April-20
▪️ဧရာဝတီတိုင်း လေးမျက်မှာမြို့နယ် ပန်းတောကြီးရွာကို ဝင်ရောက်တိုက်ခိုက်နေတဲ့ စစ်သွေးကြွသူပုန် အေအေနဲ့ ပဒက်တွေ ပြန်လည်ဆုတ်ခွာသွားကြပြီ။ ဦးကျော်ဝင်းနိုင်ဆန်စက်အတွင်း နေရာယူထားသော သူပုန်များလည်း ဆုတ်ခွာသွားပါပြီ။
ဘုန်းကြီးတစ်ပါးနှင့် ကျောင်းဆရာမအပါအဝင် ရွာသား ၅ယောက်အားဖမ်းဆီးခေါ်ဆောင်သွားပြီး စမ်းကလေးရွာဘက်သို့ ဆုတ်ခွာသွားပါတယ်။ ရန်သူအင်အား ၁၀၀ ကျော်ကျဆုံးခဲ့ပါတယ်။
မိမိတပ်ဘက်မှ ကျဆုံးမရှိပါ။
တိုက်ပွဲပြင်းထန်ချိန် အမြှောက်တပ်မှာ ပစ်ကွင်းကောင်းစေဖို့ ခေတ္တခဏ နေရာရွှေ့နောက်ဆုတ်ခဲ့ရတယ်။ ရွာဘောလုံးကွင်းတွင် ၃၄၄ တပ်မှ လက်နက်ကြီးများနဲ့ ပစ်ကူပေးခဲ့သည်။ ရန်သူများနောက်ဆုတ်ချိန် လက်နက်ကြီးထိမှန်၍ ယခင်ဖမ်းဆီးထားသူ ခြောက်ယောက်မှ သုံးယောက်ပြန်လည် လွတ်မြောက်လာခဲ့သည်။
20.04.2025
▪️KoMaungMaung

Credit ###Tin Ko Win
ရခိုင်ပြည်နယ်ထဲမှာ AA လက်အောက်စရောက်တာ
တနည်းအားဖြင့် ပထမဆုံး အတိုက်ခံရတဲ့ မြို့ဟာ
ပေါက်တောမြို့ပါပဲ ….
ကျနော့် အမြင်/အကြားအရ ရခိုင်ပြည်နယ်ထဲက မြို့တွေ ကျရတဲ့ အကြောင်းအရင်းထဲက ၆၀ရာနှုန်းဟာဒေသခံလူမျိူး တွေ နဲ့ အိမ်ထောင်ကျခဲ့တဲ့ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံရခိုင်လူမျိုးတာဝန်ထမ်းဆောင်သူတွေ ရဲ့ သစ္စာရှိမှု /မရှိမှုဟာ စကားပြောသွားတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၉ ရက် လူပေါင်း
၉၀၀ ကျော် သေဆုံးရတဲ့ ဖြစ်စဉ်မှာလဲ အဲ့ဒီရေယာဉ် ပေါ်မှာကို မိမိသတင်းကို တောက်လျောက်ပေးနေတဲ့ သူ ရှိတုံးပါ ၊ တပ်မမှူး ရဲ့ အနီးကပ်မှာကို ရှိနေတာပါ
ဆက်ရရင် ပေါက်တောဟာ တပ်မရှိတဲ့မြို့ပါ။ လုံခြုံရေးဆိုလို့ ရဲစခန်းပဲ ရှိပါတယ်။ ပေါက်တော မြို့ကို ဝင်မသိမ်းခင်ညမှာပဲ AA ဟာ နားလည်မှူ ယူထားပြီးပါပြီ(အကျယ်မပြောပြလိုပါ)။
ရဲစခန်းမှာသာမက မြို့ထဲမှာရှိတဲ့ ဌာနဆိုင်ရာအားလုံးရဲ့ ဝန်ထမ်းအင်အား၊ စက်ပစ္စည်းစာရင်း ကအစ တိုက်ပွဲ တွေ မစခင်ကတည်းက စာရင်းကောက်ထားပါတယ် (မြို့နယ်တိုင်းမှာပါ)
ပေါက်တောကို မနက် ၈ နာရီခွဲလောက်မှာ ကမ်းခြေ ဖက်က အတက်ပြ သေနတ် လေးငါးချက်ဖောက်ပြ ပြီးသိမ်းတာပါ၊ မြို့ထဲနေထိုင်သူတွေကို စစ်တပ်က ဗုံးကြဲ လိမ့်မယ်ဆိုပြီး ပြေးခိုင်းပါတယ်၊
ကျနော်နဲ့ သိတဲ့လူတွေအားလုံးလိုလို အဝတ်တစ်ထည်ကိုယ်တစ်ခု နဲ့ ပြေးကြရပါတယ်
နီးစပ်ရာ ရွာတွေမှာ ကြုံသလို စားသောက်ကြရပါတယ်။
မနက် ၁၀နာရီခွဲလောက်မှာ လေယာဉ်ဝဲပေမယ့် မပစ်သွားပါဘူး။ အဲ့နေ့ညနေလောက်မှပဲ လက်နက်ကြီးတွေ ပစ်ပြီး ပြန်လည်တိုက်ခိုက်ဖို့
စလုပ်နိုင်ပေမယ့် မြို့ကို တော့ ပြန်မရတော့ပါဘူးးး
ဒီလိုနဲ့ စစ်တွေနဲ့ ရေမိုင် ၁၂ မိုင်သာဝေးတဲ့ ပေါက်တော ဟာ လွယ်လွယ်လေးနဲ့ ဆုံးရှူံးသွားခဲ့ပါတယ်

.
☯️
( မြန်မာ့နယ်မြေထဲက ခရိုင်းမီးယားနဲ့ ကိုဆိုဗို )
( ၃ )
.
.
💂♀️ ပစ္စုပ္ပန်နှင့်ဖြစ်နိုင်ဖွယ်ရာအနာဂတ်
*******
( ၃ )
မပြောင်းလဲသည့်အရာမရှိ၊ ထာဝရ ရန်သူ-မိတ်ဆွေလည်းမရှိ၊ ထာဝရအကျိုးစီးပွားသာ ရှိသည်၊ ဂျပန်တို့ အင်အားတောင့်စဉ်ကလည်း အဝေးနိုင်ငံများကို ကျူးကျော်ခဲ့သည်၊ ဗြိတိသျှတို့ကတော့ ပြောဖွယ် ရာမရှိ၊ နေမဝင်အင်ပါယာဟု ခေါ်တွင်ရသည်အထိ ကိုလိုနီနယ်ချဲ့ခဲ့ကြသည်၊ ယခု တရုတ်အခြေအနေသည် ယခင်တရုတ်အခြေအနေမဟုတ်၊
ယခု မြန်မာ့နိုင်ငံရေးအခြေအနေသည်လည်း ယခင် မြန်မာ့နိုင်ငံရေးအခြေအနေမျိုး မဟုတ် ပြန်၊
မြန်မာ့ပြည်တွင်းရေးသည် အနောက်အုပ်စု၏ဩဇာ တစ်စုံတစ်ရာအထိ သက်ရောက်ခံနေရ သည်၊ ဤအချက် မငြင်းနိုင်၊ ဆက်စပ်သည့်အရာတစ်ခုက ရခိုင်ဒေသအခြေအနေဖြစ်သည်၊ သာမန်ငြိမ်သက်မှု မရှိသည့် အဆင့်မျိုးမဟုတ်ဘဲ မောင်တောဒေသကို ခွဲထွက်ရေး (သို့မဟုတ်) ကုလတပ်များ ဝင်ရောက် လာသည့်အခြေအနေမျိုး ဖြစ်လာခဲ့လျှင် … ကိုးကန့်နယ်မြေအပေါ် တရုတ်တို့ သဘောထားပြောင်းပြီး တွန်းအားတစ်ရပ် ဖြစ်လာနိုင်သည်၊ Pre-emption ဟူသော လက်ဦးမှုရယူရေးကို ဦးစားပေး စဉ်းစား နိုင်လာခွင့် ရှိနေသည်။
ကိုးကန့်သည် ခရိုင်းမီးယား ဖြစ်လာနိုင်သလား ဟူသောမေးခွန်း၏အဖြေမှာ …
မြန်မာနိုင်ငံ၏ တည်ငြိမ်မှု ဘယ်လောက်စိုးရိမ်ရေမှတ်ရှိသလဲ ဟူသည့်အခြေအနေပေါ် မူတည် သလို ရခိုင်ဒေသအပေါ် မည်မျှတည်ငြိမ်အောင် ထိန်းချုပ်နိုင်သလဲ ဟူသည့်အခြေအနေပေါ်လည်း များစွာ မှီတည်နေသည်ဟု အနီးစပ်ဆုံး ခန့်မှန်းနိုင်သည်။
.
.
💂♀️ အစိုးရ၏ရပ်တည်ချက်နှင့်နောက်ခံ
*******
ယခုအစိုးရသည် NLD အစိုးရဖြစ်သည်၊ ဦးဆောင်သူသည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး၊ ငယ်စဉ်ကတည်းက အနောက်နိုင်ငံတွင် ပညာသင်ကြားလာကာ အင်္ဂလိပ်လူမျိုးနှင့် အိမ်ထောင်ကျလာသူ ဖြစ်၏၊ တရုတ်ထက် အနောက်အုပ်စုနှင့် များစွာ ပိုရင်းနှီးသည်၊ ပို၍အလေးပေးသည် ဟူသောမြင်ကွင်းကို ငြင်းမရ၊
ဦးသိန်းစိန်လက်ထက် မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ခဲ့ရသည် ၊ မည်သူတွေ ဆန္ဒပြခဲ့သည်၊ မည်သည့် အဖွဲ့အစည်းများ ပါဝင်ခဲ့သည်၊ မည်သည့်အဖွဲ့အစည်းများ ပံ့ပိုးခဲ့သည်ကိုလည်း လူတိုင်းနီးပါးမျှ သိထားနှင့် ပြီး ဖြစ်နေပြန်သည်၊ အစိုးရ၏ ရပ်တည်ချက်သည် မိမိတို့ဘက်မှာမရှိ ဟူသောအယူအဆကို တရုတ်တို့ မလွဲမသွေ သုံးသပ်ထားပြီး ဖြစ်လိမ့်မည်။ လုပ်ရပ်ပေါင်းများစွာ၊ လျှို့ဝှက်စုံစမ်းမှု ထောက်လှမ်းရေးသတင်း များက နိုင်ငံကြီးတိုင်း အသုံးပြုလေ့ရှိသဖြင့် သူတို့က ကိုယ့်ထက်ပင် ပို၍သိသူများ ဖြစ်လေ့ရှိပါသည်၊
ယခင် စစ်အစိုးရလက်ထက် နှစ်ပေါင်း (၂ဝ) ကျော်၊ ဦးနေဝင်းအစိုးရလက်ထက် နှစ်ပေါင်း (၂ဝ) ကျော်ကာလသည် ဆက်ဆံရေး တစ်စုံတစ်ရာ ကောင်းမွန်အောင် ထူထောင်နိုင်ခဲ့သဖြင့် မြန်မာ့နိုင်ငံရေးကို တရုတ်တို့ စိတ်ချထားခဲ့သည့် အခြေအနေမှသည် ယခု NLD အစိုးရ တက်လာသည့်အခါ စိတ်မချရသည့် အခြေအနေထက် သတိထားစောင့်ကြည့်ရမည့် အခြေအနေမျိုးအထိ တွန်းပို့ခြင်းခံလိုက်ရပြီဟု ယူဆသည်၊ လုပ်ချင်လျှင်လည်း လုပ်လို့ရသည့်အခြေအနေထိ တရုတ်တို့ကို စီးပွားရေးက အင်အားပေးထားပြန်ခြင်း သည် မြန်မာ့နိုင်ငံရေးအတွက် စိတ်ချလက်ချ တွက်ဆနိုင်သည့် အခြေအနေမျိုး မဟုတ်တော့ဟု မြင်ပါ သည်။
CIA ၏တာဝန်သည် လက်နက်ကိုင်တပ်စုံသို့ ရောက်ရှိရန် ဖြစ်သည်၊ ဒါက သူ့အလုပ်၊ “ဝ” နှင့် “ကိုးကန့်” တို့၏ အတွေးအခေါ်သဘောတရားနှင့် KIA ၏ ယူဆချက်တို့ တစ်ထပ်တည်းမကျခဲ့၊ KIA အနေဖြင့် ယိမ်းသွားသည့်ဖြစ်စဉ် အတော်များများ ရှိလာသည်၊ သို့သော်လည်း ပထဝီအနေအထားက KIA ကို ယိမ်းလိုသည့်ဘက် များစွာအခွင့်အရေးမပေးခဲ့၊ သို့နှင့် KIA ကစဉ့်ကလျား ဖြစ်လာခဲ့ရသည်၊
ယခု UNFC ဖွဲ့စည်းပုံပြောင်းခြင်းသည် အတွေးသင့်၍ ပြောင်းခြင်းမျိုးမဟုတ်၊ လက်တွေ့ ကျကျ တစ်စုံတစ်ရာကို အကောင်အထည်ဖော်ရန် ရည်စူးပြောင်းလဲခြင်းဖြစ်သည်ဟု ရှုမြင်ရပါလိမ့်မည်။ အစိုးရအနေဖြင့် နိုင်ငံရေးပါးမဝခဲ့လျှင် တရုတ်တို့အနေဖြင့် သဘောထားပြောင်းလဲနိုင်သည်၊ လုပ်ရပ်များ လည်း ပြောင်းလဲသွားနိုင်ပါသည်။ အစိုးရ၏မူဝါဒ၊ နိုင်ငံရေးပညာ၊ နိုင်ငံခြားရေးဆက်ဆံမှု များစွာ အရေးကြီးသည်ဟု ဆိုချင်သည်။ အနောက်ယိမ်း KIA ကိုမြန်မာ့တပ်မတော်နှင့်စစ်ရေးအရထိတွေ့စေပြီး အင်အားနည်းကစင့်ကလျှားဖြစ်သည့်အချိန်မျိုးတွင် UWSA လှုပ်ရှားလာကာ UNFC ဥက္က|ရာထူး လွှဲပြောင်းရယူလိုက်ခြင်းသည် . . .
• 😶ပထဝီနိုင်ငံရေးအခြေအနေအားသာချက်ဖြင့်အချိန်မရွေး ကိုယ့်ဖက်ဟန်ချက် ဆွဲယူ၍ ရသည်ဟူသော အရှိတရားတခုကိုအနောက်ဘက်အုပ်စုအားပြသလိုက်ခြင်း၊
• 😶အစိုးရ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲများရလဒ်မှာ UNFC အထူးသဖြင့် UWSA အပေါ် များစွာမူတည်နေပြီး Bargaining chip မှာအနောက်ယိမ်း KIA ထံတွင်မရှိတော့ကြောင်းပြတ်ပြတ်သားသားပြသလိုက်ခြင်း၊
😶အစိုးရအနေဖြင့်အတိုင်းအတာတခုထက်ကျော်လွန်၍အနောက်အုပ်စုအလိုကျဖြစ်လာပါကလိုအပ်လျှင်စစ်ရေးအရမည်မျှဆောင်င်္ရက်နှိုင်ကြောင်းသွယ်ဝိုက်သတိပေးထားခြင်းဟူသော တချက်ရွေ့(၃)ကွက်ရောက်ဖြစ်သည်ဟုယူဆမိပါ၏။
( ဆက်ရန် )
နေဇင်လတ် ( 10.3.17 )

Golden Jubilee of The Fall of Saigon
ရွှေရတုချိန်ခါ ရောက်ရှိလာတဲ့ ဆိုင်ဂုံ ကျဆုံးခန်း
သတ္တိရှိလို့ အင်အားကြီး အမေရိကန် နဲ့ စစ်တိုက်ခဲ့တယ်၊ သတ္တိရှိလို့ ဒီကနေ့မှာ အမေရိကန်နဲ့ စစ်ရေးအရ ပူးပေါင်းနေတဲ့ ဗီယက်နမ်
အာရှပစိဖိတ်ဒေသမှာ ဂျပန် တောင်ကိုးရီးယား သြစတြေလျ တို့နဲ့ တန်းတူအဆင့်မြင့် အမေရိကန်ရဲ့စစ်ရေးမဟာမိတ် ဖြစ်လာတဲ့ ဗီယက်နမ်
လာမယ့် ၂၀၂၅ အေပရယ်လ် ၃၀ ရက်ဟာ ... တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံ (ယခု ဟိုချီမင်းမြို့ Ho Chi Minh City) ... မြောက်ဗီယက်နမ်စစ်တပ်လက်ထဲကျရောက်ပြီး ... အမေရိကန်စစ်တပ်နဲ့တောင်ဗီယက်နမ်စစ်တပ်တို့ စစ်ရှုံးခဲ့ရတာ နှစ်ပေါင်း ၅၀ ပြည့်တဲ့နေ့ပါ ...
၁၉၇၅ အေပရယ်လ် ၃၀ ရက်နေ့က မြောက်ဗီယက်နမ်တပ်တွေ ဆိုင်ဂုံမြို့တော်ထဲ ဝင်ရောက်လာပြီး ... တောင်ဗီယက်နမ်သမ္မတ ငုယင်ဗန်သီယူး ထွက်ပြေးသွားပြီဖြစ်တဲ့ Presidential Palace သမ္မတနန်းတော်ကို ... မြောက်ဗီယက်နမ်တင့်ကားတွေ ဝင်ရောက်သိမ်းပိုက်နေကြတဲ့ ပုံ..
ဆိုင်ဂုံအမေရိကန်သံရုံးနဲ့ မိုင်ဝက်အကွာက တိုက်တစ်လုံးရဲ့ခေါင်မိုးပေါ်ကနေ နောက်ဆုံးပျံသန်းထွက်ခွာမယ့် အမေရိကန် Marines ကမ်းတက်တပ်ရဟတ်ယာဥ်နဲ့ လိုက်ပါခွင့်ရဖို့ ... တောင်ဗီယက်နမ်နိုင်ငံသားတွေ အမေရိကန်သံရုံးထဲ ဇွတ်အတင်း ဝင်ရောက်နေကြတဲ့ ပုံ ...
စစ်ဘေးရှောင်ဒုက္ခသယ်တွေကို တင်ဆောင်ဖို့ အမေရိကန်စစ်သင်္ဘောတွေပေါ်မှာ နေရာလပ်တွေရရှိရေး စစ်သင်္ဘောတွေပေါ်က စစ်ရဟတ်ယာဥ်တွေကို ပင်လယ်ထဲတွန်းချပစ်ချခဲ့ရတဲ့ ပုံ...
စတဲ့ သတင်းဓါတ်ပုံတွေဟာ ... ကမ္ဘာတစ်ဝန်းမှာ ပလူပျံခဲ့ ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြရပါတယ် ...
နောက်ထပ်နှစ် ၅၀ အကြာတဝိုက်လောက်မှာ နောက်ထပ်ရင်ခုန် စိတ်လှုပ်ရှားခဲ့ကြရတာကတော့ ... တောင်နဲ့မြောက် ဗီယက်နမ် ၂နိုင်ငံ ပေါင်းစည်းပြီးခဲ့တဲ့နောက် ... တစ်ခုတည်းသော ကွန်မြူနစ်ဗီယက်နမ်နိုင်ငံဟာ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ အရေးအပါဆုံးသော စစ်ရေးမဟာမိတ်နိုင်ငံဖြစ်လာခဲ့တာပါ ...
ဗီယက်နမ်စစ်ပွဲကာလက ကွန်မြူနစ် East Bloc အရှေ့အုပ်စုခေါင်းဆောင် ဆိုဗီယက်ယူနီယံ(ရုရှ)က ... တစ်ရက်ကို ထိုစဥ်က အမေရိကန်ဒေါ်လာတစ်သန်းဖိုး (ယနေ့ခေတ် ဒေါ်လာ ၈သန်း၃သိန်းကျော် - $8,371,485.41နှင့်ညီမျှ - Ref:
Amortization.org) စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးပို့ရာမှာ ... ဆိုဗီယက်ကနေ တရုတ် နဲ့ လာအိုနိုင်ငံထဲဖြတ်ပြီး နာမည်ကျော် ဟိုချီမင်းလမ်းမကြီးကနေ မြောက်ဗီယက်နမ်ဆီကို ချောချောမောမောရောက်အောင် တရုတ်က တာဝန်ယူတာဝန်ခံပြီး ပေးပို့ခဲ့ရတာပါ၊ တရုတ်ရဲ့ကျေးဇူးတွေ ဗီယက်နမ်မှာ တစ်လှေကြီးပါ ...
သို့သော်လည်း ၁၉၇၅ ဗီယက်နမ်စစ်ပွဲပြီးတဲ့နောက် လူသတ်ကွင်း Killing Field လို့ နာမည်ဆိုးနဲ့ကျော်ကြားနေခဲ့တဲ့ ကမ္ဘောဒီးယားကို ... ၁၉၇၈ မှာအိမ်နီးချင်းဗီယက်နမ်က ဝင်ရောက်တိုက်ခိုက်ပြီး ... ကမ္ဘောဒီးယားနိုင်ငံသား ၂သန်းကို သတ်ဖြတ်ခဲ့တဲ့ တရုတ်သြဇာခံ ခမာနီ ပိုပေါ့အစိုးကို ဖြုတ်ချလိုက်တဲ့အခါ ...
တရုတ်က ဗီယက်နမ်ကို ဆုံးမမယ်ဆိုပြီး ... ၁၉၇၉ မှာ တရုတ်စစ်တပ် PLA ရဲ့ တပ်မကြီး၃ခုနဲ့ ... ၂နိုင်ငံနယ်စပ်ဖြတ်ကျော်ပြီး ဗီယက်နမ်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ် (ဒီလို ဗီယက်နမ်ကို ဝင်တိုက်မယ်ဆိုတာကို အမေရိကားကို ချစ်ကြည်ရေးအလည်အပတ်ရောက်နေခဲ့တဲ့ တရုတ်ခေါင်းဆောင်တိန့်ရှောင်ဖိန်က အမေရိကန်သမ္မတ ဂျင်မီကာတာကို - I will teach the naughty boy (Vietnam) - လူဆိုးလေးဗီယက်နမ်ကို ကျနော် ဆုံးမမယ် - လို့ လက်တို့ကြိုတင် အသိပေးခဲ့ပါတယ်)
တကယ်တမ်း တိုက်ကြတဲ့အခါ ... တရုတ်တပ်မကြီး ၃ခုဟာ ဗီယက်နမ်တပ်မတော်ရဲ့ ဝိုင်းထားတာခံခဲ့ရရာက တရုတ်ပြည်ပြန်ရောက်အောင် ခွေးပြေးဝက်ပြေး ပြေးခဲ့ကြရပြီး ... ဗီယက်နမ်က - တရုတ်စစ်တပ်ကို ဆုံးမလွှတ်လိုက်တယ် - လို့ ကြေညာခဲ့ပါတယ် ...
အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေ ဆိုတာ မရှိ၊ အမြဲတမ်း မိမိကိုယ်ကျိုးစီးပွားသာရှိ - ဆိုတဲ့ သင်ခန်းစာကို ကြေညက်ခဲ့တဲ့ ဗီယက်နမ်ဟာ ...
၁၉၅၅ - ၁၉၇၅ နှစ်၂၀ကြာ စစ်မက်ဖက်ပြိုင်တိုက်ခဲ့တဲ့ ရန်သူတော်ဟောင်းကြီး အမေရိကန်ကို ... မိမိနိုင်ငံလုံခြုံရေး (တစ်နည်းအားဖြင့် တရုတ်ရဲ့ကျူးကျော်တာ မခံရရေး) အတွက် ...
စစ်ရေးအရ ပေါင်းဖက်မိတ်ဆွေ ဖွဲ့ခဲ့ပါတော့တယ် ...
ဗီယက်နမ်စစ်ပွဲကာလက ... အမေရိကန်တွေ ဒုတိယကမ္ဘာစစ်ရဲ့စစ်မြေပြင်အားလုံးမှာ ကြဲချခဲ့တဲ့ ဗုံးတန်ချိန်ထက် ပိုမိုများပြားစွာ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ ဗီယက်နမ်မြောက်ပိုင်းက Da Nang ဒါနန်းဆိပ်ကမ်းမြို့ဟာ ...
ခုတော့ အမေရိကန်ရေတပ်လေယာဥ်တင်စစ်သင်္ဘောကြီးတွေ အပါအဝင် အမေရိကန်စစ်ရေယာဥ်တွေ ဥဒဟိုဝင်ထွက်ဆိုက်ကပ်ရာ... ဗီယက်နမ်တွေက အမေရိကန်စစ်တပ်ကို လှိုက်လှိုက်လှဲလှဲကြိုနေကြတဲ့ ဆိပ်ကမ်းမြို့ကြီး ဖြစ်လာခဲ့ပါပြီ ...
အမေရိကန်ကလည်း သူ့ရဲ့ ခိုင်မြဲတဲ့ မဟာမိတ်ဖြစ်လာစေဖို့ ဗီယက်နမ်ကို စစ်ရေးအကူအညီအဖြစ် Coast Guard Warships ကမ်းခြေစောင့်စစ်ရေယာဥ်တွေပေးအပ်တာအပြင် နည်းပညာအကူအညီ စီးပွားရေးအကူအညီတွေ အများကြီးပေးထားတာပါ ...
မြန်မာစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ်တို့ရဲ့ ဖက်စပ် MyTel - ကုမ္ပဏီရဲ့ ဗီယက်နမ်ဘက်က Viettel ကုမ္ပဏီရဲ့ နည်းပညာတွေဟာ အမေရိကန်နည်းပညာများ အဓိကပါ ...

ကမ္ဘာ့နိုင်ငံတိုင်း ဝင်တိုးချင်ကြတဲ့ (အကြွေးဝယ်ခွင့်ကဒ်ပြား Credit Card နဲ့ ဖေါဖေါသီသီ ဈေးဝယ်ကြတဲ့စနစ်အဓိကနဲ့ လူဦးရေသန်းပေါင်း ၃၄၀ ရှိပြီး ... ၂၀၂၄ မှာ လက်လီဝယ်ယူစားသုံးမှု အမေရိကန်ဒေါ်လာ ၇.၃ ထရီလီယံရှိသော) American consumer retail market အမေရိကန်လက်လီစားသုံးသူဈေးကွက်ကြီးထဲ ... ဗီယက်နမ်ကို ဝင်ခွင့်ပေးခဲ့တာမှာ ...
ဗီယက်နမ်ရဲ့ အမေရိကားသို့သွင်းကုန်တွေအပေါ် စည်းကြပ်ခွန်တွေကို အလွန်အမင်းလျှော့ပေါ့ပေးထားတဲ့ ကုန်သွယ်မှုအဆင့်အတန်း Generalized System of Preferences (GSP) status ကိုလည်း အမေရိကန်က ဗီယက်နမ်ကို ပေးအပ်ထားတာပါ ...
(အမေရိကန်သမ္မတအိုဘားမား နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ အချိန်အခါက ... ယခင် အမေရိကန်က မြန်မာကို ပေးအပ်ထားခဲ့ပြီး ၁၉၈၉ မှာ ပြန်ရုပ်သိမ်းခဲ့သော ... အမေရိကားသို့သွင်းကုန်တွေအပေါ် စည်းကြပ်ခွန်တွေကို အလွန်အမင်းလျှော့ပေါ့ပေးထားတဲ့ ကုန်သွယ်မှုအဆင့်အတန်း Generalized System of Preferences (GSP) status ကို ... တစ်ကျော့ပြန် ပေးအပ်ဖို့ အမေရိကန် ကုန်သွယ်ရေး အထူးသံတမန်က မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့ပါတယ် ...
https://youtu.be/_cAW-PW-qP8?si=mltVjlyfd4hqdpzB)
အဲလို အမေရိကန်ကို အခွန်ပေးရတာ သက်သာလွန်းလို့ ...တခြားနိုင်ငံက အမေရိကားကို သွင်းကုန်ပစ္စည်းတူတွေနဲ့ ဈေးချင်းယှဥ်ဈေးလျှော့ရောင်းနိုင်ကြလို့ အဝယ်လိုက်နေကြတဲ့ ဗီယက်နမ်အထည်ချုပ်ထုတ်ကုန်တွေ ဗီယက်နမ်စားသောက်ကုန်တွေကို အမေရိကားက ကုန်တိုက်တွေ supermarket တွေမှာ လက်ညှိုးထိုးမလွဲ တွေ့ကြရမှာပါ ...
၂၀၂၄ မှာ အမေရိကန်က ဗီယက်နမ်သို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃.၁ ဘီလျံရှိခဲ့ပြီး ... ဗီယက်နမ်က အမေရိကန်သို့ ပို့ကုန်တန်ဖိုးက ဒေါ်လာ ၁၃၆.၆ ဘီလျံရှိခဲ့ပါတယ်၊ ၂၀၂၃ နဲ့နှိုင်းယှဥ်ရင် ဗီယက်နမ်ရဲ့ အမေရိကားသို့ပို့ကုန် ၁၉.၃% တိုးလာတာဖြစ်ပြီး ငွေပမာဏ ဒေါ်လာ ၂၂.၁ ဘီလျံတိုးလာတာ ဖြစ်ပါတယ် ...
၂၀၂၄ မှာ လူဦးရေ ၁၀၁.၃ သန်း ရှိတဲ့ ဗီယက်နမ်ရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် (Gross Domestic Product) GDP ဟာ အမေရိကန်ဒေါ်လာ ၄၇၆.၃ ဘီလျံ ရှိခဲ့ပြီးတော့ ... လူတစ်ဦးချင်းရဲ့တစ်နှစ်တာထုတ်ကုန်ပမာဏ (GDP per capita) ဟာ အမေရိကန်ဒေါ်လာ ၄,၇၀၀ ရှိခဲ့ပါတယ်၊ ၂၀၂၃ နဲ့နှိုင်းယှဥ်ရင် ... ဗီယက်နမ်ရဲ့ GDP ၇.၀၉% တိုးတက်လာတာပါ ...
ASEAN (အရှေ့တီမောအပါအဝင် ၁၁ နိုင်ငံ) ထဲမှာလည်း ဗီယက်နမ်ဟာ အင်ဒိုနီးရှား၊ ထိုင်း၊ စင်္ကာပူ တို့ပြီးရင် စတုတ္ထ စီးပွားဓနအင်အားကြီး နိုင်ငံ ဖြစ်လာခဲ့ပါပြီ ...
ဗီယက်နမ်စစ်ပွဲ ပြီးဆုံးသွားပြီး နှစ် ၅၀ အတွင်းမှာ ... ချိုတစ်လှည့်ခါးတစ်လှည့် တွေ့ကြုံခဲ့ရတဲ့ စစ်ရေး စီးပွားရေး နိုင်ငံရေး သံတမန်ရေးတွေအပေါ် သင်ခန်းစာထုတ် ကောင်းကောင်းအသုံးချနိုင်ခဲ့တဲ့ ဗီယက်နမ်ဟာ ... အခုအခါမှာတော့ တင့်တယ်လှပတဲ့ အရှေ့တောင်အာရှရဲ့နိုင်ငံတစ်နိုင်ငံ ... ဖြစ်လာခဲ့ပါပြီ ...
Ronnie Nyein
21st April, 2025

YouTube
Interview with US Special Trade Envoy
VOA Burmese reporter U Ronnie Nyein interviews Deputy U.S. Trade Representative Demetrios Marantis on a framework agreement covering trade and investment in Burma/Myanmar.
ခွေးခါးတက်နေရာ မျှော်နေတဲ့အဖွဲ့
chain of command အထက်မှအောက် အမိန့်တစ်မျိုးတည်းစီးဆင်းမှု မရှိတဲ့ အဖွဲ့ပေါင်းစုံ တစ်ထောင်လောက်ကို ..
အထက်အညာက ဗိုလ်နဂါး ဗိုလ်လက်ျာ ..ကနေ အောက်အကြေအရပ်က ရေးဘီလူးထိကို တစ်ဖွဲ့ချင်းကို ... အကုန်အစုံကိုသာ ... (လာချင်တဲ့သူလာ မလာချင်တဲ့သူနေ) တစ်ဖွဲ့မကျန် ခေါ်တွေ့ ဆွေးနွေးလိုက် ...
အဆံမရှိ ဟန်ပဲရှိတဲ့ အားလုံးရဲ့အထက်ကလိုလို ဟန်ရေးပြ အိုက်တင်တွေထုတ်နေတဲ့ ဟိုအဖွဲ့ကိုလည်း ... အဲဒီ အဖွဲ့ပေါင်းတစ်ထောင်လောက်နဲ့ တန်းတူထားပြီး တချိန်ထဲတပြိုင်ထဲ ဆွေးနွေးမယ်ဆိုရင် (မဆွေးနွေးနိုင်လို့ မလာချင်လည်းနေ) ...
သူတို့ကိုယ်သူတို့ EAO တွေကော PDF တွေကောရဲ့ အထက်ကလိုလို ပဲပေးနေတဲ့ အဲ့အဖွဲ့ဟာ အော်တိုမက်တစ် ခွေးခါးတက်ကို ရောက်ပြီးသားဘဲ ...
တစ်ချိန်က ပမညတ ခေါင်းဆောင် ဝိဓူရသခင်ချစ်မောင်က ... မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကို ... ခွေးခါးတက်ကနေ အလုပ်အကျွေးပြုရပြုရလို့ ဖြစ်ခဲ့သလိုပဲ ....
အခုလည်း ဆန်မရှိအစားကြီးပြီး .. ရွှေလက်နဲ့ခေါ်နေတာကို မလာချင်သလိုလို နိုင်ငံရေးပဲပေးနေတဲ့ အဲ့အဖွဲ့လည်း ...
နောက်ဆုံးကျ သူတို့ကျန်ခဲ့ပြီ ဆိုတော့မှ ... နစက ကို ခွေးခါးတက်ကနေ အလုပ်အကျွေးပြုရပြုရ ဆိုပြီး ... ဝပ်စင်းလာမှာ မြင်ယောင်မိ ...

( မြန်မာ့နယ်မြေထဲက ခရိုင်းမီးယားနဲ့ကိုဆိုဗို )
.
ရခိုင်အရေးသည်တွန်းအား
*******
( ၄ )
ကိုးကန့်အနေဖြင့် ခရိုင်းမီးယား ဖြစ်နိုင်သလား ဟူသောမေးခွန်းအတွက် အထက်တွင် တင်ပြ ခဲ့သည့် အခြေအနေပေါ် မူတည်ပါသည်ဟု ဆိုရပါမည်။ သို့သော်လည်း ရခိုင်အရေးသည် ကိုးကန့်ထက်ပို၍ စိုးရိမ်ရသော အခြေအနေဖြစ်သည်ဟု မြင်သည်။
ရန်ဟီလီးက ကုလသမဂ္ဂကို မဟုတ်မမှန်သည့်သတင်း တင်သည်၊ OIC နိုင်ငံများ၏ဖိအား၊ မလေးရှား၏ဖိအား၊ ဘင်္ဂလားဒေ့ခ်ျ၏ နေရပ်နေစွန့်ခွာသူများ အသံ တို့အပြင် ယနေ့မနက် Burma Campaign UK ၏ ထုတ်ပြန်ချက်အရ ဗြိတိသျှပါလီမန်ကို ပါတီ (၉) ခုမှ အမတ် (၅၁) ဦးတို့က ရခိုင်ဒေသနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းနိုင်ရန် ထောက်ခံဖို့ အဆိုတင်သွင်းခဲ့ကြသည်ဟု ဖတ်လိုက်ရသည်။
ရခိုင်ဒေသသအချို့သည် လူဦးရေအရပင် ကျဆုံးနေပြီဟု ဆိုရပါမည်၊ လူဦးရေအရ ကျဆုံး နေသောဒေသကို တရားဝင်ဖြစ်ရန် ကုလသမဂ္ဂ၊ နိုင်ငံတကာဖိအားများဖြင့် Formalize လုပ်နေခြင်း သာဖြစ်သည်၊ အစိုးရတစ်ရပ် အင်အားနည်းလာသည်ဟု ယူဆသည့်အခါ၊ သို့မဟုတ် ထင်သာမြင်သာ ရှိလာ သည့်အခါ အခြားနိုင်ငံများက ယခုလို အမြတ်ထုတ်တတ်ကြသည်မှာ ဓမ္မတာဖြစ်နေပါ၏။
ပိုမိုအားကောင်းသော ဖိအားများက မြန်မာနိုင်ငံအတွက် ကြိုဆိုနေပါ၏။ လက်ရှိအနေအထား တွင် ရပ်နေမည်မဟုတ် တစ်ဆင့်ပြီးတစ်ဆင့် တိုးပွားလာမည်ဖြစ်ပြီး၊ သူတို့၏ ရည်မှန်းချက် မရောက် ရောက်အောင် တွန်းအားပေးဆောင်ရွက်သွားမည်သာ ဖြစ်သည်၊ အစိုးရအနေဖြင့် မည်သို့တုံ့ပြန်မည်လဲ ¿
လောလောဆယ် ရခိုင်ဒေသသည် နိုင်ငံတကာဖိအား၊ ကျူးကျော်မှုများအောက် ရောက်နေပြီး ကိုဆိုဗိုကဲ့သို့ဖြစ်ရန် ပို၍နီးစပ်နေသည်ဟု ဆိုရပါလိမ့်မည်၊ ကိုးကန့်သည်လည်း လောလောဆယ် UWSA ၏ စစ်ရေးလှုပ်ရှားမှုများမှတဆင့် စစ်ရေးမျက်နှာစာဖြင့် နိုင်ငံရေးကစားနေသည်ဟု ယူဆပါသည်၊
သို့သော်လည်း အစိုးရ၏တုံ့ပြန်မှု လွဲမှားသည့်အခါ၊ ရခိုင်ဒေသ၏တွန်အားးများ ဖြစ်လာလျှင် ကိုးကန့်ဒေသသည်လည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါသည်။
ခြုံငုံသုံးသပ်ရမည်ဟုဆိုသော် ကိုးကန့်ဒေသ ခရိုင်းမီးယား အခြေအနေမျိုးမဖြစ်နိုင်ပါဟု မဆိုလို သော်လည်း ရခိုင်ဒေသ ကိုဆိုဗိုကဲ့သို့ ဖြစ်လာနိုင်ရန် အလားအလာ ပိုကောင်းနေပါသည်ဟုသာ သုံးသပ် လိုက်ရပါသည်။
အစိုးရအနေဖြင့် တုံ့ပြန်မှု မှန်ကန်ပါစေရန် ဆုတောင်းလိုက်ရပါသည်။
( အခု Post ဟာ လွန်ခဲ့တဲ့ "၈" နှစ်ကျော် NLD လက်ထက်မှာ ရေးခဲ့တာဖြစ်ပြီး၊ ရှမ်းမြောက်နဲ့ ရခိုင်ဒေသ အန္တရာယ်ရှိပံကို လွန်ခဲ့တဲ့ (၁၅) နှစ်လောက်ထဲက ကြိုတင်ရေးပြခဲ့ပြီးဖြစ်ပါတယ်၊ )
( ပြန်တင်ပေးပါသော Kyaw Swa Win Saw ကို
ကျေးဇူးတင်ပါတယ် )
☯️နေဇင်လတ် (၁ဝ-၃-၁၇)
(၁၈၄၅)

ထွက်တော်မူ နန်းကခွာမှာလား ဖြစ်နေတဲ့ ကာကွယ်ရေးဝန်ကြီး နှင့် မလုံခြုံရှာသော အမိမြေလုံခြုံရေးဝန်ကြီး ...
အမေရိကန်စစ်တပ်ထဲမှာ အရာရှိငယ်သာဖြစ့်ခဲ့ပြီး Republican Party ကိုထောက်ခံသော FOX သတင်းဌာန ရုပ်မြင်သံကြားမှာ commentator စစ်ရေးနိုင်ငံရေးပေါ်ပင်ဝေဖန်သူ ဖြစ်ခဲ့တဲ့ ASEAN ဆိုတာ ဘာမှန်းမသိသူ ... U.S. Secretary of Defense အမေရိကန်ကာကွယ်ရေးဝန်ကြီး နဲ့
ကျမခြံထဲဝင်လာတဲ့ ခွေးလေခွေးလွင့်ကို ကျမကိုယ်တိုင် သေနတ်နဲ့ အပြတ်ရှင်းခဲ့တယ် - လို့ သူ့အကြောင်းသူရေးတဲ့စာအုပ်မှာ ပါခဲ့ပြီး ... Governor ပြည်နယ်အုပ်ချုပ်ရေးမှူးကနေ U.S. Secretary of Homeland Security အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး တို့ရဲ့ ... ဖြစ်ထွေ ...
Credit: Thakin Kai Bwor
"ကာကွယ်ရေးဝန်ကြီး.. ပြုတ်စော်နံနှင့်.. အမိမြေလုံခြုံရေးဝန်ကြီးအိတ်ခိုးခံရ"
ကာကွယ်ရေးဝန်ကြီး.. Pete Hegseth ပိသ်ဟက်ဆက်က... ဒုတိယအကြိမ်မြောက်.. ဆိုရှယ်မီဒီယာ Signal chat မှာ.. အရေးကြီးတဲ့စစ်ရေးထိပ်တန်းလျှို့ဝှက်ဖိုင်တွေကို.. ညီအကိုအချင်းချင်း..သူ့မိန်းမကိုပါ... ထည့်ရှယ်လို့ဆိုပြီး.. သတင်းထွက်လာပါတယ်..။
သမ္မတကြီးထရမ့်က.. ထုံးစံအတိုင်း.. ကာကွယ်ပြောကြားပေးပေမယ့်... ပေါက်ကြားလာတဲ့..သတင်းတွေအရ.. ကာကွယ်ရေးဝန်ကြီးသစ်နေရာကို.. အိမ်ဖြူတော်က.. ရှာဖွေနေပါသတဲ့..။
ဒီသတင်းအပေါ် ... အသက် ၂၈နှစ် ချောချောလေးအိမ်ဖြူတော်သတင်းထုတ်ပြန်ရေးမှူူချုပ် ... Karoline Leavitt ကယ်ရိုလိုင်းလက်ဗစ်ကတော့.. (ထုံးစံအတိုင်း).. နိုး.. နိုး.. နိုး.. ပါ..။
တကယ်တော့.. Fox သတင်းဌာနက... သတင်းဆွေးနွေးကြေညာသူ.. ပိသ်ဟက်ဆက်ဟာ.. ကကွယ်ရေး/စစ်ရေးအုပ်ချုပ်ရေးအတွေ့အကြုံမရှိပဲ.. ဝန်ကြီးတက်ဖြစ်သူလို့.. ဆိုလို့ရပါတယ်.။ သမ္မတထရမ့်က.. သူ့ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းတာကို.. ဆီးနိတ် Senate hearing (အထက်လွှတ်တော်က ကြားနာစစ်ဆေးခြင်း)မှာလည်း.. ရီပါ့ဗလစ်ကန်အမတ်တချို့ကပါ.. မဲမပေး.. အမတ် ၁၀၀ ပဲရှိတဲ့ Senate မှာ မဲ ၅၀-၅၀ သွားဖြစ်နေသမို့... အသည်းအသန်နဲ.. Senate သဘာပတိလည်းဖြစ်တဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်ဝင်ပြီး မဲပေး.. ခန့်ခဲ့ရတာ...ဖြစ်ပါကြောင်း..။
ကြားနာစဉ်မှာ.. အာစီယံနိုင်ငံတွေကို.. မေးတာမှာလည်း.. သေချာမသိ..။ ပုံကြည့်ရတာ.. အာရှနိုင်ငံတွေအကြောင်း.. စိတ်ဝင်စားပုံမရသူပါ..။
အခုတော့.. ပြုတ်စော်နံနေ..။
နောက်ထူးခြားသတင်းတခုက... သူမရဲ့ ဝန်ကြီးဌာနလက်အောက်ခံ အမေရိကန်လဝကမှာ ပွဲကြမ်းနေတဲ့.. အမိမြေလုံခြုံရေးဝန်ကြီးဌာန.. ဝန်ကြီး.. Kristi Noem ခရစ်စတီနွာမ်ရဲ့.. ပိုက်ဆံအိတ် .. အခိုးခံရတာပါ..။
တနင်္ဂနွေညက.. ဝါရှင်တန်ဒီစီက.. စားသောက်ဆိုင်မှာ.. ဝန်ကြီးမမ အမုန်းဆွဲနေတုံးတန်းလန်း.. Mask သက်ရှုစည်းကာ တပ်ထားတဲ့.. လူဖြူတယောက်က.. အိတ်လိုက်မ, သွားတာတဲ့..😄။
အဲဒီထဲ.. ပတ်စ်ပို့.. အိုင်ဒီ.. ငွေသား ဒေါ်လာ ၃၀၀၀ ပါသွားသတဲ့..။
ငွေတွေက.. အခု Easter အီစတာပွဲတော်ကာလမှာ. သားသမီး/မြေးတွေကို.. လက်ဆောင်ဝယ်ပေးဖို့ဘဏ်ကထုတ်ထားတာတဲ့..။ မြေးလေးတွေတော့.. သနားစရာ..။
Homeland Security အမိမြေလုံခြုံရေး ဆိုတာ.. မြန်မာလိုဆို.. ပြည်ထဲရေးလို ဧရာမဝန်ကြီးဌာနမို့.. တကယ်က... Secret Service လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ.. ကိုယ်ရံတော်တွေ ဘေးမှာရှိနေတဲ့ ဝန်ကြီးမမ ကို သူခိုးက မည်သို့လုပ်လိုက်လေသည်.. မသိ..😃။
ဆိုတော့..
အမေရိကားမှာ.. မည်သူမဆိုအပြင်ထွက်ရင်.. (နိုင်ငံသားတွေပါမကျန်).. မှတ်ပုံတင် ဆောင်ထားဖို့.. အတင်းတွန်းပြောနေတဲ့.. ဝန်ကြီးမမ... ခုတော့... သူ့ရဲ့.. မှတ်ပုံတင်ပါ သူခိုးဆီ ပါသွားပြီ 🤣.။
ဝန်ကြီးကို မမအရွယ်လို့.. ထင်နေတာ.. တကယ်က.. မြေးတောင်ရှိတာတဲ့..။ ဖွားဖွားပေါ့..။ 🙂
ဟိုးတလောက.. ကမ္ဘာကျော် .. ဗဟိုအမေရိကနိုင်ငံ က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အယ်ဆာဗေဒိုထောင်ထဲကို .. သူမက သွားရောက်ခဲ့ပြီး ၊ အမေရိကားမှာ တရားမဝင်နေထိုင်ခဲ့သူတွေကို အမေရိကားကနေနှင်ထုတ်ပြီး အဲဒီထောင်ထဲထည့်ထားတဲ့ အကျဉ်းသားတွေကို.. ကျောပေးပြီး.. စကားပြောရဲတာမို့.. အံ့သြနေတာ..။ veteran ဝါရင့်တာကိုး.. ၊ဟီး... နုချက် ..။ 🙂
ဤသို့သည်လည်း.. အံ့စရာတစ်ပါး...။
နောက်ဆုံးပိတ်ကတော့.. ဒီနေ့လည်း.. အမေရိကစတော့စျေးကွက်.. ကျပါတယ်..။ ဒေါင်းဂျုံး.. ပွိုင့်.. ၁၀၀၀ ကျော် ( ၁၀၈၁) ကျတာပါ..။
အမျှ... အမျှ...အမျှ
Credit ###Ronnie Nyein