U Kyaw Myo Naing- Effortless English
2.13K subscribers
99 photos
420 videos
318 files
100 links
Basic English Class
Download Telegram
❤4👍1🥰1
Media is too big
VIEW IN TELEGRAM
Five Simple Sentences
ရိုးရိုးဝါကျ (၅) ကြောင်း အပိုင်း(၁)
❤9👍5🥰1
This media is not supported in your browser
VIEW IN TELEGRAM
Basic English Class for November

⏰သင်တန်းဖွင့်လှစ်မည့်ရက် - နိုဝင်ဘာလ (၇) ရက်
⏰သင်တန်းရက်များ - Friday, Saturday, Sunday
⏰သင်တန်းချိန် - ည (8:00 - 9:30)
⏰သင်တန်းချိန် - (၄) လ
🌐သင်တန်းကြေး - တစ်လ (၂၅၀၀၀)
🏆စာအုပ်ဖိုး - ၁၅၀၀၀

✅Zoom ဖြင့် Face-to-Face တိုက်ရိုက်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားများကို Telegram Group ဖွဲ့၍ တစ်နေ့စာ သင်ကြားခဲ့သော Video သင်ခန်းစာများကိုလည်း Telegram group တွင် ပြန်လည် ပို့ပေးသွားမှာ ဖြစ်ပါတယ်ဗျ။
✅သင်တန်းတွင် ကျေးဇူးရှင် ဆရာကြီး ဦးမြကြိုင်၏ Basic သင်ရိုးအတိုင်း သင်ကြားပေးမှာဖြစ်ပါတယ်ဗျ။
✅ တစ်လ (၂၅၀၀၀) ဖြင့် ကျွန်တော်‌ဖွင့်လှစ်ထားသော Basic English Class ၊ Junior Reading Class နဲ့ Intermediate Class တို့ကို သင်တန်းကြေး ထပ်ပေးစရာ မလိုပဲ တက်ရောက်နိုင်ပါမယ်ဗျ။
✅သင်တန်းအတွက် စာအုပ်ကို အမည်၊နေရပ်၊ဖုန်းနံပါတ်ဖြင့် မှာ ကြိတင်မှာယူပေးရမှာဖြစ်ပါတယ်ဗျ။
✅သင်တန်းကို စုံစမ်းအပ်နှံလိုပါက Facebook School Page မှ လည်းကောင်း၊ ဖုန်း 09753088789 / 09696481031 သို့လည်းကောင်း၊ Viber Number -09753088789 ၊ Telegram တွင် @ukmnengschool လို့ ရိုက်ရှာ၍လည်းကောင်း သင်တန်းများ စုံစမ်းအပ်နှံနိုင်ပါတယ်ဗျ။
❤7
Forwarded from Saw Kyaw Myo Naing
အမေး။

ကျွန်တော် English speaking တတ်ချင်လို့ပါ ဆရာ။ ဘယ်လိုလေ့လာရမလဲဆိုတာ ပြောပြပေးပါ ဆရာ။

အဖြေ။

- ဆရာကောင်းရှာဖွေပြီးသင်တန်းတက်ပါ။
- Speaking စာအုပ်တွေလည်းဝယ်ဖတ်ပါ။
နေ့စဉ် အရှက်မရှိလေ့ကျင့်ပါ။ (ရှက်စရာလုပ်မှ ရှက်ပါ)
- ဉာဏ်ကို လွှာသုံးပါ။
- ပေါ်ပင် ကောက်ရိုးမီးလိုလုံ့လနဲ့ မရပါ။ Speaking တကယ်အဆင့်မြင့်မြင့်ပြောတတ်အောင် နှစ်နဲ့ချီပြီး ကြိုးစားပါ။
- စာကိုအသံထွက်ဖတ်ပါ။
- စာပိုဒ်တွေကို အသံထွက်ပြီး မြန်မြန်ဖတ်နိုင်အောင်လေ့ကျင့်ပါ။
- Native speaker တွေရဲ့ သဘာဝကျတဲ့ လေယူလေသိမ်းနဲ့ အသံအဖိ အဖေါ့ intonation and stress ကို နားလည်အောင် အင်္ဂလိပ်စကားပြောရုပ်ရှင်တွေများများကြည့်ပါ။ BBC, CNN သတင်းတွေကို အပြည့်အဝနားမလည်သော်လည်း များများနားထောင်ပေးပါ။
- အမြဲအသုံးဝင်မယ့် ဝါကျတွေကို အလွတ်ရအောင်ကျက်မှတ်ပါ။
- မှတ်စုစာအုပ်ထားပါ။ ကူးရေးပါ။
- တစ်နေ့ ၂ ခါ၊ တစ်ခါကို တစ်နာရီအနည်းဆုံးလေ့လာပါ။
- စကားပြောတတ်ချင်ရင် ပြောဖို့အခွင့်အရေးကိုတမင်ရှာဖွေအသုံးချပါ။ (Speaking တတ်ချင်တယ်ဆိုပြီး ရှက်လို့ ပါးစပ်ကြီးပိတ်ထားလို့တော့ ဘယ်ရပါ့မလဲ။)
- online မှာရှိတဲ့ resources တွေကိုအသုံးချပါ။
- online က ဆရာအတုတွေကိုသတိထားရှောင်ပါ။ (သူတို့ရဲ့အမှားတွေဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်တွေဖြစ်သွားနိုင်တယ်။ အဲဒီလို ရလိုက်တဲ့ grammar အမှား၊ အသံထွက်အမှားတွေဟာ ကြာလာလေ ပြင်ရခက်လေ အမြစ်တွယ်သွားပြီး fossilised errors တွေဖြစ်သွားတတ်ကြတယ်။)
- တစ်ယောက်တည်းရှိချိန် တွေးနေတာအားလုံးကို E လိုတွေးကြည့် ပြောကြည့်ပါ၊ မပြောနိုင်တဲ့ စကား ဝါကျကို ရေးမှတ်ပြီး တတ်တဲ့သူကိုမေးပါ။
- ကိုယ့်စိတ်ကူးထဲမှာ ဇာတ်ကောင်၂ယောက် (ကိုယ်နဲ့ သူငယ်ချင်းတစ်ယောက်) ကို situation တစ်ခုပေးပြီး အပြန်အလှန် E လို Role-play dialogue လေးပြောခိုင်းထားပါ။ ကိုယ်က ဒီလိုပြောလိုက်ရင် သူကဘယ်လိုပြန်ပြောနိုင်သလဲ ဖြစ်နိုင်ခြေဝါကျလေးတွေ တည်ဆောက်လေ့ကျင့်ကြည့်တာ။
- စကားပြောကျင့်ဖို့ အဖော်ကောင်းရှာပါ။
- Speaking ကို Listening နဲ့တွဲပြီးလေ့ကျင့်ပါ။
- ကိုယ့် phone မှာ နားကြပ်လေးနဲ့ နားထောင်လို့ရတဲ့ dialogueတွေ၊ သင်ခန်းစာ video တွေအများကြီးရှိပါတယ်။ အသုံးချပါ။ TED Talk video တွေကို များများနားထောင်ပါ။ အင်္ဂလိပ်လို subtitle စာတန်းထိုးတာကို လိုက်မဖတ်ဘဲ အသံထွက်နဲ့ ပြောဟန် ကိုသာ အဓိကအာရုံပြုနားထောင်ပါ။
- ကိုယ့်ဖုန်းထဲမှာ အသံဖမ်းတဲ့ recorder app လေးထည့်ထားပြီး Speaking ဝါကျတွေ၊ dialogue တွေကို ကိုယ်တိုင်ပြောကြည့်ပြီး အသံသွင်းပါ၊ မိမိရဲ့အသံကို သေချာပြန်နားထောင်ပါ။pronunciation တွေ intonation တွေ ကိုယ်ဘာတွေ အားနည်းနေတယ်ဆိုတာကို self-analysis, self-evaluation ကိုယ်တိုင်ပြန်သုံးသပ်နိုင်ပါတယ်။
- ရေရှည် စုတုပြုနည်းဖြင့်လေ့လာပါ။
ဒါကတော့ တကယ်တတ်ချင်လို့ ဇွဲနဲ့လေ့လာတဲ့နည်းပေါ့။ အဲဒီလိုလေ့လာရင် အင်္ဂလိပ်စကားကို ကျွန်တော်တို့လိုကိုပြောတတ်လာမှာသေချာတယ်။ အမြန်ဖြတ်လမ်းနည်းမရှိပါဘူး။ အချိန်ပေးကြိုးစားဖို့လိုတယ်။
Hello. How are you? I am OK, and you? နဲ့ရပ်သွားတဲ့ သူတွေလည်းအများကြီးတွေ့ဖူးပါတယ်။ တကယ်လိုချင်စိတ်နဲ့ ဇွဲရှိဖို့သာအဓိကပါ။ နေ့စဉ်ပုံမှန်လောဘတကြီး လေ့လာလေ့ကျင့်နေသူဟာ ညအိပ်ရင်တောင် အိပ်မက်ထဲမှာ အင်္ဂလိပ်လို စကားပြောတဲ့ English speaking dreams တွေရတတ်တယ်။ အဲဒီလို အိပ်မက်မက်နေပြီဆိုရင်တော့ တော်တော်လေး ခရီးရောက်နေပါပြီ။
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
❤22
စာအုပ်ဟာ လူတစ်ယောက်ကို ဘဝစုံစေတယ်။ အမြင်နှံ့စေတယ်။

စာအုပ်မရှိလဲ ဘဝစုံနိုင်တာပါပဲ။ အမြင်နှံ့နိုင်တာပါပဲ။ ဒါပေမယ့် စာအုပ်ကတော့ ဘဝပိုစုံစေနိုင်တယ်။ အမြင်ပိုနှံ့စေနိုင်တယ်။

လူတစ်ယောက်ဟာ တသက်လုံး အကောင်းချည်းမကြုံရပေမယ့် လူ့ဘဝရဲ့ အကောင်းတရားတွေကို စာအုပ်ကြောင့် သိနိုင်တယ်။ အဆိုးချည်းမကြုံရပေမယ့် လူ့ဘဝရဲ့ အဆိုးတရားတွေကို စာအုပ်ကြောင့် သိနိုင်တယ်။ ဆင်ခြင်တုံတရား ပါရမီ မကြီးမားပေမယ့် လောကအမြင်တွေကို စာအုပ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ် ရနိုင်တယ်။

စာအုပ်ဟာ ရေလှောင်ကန်ကြီးနဲ့ တူတယ်။ ရေလှောင်ကန်ကြီးဟာ စီးဝင်သမျှရေတွေကို သိုလှောင်ထားပြီး လူတွေအကျိုးရှိဖို့ ပြန်ထုတ်ပေးတယ်။ စာအုပ်ကလဲ လူ့ဘဝရဲ့ အကောင်းတရားတွေ၊ အဆိုးတရားတွေ၊ လောကအမြင်တွေကို သိုလှောင်ထားပြီး လူသားတွေ အကျိုးရှိဖို့ ပြန်ထုတ်ပေးတယ်။
ရေလှောင်ကန်ကြီးက မိုးခေါင်ရင် ရေခမ်းသေးတယ်။ စာအုပ်ကတော့ ဘယ်တော့မှ လောကတရား၊ လောကအမြင်တွေ ကုန်တယ် ခမ်းတယ် မရှိဘူး။

▪️ဟံသာဝတီဦးဝင်းတင်

𝘗𝘭𝘦𝘢𝘴𝘦 𝘠𝘰𝘶𝘛𝘶𝘣𝘦🔻
https://youtube.com/@ReviewsbyBenevolent?si=WusMbsWGmcyPAiFu

𝘗𝘭𝘦𝘢𝘴𝘦 𝘛𝘦𝘭𝘦𝘨𝘳𝘢𝘮 🔻
https://t.me/reviewsbybenevolent

စာဖတ်ခြင်းကို အချိန်ပေး ပျော်မွေ့ နိုင်ကြပါစေ။📖

Benevolent Guy

#reviewsbybenevolent
❤8
Vocabulary လေ့လာချင်တဲ့သူတွေ VOAရဲ့ video program ထဲက တစ်ခုဖြစ်တဲ့ News Wordsဆိုတဲ့ အစီစဥ်လေးနဲ့ လေ့လာလို့ရပါတယ်။

video တစ်ပုဒ်ကို vocabulary တစ်လုံးစီသင်ကြာပေးပြီး 1မိနစ်စီပဲ ကြာတာကြောင့် ပိုပြီးအာရုံစိုက်နိုင်ပါတယ်။ vocabulary ကိုပေါ့ပေါ့ပါးပါး လေ့လာချင်တဲ့သူတွေအတွက် တစ်ရက်ကို vd 3ခုလောက်ကြည့်ပြီး နေ့စဥ် စာလုံးအသစ် 3လုံးစီ လေ့လာသွားရင်တောင် တစ်လဆိုရင် အနည်းဆုံး စာလုံးအသစ် အလုံး 90 လောက်တော့ရသွားမှာနော်။

website link - https://learningenglish.voanews.com/z/3620

Speaking ကို ပိုပြီး ယုံကြည်မှုရှိရှိ ပြောလာနိုင်ဖို့နဲ့ fluent ဖြစ်လာဖို့အတွက် Speaking Boosting Group Class နဲ့ one to one class တွေကို စုံစမ်းလို့ရပါပြီ။

Basic, Intermediate, Advanced level တွေအတွက် speaking patterns လေ့လာဖို့ Essential Topics 15 ခုပါပြီး စုစုပေါင်း speaking patterns အခု 300 ပါတဲ့ pdf file လေးကို 2000 နဲ့ပဲ ဝယ်လို့ရပါပြီ။ အသေးစိတ်ကို အောက်က linkမှာ ဝင်ဖတ်လို့ရပါတယ်။

https://www.facebook.com/share/p/16uyCMk7Wj/
❤3
U Kyaw Myo Naing -Effortless English မှ ဖွင့်လှစ်ထားသော အတန်းများ

1- Intermediate Class
Days - Monday to Thursday
Time - (6:30-8:00) pm


2- Basic English Class
Days - Monday to Thursday
Time - (8:15-9:45)pm


3- Junior Reading Class
(စာဖတ်တန်း)
Days - Friday to Sunday
Time - (6:30-7:30)pm



4- Basic English Class (New) coming November 7

Days - Friday to Sunday
Time - (8:00-9:45)pm




အတန်းများအားလုံးကို (၂၅၀၀၀)ဖြင့် တက်ရောက်နိုင်ပါတယ်ဗျ။

ပေးထားတဲ့ Zoom ID နဲ့ Passcode တစ်ခုတည်းဖြင့် တက်ရောက်နိုင်ပါတယ်ဗျ။

ကျေးဇူးအများကြီး တင်ပါတယ်ဗျ။
❤19👏2
A1 ကနေ C1 အထိ ဖတ်စရာ short stories တွေအများကြီးရှိတဲ့ အရမ်းကောင်းတဲ့ free website တစ်ခုကို sharing လုပ်ပေးချင်ပါတယ်။
Level အစုံရှိတာကြောင့် ကိုယ်နဲ့ကိုက်ညီမယ့် level ကိုရွေးဖတ်လို့ရတယ်နော်။ ဖတ်ပြီးရင်လဲ exercise ပြန်လုပ်ရပါတယ်။ ဒါအပြင် အချို့ story တွေကိုအသံပါနားထောင်လို့ရအောင် သူ့ရဲ့ Youtube Channel လေးနဲ့ပါတွဲပေးထားတယ်နော်။

website link - https://www.fabulang.com/en/en
❤19
Collocations တွေကိုလေ့လာချင်တဲ့သူတွေ ဒီ website လေးနဲ့လေ့လာကြည့်နော်။ အသံထွက်ရော၊ examples တွေနဲ့ပါ ရှင်းရှင်းလင်းလင်းပေးထားပါတယ်။

website link - https://langeek.co/en/vocab/collocations
❤15
A1 ကနေ C2 အထိ Vocabulary တွေကို level အလိုက် ခွဲထားပေးပြီး ရှင်းရှင်းလင်းလင်းလေ့လာလို့ရမယ့် free website လေးကို sharing လုပ်ပေးချင်ပါတယ်။
level တစ်ခုမှာ ပါတဲ့ lesson အရေအတွက်၊ စာလုံးအရေအတွက်နဲ့ လေ့လာရမယ့် ခန့်မှန်းခြေကြာချိန်လေးတွေပါပြထားလို့ လေ့လာရတာ စုစုစည်းစည်းနဲ့ သပ်သပ်ရပ်ရပ်လေးလဲ ဖြစ်တယ်နော်။

website link - https://langeek.co/en/vocab/level-based
❤13
Collocations တွေကိုလေ့လာချင်တဲ့သူတွေ ဒီ website လေးနဲ့လေ့လာကြည့်ပါဗျ။ အသံထွက်ရော၊ examples တွေနဲ့ပါ ရှင်းရှင်းလင်းလင်းပေးထားတာဖြစ်လို့ ပုံမှန်လေး လေ့လာသွားရင် တစ်နေ့တစ်ခြား တိုးတက်လာမှာဖြစ်ပါတယ်ဗျ။

website link - https://langeek.co/en/vocab/collocations
❤10
English စာနဲ့တော့ မဆိုင်ပေမဲ့ စိတ်အပန်းဖြေကြည့်လို့ရမယ့် YouTube Channel လေးပါ။ Video ထဲကကောင်မလေးရဲ့ နေချင်စဖွယ်အိမ်လေးရယ်၊ သူ့ကြောင်လေး ၂ကောင်ရယ်၊ သူ့ရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေနဲ့
ဟင်းချက်တာလေးတွေ ၊ အပင်စိုက်တာလေးတွေကို ကြည့်ရမှာပါ။ သူ့ video တွေကြည့်ရင်းနဲ့ ကိုယ်ကိုယ်တိုင်းလည်း အဲ့ဒီလိုအိမ်လေးထဲမှာ နေချင်စိတ်တွေပေါက်သွားမှာဖြစ်ပါတယ်။ Slow living lifestyle ကိုသဘောကျတဲ့သူတွေဆို ကြည့်ကြည့်ပါဗျ။
❤24
https://youtu.be/zHDuI53CNhk?si=jW2A4YYW_T1IwZ1N


Picture Book ဗီဒီယိုများကို ဆရာကြီး ဦးမြကြိုင်၏ YouTube Channel တွင် နေ့စဉ်ဝင်ရောက်လေ့လာနိုင်ပါတယ်ဗျ။
❤14
Beginner, Intermediate နဲ့ Advanced level 3ခုလုံးအတွက် video သင်ခန်းစာတွေ အများကြီးရှိပြီး freeလေ့လာလို့ရတဲ့ English Central ဆိုတဲ့ website ကို sharing လုပ်ပေးချင်ပါတယ်။

ဒီ websiteထဲမှာဆိုရင် video သင်ခန်းစာတွေကို level အလိုက်ခွဲပေးထားပါတယ်။ လေ့လာစရာ category လဲအများကြီးပါပါတယ်။
လေ့လာတဲ့အခါမှာ အောက်ပါအတိုင်း အဆင့်လေးဆင့်နဲ့လေ့လာရပါတယ်။

1. Watch the video
2. Learn the words
3. Speak the lines
4. Chat about the video

အရမ်းသဘောကျတဲ့အချက်က videoတွေက အရှည်ကြီးမဟုတ်ဘဲ 1-2 minutes ဝန်းကျင်ပဲ ကြာတာကြောင့် ပျင်းစရာမကောင်းဘဲ vdထဲက အကြောင်းအရာကို ပိုပြီး အာရုံစိုက်စေပါတယ်။ ပြီးရင် step by step စနစ်တကျ လေ့လာရတာကြောင့်မို့လို့ ပိုပြီးထိရောက်မှုရှိစေပါတယ်။ ကိုယ်ဘယ်လောက်လေ့လာပြီးပြီလဲဆိုတဲ့ weekly နဲ့ overall progress တွေလဲ ကြည့်လို့ရပါတယ်။

website link - https://www.englishcentral.com/myenglish
❤14🥰1
အဂ်လိပ်စာနဲ့ ပတ်သက်သော telegram channel လေးတွေ ဖြစ်ပါတယ်ဗျ။

Book gift
https://t.me/+h7oA4JBt2-FlNTc1

Kyaw's Library for Kids Chat
https://t.me/+00bQx2ukEk4yY2Q1

Kyaw's Books & Magazines Chat
https://t.me/+PAz4F2xWyPIxZTRl

English Graded Readers Mega Collection
https://t.me/+RD_IBJWDxKkxOTVl

Very Short Introductions
https://t.me/+iUdKefA4FZ0zODM9

Knowledge Bank
https://t.me/+aDOqK-zm9q8xYjI1

ဘာသာမျိုးခြား၊စာစကား၊ဘင်္ဂလီ၊ဟိန္ဒီ
https://t.me/+bFENolirdVw3MzZl

Lessons from Books
https://t.me/+UjcHAXyB9fxlYTVl

ဘာသာမျိုးခြား စာစကား- တရုတ်
https://t.me/+LkOVv77rBadjMGE1

ရာဇဝင်၊သမိုင်းစာစု
https://t.me/hist_collect
❤20
Forwarded from Saw Kyaw Myo Naing
Media is too big
VIEW IN TELEGRAM
သင်တန်းသူသင်တန်းသားများ
ဆရာ့ရဲ့ စာဖတ်နည်း အစမ်း (၃) မိနစ် Video လေးကို မှတ်ချက်လေး ပေးပါဦး။
အဆင်ပြေရဲ့လား။ YouTube မှာ တင်ဖို့ ဆရာ လုပ်နေပါတယ်။
မတင်ခင်လေး ကလေးများရဲ့ မှတ်ချက်လေးတွေ အားမနာတမ်း ပြောပေးကြပါဦး။
❤41
ဒီလိုလေး သင်ပေးတာ အဆင်ပြေရဲ့ လား
Anonymous Poll
98%
Yes
2%
No
Basic နဲ့ Intermediate level တွေအတွက် grammar, vocabulary နဲ့ pronunciation lesson တွေအပြင် English နဲ့ပက်သက်တဲ့ fun games လေးတွေပါရှိတဲ့ free website တစ်ခုကို sharing လုပ်ပေးချင်ပါတယ်။

Website link - https://www.learnenglish.de/
❤12👍3
ကိုယ့်ရဲ့ speaking level ကို AI နဲ့ ပေါ့ပေါ့ပါးပါး test လုပ်ကြည့်လို့ရမယ့် website ကို sharing လုပ်ပေးချင်ပါတယ်။

website ရဲ့ နာမည်ကတော့ speechace ဖြစ်ပါတယ်။

Test လုပ်ဖို့အတွက် Jobs, Travel, Business, Books အစရှိတဲ့ Topics ပေါင်း 19 ခု ပါဝင်ပါတယ်။ ကိုယ်နှစ်သက်တဲ့ topic ကိုရွေးချယ်ပြီး သူမေးတဲ့ မေးခွန်းတွေကို တစ်မိနစ်စီ ဖြေပေးရုံပါပဲ။

Test လုပ်ပြီးတာနဲ့ ကိုယ့်ရဲ့ speaking နဲ့ပက်သက်ပြီး Pronunciation, Fluency, Vocabulary, Grammar Scores တွေဘယ်လောက်ရလဲဆိုတာ result ပို့ပေးပါတယ်။ ဒါအပြင် ကိုယ်ပြောခဲ့တဲ့ words per minute တွေ၊ bad pauses တွေ၊ pronunciation အမှားတွေကိုလဲ ပြန်ပြပေးပါတယ်။

ကိုယ့်ရဲ့ speaking level နဲ့ပက်သက်ပြီး အကြမ်းဖျဥ်းသိချင်လို့ပဲဖြစ်ဖြစ်၊ အားနည်းချက်၊ အားသာချက်တွေ သိချင်လို့ပဲဖြစ်ဖြစ် အပျော်တမ်း ‌ပေါ့ပေါ့
ပါးပါးစစ်ကြည့်လို့ရပါတယ်ဗျ။

website link - https://www.speechace.com/speaking-test/
❤15
IELTS, DET မရှိသေးပဲ CEFR scaled ဖြစ်တဲ့ English Test တစ်ခုဖြေထားချင်တယ်ဆိုရင် EFSET ကို အခမဲ့ဖြေထားသင့်တယ်။

တစ်ချို့နိုင်ငံတကာအလုပ်တွေ ကျောင်းတွေက အင်္ဂလိပ်စကားကျွမ်းကျင်မှုကိုတောင်းတဲ့အခါ ဒီလက်မှတ်ကိုပြလို့ရတယ်လို့‌ ပြောကြတယ်။ ကုမ္မဏီတွေ ကျောင်းတွေ အသိအမှတ်ပြုတာ ကွာခြားကောင်းကွာခြားနိုင်ပေမဲ့ ဘာသာစကား Certificate လက်မှတ်တော့ အခမဲ့ရနေတုန်းယူထားပြီး ကိုယ့် level ကိုလည်းဆန်းစစ်ထားသင့်တယ်။

ဖြေမယ်ဆိုရင် -

Certificate ရမဲ့စာမေးပွဲက (၂) မျိုးရှိမယ်။

(၁) 2 Skills ( Reading/Listening ) 50 mins
(၂) 4 Skills (Reading/Listening/Speaking/Writing) 90 mins

Certificate မရပဲ အစမ်းဖြေနိုင်တာက

(၁) Quiz (No Certificate) ဖြစ်ပါတယ်။

ရလာတဲ့ရလဒ်ကို Linkedin Profile မှာလည်း အလွယ်တကူထည့်လို့ရနိုင်ပြီး showcase ပြလို့ရပါတယ်။

ဖြေထားချင်သူတွေက ပုံတစ်ခုချင်းစီမှာကြည့်ပါ။
Website - https://www.efset.org
❤12