U Kyaw Myo Naing- Effortless English
2.13K subscribers
99 photos
420 videos
318 files
100 links
Basic English Class
Download Telegram
“ကမ္ဘာ့အလယ်ဗဟိုချက်သို့ ခရီးသွားခြင်း”

အပိုင်း(၁၄)

After we woke the next morning, we set off down the tunnel.
နောက်တစ်နေ့ အိပ်ရာမှ နိုးပြီနောက် ကျွန်တော်တို့သည် လှိုင်ခေါင်းအတွင်းသို့ စတင်ဝင်ရောက်ကြလေ၏။

"It is very quiet here, but there is something alarming about the quietness."
“ဒီလှိုင်‌ခေါင်းက တော်တော်လေးကို တိတ်ဆိတ်တာပဲ၊ ဒါပေမယ့် တိတ်ဆိတ်မှုနဲ့ ပတ်သက်ပြီး သတိထားစရာတော့ ရှိတာပဲ”

"Afraid already? We have not gone far into the bowels of the Earth yet."
“ကြောက်နေပြီလားကွ၊ တို့တွေ အခုထိ ကမ္ဘာ့အတွင်းပိုင်းကို သိပ်ပြီးမဝင်ရသေးဘူး နော်”

"See the barometer. It reads 29 degrees. That's about sea level."
“လေဖိအားတိုင်း ကိရိယာကို ကြည့်ဦး။ အပူချိန်က ၂၉ ဒီဂရီကိုပြ‌နေတယ်။ ဒါက ပင်လယ်မျက်နှာပြင်နဲ့ ဆိုင်တယ်”

"We've only just reached the level of the island, and the real journey is just beginning."
“တို့တွေ မီးတာင်ဝက ဆင်းလာတာဆိုတော့ အခုရောက်နေတာက ကျွန်းရဲ့ မျက်နှာပြင်ပဲ ရှိသေးတယ်။ တကယ့်ခရီးစဉ်က အခုမှစမှာ”

"Just beginning? But we've only got enough water for five days. We--"
“အခုမှ စမှလား၊ ဒါပေမယ့် ကျွန်တော်တို့ သယ်လာတဲ့ ရေက (၅) ရက်စာပဲ လောက်တာ နော်၊...ကျွန်တော်.....”

"We shall find plenty of water."
“တို့တွေ ရေအများကြီး တွေ့မှာပါကွာ”

Just as we were making a choice about which passage to take, I looked up and, through the tubelike shaft, saw the Iceland sky I would never see again.
မည်သည့် လမ်းကြောင်းသို့ ဝင်ရောက်ကြမည်ကို ရွေးချယ် နေကြစဉ် ကျွန်ဝောာ်သည် အပေါ်သို့ မော့ကြည့်ရင်း၊ လှိုင်ခေါင်းသဏ္ဍာန် တွင်းပေါက်ဝမှတဆင့် နောက်တစ်ခါ ပြန်လည်မြင်တွေ့ရတော့မည် မဟုတ်သော အိုင်းစလန်၏ ကောင်းကင်ကြီးကို မြင်တွေ့နေရသည်။

My uncle did not hesitate over which path to take, even though there was no indication by which to make a choice.
ကျွန်တော့်ဦးလေးသည် ‌‌လမ်းကြောင်းရွေးဖို့ရန် အမှတ်အသားပြသည့် အရာများ မပါသော်လည်း
မည်သည့်လမ်းရွေးရမည်ကို ချီတုံချတုံ ဖြစ်မနေခဲ့ပေ။

The difficult part of our journey now began. Fortunately, some cracks in the soil, and other irregularities, could be used as steps. We descended slowly.
ခက်ခဲကြမ်းတမ်းသော ကျွန်တော်တို့၏ ခရီးစဉ်သည် ဤတွင် စတင်ပါသည်။ ကံကောင်းစွာဖြင့် မြေမျက်နှာပြင်ထက် အချို့သော အက်ကွဲကြောင်းများနဲ့ မညီညာသော မျက်နှာပြင်များသည် အဆင့်များသဖွယ် အသုံးပြုနိုင်ကြ၏။ ထိုအဆင့်များကို အသုံးပြု၍ ကျွန်တော်တို့သည် အောက်‌‌သို့ ခပ်ဖြည်းဖြည်းသာ ဆင်းခဲ့ကြသည်။

The compass indicated that we were moving southeast. The temperature was higher than it should have been, which showed that our descent was far more horizontal than vertical.
သံလိုက်အိမ်မြှောင်သည် ကျွန်တော့်တို့အား အရှေ့တောင်ဘက်သို့ သွားနေသည်ကို ပြသနေပါသည်။ အပူချိန်သည် ရှိသင့်တာထက် ပို၍ မြင့်နေခြင်းက ကျွန်တော်တို့၏ ဆင်းသက်မှုသည် ဒေါင်လိုက်ထက် အလျားလိုက် ဆင်းသက်မှုက ပိုများနေကြောင်း ပြသနေပါသည်။

"Uncle? I have noticed that we are going upwards."
“ဦးလေး၊ ကျွန်တော်တို့တွေ အပေါ်ကို ထောင်တက်နေကြတာ ကျွန်တော်သတိထားမိတယ်”

"Upwards? How can that be?"
“အပေါ်ကိုလား၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲကွ”

"Yes, upwards. And we are turning away from the lava. The soil is getting softer. Look!"
“ဟုတ်တယ် ဦးလေး၊ အပေါ်ကိုထောင်တက် နေတာ။ ကျွန်တော်တို့တွေ ချော်ရည် တွေနဲ့ ဆန့်ကျင်ဘက်သွားနေကြတာ။ ဒီမြေမျက်နှာပြင်
က ပိုပိုပြီး ပျော့လာတယ်၊ ကြည့်ပါဦးဗျ”

"It is the shell of a crustacean, of an extinct species called trilobite."
“ဒါက ထရိုင်လိုဘော့လို့ခေါ်တဲ့ မျိုးတုန်း ပုဇွန်စိတ် တစ်ခုရဲ့ အခွံပါ”

"It is possible that you may be right in saying we have left the crust of lava."
“မင်း ပြောပုံအရဆို တို့တွေ ချော်ရည်တွေရဲ့ဆန့်ကျင်ဘက်ကို ဦးတည်သွား နေတယ်ဆိုတာ မှန်ကောင်းမှန်နိုင်ပါတယ်”

"But I cannot be sure of that until we have reached the end of this tunnel."
“ဒါပေမယ့် ဒီလှိုင်ခေါင်းဆုံးတော့မှပဲ အဲ့ဒါ ဟုတ်လား၊ မဟုတ်လား သေချာသိရမှာပဲ”

"Quite right. But what about our lack of water?"
“မှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာပါလာတဲ့
ရေတွေ ပြတ်သွားရင် ဘယ်လိုလုပ်မလဲ”

We were already 6,000 feet deeper down in the bowels of the Earth than anyone had ever been before.
ကျွန်တော်တို့သည် အခြားသောသူများ တစ်ခါမျှ မရောက်ရှိဖူးသော ကမ္ဘာ့အတွင်းပိုင်း၏ ‌‌ပေပေါင်း (၆၀၀၀) အနက်ကို ရောက်ရှိနေကြပြီ ဖြစ်၏။

"We’ll put ourselves on rations."
“ငါတို့တွေ ပါလာတဲ့ ရိက္ခာကို ချွေတာသုံးရလိမ့်မယ်”
3
We continued to follow the corridor of lava, which formed a perfectly natural pathway, and was easy to walk down.
ကျွန်တော်တို့သည် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ချော်လမ်းလေးအတိုင်း အောက်သို့ အလွယ်တကူ ဆက်၍ ဆင်းခဲ့ကြသည်။

အပိုင်(၁၅) မျှော်......

အားလုံး အဂ်လိပ်စာများ တိုးတက်ကြပါစေ။

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌Translated by U Kyaw Myo Naing - Effortless English
Media is too big
VIEW IN TELEGRAM
ဇူလိုင်လ (၄) ရက်နေအတွက် အခြေခံ အဂ်လိပ်စကားပြော သင်တန်းကြော်ငြာ
2
Media is too big
VIEW IN TELEGRAM
အဂ်လိပ်စာကို လေ့လာနေသူများအတွက်
👍2
Media is too big
VIEW IN TELEGRAM
အဂ်လိပ်စာလေ့လာနေသူများအတွက် COC စာဖတ်နည်း အပိုင်း(၁)
6👍2
Media is too big
VIEW IN TELEGRAM
အဂ်လိပ်စာ လေ့လာနေသူများအတွက် COC စာဖတ်နည်း
👍6
Media is too big
VIEW IN TELEGRAM
Phrase (၃) မျိုးအကြောင်း လေ့လာကြမယ်
7
“ကမ္ဘာ့ဗဟိုချက်သို့ ခရီးသွားခြင်း”

အပိုင်း(၁၅)

The Professor had just one idea - forwards! He waved, he slid, he scrambled and he tumbled with a persistence that you could only admire.
ပါမောက္ခကြီးတွင် ရှေ့ကိုသာဆက်သွားမယ်ဟေ့... ဆိုသော အတွေးတစ်ခုသာရှိသည်။ သူသည် လက်ကို ဝေ့ယမ်းပြီး လျှိုဝင်စရာရှိတာ ဝင်၊ လျှောဆင်းစရာတွေ့ရင် လျှောဆင်းပြီး တက်စရာရှိပါက ကုတ်တွယ်တက်၏။ သူ၏ အားကျစရာ တစ်ခုက သူ၏ ဇွဲသာဖြစ်ပြီး ထို ဇွဲကြောင့် ဒလိမ့်ခေါက်ခွေကျသည်များလည်း ရှိပါသည်။

Less than half a gourd of water was all that was left for the three of us.
ရေသည် ကျွန်တော်တို့အတွက် သုံးရက်စာလောက်ရုံသာ ဗူးထဲ ကျန်တော့သည်။

We moved on almost without a word. The lava in the last eruption of 1279, had forced a passage through the tunnel.
ကျွန်တော်တို့ စကားတစ်လုံးမျှ မပြောကြပဲ ရှေ့ဆက်လျှောက်လာကြသည်။ ၁၂၇၉ ခုနှစ်တွင် မီးတောင်သည် နောက်ဆုံးပေါက်ကွဲခဲ့ပြီး ထိုချော်ရည်များသည် လှိုင်ခေါင်းမှ တဆင့် တိုးထွက်ခဲ့ကြသည်။

I had read of the horrors of thirst, and I knew that it could easily put an end to our adventures - and our lives!
ကျွန်တော်သည် ရေဆာခြင်း၏ ကြောက်စရာအ ဖြစ်အပျက်များကို ကျွန်တော်ဖတ်ဖူးသည်။ ရေငတ်ခြင်းသည် ကျွန်တော်တို့၏ ခရီးနဲ့ အသက်ကို အလွယ်တကူအဆုံးသတ်နိုင်ကြောင်း ကျွန် တော် သိခဲ့ပါသည်။

But it was utterly useless to discuss the matter with my uncle.
ဒါပေမယ့် ဒီအကြောင်းကို ဦးလေးနဲ့ ဆွေးနွေးမယ်ဆိုလည်း ဘာမှထူးမှာ မဟုတ်ဘူး။

Suddenly, we found ourselves in front of a wall. We had reached a spot where the rocks said 'No way through'.
ရုတ်ချည်းဆိုသလို ကျွန်တော်တို့သည် နံရံတစ်ခု၏ အရှေ့သို့ ရောက်နေ၏။ ကျောက်ဆောင်များသည် “ဖြတ်သွားဖို့ လမ်းမရှိပါ” ပြောနေကြသလိုပင်။ ကျွန်တော်တို့သည် ထိုနေရာသို့
ရောက်ရှိနေကြသည်။

“Well, well, we are definitely not on the road followed by Saknussemm.”
“ဟုတ်ပြီ...ဟုတ်ပြီ..ငါတို့တွေ ဆန်နူဆမ် ပြောတဲ့
လမ်း ကြောင်းပေါ်မှာ မဟုတ်တာတော့ ကျိန်းသေ
နေပြီ”

“All we have to do is go back and take a different tunnel. Before three days are over, I promise you, we will have returned to the point where the corridors divided.”
“ငါတို့ လုပ်ရမှာက နောက် ကြောင်းပြန်ဘယလှည့်မ်။ ပြီးရင် နောက်ထပ် လှိုင်ခေါင်းတစ်ပေါက်ကနေ ထပ်ဝင်ကြမယ်။ (၃) ရက် မကုန်ခင်တော့၊ တို့တွေ လမ်းကြောင်းခွဲခဲ့တဲ့ နေရာကို ပြန်ရောက်မယ်လို့ ငါ ကတိပေးတယ်”

“If we have any strength left, because tomorrow we shall have no water.”
“ ရေက မနက်ဖြန်ဆိုရင် ကုန်ပြီဆိုတော့၊ ကျွန် တော့်တို့ ရှေ့ဆက်မယ့် အားအင်တွေ မရှိတော့ရင် ဘယ်လို လုပ်မလဲ”

“Nor courage either?”
“ သတ္တိရော မရှိတော့ဘူးလာ”

I was stunned.
ကျွန်‌ တော် စွံ့အသွားတယ်။

What could I say? That night I fell into a heavy sleep from sheer exhaustion, disturbed by dreams of water. I awoke unrefreshed. All that day, I would have exchanged a diamond mine for a glass of pure spring water.
ကျွန် တော်ဘာ ပြောရမလဲ။ ညရောက်တော့ ရေအကြောင်းတွေးရင် ပင်ပန်းပြီး အိပ်ပျော်သွာပါသည်။ နိုးလာတော့ မလန်းမဆန်းနဲ့။ အဲ့ဒီအချိန်တွင် စိန်တွင်း တစ်တွင်းကို ရေလေးတစ်ခွက်ဖြင့် လဲယူချင်နေမိသော အတွေးသာ ကျွန်တော့်စိတ်ထဲတွင် တွေးနေမိပါသည်။

The water ran out completely by the end of the first day’s return journey.
ကျွန်တော်တို့ နောက်ကြောင်းပြန်လှည့်သည့် ပထမနေ့တွင်သာ ရေသည် လုံးဝ ကုန်သွားပါသည်။

Our provision of liquids was reduced to our supply of gin. But this infernal liquor burnt the throat, and I could not even bear the sight of it.
ကျွန်‌တော်တို့ ယူလာကြသော ရိက္ခာရေများတွင် အရက်အနည်းငယ်သာ ကျန်တော့သည်။ ထိုအရက်သည် လည်ချောင်းကို ပူစေသည်မို့ မြင်နေရတာတောင် မမြင်ချင်တာ့ပေ။

The temperature was stifling. I was paralysed with fatigue and more than once I nearly collapsed.
အပူချိန်သည် မိုက်ခနဲ့ဖြစ်အောင်ကို
မွမ်းကျပ်ပြီး အားအင်ကုန်ခန်းမှုကြောင့် ခန္ဓာကိုယ်သည် လှုပ်မရဖြစ်ခါ လဲကျလုမတတ် ဖြစ်ခဲ့ရသည်။

“Drink, my poor boy.”
“ငါ့တူရေ ၊ ရေလေး သောက်လိုက်ဦး”

“It is the very last. I had kept it as a precious treasure at the bottom of my flask.”
“ဒါက ငါရဲ့ဗူး ဖင်ကပ်နားမှာ ကျန်နေတဲ့ သိပ်အဖိူတန်တဲ့ နောက်ဆုံး လက်ကျန် ရေပဲ။”

We all stopped, and the worthy Icelander and my excellent uncle did their best to console and comfort me.
ကျွန် တော်တို့ အားလုံး ဆက်မသွားတော့ပဲ ရပ်လိုက်ကြသည်။ အိုင်းစလန်းသာ လမ်းပြနဲ့ ဦးလေးသည် ကျွန်တော့်အား ‌‌အကောင်းဆုံး ကြိုးစား နှစ်သိမ့် ပေးကြပါသည်။
This did not quench my thirst, but I had nevertheless partially recovered my strength.
ထိုနှစ်သိမ့်ခြင်းက ရေဆာခြင်းကို မပြေစေပါ။ သို့သော်လည်း ကျွန်တော်သည် အတော်အသင့် အားအင်းများ ပြန်လည်ရရှိလာပါသည်။

“We have no water; we must go back, Uncle?
“တို့မှာ ရေလည်း မရှိတော့ဘူး။ တို့တွေ ပြန်သွားမှ ရမယ်. ဦးလေး”

I could see that my uncle was struggling with the extreme fatigues of our journey, and the awful torture generated by the absence of water.
ခရီးရဲ့ပင်ပန်းနွမ်းနယ်ခြင်းဒဏ်ကို ဦးလေး ခံနေရသည်ကို ကျွန်တော် သိနိုင်ပါသည်။ အဆိုးဆုံးသော နှိမ့်စက်မှုသည် ရေမရှိခြင်းပင် ဖြစ်သည်။

“I have started this expedition, and I will carry it out to the end or I will not return.”
“ငါ ဒီခရီးကို စတင်ခဲ့တယ်၊ အဆုံးအထိ ငါ သွားမယ်။ ဘယ်တော့မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူး”

“Take Hans with you; leave me to myself.”
“မင်း ပြန်သွားချင်ရင် ဟန်နဲ့ အတူပြန်သွား၊ ငါ‌‌တော့ ဒီမှာ ကျန်နေခဲ့မယ်”

“We must go back!”
“ကျုပ်တို့ ပြန်မှ ရမယ်”

“We must take him with us. Do you hear me? Do you understand?”
“ကျုပ်တို့နဲ့အတူ သူ့ကိုပါ ခေါ်သွားမယ်၊။ ခင်ဗျား ကျုပ်ပြာတာ ကြားလားဗျ။ နားရော လည်ရဲ့လား”

Our guide was looking on with utter calmness and indifference. He never moved a muscle, but remained motionless. He just gently shook his head and pointed to my uncle.
ကျွန်တော်တို့၏ လမ်းပြသည် တည်တည်ငြိမ်ငြိမ်နဲ့ မထုံတက်တေ အကြည့်နဲ့သာ ကြည့်နေပါသည်။
နည်းနည်းမျှ မလှုပ်။ ခေါင်းလေးကို လှုပ်ရုံးလောက်သာ လှုပ်ပြီး ကျွန်တော့် ဦးလေးဆီသာ လက်ညိုး ထိုးပြလေသည်။

“Be calm, Henry! I ask you for one more day.”
“စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ ငါ့တူရာ၊ နောက်တစ်ရက်လောက်လေးပဲ ဦးလေး တောင်းဆိုပါတယ်ကွာ”

“In one more day, if we have not found the water that we want, I swear to you we will return to the surface of the Earth.”
“ဒီ တစ်ရက်ထဲမှာ တို့လိုချင်တဲ့ ရေမတွေ့ရင်
တို့တွေ ကမ္ဘာ့ မျက်နှာပြင်ပေါ်ကို ပြန်တက်ကြမယ်၊ ဒါကို ငါ ကျိန် ပြောပါတယ်”

Despite my irritation and despair, I knew how difficult it was for my uncle to say this. Under the circumstances, what could I do but agree?
ကျွန်‌တော့်စိတ်များသည် ယောင်ချာချာနဲ့ စိတ်ပျက်နေသော်လည်း ယခုလို ပြောဖို့ ဦးလေး
ဘယ်လောက်ခက်ခဲမည် ဆိုသည်ကို ကျွန်တော်သိ
ပါသည်။အခြေအနေတွေအောက်မှာ သဘောတူရုံကလွဲပြီး ကျွန်တော် ဘာလုပ်လို့ ရနိုင်မှာလဲ။

အပိုင်း (၁၆) မျှော်.......
အားလုံး အဂ်လိပ်စာများ တိုးတက်ကြပါစေ။
Translated by U Kyaw Myo Naing - Effortless English
4
ကမ္ဘာ့အလယ်ဗဟိုချက်သို့ ခရီးသွားခြင်း

အပိုင်း(၁၇)

Suddenly, a loud and welcome Hiss was heard, and then a jet of water burst through the wall.
ရုတ်တရက် ဝမ်းသားစရာ “ရှူး” ဆိုသော အသံကို ခပ်ကျယ်ကျယ်လေး ကြားလိုက်ရပြီး ရေများ ကျောက်နံရံမှ ပန်းထွက်လာပါသည်။

“We are saved!”
“တို့တွေ မသေတော့ဘူးကွ...!”

It was water and, though it was a little warm, it brought our hearts back to life. We would have certainly died without it.
ထိုအရာသည် ရေများဖြစ်ပြီး အနည်းငယ်နွေး သော်လည်း ၎င်းသည် ကျွန်တော်တို့၏ နှလုံးသားကို ပြန်လည်ရှင်သန်စေခဲ့ပါသည်။ ထိုရေမရှိလျှင် ကျွန်တော်တို့ မလွဲမသွေ သေဆုံးရမည်မှာ သေချာသည်။

“This is a chalybeate spring! It is good for digestion. Don't you think we should name this stream after him? The Hansbach?”
“ဒါ‌က သံဓာတ်ပါတဲ့ သဘာဝ စမ်းရေတစ်မျိုးပဲ။အစာချေဖို့အတွက်ဆို တကယ်ကောင်းတယ်။ တို့တွေ ဒီစမ်းချောင်းကို ဟန်ရဲ့နံမည်ပေးသင့်တယ်လို့ မထင်ဘူးလား။ ဟန်ဘက်ခ်ျ စမ်းချောင်းလို့ ခေါ်မလား”

“Let us allow the water to run on. It will flow down, and will both guide us and refresh us.”
“ရေတွေ ဆက်ပြီး စီးကျပါစေဦး။ ရေတွေ အောက်ကို စီးသွားလိမ့်မယ်။ ပြီးတော့ ဒီရေကပဲ တို့ကို လန်းဆန်းမှုရော လမ်းညွန်မှုရောပေးလိမ့်မယ်ကွ”

“That is a good plan.”
“ဒီအကြံကောင်းတယ်”

“Ah, my boy! You agree with me now?”
“အမ်မယ်၊ ငါ့တူကြီး! အခုမှ ငါပြောတာကို
သဘောတူလို့ပါလား”

“I agree with you completely.”
“ကျွန်တော် ဦးလေး ပြောတာကို လုံဝ သဘောတူပါတယ်ဗျာ”

By the next day we had nearly forgotten our past sufferings. I felt like a new man, ready to go anywhere my uncle chose to lead me.
နောက်တစ်နေ့သို့ ရောက်သောအခါ ကျွန်တော်တို့အားလုံးသည် ပြီးခဲ့သော ဝေဒနာများကို မေ့ပျောက်လုနီးပါး ဖြစ်ကုန်ကြပါသည်။

How could we not succeed, with my uncle leading the way, and with an industrious guide such as Hans, and accompanied by such a determined nephew as myself?
ဒီခရီး ဒီလမ်းကို ဦးလေးရဲ့ ဦးဆောင်မှု၊ ကြိုးစားပြီး ဝီရိယရှိသော ဟန်ရဲ့ လမ်းပြမှု၊ ကျွန်တော့်လို စိတ်ဓာတ်ခိုင်မာသော တူလေးရဲ့ အဖော်လိုက်ပေး
မှုနဲ့သာဆို ဘယ်လိုဖြစ်ပြီး မအောင်မြင်နိုင်စရာ ရှိပါ့မလဲ။

The direction of our march was, in general, towards the southwest. That day and the next, we did a considerable amount of horizontal travelling.
ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့၏ ကြိုးစားချီတက်လာခြင်းသည် အနောက်တောင်ဘက်သို့ ဦးတည်နပါသည်။ အဲ့ဒီနေ့နဲ့ နောက်တစ်ရက်လုံးကျွန်တော်တို့သည် မြေပြင်ညီအတိုင်းသာ ခပ်များများခရီးနှင်ခဲ့ရသည်။

“Fifty leagues from Mount Sneffels.”
“နှာ ချေဝ မီးတာင်က နေဆို တို့တွေ ခရီးနှင်ခဲ့တာ (၅၀) လီဂါ ရောက်ခဲ့ပြီ”
“Fifty leagues horizontally from where we started.”
“တို့ စထွက်ခဲ့တဲ့ နေရာကန ပြင်ညီအတိုင်းဆို (၅၀) လီပါအကွာမှာပေါ့”

On 10th July, a horrible well opened under our feet and our descent then began.
ဇူလိုင်(၁၀) ရက်နေ့မှာ ကျွန်တော်တို့သည် ကြောက်စရာ တွင်းကြီးမှတစ်ဆင့် ဆင်းသက်မှုကို စတင်ခဲ့ကြပါသည်။

“But that would put us-”
“ဒါဆိုရင် ကျွန်တော်တို့က....”

“If your calculations are correct, we are no longer under Iceland.”
“ဦးလေးတွက်ချက်တာ မှန်ရင်တော့ ကျွန်တော်တို့ အိုင်းစလန်းအောက်မှာ မဟုတ်တော့ဘူး”

“We are under the open sea!”
“ကျွန်တော်တို့ ပင်လယ်အောက် ရောက်နေတာဗျ”

“Yes, there is no doubt that the old Ocean flows over our heads!”
“ဟုတ်ပါ့၊ တို့ခေါင်းပေါ်မှာ သမုဒ္ဒရာကြီး စီးဆင်း နေတာ ဘာမှ စောဒကတက်စရာ မရှိပါဘူး”

“But what can be more natural! Do you not know that near to Newcastle there are coal mines which work far out under the sea?”
“"ဒါပေမယ့် ဒီထက်ပိုပြီး သဘာဝကျတာဘာရှိမလဲ! နယူးကာဆယ်မြို့အနီးမှာ ပင်လယ်အောက်အထိ ထိုးဖောက်တူးဖော်ထားတဲ့ ကျောက်မီးသွေးတွင်းတွေ ရှိတယ်ဆိုတာ မင်းမသိဘူးလား”

By 15th July, we were actually seven leagues below the surface of the Earth, and fifty leagues from the mountain of Sneffels.
ဇူလိုင်လ ၁၅ ရက်နေ့မှာတော့
ကျွန်တော်တို့သည် ကမ္ဘာမြေပြင်မျက်နှာပြင်အောက် ၇ လီဂါအနက်နှင့် နှာချေတောင်မှ ၅၀ လီဂါအကွာအဝေးသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

How did it matter if the mountains of Iceland, or the mighty Atlantic Ocean were above our heads? Either way, we were reliant on the solidity of the granite roof above us.
"ကျွန်တော်တို့အပေါ်တွင် အိုက်စလန်တောင်တွေရှိနေခြင်း ဒါမှမဟုတ် အတ္တလန္တိတ်သမုဒ္ဒရာကြီးရှိနေခြင်းက ဘာမျှကွာခြားသွားမည်မဟုတ်။ တစ်နည်းနည်းဖြင့်သာ ကျွန်တော်တို့သည် ကျွန် တော်တို့ ခေါင်းပေါ်ရှိ ဂရင်းနိုက် ကျောက်သား၏ ခိုင်ခန့်မှုကိုသာ အားထားနေရတော့သည်။
အပိုင်း(၁၈) မျှော်....
U Kyaw Myo Naing - Effortless English မှ ကြိုးစား ဘာသာပြန်ဆိုထားပါသည်။
“ကမ္ဘာ့အလယ် ဗဟိုချက်သို့ ခရီးသွားခြင်း”

အပိုင်း(၁၈)

“I've... I've made an important discovery!”
“ကျွန်‌တော် အရေးပါတာ တစ်ခု တွေ့ခဲ့ပြီဗျ”

“According to the laws of temperature, it should be 1500 to 1800 degrees celsius here!”
“အပူချိန်ရဲ့ သဘောအရဆိုရင် ဒီမှာ အပူချိန်က ၁၅၀၀ ကနေ ၁၈၀၀ ဒီဂရီ ဆဲစီးရက် ရှိသင့်တယ်”

I was willing to admit that the tunnel we were in might be several miles beneath others, some might well and did not allow the high temperature to pass through its sides. But my uncle thought otherwise.
ကျွန်တော်တို့ ရောက်ရှိနေသော လိုဏ်ခေါင်းသည် အခြားလိုဏ်ခေါင်းများထက် မိုင်အတော်အနက်တွင် တည်ရှိနေသည်ကို ကျွန်တော့် လက်ခံပြီး အချို့သော အကြောင်းရင်းများကြောင့် တစ်ချို့လှိုင်ခေါင်းနံရံများသည် အပူချိန် ထိုး‌‌မပေါက်ပဲ ရှိသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ကျွန်တော့်ဦးလေးမှာမူ ဤအချက်ကို သဘောမတူခဲ့ပေ။

“The scientists are wrong, and the increase in temperature they have calculated is a mistake.”
“သိပ္ပံပညာရှင်တွေက အပူချိန်တိုးနှုန်း တွက်ချက်တဲ့ နေရာမှာ မှားပြီး တွက်ခဲ့ကြတာ”

“Listen to your senses.”
“မင်းစိတ်က ပြောတာကိုပဲ မင်း နားထောင်ပေါ့”

Without entering into a long and useless argument with my uncle, I decided to accept the facts as he wanted.
ဦးလေးနဲ့ ဖက်ပြီး ငြင်းခုံမနေတော့ပဲ သူဖြစ်ချင်တဲ့ အချက်အလက်တွေအတိုင်းပဲ လက်ခံဖို့ ဆုံးဖြတ်လိုက်ပါသည်။

In the sixteenth century, neither the barometer nor the manometer had been invented. So, how could Saknussemm have been able to know when he reached the centre of the Earth?
(၁၆) ရာစုအချိန်က ဖိအားတိုင်း ကိရိယာများကို တီထွင်ခဲ့ခြင်း မရှိသေးပေ။ ဒါကြောင့ ကမ္ဘာ့အလယ်ဗဟိုချက်ဆီ ရောက်တာကို ဆက်နူဆန်က ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ။

I kept this unanswerable question to myself. Instead, I built up my courage and awaited the course of events. At that time, I was unaware how adventurous the incidents of the rest of our journey would be.
ဒီဖြေဖို့ရန်မဖြစ်နိုင်သော မေးခွန်းလေးကို မေးမနေတော့ပဲ အဲ့ဒီအစား သတ္တိကိုမွေးပြီး ဖြစ်လာမည့် အခြေအနေများကိုသာ စောင့်နေခဲ့ပါသည်။ အဲ့ဒီအချိန်၌ ကျွန်တော်တို့၏ ကျန်ရှိနေသော ခရီးတွင် ဘယ်လိုဘယ်ပုံ စွန်းစားခန်းများ ကြုံရဦးမည်ကို မသိခဲ့ပေ။

During the two weeks that followed, nothing worthy of being recorded took place.
ခရီးဆက်ခဲ့ကြသည့် ရက်သတ္တပတ် (၂) ပတ်အတွင်းမှာ မှတ်သားရ လောက်သည့် အရာများ ဖြစ်ပျက်ခြင်း မရှိခဲ့ပေ။

“ Uncle?”
“ဦးလေး..လာ”

But the next event I will mention is indeed terrible. Even now, the thought of it makes my soul shudder and my blood run cold.
သို့သော် ကျွန်‌တော်ပြောပြမည့် နောက်ထပ် အဖြစ်အပျက်သည် သိပ်ကိုမှ ကြောက်စရာကောင်းပြီး အခုတောင်မှ ထိုအဖြစ်အပျက်ကို တွေးလိုက်ရုံဖြင့် ခန္ဓာကိုယ်တစ်ခုလုံး စိမ့်ပြီး တုန်လှုပ်‌ခြောက်ခြားနေပါသည်။

It was 7th August, and we were nearly 100 miles below the surface of the Earth.
ထိုနေ့သည် ဩဂတ်လ (၇) ရက်နေ့ ဖြစ်သည်။ ကျွန် တော်တို့သည် ကမ္ဘာ့မျက်နှာပြင်မှ မိုင်းပေါင်း (၁၀၀) အောက်သို့ ရောက်ရှိနေပါသည်။

On that memorable day, I was walking in front. I was completely absorbed in my work, examining the different layers of granite.
မှတ်မှတ်ရရ ထိုနေတွင် ကျွန်တော်သည် ဦးလေးနှင့် ဟန်တို့ နှစ်ဦးရဲ့အရှေ့ကနေ၍ လမ်းလျှောက် နေပါသည်။

“Uncle? Hans?”
“ဦးလေးလာ...ဟန်လား”

Suddenly, halting and turning round, I found that I was alone!
ရုတ်တရက် ကျွန်တော်ရပ်ပြီး နောက်ကို လှည့်ကြည့်လိုက်သည် အချိန်တွင် ကျွန်တော်တစ်ယောက်ထဲ ဖြစ်နေပါသည်။

I retraced my steps and walked for at least a quarter of an hour. Starting to feel uneasy, I paused and looked around. Not a living soul could be seen.
ကျွန်တော်လာရာလမ်းအတိုင်း အနည်းဆုံးနောက်သို့ (၁၅) မိနစ် ပြန်၍လျှောက်ခဲ့ပါသည်။ ကျွန်တော့်စိတ်၌ ဂယောက်ဂယက်ဖြစ်လာပြီး ရပ်လိုက် လှည့်ပတ်ကြည့်လိုက်သာ လုပ်နေမိ သော်လည်း မည်သည့် သက်ရှိသတ္တဝါမျှ မတွေ့ရပေ။

“Hans!”
“ဟန်ရေ..”
No reply.
ပြန်ဖြေသံ မကြားရ..

There could not be two paths. All I had to do was to go back.
လမ်းသည်လည်း နှစ်လမ်း မရှိသည်မို့ ကျွန်တော်လုပ်ရမှာသည် လှည့်ပြန်ရုံမှတစ်ပါး အခြားမရှိတော့။

“Of course, there is another way to ensure I don't get lost... our faithful river.”
“ဟုတ်ပြီး၊ ငါ လမ်းမမှားစေမယ့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခြားတစ်နည်း ရှိသေးတယ်...အဲ့ဒါက ငါတို့နဲ့အတူ အမြဲရှိနေတဲ့ မြစ်ပဲ”
4
I stopped to plunge my hands into the pleasant water of the Hansbach stream, blessing its presence as a certain comfort.
ကျွန်တာ်သည် ရပ်၍ နှစ်လိုဖွယ် ဟန်ဘက်ခ်ျ ချောင်းလေးတည်ရှိနေခြင်းက စိတ်သက်သာရာ ရစေသော အရာအဖြင့် ကျေးဇူးတင်ရင် လက်နှစ်ဖက်ကို ရေထဲ နှစ်လိုက်ပါသည်။

Imagine my horror! I was walking along a hard, dusty and dry path. The stream on which I had relied had disappeared!
ကြောက်စရာကောင်းလောက်အောင် ကျွန်တော် အံ့အားသင့်သွားရပုံကို စဉ်းစားကြည့်ပါ။ ကျွန်တော်သည် မာတောင့်တောင့်၊ ဖုန်တွေထူပြီး ရေခန်းနေတဲ့ လမ်းမှာ လမ်းလျှောက်နေပါသည်။ကျွန်တော် အားကိုးအားထားပြုခဲ့သော
ချောင်းလေးသည် ပျောက်သွားပြီ!

အပိုင်း(၁၉) မျှော်....
ကြိုးစား၍ ဘာသာပြန်ဆိုထားပါသည်။

#coစာဖတ်နည်း #ukyawmyonaingeffortlessenglish #reading #education #English