူး၊ Close support မှာ CIA က အလိုလိုတပန်းရှုံးထားတာ၊
ဒီတော့ နောက်တကွက် ထပ်ကစားဖို့ဖြစ်လာတယ်၊ အဲ့ဒီနေရာကတော့ ရခိုင် ဂမ်းဘစ်ပဲ၊ ရခိုင် ဂမ်းဘစ်အကြောင်း ရေးခဲ့တာ ဆယ်စုနှစ်တခုကျော်ပြီ ( ဆောင်းပါး ၄-၅ ပုဒ်မကဘူး )
အခု... ဒုတ်ဒုတ်ထိရောက်လာပြီ
Close support ပေးနိုင်ဖို့ ဘင်္ဂလားဒေ့ချ်က Focal ဖြစ်လာတယ်၊
ရခိုင်ဒေသနဲ့ ကျောက်ဖြူထိမ်းဖို့က AA နဲ့ ပိုက်လိုင်းတလျောက် Disruption ပေးဖို့က CNF နဲ့ PDF တွေဖြစ်လာမယ်၊ ( ကြားမှာ ရှမ်းမြောက်လိုပဲ အကျိုးစီးပွား ဖေါက်ထွက်တာတွေလဲရှိလာနိုင်ပါတယ် )
ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲတွေလို့ပေါ့၊ Crown အတွက် ပွဲငယ် (၁၂) ပွဲကိုဖြတ်သန်းကြရတဲ့သဘောပါပဲ၊ ရခိုင်ဂိမ်းက ဂိမ်းကြီး Big game@Showdown အဆင့်၊
မျက်နှာချင်းဆိုင်ထိုင်ပြီး ရွှေ့ကွက်တွေမရွှေ့ခင်မှာ ပြင်ဆင်ရတာတွေရှိတာတော့ သိကြမှာပါ၊ ဒီတခါ တဖက်လူက " အဖြူ" ကိုင်ကစားမှာဆိုတော့ တိုက်စစ်အလှည့်၊ ကိုယ်က အနက်နဲ့ကစားရမှာဆိုတော့ ခံစစ်၊
Planetary position ကလဲ May, June လောက်မှာ အချက်ပြထားတယ်၊
ကဲ...
ကြိုးစားကြဦးရဲ့ ။
BaMg ( 23.4.25 ) ☯️

မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိမှု
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဟု Tiktok အကောင့်မှ တစ်ဆင့် မဟုတ်မမှန်သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရ ဧပြီလ ၂၂ ရက် ၁၀၀၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ တိုးချဲ့ ကွက်သစ်ရပ်၊ နယ်မြေ(၂၁)၊ ရွှေညောင်ပင် လမ်းရှိ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ တရားခံ John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မုံရွာမြို့ပေါ်၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ၂၀ ကြိမ်ခန့်လိုက်ပါ ဆောင်ရွက်ခဲ့ သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခဲ့သော်လည်း အသက်မပြည့်သူ ကလေးသူငယ်ဖြစ်သဖြင့် မိဘအုပ်ထိန်းမှုအောက်တွင် ကောင်းမွန်စွာနေထိုင်ရန် မုံရွာခရိုင်တရားရုံးမှ အမိန့်ချမှတ်ခြင်းခံခဲ့ရသူဖြစ်ကြောင်း သိရှိရပါသည်။
၎င်းအပြင် ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်တွင် ကော့ကရိတ်မြို့မှတစ်ဆင့် KNDO တပ်ရင်း(၆)သို့ သွားရောက်ခဲ့ပြီး အဆိုပါ KNDO တပ်ရင်း(၆)၌ ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းအား သင်တန်းသား ၇၅ ဦးနှင့်အတူ တက်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက်အဖွဲ့အစည်းများ အတွက် အွန်လိုင်းမှ တစ်ဆင့် အလှူငွေများ ကောက်ခံထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်ခန့်တွင် မုံရွာမြို့သို့ ပြန်လည်ရောက်ရှိ နေထိုင်စဉ် အောက်တိုဘာလ ၃၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ ရကြောင်း၊ ၎င်းနောက် နိုဝင်ဘာလ ၁၄ ရက်တွင် မုံရွာမြို့၊ အမှတ်(၁)ရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)/၅၂(က)တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မုံရွာခရိုင်တရားရုံးမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည့်အတွက် မန္တလေးမြို့ရှိ လူငယ် ထိန်းသိမ်းရေးသင်တန်းကျောင်း၌ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံခဲ့ရကာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရှိရပါသည်။
ဂျွန်မိုးသဲအနေဖြင့် ထောင်မှလွတ်မြောက်ပြီးနောက် ဗေဒင်လက္ခဏာပညာအား အသုံးချ၍ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် J
Johnmoe5.t အမည်ဖြင့် Tiktok အကောင့်ဖွင့်လှစ်ကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်သည့် Post များအားလည်းကောင်း၊ မြေငလျင်နှင့်ပတ်သက်သည့် Post များအားလည်းကောင်း အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၎င်းအား ဥပဒေအရထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး နောင်အလားတူ မဟုတ်မမှန်သတင်း အမှားများ ရေးသားဖြန့်ဝေသူများကိုလည်း စိစစ်ဖော်ထုတ်၍ ထိထိရောက်ရောက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သတင်း အတုသတင်းအမှားများကို မသမာသူများမှ ဖြန့်ဝေရေးသားဖော်ပြလျက်ရှိသဖြင့် ယုံကြည်မှုမရှိရန် နှင့်သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်သည့်သတင်းများအား သက်ဆိုင်ရာမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ တိကျစွာထုတ်ပြန်ပေးလျက်ရှိကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။

ရန်ကုန်တိုင်း၊ ဒလမြို့သောက်ရေကန်ကြီးကို မြေဖို့ခဲ့သော ဒေါ်စန်းစန်းနွယ်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ ငွေဒဏ် ၃ သိန်းချမှတ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ က PeopleMedia ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ဒေါ်စန်းစန်းနွယ်ကို ရန်ကုန်မြို့တော် စည်ပင်မှ နှစ် ၆၀ ဂရန် ထုတ်ပေးခဲ့သည်။
အဆိုပါ ဂရန်ကို တိုင်းအစိုးရမှ ပြန်လည်ပယ်ဖျက်လိုက်သည်။
People Media
ဂရမ်ချပေးဘို့စထောက်ခံသူတွေနဲ့သိသိနဲ့ဂရမ်ချပေးတဲ့တာဝန်ရှိသူကိုအရေးယူသင့်တာ
Saw Ka Zaw
ဒေါ်စန်းစန်းနွယ်ကို ရန်ကုန်မြို့တော် စည်ပင်မှ နှစ် ၆၀ ဂရန် ထုတ်ပေးခဲ့သည်။
အဆိုပါ ဂရန်ကို တိုင်းအစိုးရမှ ပြန်လည်ပယ်ဖျက်လိုက်သည်။
People Media
ဂရမ်ချပေးဘို့စထောက်ခံသူတွေနဲ့သိသိနဲ့ဂရမ်ချပေးတဲ့တာဝန်ရှိသူကိုအရေးယူသင့်တာ
Saw Ka Zaw
Forwarded from Michael Saw (M S)
This media is not supported in your browser
VIEW IN TELEGRAM
ပါလက်စတိုင်းသမ္မတကဟားမတ်စ်တို့ကိုဆဲရေးတိုင်းထွာ
NOM
ပါလက်စတိုင်းသမ္မတမာမွတ်အဘက်စ်ကဂါဇာဒေသကိုစစ်တလင်းဖြစ်အောင်လုပ်ခဲ့သောဟားမတ်စ်တို့ကိုဒေါသူပုန်ထပြီးအခန်းအနားတစ်ခုတွင်ခွေးမသားတွေ၊မင်းတို့ဖမ်းထားတဲ့ဓါးစာခံတွေကိုအကုန်ပြန်လွှတ်၊လက်နက်တွေကိုပါလက်စတိုင်းအစိုးရကိုအပ်ပြီးလက်နက်ချကြဟုပြောခဲ့သည်။
NOM
NOM
ပါလက်စတိုင်းသမ္မတမာမွတ်အဘက်စ်ကဂါဇာဒေသကိုစစ်တလင်းဖြစ်အောင်လုပ်ခဲ့သောဟားမတ်စ်တို့ကိုဒေါသူပုန်ထပြီးအခန်းအနားတစ်ခုတွင်ခွေးမသားတွေ၊မင်းတို့ဖမ်းထားတဲ့ဓါးစာခံတွေကိုအကုန်ပြန်လွှတ်၊လက်နက်တွေကိုပါလက်စတိုင်းအစိုးရကိုအပ်ပြီးလက်နက်ချကြဟုပြောခဲ့သည်။
NOM
Forwarded from Michael Saw (M S)
အကြမ်းဖက်တိုက်ခိုက်ခံရမှုကိုအိန္ဒိယကဒေါသတကြီးတုန့်ပြန်
NOM
အိန္ဒိယနယ်စပ်ဂျမူးနှင့်ကက်ရှ်မီးယားတွင်မူဆလင်စစ်သွေးကြွများကဟိန္ဒူတို့အပေါ်အကြမ်းဖက်တိုက်ခိုက်မှုအတွက်အိန္ဒိယကနယ်စပ်အားလုံးကိုပိတ်လိုက်သည်။အိန္ဒိယရှိပါကစ္စတန်သံတမန်အားလုံးကိုနှင်ထုတ်ပြီးပါကစ္စတန်ရှိအိန္ဒိယသံတမန်အားလုံးကိုပြန်ခေါ်လိုက်သည်။အိန္ဒုမြစ်ရေခွဲဝေသုံးစွဲရေးပါကစ္စတန်နှင့်သဘောတူစာချုပ်ကိုလည်းရပ်ဆိုင်းလိုက်သည်။
၁၉၆၀ခုနှစ်မြစ်ရေသုံးစွဲရေးစာချုပ်တွငိအိန္ဒိယသည်မြစ်ကြီးသုံးစင်းမှရေကိုစိတ်ကြိုက်သုံးသွဲခွင့်ရှိသည်။သို့သော်အဆိုပါရေများကိုမည်သည့်ကန့်သတ်ချက်မှမလုပ်ပဲပါကစ္စတန်သို့ဆက်လက်စီးဆင်းစေရမည်ဟုပါသည်။ယခုအခါအိန္ဒုမြစ်ရေကိုပါကစ္စတန်သို့မစီးဆင်းရန်အိန္ဒိယကဆည်နှစ်ခုဖြင့်ရေလမ်းလွှဲရန်စဥ်းစားလျက်ရှိသည်။

အိန္ဒိယနိုင်ငံက ပါကစ္စတန်နှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချပြီး ပြန်လည်တုံ့ပြန်မှုများ ကြေညာ
NOM
(ဘာသာပြန်ဆောင်းပါး)
ဧပြီလ၂၂ရက်နေ့လယ်ကဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၆ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယအစိုးရက ပါကစ္စတန်နှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချကာ ပြန်လည်တုံ့ပြန်မှုများအား ကြေညာခဲ့သည်။
အဓိက ပြန်လည်တုံ့ပြန်မှုများ
၁။ သံတမန်အဖွဲ့ဝင်များ လျှော့ချခြင်း
- ပါကစ္စတန်သံရုံးမှ ကာကွယ်ရေးအကြံပေးများအား persona non grata(မလိုလားအပ်သူ) အဖြစ် ကြေညာခဲ့ပြီး သံတမန်အဖွဲ့ဝင် ၅၅ ဦးမှ ၃၀ ဦးသို့ လျှော့ချမည်။
- စစ်ဘက်ဆိုင်ရာ အကြံပေးများအား တစ် ပတ်အတွင်း အိန္ဒိယမှ ထွက်ခွာရန် အမိန့်ချမှတ်ခဲ့သည်။
၂။ SAARC ဗီဇာကင်းလွတ်ခွင့် ရုပ်သိမ်းခြင်း
- SAARC (တောင်အာရှနိုင်ငံများအသင်း) ဗီဇာကင်းလွတ်ခွင့်စနစ်အောက်ရှိ ပါကစ္စတန်နိုင်ငံသားများအား ဗီဇာများကို ပယ်ဖျက်ခဲ့သည်။
- ယခုအခါ အိန္ဒိယတွင် ရှိနေသော ပါကစ္စတန်သံအမတ်ကြီးနှင့်ပါကစ္စတန်နိုင်ငံသားများအား ၄၈ နာရီအတွင်း နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားခဲ့သည်။
၃။ ဝါဂါ-အတ္တာရီ နယ်စပ်ဂိတ်ပိတ်ခြင်း
- ပါကစ္စတန်နှင့် အိန္ဒိယကြား အဓိက နယ်စပ်ဖြစ်သော ဝါဂါ-အတ္တာရီ နယ်စပ်ဂိတ်အား ချက်ချင်းပိတ်သိမ်းခဲ့သည်။
- လက်ရှိနယ်စပ်မှ တရားဝင်ဝင်ရောက်ထားသူများအား ၂၀၂၅ ခုနှစ် မေလ ၁ ရက်မတိုင်မီ ပြန်လည်ထွက်ခွာရန် သတ်မှတ်ပေးထားသည်။
၄။ အိန္ဒုမြစ်ရေသုံးစွဲရေးစာချုပ်
- ၁၉၆၀ ပြည့်နှစ်က ချုပ်ဆိုခဲ့သော အိန္ဒုမြစ်ရေအသုံးချမှုစာချုပ်အား ပါကစ္စတန်က နယ်စပ်အကြမ်းဖက်မှုကို နှိမ်နှင်းသည်အထိ ယာယီရပ်ဆိုင်းလိုက်သည်။
ဖြစ်စဉ်အကျဉ်း
- အင်္ဂါနေ့နေ့လယ်က ကက်ရှ်မီးယား၌ ခရီးသွား ၂၆ ဦး အပါအဝင် ပြည်သူများ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့်သေဆုံးခဲ့ပြီး၊ The Resistance Front (ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba အဖွဲ့ခွဲ) က သူတို့တိုက်ခိုက်ခဲ့ကြောင်းကြေညာသည်။
- ဤတိုက်ခိုက်မှုသည် လွန်ခဲ့သော ၁၀ နှစ်အတွင်း အပြင်းထန်ဆုံးသော အကြမ်းဖက်မှုတစ်ခုဖြစ်သည်။
ဤအမိန့်များသည် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေးကို ပိုမိုတင်းမာစေပြီး နိုင်ငံတကာက စောင့်ကြည့်လျက်ရှိသည်။

( သမိုင်းကိုသိရင် မူဝါဒကိုသိနှိုင်တယ် )
US-China head to head ပြသနာကတော့ အဖြေထွက်သွားပြီ၊
သတိမထားမိကြလို့ပါ
Panda diplomacy ကနေ Wolf Warrior diplomacy ကိုပြောင်းလိုက်ကထဲက သူ့အင်အားကို သူယုံကြည်သွားလို့ "အမာလိုင်း" လိုင်းကိုပြောင်းလိုက်တာလို့ သိနိုင်ပါတယ်၊
တရုတ်ကို ခေတ်သစ်တရုတ်ဖြစ်အောင် မျိုးစေ့ကောင်း ချပေးလိုက်တဲ့ တိန့်ရှောက်ဖိန် ရဲ့စကားကြီး (၃) ခွန်းကို လေ့လာမိသူတွေအနေနဲ့လဲ ဒီပွဲမှာ တရုတ်ဖက်က နောက်မဆုတ်ဖူးဆိုတဲ့အပေါ်တွက်ချက်နိုင်ကြပါလိမ့်မယ်၊
တိန့်ရဲ့ စကား (၃) ခွန်းက
ငွေစုပါ ( အင်အားတည်ဆောက်ခိုင်းတာ )
( အချိန်မတန်သေးခင် ) အနောက်အုပ်စုနဲ့ ထိတ်တိုက်တွေ့ခြင်းကိုရှောင်ကြဉ်ပါ
( အင်အားရှိလာချိန်မှာ ) အမျိုးသားအကျိုးစီးပွားကိုထိခိုက်လာမယ်ဆိုရင် ( At any price ) ရေကုန်ရေခမ်း တုန့်ပြန်ပါ
Xi က အဲ့ဒီအတိုင်း ထရမ့်ကို တုန့်ပြန်ခဲ့တာ တွေ့ရပါလိမ့်မယ်၊ နောက်တခုက တရုတ်တွေရဲ့အမေရိကန်အပေါ် ချုပ်ကွက်တွေ၊ ဝှက်ဖဲတွေကို မြင်ရင်လဲ အဖြေပေါ်ပြီးသား ပုစ္ဆာပဲဖြစ်ပါတယ်၊
အရင်ရက်တွေမှာကထဲက တွက်ဖို့မလိုတဲ့ အဖြေထွက်ပြီး ပုစ္ဆာပါလို့ ရေးထားပြီးဖြစ်ပါတယ်၊
မြန်မာအပါအဝင် နိုင်ငံတော်တော်များမှာ တရုတ်ချုပ်ကွက်တွေရှိထားတယ်၊အပေါ်ယံအမြင်ထက်အများကြီးပိုတယ်၊ ဒါကြောင့်တရုတ်က နိုင်ငံတွေကို...
" အမေရိကန်နဲ့ညှိနှိုင်းတဲ့နိုင်ငံမှန်သမျှကို တုန့်ပြန်အရေးယူသွားမယ်"....
.... လို့ရဲရဲတောက်ပြောနိုင်ခဲ့တာပါ၊
Xi နဲ့ Trump ကမတူတဲ့ Position တွေပါ၊ Trump ကဘွာတေးခတ်လို့ ဘာမှမဖြစ်ပေမဲ့ Xi ရဲ့နိုင်ငံရေးပါဝါတည်ဆောက်ပုံက ဘွာတေးဆိုတာနဲ့ ထိုင်ခုံက လွှင့်သွားနိုင်ပါတယ်၊

( မိုဒီကြီး ပွဲကြမ်းနေတယ် )
ထူးထူးခြားခြား ဒီတခါမိုဒီကြီးက အင်္ဂလိပ်လို တလုံးချင်း လက်ညှိုးတထောင်ထောင်နဲ့ပြောသွားတာ ( ပုံမှန်က ပြည်တွင်းမှာဆိုရင် သူ့ဘာသာနဲ့ပဲပြောလေ့ရှိတယ် )
အဓိက ကတော့ အကြမ်းဖက်တွေကို ပြတ်သားတဲ့ အပြစ်ပေးရမယ်၊ အကြမ်းဖင်တွေရော သူတို့ကြောထောက်နောက်ခံတွေရောကိုပါ သတိပေးလိုက်တာပါ၊ ကမ္ဘာကိုသိစေချင်တဲ့အတွက် အင်္ဂလိပ်လိုပြောတာဖြစ်ပါတယ်၊
အိန္ဒိယမှာ ဟိန္ဒူနဲ့ အစ္စလမ်တို့ ပွဲကြမ်းတွေမကြာခဏဖြတ်သန်းကြရလေ့ရှိတယ်၊ အခုလဲ ပွဲကြမ်းကိုဖြတ်နေကြတယ်၊
ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ်ဘဝတုန်းက ဟိန္ဒူ-မွစ္စလင် အရေးအခင်းမှာ မွစ္စလင် "ထောင်" ချီသေဆုံးခဲ့လို့ အမေရိကန်က ဗီဇာပိတ်ခဲ့သေးတယ်၊ အိန္ဒိယရဲ့ ဝန်ကြီးချုပ်ဖြစ်လာတော့မှ ဗီဇာပြန်ဖွင့်ပေးလိုက်တာပါ၊
အိန္ဒိယက အကြမ်းဖက်တွေကို ပါကစ္စတန်က အားပေးအားမြှောက်လုပ်နေတာကို နာမယ်မဖေါ်ပဲ မိုဒီက သတိပေးတဲ့သဘောပါ၊ OIC ကိုလဲရည်ရွယ်ဟန်ရှိပုံရတယ်၊
အိန္ဒိယနဲ့ပါကစ္စတန်လဲ တင်းမာနေပါတယ်၊ မထင်မှတ်ပဲ အဲ့ဒီ Flash point မှာ ပွဲတပွဲဖြစ်သွားနိုင်ပါသေးတယ်၊