U Kyaw Myo Naing- Effortless English
2.13K subscribers
99 photos
420 videos
318 files
100 links
Basic English Class
Download Telegram
IELTS, DET မရှိသေးပဲ CEFR scaled ဖြစ်တဲ့ English Test တစ်ခုဖြေထားချင်တယ်ဆိုရင် EFSET ကို အခမဲ့ဖြေထားသင့်တယ်။

တစ်ချို့နိုင်ငံတကာအလုပ်တွေ ကျောင်းတွေက အင်္ဂလိပ်စကားကျွမ်းကျင်မှုကိုတောင်းတဲ့အခါ ဒီလက်မှတ်ကိုပြလို့ရတယ်လို့‌ ပြောကြတယ်။ ကုမ္မဏီတွေ ကျောင်းတွေ အသိအမှတ်ပြုတာ ကွာခြားကောင်းကွာခြားနိုင်ပေမဲ့ ဘာသာစကား Certificate လက်မှတ်တော့ အခမဲ့ရနေတုန်းယူထားပြီး ကိုယ့် level ကိုလည်းဆန်းစစ်ထားသင့်တယ်။

ဖြေမယ်ဆိုရင် -

Certificate ရမဲ့စာမေးပွဲက (၂) မျိုးရှိမယ်။

(၁) 2 Skills ( Reading/Listening ) 50 mins
(၂) 4 Skills (Reading/Listening/Speaking/Writing) 90 mins

Certificate မရပဲ အစမ်းဖြေနိုင်တာက

(၁) Quiz (No Certificate) ဖြစ်ပါတယ်။

ရလာတဲ့ရလဒ်ကို Linkedin Profile မှာလည်း အလွယ်တကူထည့်လို့ရနိုင်ပြီး showcase ပြလို့ရပါတယ်။

ဖြေထားချင်သူတွေက ပုံတစ်ခုချင်းစီမှာကြည့်ပါ။
Website - https://www.efset.org
12
Basic, Intermediate နဲ့ Advanced level 3ခုလုံးအတွက် လေ့လာစရာ Vocabulary တွေအများကြီးရှိတဲ့ free website ကို sharing လုပ်ပေးချင်ပါတယ်ဗျ။

သူ့ရဲ့ကောင်းတဲ့အချက်က ပုံလေးတွေနဲ့ တွဲပြီးလေ့လာရတာမို့လို့ ပိုမှတ်မိစေပါတယ်။ ပြီးတော့ Video ပါထည့်ပေးထားတာကြောင့် အသံထွက်ပါတစ်ခါထဲ နားထောင်ပြီး လေ့လာလို့ရတာကြောင့် ပိုလဲထိရောက်စေပါတယ်ဗျ။

website link - https://www.vocabulary.cl/Lists.htm
12🥰3👏1
အဂ်လိပ်စာကို သင်တန်းမတက်ဘဲ အိမ်မှာပဲ ကိုယ့်ဘာသာ Self study လေ့လာချင်တဲ့သူတွေအတွက် လေ့လာလို့ကောင်းတဲ့ free website…..‼️‼️

အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ဖြစ်တဲ့သူတွေ အတွက် ဒီ Website ထဲမှာ အဂ်လိပ်စာကို ပြည့်ပြည့်စုံစုံ လေ့လာလို့ရပါတယ်..။

ကလေးတွေကနေ လူကြီးတွေ အထိ လေ့လာလို့ရတယ်..။

စကားပြော ၂၅၀၀ ကျော် ပါဝင်ပြီး ဝတ္ထုတွေ၊ ပုံပြင်လေးတွေက အပုဒ်ပေါင်း ၃၀၀၀ ပါဝင်ပါတယ်ဗျ။

စကားပြောတင်မကဘူး Grammar ၊ Writing လည်း ပါသေးတော့ လေ့လာရတာ ပိုစုံသွားတာပေါ့။ Basic ကနေ Intermediate အထိ ပြင်ပေးထားမို့ ဒီ Website တစ်ခုနဲ့တင် ပြည့်စုံနေပါပြီ…။

https://www.eslfast.com/
23
ကလေးလေးတွေအတွက် အင်္ဂလိပ်စာဖတ်ဖို့ ပုံပြင်စာအုပ်လေးတွေ၊ သင်္ချာလေ့ကျင့်ဖို့၊ game ကစားရင်း စာသင်ပေးမယ့် educational game တွေ အများကြီးပါပဲ။ Funbrain လို့ခေါ်တဲ့ website ပါ။ အကျိုးရှိမှာပါ။
the first comment မှာ link ပေးထားပါတယ်။https://www.funbrain.com/books
13
Forwarded from Saw Kyaw Myo Naing
ကလေးများ ဆရာ ဒီနေ့ တစ်ရက်
စာဖတ်တန်းနဲ့ Basic အတန်းလေး
ခွင့်ယူပါရစေ။ မနက်ဖြန်ကြမှ ဆရာတို့ ပြန်တွေ့ပါမယ်။
စာတွေဖတ်ပြီး နှလုံးသားတွေ လှအောင် လုပ်ထားကြပါဗျ။

😊😊😊😊
17
Forwarded from Saw Kyaw Myo Naing
This media is not supported in your browser
VIEW IN TELEGRAM
ဆရာတို့ရဲ့ ကဆုန်လပြည့်ညလေး
21
Preschool - အတွက် worksheets တွေ အသုံးပြုလိုသော Teachers များ ၊ မိဘများအတွက် Link လေး တစ်ခုပါ ။ ( မသိသေးသူများ အတွက် ရည်ရွယ်ပါတယ် )

- အသင့်ယူသုံးရုံပါပဲ ။

တော်တော်လေး ကောင်းပါတယ်။ အောက်က Link မှာ ဝင်ကြည့်ပါ။

https://www.abbythepup.com/
13
Forwarded from Saw Kyaw Myo Naing
Ladies and gentlemen
ကလေးများအားလုံး နွေရာသီ အဂ်လိပ်စာသင်တန်းကို (၃) လတိုင်တိုင်
ကြိုးစားတက်ရောက်ပေးခဲ့ကြလို့ အတန်းလေးသည် အောင်မြင်စွာဖြင့် ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။
သင်တန်းကာလအတွင်း ကြိုးကြိုးစားစား၊ နိုးနိုးကြားကြားနဲ့ ကြိုးစားလေ့ကျင့်ကြသည်များကို တွေ့မြင်ခဲ့ရပြီး တက်‌တက်ကြွကြွဖြင့် သင်ယူလေ့လာပေးခဲ့ကြလို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။

နွေရာသီ၌ ဆုံတွေခဲ့ကြသော တွေ့ဆုံခြင်းသည် မိုးဦးကျ ဝဿန်ရာသီဦးဝယ်
ကျောင်းတက်ခေါင်းလောင်းထိုးသံနှင့်အတူ ခွဲခွာကြရပေဦးမည်။

ဆရာ၏ အတန်းကို တက်ကြွစွာ တက်၍ လေ့ကျင့်ခဲ့ကြသလို ကျောင်းပြန်တက်သည့်အခါ ကျောင်းစာများကို ကြိုးစားလေ့လာကြပါ။

နွေရာသီ၌ ကြားခဲ့ရသော
“အစာမစားလျှင် ရုပ်ခန္ဓာသေမည်။ စာမဖတ်လျှင် အတွေအခေါ် သေမည်။ အတွေးအခေါ်သေလျှင် တိရိစ္ဆာန်နှင့် ခြားနားမည် မဟုတ်။” ဆိုသော စကားလေးကို အမြဲ သတိရပြီး ဘဝအတွက် စာပေလေးတွေ ဖတ်ကြပါ။ နှလုံးသား လှဖို့အတွက် စာအုပ်လေးတွေ ဝယ်ပြီး ဖတ်ကြပါ။ ဗဟုသုတများ စုဆောင်းကြပါ။ လူပြီသသော ကလေးများ ဖြစ်အောင် ကြိုးစားကြပါ။ ရိုးသားသော သူများ ဖြစ်အောင် ကျင့်ကြံကြပါ။ ကျန်းမာရေးကောင်းသော သူများဖြစ်အောင် နေထိုင်ကြပါလို့ ဆရာ မှာချင်ပါတယ်။

ကျန်းမာပျော်ရွှင်သော ကလေးများ ဖြစ်ကြပါစေ။
💪💪💪💪💪💪❤️
14👍2
အင်္ဂလိပ်စာ Level Test စစ်ဖို့အတွက် အခမဲ့စစ်လို့ရတဲ့ ဝဘ်ဆိုဒ်ပါ။ မိနစ် ၉၀ က four skills ပါ။ မိနစ် ၅၀ ကတော့ Reading & Listening only ပါပဲ။

*တခုရှိတာက အချိန် သေချာပေးနိုင်မှ စစ်ပါနော်။ ဒီလင့်ခ်က တခါစစ်ပြီးရင် နောက်တခါ ထပ်ဖြေဖို့ အချိန်တခုထပ်စောင့်ရပါတယ်။

https://www.efset.org/
13
ကလေးတွေ အတွက် အလွန်ကောင်းသော Youtube Channel လေး တစ်ခု

အသေးစိတ်တော့ မရေးတော့ဘူး .. ဝင်ကြည့်လိုက်ပါ။

https://www.youtube.com/@officialalphablocks/featured
10
စာအုပ်တွေ ဈေးကြီးနေချိန်မှာ အခမဲ့ ဒေါင်းလုဒ်ဆွဲနိုင်မယ့် Website များ 📚

စာအုပ်တစ်အုပ်ကို သောင်းဂဏန်းပေးဝယ်နေရတဲ့ ဒီနေ့ခေတ်မှာ ဗဟုသုတ ရှာဖွေဖို့အတွက် ငွေကြေးက အတားအဆီး မဖြစ်ပါစေနဲ့။

ပညာရပ်ဆိုင်ရာ စာအုပ်တွေ၊ နည်းပညာ၊ ရသစာပေနဲ့ ရှားပါးစာအုပ်တွေကို ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ဒေါင်းလုဒ်ဆွဲလို့ရမယ့် Website ၄၀ ကို အမျိုးအစားအလိုက် စုစည်းပေးလိုက်ပါတယ်။

၁။ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီးများ (ရသ/သုတ/ရှားပါး)
Library Genesis (LibGen)
Anna’s Archive
Z Library
Internet Archive / Open Library
Project Gutenberg
၂။ နည်းပညာနှင့် ကွန်ပျူတာသီးသန့် (IT သမားများအတွက်)
FreeComputerBooks
FreeTechBooks
O’Reilly
EngbooksPDF
၃။ PDF ရှာဖွေရေးနှင့် သိမ်းဆည်းရာနေရာများ
PDF Drive / PDF Room / PDF Coffee
Ocean of PDF
PDFBooksWorld
Dokumen Pub
၄။ ဂန္ထဝင်နှင့် အနုပညာစာပေများ (Classics)
Planet eBook
Standard Ebooks
ManyBooks
Feedbooks / Elejandria
၅။ စီးပွားရေးနှင့် ပြဌာန်းစာအုပ်များ (Business & Textbooks)
BookBoon
Google Books
Bookyards
၆။ စာရေးဆရာအသစ်များနှင့် ကိုယ်တိုင်ထုတ်ဝေသူများ
Smashwords
Free-eBooks.net
BookBub
Obooko
16
Forwarded from Saw Kyaw Myo Naing
https://t.me/ukmneffortlessenglish

အဂ်လိပ်စာကို ချစ်မြတ်နိုးသူမျာူအတွက် Level စာအုပ်များ ဖတ်နိုင်ဖို့ သီးသန့် ပြုလုပ်ပေးထားသော Reading Channel ဖြစ်ပါတယ်။ စာအုပ်ဖတ်ချင်သူများ Join ထားပြီး မိမိ၏ အဂ်လိပ်စာဖတ်စွမ်းအားကို မြှင့်တင်ကြပါဗျ။
7
Forwarded from Reading Books For You
COC စာဖတ်နည်းကို Whiteboard Version ဖြင့် လေ့လာနိုင်အောင် မျှဝေပေးထားပါတယ်။

အဂ်လိပ်စာအုပ်များကို စတင်မဖတ်ခင် COC စာဖတ်နည်းကို အရင်ပြီးအောင် လေ့လာပေးထားရမှာ ဖြစ်ပါတယ်ဗျ။

ကျွန်တော့်ရဲ့ YouTube Channel မှာ မျှဝေပေးထားပါတယ်။
အားလုံးအဆင်ပြေကြပါစေဗျ။


👇

https://youtube.com/playlist?list=PLGf9ImlTaUrbNhmTRYsk9jHsEhb0UsYxP&si=-4vPNgYH_CGSYkwY
4
Forwarded from Reading Books For You
COC စာဖတ်နည်း VIDEOS များကို လေ့လာပြီးပါက စာပိုဒ်လေးတွေကို စပြီးဖတ်ရှု့ရတော့မှာ ဖြစ်ပါတယ်။ ထို့ကြောင့် စာဖတ်ပုံ၊ဖတ်နည်းကို လေ့လာနိုင်အောင် အနီရောင်စာအုပ် (Red Colour Book) ပါ ပုံပြင် (၁၀) ပုဒ်ကို လေ့လာဖတ်ရှု့နိုင်ရန်အတွက် စာဖတ်ခြင်းသင်ခန်းစာ ဗီဒီယိုများကို အောက်ပါပေးထားသော YouTube Link မှ နေ၍ တိုက်ရိုက် ဝင်ရောက်လေ့လာနိုင်ပါတယ်ဗျ။

Here is my link.
↓↓↓↓

https://youtube.com/playlist?list=PLGf9ImlTaUra2Mi9tHwHw5RSa3aF627v6&si=v2CWXUvQPlfYrx03
👍2
English Book တွေဖတ်ရတာ ကြိုက်တယ်၊ Reading လုပ်ပြီး English စာလေ့လာချင်တယ်ဆိုရင် Manybooks ဆိုတဲ့ websiteမှာ English booksတွေ 50,000 ကျော်တောင် download ဆွဲပြီး free ဖတ်လို့ရတယ်နော်။

ဒီမှာလဲ ရွေးစရာ genres တွေက အများကြီးပဲမို့လို့ စာဖတ်ရတာကြိုက်တဲ့ သူတွေအတွက် တကယ့်ကို တန်ဖိုးရှိတဲ့ resource တစ်ခုပဲနော်။

website link - https://manybooks.net/
14
Forwarded from Reading Books For You
Grammar တွေချည်းပဲ ထိုင်လုပ်ရင် စာမတတ်ဘူးနော်.. ကိုယ့် level နဲ့ ကိုက်ညီမယ့် စာအုပ်လေးတွေနဲ့ပါတွဲဖတ်ပါ။ ဘာစာအုပ်ဖတ်ရမလဲဆို ကိုယ်ကြိုက်တဲ့စာအုပ်လေးတွေဖတ်။ ပေါ့ပေါ့ပါးပါးလေးတွေ ကြိုးစားဖတ်။ ပြီးရင် တစ်ဆင့်ချင်း ကြိုးစားတက်ပြီးဖတ်ပါ။
စာဖတ်မှ စာတတ်မယ်ဆိုတာ နှလုံးသားထဲမှာ မှတ်ထားပါဗျ။

https://english-e-reader.net/level/elementary
17