RSN WEB
8.53K subscribers
943 photos
40 videos
4 files
479 links
REVOLUTIONARY CHANNEL

Contact us - 📬 @Inform_RSN
Download Telegram
⚫️ သာကေတမြို့နယ်

ယနေ့ည ၈:၅၃ ခန့်တွင် သာကေတမြို့နယ်၊ ရတနာလမ်းမပေါ်ရှိ ရွှေမင်းသမီးဆိုင်ရှေ့သို့ ရဲ DC တစ်စီး ရောက်ရှိလာပြီး အကြမ်းဖက်တပ်သားများမှ ဆိုင်ရှေ့၌ ထိုင်နေသော ပြည်သူ ၃ ဦးအား အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

29 Apr 2024
#rangoonscoutnetwork
🔴 တာမွေမြို့နယ်

ယနေ့ည ၉:၂၄ ခန့်တွင် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊ ဗျိုင်းရေအိုးစင်လမ်း အောင်သုခဘက်အခြမ်း၌ ရဲ မီးတန်း တစ်စီး၊ စစ် SC တစ်စီး၊ အိမ်စီးကား တစ်စီးဖြင့် အကြမ်းဖက် စစ်သား၊ ရဲနှင့် ထွေအုပ်၊ လဝက ဝန်ထမ်းများ တိုက်ပေါ်တက်၍ ဧည့်စစ်ဝင်ခဲ့ပြီး ၉:၃၇ ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။


29 Apr 2024
#rangoonscoutnetwork
🔴 မင်္ဂလာတောင်ညွန့်မြို့နယ်

ယနေ့ည ၉:၃၉ ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ KBK ရှေ့ တိုက်တစ်တိုက်အနီး၌ စစ် DC ၂ စီး၊ အကြမ်းဖက် စစ်သား၊ ရဲနှင့် ရပ်ကျေးအဖွဲ့ဝင်များ အင်အားအများအပြားဖြင့် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – MGTN Spring News and Scout Channel

29 Apr 2024
#rangoonscoutnetwork
⚫️ သန်လျင်မြို့နယ်

ယနေ့ည ၁၀:၀၁ ခန့်တွင် သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ ပါရမီ ၃ လမ်းအတွင်း၌ အကြမ်းဖက် စစ်သားများ ဧည့်စစ်ဝင်နေ‌ပြီး အပြစ်မဲ့ပြည်သူတစ်ဦးကိုလဲ ဖမ်း‌ထားကြောင်း သိရှိရသည်။ – Thanlyin Media (Thanlyin Scout Channel)

29 Apr 2024
#rangoonscoutnetwork
🔴 အင်းစိန်မြို့နယ်

ယ‌နေ့ည ၁၀နာရီ၄၅မိနစ်တွင် အင်းစိန်မြို့နယ်၊စျေးကုန်းအနောက်ရပ်ကွက်၌ ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေသည်ဟုကနဦး သတင်းရရှိသည်။

29 Apr 2024
#rangoonscoutnetwork
ရန်ကုန်မှတ်တမ်း (ဧပြီ ၂၉၊ ၂၀၂၄)
•••••••••••••••®•••••••••••••••

ယမန်နေ့ ဧပြီ ၂၈ ရက်နေ့ည ၉ နာရီခန့်က လှိုင်မြို့နယ်တွင်း ဗုံးပေါက်ကွဲသံထွက်ပေါ်ခဲ့ခြင်းမှာ အကြမ်းဖက်တပ်သားများ တပ်စခန်းချထားသည့် သတ္တုပစ္စည်းစက်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်းဖြစ်စဉ်ကို ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ၊ လှိုင်ပကဖ နှင့် Yangon Victory Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါအချိန်ဝန်းကျင် တောင်ဒဂုံမြို့နယ်တို့ဘက်မှ ထပ်ကြားလိုက်ရသည့် ဗုံးပေါက်ကွဲသံမှာ သင်္ဃန်းကျွန်း EPC ရုံးအနီးမှ လာခြင်းဖြစ်ကြောင်း ကနဦးသိထားခဲ့ရပြီး ဖြစ်စဉ် အသေးစိတ်ကို အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။

ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် လှည်းကူးမြို့နယ် လှည်းကူးခရိုင်တရားရုံး၌ အမှုရင်ဆိုင်ရန် ယာယီထိန်းသိမ်းထားသည့် အချုပ်သား ၂ ဦးမှ စောင့်ကြပ်နေသည့် ရဲတပ်သား ၁ ဦးထံမှ သေနတ်လု ထွက်ပြေးသွားခဲ့သောဖြစ်စဉ်ရှိခဲ့ကြောင်း MPA သတင်းဌာနမှ ဖော်ပြထားသည်။

ဧည့်စစ်ဖြစ်စဉ်များ၊ အဖမ်းအဆီး ဖြစ်စဉ်များ ယခုရက်ပိုင်းအတွင်း ပြန်လည်များပြားလာပြီး စစ်မှုထမ်း အပတ်စဉ် နောက်တစ်ခုအတွက် လူရှာဖွေ စုဆောင်းနေကြကြောင်း သိရှိရသည်။

သင်္ကြန်တွင်း ထွက်ခဲ့သည့် သီချင်းဗီဒီယို ၂ ပုဒ်ဖြစ်သော 'စောင့်ပတ်' နှင့် 'စကားလေးတစ်ခွန်းပဲဖြေ ချစ်လား' တို့တွင် ပါဝင်ပက်သတ်သူအားလုံးကို စစ်ကောင်စီက ဆင်ဆာဥပဒေဖြင့် ဗဟန်းတရားရုံး၌ အမှုဖွင့်ထားကြောင်း စစ်တပ်လော်ဘီမီဒီယာများတွင် ဖော်ပြထားကြသည်။

မြို့တွင်း လျှပ်စစ်မီးရရှိမှုအခြေအနေမှာ ပိုမိုဆိုးရွားလာပြီး မီးပုံမှန်ရလိုပါက ပိုက်ဆံပေး လာဘ်ထိုးရကြောင်း သိရှိရသည်။ အလှည့်ကျ လျှပ်စစ်မီးပေးရမည့်အချိန်ကို ငွေမပေးနိုင်သည့် အရပ်သား လူနေအိမ်များထံမှ နှုတ်ယူကာ လူကုံထံများ၊ လုပ်ငန်းရှင်မျာ၊ စီးပွားရေးသမားများထံသို့ ရောင်းစားထားကြကြောင်းလည်း သိရှိရသည်။

#rangoonscoutnetwork
DAILY HIGHLIGHTS (29 Apr 2024)
•••••••••••••••®•••••••••••••••
ဧပြီ ၃၀၊ ၂၀၂၄

📰 စစ်ရေးထူးခြားသတင်းများ


အမ်းရှိ တောဟိန်းတောင် ဗျူဟာကုန်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သား ရာနှင့်ချီ သေဆုံးပြီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေ – KT

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အများအပြား သေဆုံး – KT

ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်း စစ်ကောင်စီပြော – RFA

ဒဏ်ရာရထားသည့် တပ်မ ၄၄ တပ်မမှူးနှင့်အတူ စစ်ကောင်စီတပ်သားအချို့ မဲဆောက်ဆေးရုံတွင် ဆေးကုသနေ၍ တပ်မမှူးအသစ် အစားထိုးခန့် – AT

📰 နိုင်ငံရေးထူးခြားသတင်းများ

အငြင်းပွားမှုနှင့် တင်းမာမှုရှိသော်လည်း ရှမ်းမြောက်အဖွဲ့များအကြား ပြေလည်မှုရ – DVB

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

ထိုင်းနှင့် အာဆီယံတို့ မြန်မာ့အရေး ချဉ်းကပ်ဆောင်ရွက်ပုံ ပြောင်းလဲလာ – DVB

တရုတ်က စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ကို ယွမ်ငွေ ၅ သန်း ပေးအပ်ခြင်းသည် ကျားဖြန့်နှိမ်နင်းရန်အတွက်ဖြစ် – AT

အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေကို အီးယူက သက်တမ်းထပ်တိုး – KT

အာဆီယံရုပ်ရှင်ပွဲတော်တွင် စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားခဲ့မှုအတွက် ယူကေတက္ကသိုလ် ဖိအားများနှင့် ရင်ဆိုင်နေရ – KT

📰 စီးပွားရေးထူးခြားသတင်းများ

စစ်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ၄၀ ရာခိုင်နှုန်း လျော့ကျနိုင် – DVB

📰 အခြားထူးခြားသတင်းများ

ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း နေပြည်တော်တွင် ရုံးပြန်တက်ပြီးနောက် လူမြင်ကွင်းပါ ထွက်ပြ – KT

စက်သုံးဆီတစ်ပီပါလျှင် ကျပ်တစ်သိန်းအခွန်ဆောင်ရမည်ဟု ဟုမ္မလင်းပအဖအဖွဲထုတ်ပြန်ချက်အပေါ် ဝေဖန်မှုများမြင့်တက် – MPA

မြို့ပေါင်း ၁၁ မြို့မှနေ၍ အွန်လိုင်းစနစ်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်၊ ကရင်နီ တွင် အိမ်ထောင်စုစာရင်းရှိသူများက တိုင်းစစ်ဌာနထောက်ခံချက်ဖြင့် တောင်ကြီးတွင် လျှောက်ထားနိုင် – AT

#rangoonscoutnetwork
🔴 သာကေတမြို့နယ်

ယနေ့ည ၈:၄၅ ခန့်တွင် သာကေတ၊ ၈ ရပ်ကွက် ရွှေအုတ်ဂူဘက် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

30 Apr 24
#rangoonscoutnetwork
🔴 သာကေတမြို့နယ်

ယနေ့ည ၁၀:၀၉ ခန့်တွင်၊ သာကေတမြို့နယ်၊ (၁)အနော်မာရပ်ကွက်၊ အနော်မာ ၁၁ လမ်းအတွင်း၌ ဧည့်စစ်ဝင်နေကြောင်း ကနဦး သတင်းရရှိသည်။

30 Apr 24
#rangoonscoutnetwork
🔴 ဒေါပုံမြို့နယ်

ယနေ့ည ၁၀နာရီခွဲဝန်းကျင်ခန့်တွင် ဒေါပုံမြို့နယ်၊နွယ်အေးရပ်ကွက်၌ ရဲတိုင်းမှူးအပါအ၀င် အကြမ်းဖက်တပ်သားများမှ ဧည့်စစ်ဝင်ရောက်ခဲ့သည်ဟု သတင်းရရှိသည်။

Update News: ယနေ့ည ၁၀နာရီ ၅၈မိနစ်တွင် ရဲ DC ဖြူပြာ ၁စီး နွယ်အေးရပ်ကွက်ရုံးတွင်ရပ်ထားသည်ဟု ဆက်လက်သတင်းရရှိပါသည်။

30 Apr 24
#rangoonscoutnetwork
ရန်ကုန်မှတ်တမ်း (ဧပြီ ၃၀၊ ၂၀၂၄)
•••••••••••••••®•••••••••••••••

ယနေ့ ရန်ကုန်မြို့တွင်း နေရာအချို့တွင် ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ (SPTSC) မှ မြို့တွင်း လျှပ်စစ်မီးပြတ်တောက်နေမှုနှင့် လူထုနေ့စဉ် တွေ့ကြုံနေရသည့် အခက်အခဲအား ဦးတည်၍ ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်း၊ သာကေတ၊ သန်လျင်မြို့နယ်တဝိုက် ကားလမ်းမကြီးများပေါ်တွင် အကြမ်းဖက်တပ်သားအများအပြားဖြင့် လုံခြုံရေးထူထပ်စွာချထားပြီး စစ်ကောင်စီ ရာထူးကြီးသူများပါသည့် ကားတန်းများလည်း မကြာခဏဖြတ်သန်းသွားလာနေခဲ့ကြောင်း သတင်းရရှိသည်။ သမဝါယမဌာနမှ လှမိုး၊ အလုပ်သမားဌာနမှ မြင့်နောင်၊ လူကယ်ဌာနမှ စိုးဝင်း စသည့် စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးဆိုသူတို့ ရန်ကုန်မြို့သို့ ရောက်ရှိနေခဲ့ပြီး အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်လည်း ရောက်နေနိုင်ချေရှိသည်။

မြို့တွင်း တက္ကစီခများမှာ အလွန်မြင့်တက်နေပြီး ဘက်စ်ကားမှတ်တိုင် ၅ မှတ်တိုင်စာသာသာ ခရီးစဉ်ကိုပင် ကျပ် ၅၀၀၀ ထိပေးနေရကြောင်း MPA သတင်းဌာနမှ သိရှိရသည်။

အင်းစိန်ထောင်ဝန်ထမ်းများ ငွေညစ်စီးပွားရှာစားမှုမှာ အလွန်ဆိုးဝါးလာပြီး ထောင်ဝင်စာနှင့် ဧည့်တွေ့ရန်နေရာများကိုပါ ရောင်းစားနေကြ၍ ထောင်ဝင်စာလာတွေ့သူများ အလွန်ဒုက္ခရောက်နေကြကြောင်း DVB သတင်းဌာနမှ ဖော်ပြထားသည်။

နေ့လည် ၂ နာရီခန့်မှစ၍ ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်၍ ရန်ကုန်တိုင်းအတ္ငင်း လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ EPC မှ သတင်းထုတ်ပြန်ထားခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် System breakdown ဖြစ်ခဲ့၍ တစ်နိုင်ငံလုံးမီးပြတ်တောက်ခြင်းဖြစ်ကြောင်း Khit Thit သတင်းဌာနမှလည်း ဖော်ပြထားသည်။

#rangoonscoutnetwork
DAILY HIGHLIGHTS (30 Apr 2024)
•••••••••••••••®•••••••••••••••
မေ ၁ ၊ ၂၀၂၄

📰 စစ်ရေးထူးခြားသတင်းများ


မောင်တောက တပ်စခန်းတချို့ကို လက်နက်ချဖို့သတိပေးထားပြီး AA ပစ်ခတ်နေ – RFA

AA လာရောက်တိုက်ခိုက်မည်ကို စိုးရိမ၍ စစ်ကောင်စီက ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ ပတ်ပတ်လည်တွင် မြေမြှုပ်မိုင်းများ ထောင်ထား – KT

ကျင်းဒွေးမြို့ကို ချင်းညီနောင် စစ်ဆင်ရေး ပူးပေါင်း အဖွဲ့က သိမ်းပိုက်လိုက်ပြီး ချင်းပြည်နယ် တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး အစီအစဉ် ဆွဲထားဟု ချင်းညီနောင် စစ်ဆင်ရေး အဖွဲ့ပြောဆို – KT

မဟာဗျူဟာမြောက်ထိုးစစ်ဆင်ပြီး တစ်နိုင်ငံလုံး လွတ်မြောက်ရေး ကြိုးစားရန် တိုင်းရင်းသားများနှင့် သဘောတူညီချက်ရထားပြီးဖြစ်ဟု NUG အသိပေး – PS

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ကောင်စီလေတပ်မှ ပြုပြင်ရမည့် တိုက်လေယာဉ်နှင့်ရဟတ်ယာဉ်အစိတ် အပိုင်းများကို ရုရှားကုန်တင်လေယာဉ် IL76 က နေပြည်တော် အေလာလေတပ် သို့ လာရောက်သယ်ယူ – KT

မြန်မာဖက်မှာ ပဋိပက္ခတွေ ပြင်းထန်လာရင် ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ထိုင်းရေတပ် သင်္ဘောတွေ အသင့်ပြင်ထား – PS

ထိုင်း-မြန်မာ မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ပြီး နှစ်နိုင်ငံကုန်ကားများ သွားလာခွင့်ရ – KT

📰 အခြားထူးခြားသတင်းများ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း ရာထူးတိုး၊ အရွှေ့အပြောင်းနှင့် မြို့နယ်အပြောင်းအလဲများအတွက် ညွှန်ချုပ် ဦးမြင့်သန်းထံ လာဘ်ထိုးသူများသာ နေရာ ကောင်းရ – KT

စစ်ရေးကဏ္ဍတွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့်NUG တို့ ဗဟိုကွပ်ကဲရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းပြီး တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ် – KT

NUG ထိန်းချုပ်ထားသော မြို့နယ် ၄၂ ခုမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခကောက်ခံရရှိခဲ့ပြီး ငွေတိုက်စာချုပ်၊ ထီ၊ ဘဏ်ရှယ်ယာနှင့် မြေ ကွက်များ ရောင်းချမှုမှလည်း ဒေါ်လာ ၂၆၄ သန်းကျော်ရရှိ – KT

တော်လှန်ရေးကာလ စစ်ရေးအရ လွတ်မြောက်သည့်ဒေသများနှင့် ထိန်းချုပ်ဒေသများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတင်ကျင့်သုံးကြရန် NUG ယာယီ သမ္မတ တွန်းအားပေး – KT

မြန်မာတစ်နိုင်ငံလုံး System Breakdown ဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်မီးများ ပြတ်တောက်ပြန် – KT

#rangoonscoutnetwork
🟠 ကြည့်မြင်တိုင်မြို့နယ်

ယနေ့ညတွင် ကြည့်မြင်တိုင်မြို့နယ်၊ ဘော်ဂရပ်ကွက်၊ ဗိုလ်ဥတ္တမလမ်းအတွင်း၌ ဧည့်စစ်ဝင်နိုင်ခြေရှိ‌ကြောင်း ကနဦးသိရှိရသည်။ – Kyimyindaing Scout Channel

01 May 2024
#rangoonscoutnetwork
🔴 လှိုင်သာယာမြို့နယ်

ယနေ့ည ၁၀:၁၅ ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁ ရပ်ကွက်၊ ရပ်ကွက်ရုံး အရှေ့လမ်းအတွင်း၌ DC တစ်စီးနှင့် အကြမ်းဖက် စစ်သားများနှင့် ရပ်ကျေးအဖွဲ့ဝင်များမှ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – HTY Scout Channel

01 May 2024
#rangoonscoutnetwork
🔴 လှိုင်သာယာမြို့နယ်

ယနေ့ည ၁၀:၃၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၇ ရပ်ကွက်၊ ခိုင်စံပယ်လမ်းအတွင်း၌ ဧည့်စစ်ဝင်နေကြောင်း ကနဦးသိရှိရသည်။ – HTY Scout Channel

01 May 2024
#rangoonscoutnetwork
ဧပြီလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုစုစုပေါင်း (၁၂) ကြိမ်ပြုလုပ်နိုင်ခဲ့
•••••••••••••••®•••••••••••••••
မေ ၂၊ ၂၀၂၄

ပြီးခဲ့တဲ့ဧပြီလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများအဖြစ် စက္ကူလေယာဉ်သပိတ်၊ မုန့်လုံးရေပေါ် Campaign များအပါအဝင် စုစုပေါင်း (၁၂) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ကြသည်။

သင်္ကြန်ကာလဖြစ်သည့်အားလျော်စွာ မုန့်လုံးရေပေါ်လှူရင်း သွေးအေးနေသည့်ပြည်သူများအား လူထုအားဖြင့် စစ်အာဏာရှင်စနစ်ကို တခဲနက်ဆန့်ကျင်တိုက်ဖျက်ကြရန် လှုံ့ဆော်စာများဖြန့်ဝေနိုင်ခဲ့ကြသလို လေယာဉ်ဆီတင်သွင်းမှုတားမြစ်ရန် ရည်ရွယ်ချက်ဖြင့် စက္ကူလေယာဉ်သပိတ်လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် လျှပ်စစ်မီးပြတ်တောက်မှုနှင့် လူထုနေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများကိုဦးတည်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြကာ မတရာအာဏာသိမ်းစစ်ကောင်စီကို အန္တရာယ်များကြားမှ ဆက်လက်တော်လှန်ပုန်ကန်လျက်ရှိသည်။

#rangoonscoutnetwork
DAILY HIGHLIGHTS (01 May 2024)
•••••••••••••••®•••••••••••••••

📰 စစ်ရေးထူးခြားသတင်းများ


ကျင်ဒွေးမြို့အား သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်​ကြောင်း ချင်းညီနောင်တရားဝင်ထုတ်ပြန် – PS

စစ်သင်တန်းကျောင်း ရောက်သူများ မိသားစုနှင့် အဆက်အသွယ်မရ – MN

စစ်ကောင်စီက စစ်တပ်အတွင်း ဒရုန်းတပ်ဖွဲ့များ စတင်ဖွဲ့စည်းလိုက်ပြီး ဖောင်ကြီး အမှတ် ၅ လေကြောင်းရန်ကာကွယ်ရေးတပ်တွင် ရုရှားစစ်သားများက ဒရုန်းသင်တန်း ပို့ချနေ – KT

တန်ပြန်တိုက်စစ်အတွက် စစ်ကောင်စီတပ်က အဆင့်မြင့်ဒရုန်းများ ပိုမိုအသုံးပြုလာ – DVB

စစ်ကောင်စီက ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်းကြေညာပြီး နယ်မြေရှင်းလင်းရေးလို့ဆိုကာ အင်အားရာချီနဲ့ စစ်ကောင်စီ စစ်ကြောင်းထိုးနေ – MZM

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မ​ဒေးကျွန်းသို့ တရုတ်နိုင်ငံသား ၅၀၀ ခန့်ပါ​သောသင်္ဘောကို စစ်​ကောင်စီကလုံခြုံ​ရေးယူ ပို့​​ဆောင်ပေး – PS

မြန်မာပြည်ပို့မည့် ဖောက်ခွဲရေးယမ်းများ မီဇိုရမ်တွင်ဖမ်းမိ – MZM

ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ၏သမီး ပြင်သစ် HEC Paris ကျောင်းတွင် တက်ရောက်နေမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ကျောင်းဘက်က စုံစမ်းစစ်ဆေးမှု စတင်တော့မည်ဟုဆို – KT

ထိုင်း- မြန်မာ အမှတ်(၁)တံတားမှ UID နံပါတ် မပါသူများကို မြန်မာနိုင်ငံက ထွက်ခွင့်မပြု – MZM

ထိုင်းလေတပ်နှင့်ဆွေးနွေးရန် စစ်ကောင်စီလေတပ်ခေါင်းဆောင် ထိုင်းသို့ သွားရောက် – MN

📰 စီးပွားရေးထူးခြားသတင်းများ

ဘဏ်တွေမှာ အနည်းဆုံးထားရမယ့် ငွေလိုအပ်ချက်အချိုး ဗဟိုဘဏ် တိုးမြှင့် – RFA

📰 အခြားထူးခြားသတင်းများ

ပေါ်တာဆွဲခံရသော လူငယ်တချို့ အမြဲတမ်း စစ်သားအဖြစ် ရောင်းစားခံရမှုများရှိပြီး စစ်သားတစ်ဦးလျှင် အခြေခံပေါက်စျေး ငွေကျပ် ၁၅ သိန်းရှိကာ ၁၀ တန်းအောင်ဆိုလျှင် ၂၅ သိန်းစျေးပေါက် – KT

NUG ၏ ပကဖ၊ ပလဖ၊ ပအဖ ဝန်ထမ်းများပြည်သူအ​ပေါ်ကျူးလွန်​သောပြစ်မှုများရှိ​နေ​ကြောင်း ပြည်ထဲ​ရေးဝန်ကြီးဝန်ခံ – PS

တော်လှန်ရေးသည် NLD နှင့် စစ်ကောင်စီ အကြား ဖြစ်နေသယောင် ပုံဖျက်နေမှုအပေါ် NUG ရှင်းလင်း – PS

#rangoonscoutnetwork
🔴 သာကေတမြို့နယ်

ယနေ့ည ၁၀:၂၅ ခန့်တွင် သာကေတမြို့နယ်၊ (၄) မြောက် ရပ်ကွက်၊ မြို့မ ၁၄ လမ်းအလယ်၌ ဧည့်စစ်ဝင်နေကြောင်း က‌နဦး သိရှိရသည်။ – Eagles News

02 May 2024
#rangoonscoutnetwork
ရန်ကုန်တိုင်းအတွင်း ဧပြီလ စစ်ရေးဖော်ဆောင်မှုများ
•••••••••••••••®•••••••••••••••
မေ ၃၊ ၂၀၂၄

ရန်ကုန်တိုင်းအတွင်းတွင် ဧပြီလ၌ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၃၉) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၂၄) ကြိမ်၊ လုပ်ကြံမှု (၅) ကြိမ်တို့ပါဝင်ခဲ့ပြီး စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရမှု (၁၀) ကြိမ်ထိ ရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိအခိုက်များစေနိုင်သည့် လှိုင် အမှတ်(၃)တပ်ထိန်းရုံးနှင့် တပ်မှူးအိမ်အား ၁၀၇ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ မင်္ဂလာဒုံ ခမရ ၁၀၆ တပ်ရင်းအား ဖောက်ခွဲတိုက်ခိုက်မှုနှင့် လေတပ်အရာရှိလူပျိုဆောင်အား လက်ပစ်ဗုံးဖြင့်တိုက်ခိုက်မှု၊ လှိုင်သာယာ ရွှေလင်ဗန်းအုပ်ချုပ်ရေးရုံး၊ မင်္ဂလာဒုံ ၃၂၃ ထောက်ပို့တပ်နှင့် ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံး၊ မြောက်ဥက္ကလာ ရွှေပေါက်ကံရဲစခန်းနောက်က အုပ်ရုံးတို့အား တိုက်ခိုက်နိုင်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးပျက်စီးမှုများရှိခဲ့သည်။

ထို့အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပန်းပင်နီလမ်း လူထုသပိတ်ကို အကြမ်းဖက်ကားတိုက်၊ ပစ်ခတ်ဖြိုခွင်းမှုတွင် အဓိကပါဝင်ခဲ့သော အကြမ်းဖက်စစ်ထောက်တိုင်သတင်းပေးဒလန် မောင်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဧပြီလအတွင်း ၁၀၇ မမ၊ ၄၀ မမတို့အပြင် လက်ပစ်ဗုံးများအား ပိုမိုအသုံးပြုကာ အကြမ်းဖက်စစ်ကောင်စီ၏အင်အားကို ယုတ်လျော့သွားအောင် ဖြိုခွင်းတိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း စစ်ရေးဖော်ဆောင်မှုများကို လက်ဦးမှုရယူကာ ဖယ်ရှားရှင်းလင်းမှုများ ပိုမိုပြုလုပ်နိုင်ခဲ့သည်။

#rangoonscoutnetwork