RFA Burmese
✔
64.2K subscribers
4.89K photos
4.34K videos
1 file
9.28K links
📧 burweb@rfa.org

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။
Download Telegram
တော်လှန်ရေးအောင်ပွဲရတဲ့အထိ စည်းလုံးညီညွတ်ကြမယ်လို့ ညီနောင်အဖွဲ့ ကတိပြု
~~~
◼️ အခက်အခဲ နဲ့ ဖိအား ပေါင်းစုံကို နည်းလမ်းမျိုးစုံနဲ့ အတူတကွဖြတ်ကျော်ပြီး တော်လှန်ရေးအောင်ပွဲ ရောက်တဲ့ အထိ ခိုင်မာတဲ့ မဟာမိတ်ညီနောင်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်ကြမယ်လို့ ကိုးကန့်တပ် (MNDAA) နဲ့ တအာန်းတပ်မတော် (TNLA) တို့က ဧပြီ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

အာရက္ခတပ်တော် AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၆) နှစ်ပြည့်အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထား တာပါ။

ရခိုင်လူမျိုးတွေရဲ့ အိမ်မက်အတွက် နည်းလမ်းပေါင်းစုံ ပေးဆပ် ပါဝင်နေကြတဲ့ ရခိုင်လူမျိုးအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်း နဲ့ AA ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာ ရခိုင်ပြည်သူတွေရဲ့ လက်ထဲကို မကြာခင်အချိန်အတွင်း မလွဲမသွေ ရောက်ရှိတာ့မှာဖြစ်တယ်လို့လည်း ညီနောင် ၂ ဖွဲ့က ဆိုပါတယ်။
ငလျင်ဘေးကူညီရေး အတားအဆီးတွေ ဖယ်ရှားဖို့နဲ့ စစ်ဆင်ရေးအားလုံး ရပ်ဖို့ ကုလပြော
~~~
◼️မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ကြေကွဲဖွယ်ငလျင်အပြီးမှာ အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီက ကြေညာထားပေမဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်နေတာကြောင့် အရပ်သားတွေ ထိခိုက်ခံစား နေကြရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရသူ Ravina Shamdasani က ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဘေးသင့်ဒေသတွေကို ရောက်ရှိရေး တစ်ခုတည်းကို အာရုံစိုက်သင့်တဲ့အချိန်မှာ စစ်တပ်က တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ပြီးကတည်းက စစ်ကောင်စီက တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပြီး ထက်ဝက်ကျော်က ဧပြီ ၂ ရက် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးမှ တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းအပြည့်အစုံကို
AA ထိန်းချုပ်ရာ ကျောက်တော်မြို့ လူနေရပ်ကွက်ထဲ စစ်ကောင်စီဗုံးကြဲ
~~~
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရွာမရပ်ကွက်ထဲကို စစ်ကောင်စီက ဧပြီလ ၁၃ ရက် ဒီနေ့မနက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၁၀ လုံးခန့်ပျက်စီးပြီး အရပ်သားနှစ်ဦး ထိခိုက်ရာရရှိသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အသေးစားဒဏ်ရာဖြစ်လို့ အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့လည်းဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့လည်းပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ပေါက်တောမြိုကနယ်က အနောက်ရဲ မွတ်ဆလင်ကျေးရွာအနီးကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေကိုသာ ထိန်းချုပ်နိုင်တော့တာပါ။ လက်ရှိမှာ စစ်ကောင်စီက မြေပြင်ထိုးစစ်တွေမလုပ်နိုင်တော့တာကြောင့် AA ထိန်းချုပ်ရာဒေသတွေကို ဂျက်တိုက် လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်း စတာတွေနဲ့ တိုက်ခိုက်နေတာလို့လည်း ဒေသခံတွေကပြောပါတယ်။
___________________
#ကျောက်တော်မြို့ #AA #လေကြောင်းတိုက်ခိုက်မှု #rfaburmese #လွတ်လပ်တဲ့အာရှအသံ
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရွာမရပ်ကွက်ကို စစ်ကောင်စီက ၂၀၂၅ ဧပြီလ ၁၃ ရက်နေ့က လေကြောင်းဖြင့် ဗုံးကြဲပြီးနောက် မြင်တွေ့ရစဉ်။ (Photo: Arakkha Media)
တော်လှန်ရေးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီကို ထိုင်းဝန်ကြီးချုပ်ဟောင်း တိုက်တွန်း
~~~
◼️ မြန်မာပြည်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောကြားကြောင်း The Nation သတင်းက ဧပြီ ၁၃ ရက်နေ့မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်နေ့က ကျင်းပတဲ့ BIMSTEC ထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြောင်း မစ္စတာသက်ဆင်က ထုတ်ဖော်ပြောခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

“ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိလိုတာကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ စကားပြောခွင့်ရခဲ့တယ်” လို့ မစ္စတာသက်ဆင်က ပြောပါတယ်။

သတင်းအပြည့်အစုံကို
အာဏာသိမ်းပြီးနောက် မြန်မာမှာ ကလေးအခွင့်အရေးချိုးဖောက်မှု မြင့်တက်လာကြောင်း ကုလ ထုတ်ပြန်
~~~

◼️ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် စစ်တပ်က အတင်းအကြပ် လူသစ်စုဆောင်းခြင်းအားဖြင့် ကလေးသူငယ် အခွင့်အရေးချိုးဖောက်ခံရမှု သိသိသာသာမြင့်တက် လာခဲ့ကြောင်း နဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဧပြီ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လ ကနေ ၂၀၂၃ နှစ်ကုန်အထိ ကာလအတွင်း ကလေး ၄,၀၀၀ ကျော်အပေါ် ပြင်းထန်တဲ့ ချိုးဖောက်မှု ၅,၁၄၀ ကျော် ရှိခဲ့ပြီး တချို့ဆို အသက် သုံးလ အထိ ငယ်တဲ့ကလေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအရေအတွက်ဟာ ၂၀၁၈ စက်တင်ဘာလကနေ ၂၀၂၀ ဇွန်လအတွင်း ကာလထက် ၄၀၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစပြီး စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် သိသိသာသာ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုအများစုဟာ မြန်မာစစ်တပ် နဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေ နဲ့ ဆက်စပ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

သတင်းအပြည့်အစုံကို
မြန်မာဒီမိုကရေစီရေး ဆက်လက်ထောက်ခံအားပေးမယ်လို့ ကန် နိုင်ငံခြားရေးဝန်ကြီးပြော
~~~

◼️ မြန်မာပြည်ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆောင်ရွက်ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံကူညီမှာ ဖြစ်သလို ငလျင်ဘေးဒဏ် ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးအတွက်လည်း နိင်ငံတကာ အသိုင်းအဝန်းနဲ့ အတူ ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ အမေရိကန်အစိုးရက ပြောကြား လိုက်ပါတယ်။

သင်္ကြန် နဲ့ နှစ်သစ်ကူးအကြို ဧပြီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောကြားတာ ဖြစ်ပါတယ်။

သတင်းအပြည့်အစုံကို
ဝမ်းတွင်းမြို့အနီး ပြင်းအား ၅.၅ အဆင့်ရှိ ငလျင်လှုပ်သွားခဲ့
~~~
◼️ မြန်မာနိုင်ငံမှာ ပြင်းအား ၅.၅ ရှိ ငလျင် ဧပြီ ၁၃ ရက် မနက်မှာ လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒဌာန- ငလျင်စောင့်ကြည့်ရေးအဖွဲ့ USGS က ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ မနက် ၈:၄၅ နာရီအချိန်မှာ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ အနီး မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၅.၅ အဆင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက မိုးလေဝသ နဲ့ ဇလဗေဒ ဌာနကလည်း မြန်မာနိုင်ငံမှာ ပြင်းအား ၅.၅ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း နဲ့ မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်ငယ် ၁၂၈ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးက မြို့နယ်သုံးခု ဗုံးကြဲတိုက်ခိုက်ခံရပြီး လေးဦးသေ၊ ၁၃ ဦးဒဏ်ရာရ
~~~
◼️စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ အင်းတော်မြို့နယ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွေကို ဧပြီ ၁၃ ရက်နေ့ ညနဲ့ ၁၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုရင်နှစ်ပါးအပါအဝင် လေးဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ကနီမြို့နယ်က မုဌော၊ သမင်ခြံနဲ့ ဆူးလေကုန်းရွာတွေကို သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက် မနက် ၈ နာရီဝန်း ကျင်မှာ Y-12 လေယာဉ်နဲ့ ၁၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အားလုံးပေါင်း ၁၃ ကြိမ်ပစ်သွားတာ။ မုဌောရယ်၊ သမင်ခြံရယ်၊ ဆူးလေကုန်းရယ် ကိုပစ်သွားတာ။ ဆူးလေကုန်း က အရပ်သားမထိဘူး”

သမင်ခြံရွာ ဘုန်းကြီးကျောင်းထဲ ဗုံးသီးကျရောက်ပေါက်ကွဲပြီး ကိုရင်နှစ်ပါးပျံလွန်ကာ နောက်ထပ် နှစ်ပါးဒဏ်ရာ ရခဲ့သလို မုဌောရွာက အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။
သတင်းအပြည့်အစုံကို
မြန်မာ့ငလျင်ဘေးအတွက် တောင်ကိုရီးယား ထောက်ပံ့ရေးပစ္စည်းတွေပေးပို့

~~~
မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကိုရီးယားနိုင်ငံဟာ KOICA (ကိုရီးယား နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ) အရေးပေါ် သိုလှောင်ရုံက အရေးပေါ် ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ကနဦးပေးပို့မှုမှာ ရွက်ဖျင်တဲ ၅၀၀၊ စောင် ၈၀,၀၀၀ နဲ့ ရေသန့်ဗူး ၄,၀၀၀ ခန့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုံးသိန်းခွဲဖိုး ပါဝင်တယ်လို့ ဆိုပါတယ်။ ကုန်ပစ္စည်းတွေကို လေယာဉ်နဲ့ အဆင့်ဆင့် ပို့ဆောင်ပေးနေကြောင်းလည်း ဖော်ပြပါတယ်။
သတင်းအပြည့်အစုံကို
သာယာဝတီအကျဉ်းထောင် ညှဉ်းပမ်းနှိပ်စက်မှု အချက်အချာနေရာဖြစ်နေ
~~~
မြန်မာနိုင်ငံ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပင်္မးနှိပ်စက်မှု၊ ဆေးကုသခွင့်မရမှုတွေနဲ့ အဓမ္မလုပ်အားပေးတွေ ခိုင်းစေခံနေရတယ်လို့ ကမ္ဘာ့ညှဉ်းပမ်းနှိပ်စက်မှုတိုက်ဖျက်ရေးအဖွဲ့ OMCT က ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကထည်းက စစ်ကောင်စီဟာ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အတိုက်အခံတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားတွေကို လုပ်ကြံဖန်တီးပြီး နိုင်ငံရေးလှုံ့ဆော်မှုစွဲချက်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်၊ ဘားအံနဲ့ ပြည်အကျဉ်းထောင်တို့က ပြောင်းရွှေ့လာသူတွေပါအဝင် စုစုပေါင်း အကျဉ်းသား ၃၉၀၀ ကျော် ရှိတယ်လို့ဆိုပါတယ်။

သတင်းအပြည့်အစုံကို
ငလျင်ဘေးအတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် သုံးထောင်ကျော်ရရှိထား
~~~
ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီလို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံ၂၄ နိုင်ငံက ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် လေယာဉ်အခေါက်ရေ ၁၃၃ ကြိမ် ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ဧပြီလ ၁၄ ရက်နေ့ညမှာ ပြောဆိုပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်း ၁၈၆၂ ဦးအပြင် လူသားချင်းစာနာမှုအကူအညီအတွက် ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၂၂၁၀ ကျော်နဲ့ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၁၇၀ လက်ခံရရှိထားပြီလို့ ဆိုပါတယ်။

သတင်းအပြည့်အစုံကို
ငလျင်အပျက်အစီး တန် နှစ်သန်းခွဲ အရေးပေါ်ဖယ်ရှားဖို့ လိုအပ်နေကြောင်း UNDP ပြော
~~~

◼️ မြန်မာနိုင်ငံမှာ ငလျင်ကြောင့် အပျက်အစီး အနည်းဆုံး တန် နှစ်သန်းခွဲ၊ အကြမ်းဖျဉ်းအားဖြင့် ကုန်တင်ကား ၁၂၅,၀၀၀ စာခန့် အရေးပေါ် ဖယ်ရှားဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အပျက်အစီး ကြီးကြီးမားမားရှိခဲ့ပြီး၊ ပြန်လည် ထူထောင်ရေးအတွက် နေအိမ်တွေ၊ ဆေးရုံတွေ နဲ့ အရေးပါတဲ့ အဆောက်အအုံတွေ ချက်ချင်းပြန်လည် တည်ဆောက်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

သတင်းအပြည့်အစုံကို
ငလျင်ဘေးအတွက် ရုရှားနိုင်ငံက ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၃၀ ကျော် ပေးပို့
~~~
◼️ သမ္မတ ဗလာဒီမာပူတင် ရဲ့ ညွှန်ကြားချက် နဲ့ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ တန်ချိန် ၃၀ ကျော် ပေးအပ်ခဲ့ကြောင်း ရုရှားအစိုးရက ဧပြီ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

IL-76 လေယာဉ်နဲ့ စည်သွတ်ဘူးတွေ၊ ပဲ ဂျုံ ပြောင်း၊ သကြား နဲ့ ဆေးဝါးပစ္စည်းတွေ အပါအဝင် ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ဟာ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီရေးကြိုးပမ်းမှု တစ်စိတ်တပိုင်း ဖြစ်ကြောင်းဖော်ပြပါတယ်။ ဒါပေမယ့် ခွဲဝေထောက်ပံ့မှု အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။

ရုရှားအစိုးရဟာ ဧပြီလ ၉ ရက်နေ့ကလဲ အလေးချိန် တန် ၆၀ နီးပါးရှိတဲ့ လူသားချင်စာနာထောက်ထားမှုအကူအညီတွေကို IL-76 လေယာဉ်နှစ်စင်း နဲ့ မြန်မာနိုင်ငံကို ပေးပို့ခဲ့ပါတယ်။
___________

Photo: Ministry of Foreign Affair of Russia
KNU နယ်မြေမှာ နှစ်ပတ်အတွင်း တိုက်ပွဲကြောင့် အရပ်သားသုံးဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ
~~~

◼️ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ဒေသအတွင်း လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံး၊ ထိခိုက်ကြတာလို့ KNU ရဲ့ ဧပြီလ ၁၄ ရက်နေ့ည ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးထိခိုက်မှုတွေဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေအတွင်းက KNU ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ပေါ်ခဲ့တာပါ။

သတင်းအပြည့်အစုံကို
ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို
~~~
◼️ ငလျင်ဘေးသင့်ဒေသတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီ တို့က တိကျပြတ်သားတဲ့ အရေးယူမှုတွေ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က ပြည်သူလူထုတွေအပေါ် ရက်စက်မှုတွေ ကျူးလွန်နေတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဧပြီလ ၁၄ ရက်နေ့က စာပေးပို့ တောင်းဆိုလိုက်တာပါ။
သတင်းအပြည့်အစုံကို