RFA Burmese
54.2K subscribers
3.26K photos
3.24K videos
1 file
7.05K links
လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။
Download Telegram
Media is too big
VIEW IN TELEGRAM
ကလေး သုံးသန်းနီးပါး ပုံမှန်ကာကွယ်ဆေး ထိုးခွင့်ဆုံးရှုံးနေ
~~~

■ အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ကလေးသူငယ် သုံးသန်းနီးပါးဟာ ပုံမှန်ထိုးရမဲ့ ကာကွယ်ဆေးတွေ ထိုးခွင့်မရဘဲ ဆုံးရှုံးနေပါတယ်။ အာဏာသိမ်းထားတဲ့ အကျိုးဆက်အနေနဲ့ ပုံမှန်ကာကွယ်ဆေးထိုးရတဲ့ လုပ်ငန်းစဥ်တွေ ပျက်သွားတာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ကလေးတွေ ကျန်းမာရေးချို့တဲ့နေတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ဆိုပါတယ်။ ဒီအကြောင်းကို မသီရိမင်းဇင် တင်ပြပါမယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
မတ္တရာမြို့နယ်မှာ လေကြောင်းကဗုံးကြဲလို့ ကလေးတွေအပါအဝင် သုံးဦး သေဆုံး
~~~
■ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အုတ်ဖိုလေးရွာသစ်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၉ ရက်နေ့မှာ လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ် ၁၂ နာရီကနေ ၁ နာရီအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ခဲ့ရာမှာ အရပ်သားတွေ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပထမတစ်ကြိမ်မှာ ကလေးငယ် ယောက်ျားလေးတစ်ဦး သေတယ်။ နောက် ဒုတိယတစ်ကြိမ်မှာ သားအမိ အမျိုးသမီးနှစ်ဦး သေသွားတယ်ဗျ။ နေအိမ် သုံးလုံးလည်း မီးလောင်ပျက်စီးသွားတယ်။ လေကြောင်းက ဒီတစ်ခေါက် တော်တော်ကြမ်းတယ်ဗျ၊ ရှောင်ချိန်တောင် မရလိုက်ဘူး”

လေကြောင်းကနေ ပစ်ခတ်ခံရပြီး နောက်ပိုင်း အုတ်ဖိုလေးရွာသစ်အပါအဝင် ရွာလေးရွာက ဒေသခံနှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သူက ဆိုပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ ရုံးပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က တပ်စခန်း ၂၅ ခုကို တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
---------------

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အုတ်ဖိုလေးရွာသစ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Facebook/ Wetlet Informational Network)

RFA Burmese Website တွင် ဖတ်ရှုရန် .....
Media is too big
VIEW IN TELEGRAM
ဘုရားစျေးက စက္ကူရုပ် ဖန်တီးသူများ
~~~
■ မြန်မာတွေရဲ့ လက်မှုပညာနဲ့လုပ်တဲ့ ကုန်ပစ္စည်းတွေထဲမှာ စက္ကူရုပ်ကလေးတွေကိုလည်း ထည့်ပြောရမှာပါ။ အဲဒီအရုပ်လေးတွေကို စွန့်ပစ်ပစ္စည်းတွေအခြေခံပြီး ထုတ်လုပ်တာဖြစ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ စက္ကူရုပ်လေးတွေ ဘယ်လိုလုပ်လဲ၊ ထုတ်လုပ်တဲ့သူတွေရဲ့ ဘဝဘယ်လိုရှိလဲဆိုတာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
---------------

RFA Burmese Website တွင် ဖတ်ရှုရန် .....
Media is too big
VIEW IN TELEGRAM
မိုးကုတ်ကနေ ထွက်ပြေးလာသူ တစ်သောင်းခန့် လမ်းမှာပိတ်မိနေ
~~~

■ ပတ္တမြားမြေလို့ သိကြတဲ့ မိုးကုတ်မြို့ကိုရရှိဖို့ TNLA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီနေ့အထိ တိုက်ပွဲဆက်ပြင်းထန်နေပြီး တိုက်ပွဲကြောင့် မန္တလေးဘက်ကို ထွက်ပြေးလာသူ တစ်သောင်းခန့် လမ်းမှာပိတ်မိနေတာ ဆယ်ရက်ခန့်ရှိလာပါပြီ။ ဒီအကြောင်းကို မသဇင်လှိုင် တင်ပြထားပါမယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
ကလေး သုံးသန်းနီးပါး ပုံမှန်ကာကွယ်ဆေး ထိုးခွင့်မရ
ကုလအထူးကိုယ်စားလှယ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
~~~
■ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် မစ္စဂျူလီဘိရှော့ပ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန်တို့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မစ္စဂျူလီဘိရှော့ပ်ဟာ အာဆီယံနိုင်ငံတွေကို ခရီးထွက်နေတာဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ဘန်ကောက်မြို့မှာ ဇူလိုင် ၅ ရက်နေ့က တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

မြန်မာပြည်က ဒုက္ခရောက်နေတဲ့ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့နဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ရေး အတူတကွ နည်းလမ်းရှာကြဖို့ သဘောတူခဲ့တယ်လို့ ထိုင်းရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အာဆီယံနိုင်ငံတွေနဲ့ ကုလသမဂ္ဂအကြား ပိုမိုချိတ်ဆက်ဆောင်ရွက်ဖို့နဲ့ မြန်မာ့အရေး အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ပေါ်လာအောင် လုပ်ကြဖို့ ဆွေးနွေးခဲ့ပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် မစ္စဂျူလီဘိရှော့ပ်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဒီနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံ၊ နောက်နှစ်အာဆီယံ ဥက္ကဋ္ဌတာဝန်ယူမဲ့ မလေးရှားနိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။
_______
RFA Burmese Website တွင် ဖတ်ရှုရန်…
သံတွဲမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေ
~~~

■ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ လင်းသာဆိပ်ကမ်းနဲ့ ဂျိတ်တောရပ်ကွက်မှာ ခံစစ်ပြင်ဆင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၈ ရက်နေ့ မနေ့ ညနေပိုင်း လေးနာရီခန့်က စတင်ခဲ့တဲ့ တိုက်ပွဲဟာ ဇူလိုင် ၉ ရက်ဒီနေ့ နေ့လယ်အထိ ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီတပ်က ဝေဟင်ပစ်ကူအဖြစ် လေယာဥ်ကို အဓိကဦးစားပေး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက်ပိုင်းတော့ တော်တော်ပြင်းတာပေါ့။ အခုကတော့ တိတ်ဆိတ်သွားပြီးတော့ မနေ့ကဆိုရင် တစ်ညလုံး လေယာဥ်နဲ့ ဗုံးကြဲနေတယ်ပေါ့။ တစ်စီးပြီးတစ်စီး။ မနေ့က လေးနာရီ ငါးနာရီလောက်ကနေစပြီးတော့ ညဘက် ခုနစ်နာရီ ရှစ်နာရီမှာလည်း ကြဲနေတုန်းပဲ။ ဒီနေ့ နေ့လယ်တုန်းကလည်း ဒရုန်းနဲ့ လာချတယ်”

တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ခလရ (၅၅) တပ်ရင်းက စစ်ကောင်စီတပ်အင်အား နှစ်ရာဝန်းကျင်ခန့်ဟာ ဇူလိုင် ၃ ရက်နေ့မှာ မြို့ရှောင်လမ်းပေါ်မှာရှိတဲ့ ဂျိတ်တောရပ်ကွက်ဘက် တပ်ဆုတ်သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောထားပါတယ်။

အဲဒီစစ်ကောင်စီတပ်နဲ့ AA တို့ကြား တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဒီနေ့ ညနေပိုင်းမှာ RFA ကို ပြောပါတယ်။

“ငပလီဘက်မှာတော့ မရှိတော့ဘူးလို့ ပြောတယ်။ ဂျိတ်တောဘက်မှာတော့ တိုက်ပွဲဖြစ်နေတယ်ပေါ့နော်။ ၅၅ မှာတော့ လက်ကျန်နည်းနည်းရှင်းနေတယ်လို့ ပြောတယ်”

သံတွဲမြို့သိမ်းတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ ညနေမှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားပါတယ်။

ငပလီကမ်းခြေမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် (၅၆၆) ခြေမြန်တပ်ရင်းကို AA က ဇွန် ၂၇ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီး လက်ကျန် တပ်စခန်းတစ်ခုဖြစ်တဲ့ အမှတ် (၅၅) ခြေလျင်တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတယ်လို့ AA က ဇူလိုင် ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_________

RFA Burmese Website တွင် ဖတ်ရှုရန်…
မိုးကုတ်နဲ့ မိုးမိတ်က တပ်စခန်းလေးခုသိမ်းယူခဲ့ကြောင်း TNLA ပြော
~~~
■ တစ်ကျော့ပြန် "၁၀၂၇ စစ်ဆင်ရေး" ရဲ့ ၁၅ ရက်မြောက်စစ်ဆင်ရေးနေ့မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်နှစ်ခုက စစ်ကောင်စီရဲ့ တပ်စခန်းလေးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၉ ရက်နေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၉ ရက်နေ့တိုက်ပွဲမှာ စခန်းလေးခု သိမ်းယူနိုင်ခဲ့တာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောပါတယ်။

"လက်ရှိ ဒီကနေ့ တိုက်ပွဲမှာဆိုရင်တော့ မိုးကုတ်မှာရှိတဲ့ တပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်တယ်၊ မိုးမိတ်မှာတော့ မိုင်တိုင် ၆ နဲ့ သရက်တောစခန်းတွေကို သိမ်းနိုင်ပါတယ်"

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ သရက်တောစခန်းနဲ့ မိုင်တိုင် (၆) တပ်စခန်းတွေကို TNLA က လက်နက်ခဲယမ်းတွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို မန္တလေးတိုင်း မိုးကုတ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ မိုင်တိုင် (၅) စခန်းနဲ့ ယောမူးစခန်းတွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာလို့လည်း လွေးယေဦးက ပြောပါတယ်။

ဒီနေ့မှာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ စတဲ့မြို့နယ်တွေမှာ TNLA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

ဇူလိုင်လ ၉ ရက်နေ့မှာပဲ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မိုးမိတ်မြို့နယ်မှာ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စစ်ဆင်ရေး ၁၅ ရက်အတွင်း အရပ်သား ၅၀ သေဆုံးပြီး ၇၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီ စခန်းသိမ်းခံရတာ၊ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးကြောင်း TNLA ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန် ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
__________
RFA Burmese Website တွင် ဖတ်ရှုရန်…
လူနည်းစုတွေကို ဖိနှိပ်မှုတွေ ထပ်မဖြစ်အောင် ဆောင်ရွက်နေကြောင်း NUG ပြော
~~~
■ ရခိုင်၊ ရိုဟင်ဂျာနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ တခြား လူနည်းစုတွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစုတွေအပေါ် အလွန်ဆိုးရွားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ထပ်မဖြစ်အောင် ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇူလိုင်လ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

၅၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အတင်းအဓမ္မခိုင်းစေခံရတာ၊ အတင်းအဓမ္မ ရွှေ့ပြောင်းခံရတာနဲ့ ရခိုင်ပြည်နယ်မှာ ဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကြုံနေရကြောင်း အစီရင်ခံစာမှာ ထည့်သွင်းပြောဆိုထားတာကို NUG က တုံ့ပြန်ပြောဆိုလိုက်တာပါ။

စစ်အာဏာသိမ်းမှုကြောင့် Gender Equality လို့ ခေါ်တဲ့ ကျား-မတန်းတူညီမျှမှုရရေး ကြိုးပမ်းချက်တွေ နောက်ပြန်ရောက်သွားစေကြောင်းနဲ့ စစ်ဘက်သုံးပစ္စည်း ဝယ်ယူနိုင်ဖို့ ငွေပေးချေရာမှာ ပံ့ပိုးကူညီနေတဲ့ နိုင်ငံခြား ဘဏ် ၁၆ ဘဏ်အကြောင်း အစီရင်ခံစာကိုလည်း မစ္စတာ တွမ်အင်ဒရူးက ဇူလိုင်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲအခြေအနေအပါအဝင် ရိုဟင်ဂျာတွေရဲ့အကျပ်အတည်းကိုလည်း ဖော်ပြခဲ့ပြီး အတင်းအဓမ္မ ပြောင်းရွှေ့ခံရတာနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စာတမ်းနှစ်စောင်ဟာ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်မှု၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာပေါင်းများစွာထဲက ထင်ရှားတဲ့ စာတမ်းတွေအနေနဲ့ မှတ်တမ်းဝင်တယ်လို့ NUG က ပြောပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို ရက်စက်စွာ တိုက်ခိုက်နေတဲ့ အခြေအနေတွေအကြောင်း အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်ပြခဲ့တာကို ကြိုဆိုကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မြန်မာ့အရေးနဲ့ပတ်သတ်ပြီး အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း နိုင်ငံတကာကို တောင်းဆိုခဲ့ပြီး နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုနဲ့ ပံ့ပိုးကူညီမှုတွေသာရရှိမယ်ဆိုရင် မြန်မာပြည်သူတွေအနေနဲ့ ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတွေနဲ့ ပြည့်စုံတဲ့ တိုင်းပြည်အနေနဲ့ အသစ်တဖန် ပြန်လည်ထူထောင်နိုင်မယ်လို့ ပြောထားပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
စစ်ကိုင်းနဲ့ မန္တလေးတိုင်းက တပ်ရင်းတွေ စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း NUG ထုတ်ပြန်
~~~
■ တစ်ကျော့ပြန် "၁၀၂၇ စစ်ဆင်ရေး"နဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းက တပ်ရင်းတွေ ပါဝင်တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီစစ်ဆင်ရေးတွေမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက ဗျူဟာတွေ၊ တပ်ရင်းတွေ ပါဝင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာရှိတဲ့ ဗျူဟာ ၅၂ နဲ့ ၅၅ လက်အောက်က တပ်ရင်း ခုနစ်ရင်းနဲ့ မန္တလေးတိုင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) အပါအဝင် ညောင်ဦးခရိုင် တပ်ရင်း ၂၆ ၊ မိုးကုတ်ဗျူဟာအောက်က တပ်ရင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့၊ ပြင်ဦးလွင်၊ မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်နေပြီး အောင်ပွဲတွေရနေတယ်လို့လည်း ဆိုပါတယ်။

NUG ထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်တိုက်ခိုက်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးအတွင်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ကောင်စီ တပ်စခန်း ၁၁ ခုနဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်း ၂၅ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ထုတ်ပြန်ထားပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
အွန်လိုင်းငွေလိမ်မှုနဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီပြော
~~~
■ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေကနေ ကြေညာပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းနှိမ်နင်းခဲ့ပြီး တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး ပြန်လွှဲပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"မြန်မာနိုင်ငံအစိုးရအနေနဲ့ ကျားဖြန့်ကိစ္စကို သိရှိတာနဲ့တပြိုင်တည်း တရုတ်နိုင်ငံနဲ့ တက်ကြွစွာပါဝင်ပြီး နှိမ်နင်းခဲ့ပါတယ်၊ ကိုးကန့်ဒေသမှာသာမက အခြားနယ်စပ်ဒေသတွေမှာလည်း ဆောင်ရွက်ခဲ့ပါတယ်၊ မနေ့ကအထိ (ဇူလိုင် ၈ ရက်) မိုင်းပေါက်ဒေသ၊ လောက်ကိုင်ဒေသ၊ တာချီလိတ်ဒေသ၊ မူဆယ်ဒေသ၊ မြဝတီ ရွှေကုက္ကိုလ် KK Park တို့ကနေ ဖော်ထုတ်ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၅၁၈၅၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၁၄၃ ဦး၊ ထိုင်းနိုင်ငံသား ၆၄၀ ဦးကို သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်"

လောက်ကိုင်ဒေသအပါအဝင် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့် (ခေါ်) အွန်လိုင်းလိမ်လည်မှုတွေဟာ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်တာကြောင့် စစ်ကောင်စီအနေနဲ့ မသိခဲ့ဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ဒီလိမ်လည်မှုတွေကို တရုတ်နိုင်ငံက တိမ်းရှောင်လာတဲ့ ရာဇဝတ်သားတွေက ဦးဆောင်ပြုလုပ်ခဲ့ပြီး လိမ်လည်ခံရသူ အများစုကလည်း တရုတ်နိုင်ငံသားတွေသာ ဖြစ်တာကြောင့် မြန်မာနိုင်ငံသားအများစုက မသိတာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကလည်း တာချီလိတ်မြို့နယ်မှာ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၂၉၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ဇူလိုင် ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေက ဧပြီလ ၁ ရက် က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ဖမ်းဆီးမိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်တဲ့ တရုတ်နိုင်ငံသား ငါးသောင်းနီးပါး (၄၉,ဝဝဝ) ကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
__________
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
ရွေးကောက်ပွဲပြင်ဆင်မှုအပေါ် တော်လှန်ရေးအင်အားစုတွေ ကန့်ကွက်
~~~
■ လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ တစ်နိုင်ငံလုံး လူဦးရေစာရင်းပါဝင်တဲ့ သန်းခေါင်စာရင်းကို ဒီနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း ကောက်ယူမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ရန်ကုန်အပါအဝင် စစ်ကောင်စီထိန်းချုပ်နေရာတွေမှာ အကြိုလှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါကို တော်လှန်ရေးအင်အားစုတွေဘက်က ဘယ်လိုတုံ့ပြန်သွားဖို့ရှိပါသလဲ။ RFA သတင်းထောက် မဝေမာထွန်း တင်ပြထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
လားရှိုးက စစ်ဘေးဒုက္ခသည်တွေ လမ်းမှာ ပိတ်မိနေ
Media is too big
VIEW IN TELEGRAM
သတင်းမြင်ကွင်းကျယ်
"ရွေးကောက်ပွဲ ဖြစ်လာနိုင်မလား"

~~~
■ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်တွေ ပြင်းထန်လာနေချိန် တစ်နေ့တစ်ခြား စစ်ကောင်စီဘက်ကလည်း စစ်စခန်းတွေ၊ မြို့တွေ လက်လွတ်ရတာတွေ များလာနေချိန်မှာပဲ ရွေးကောက်ပွဲကျင်းနိုင်ရေး အားသွန်ကြိုးပမ်းဖို့ ရွေးကာက်ပွဲကော်မရှင်က ကြိုးစားနေတယ်လို့ စစ်ကောင်စီအာဘော်သတင်းတွေမှာ ဖော်ပြလာပါတယ်။ သုံးသပ်သူတွေကတော့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိဘူးလို့ ပြောဆိုနေပါတယ်။ ဦးတင်အောင်ခိုင် တင်ပြထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
ရန်ကုန်မှာ ဝမ်းရောဂါ ကူးစက်မှုတွေ ဆက်ရှိနေ
~~~
■ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ဝမ်းရောဂါကူးစက်မှုတွေ ဆက်ရှိနေပြီး ဇူလိုင်လ ၉ ရက် မနေ့က တစ်ရက်တည်းမှာ ဝမ်းရောဂါကူးစက်ခံရသူ လူနာသစ် ၆၄ ဦး ထပ်ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဝမ်းရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံတက် ကုသရသူဟာ နေ့စဉ်တိုးလာနေပြီး ဇူလိုင်လ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ လေးရက်အတွင်းမှာ ၂၃၁ ဦးအထိ ရှိလာတာပါ။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါထိန်းချုပ်ရေး ကြိုးပမ်းနေကြောင်း ပြောဆိုထားပြီး ဝမ်းရောဂါဖြစ်တဲ့သူတွေထဲက လူ ၁၃၀ ဆေးရုံဆင်းသွားပြီလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းက သကေတ၊ ဒေါပုံ စတဲ့မြို့နယ်တွေမှာ အစားအသောက်ရောင်းချတဲ့ လမ်းဘေးဈေးဆိုင်တွေကို ဒီနေ့အထိ ပိတ်ခိုင်းထားသလို ရပ်ကွက်တွေထဲမှာလည်း ဝမ်းရောဂါ ပညာပေး သတိပေးချက်တွေကို အသံချဲ့စက်နဲ့ လိုက်လံကြေညာနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“လမ်းဘေးဆိုင်တွေ မဖွင့်ရသေးဘူး။ ဈေးတွေမှာလည်း သူတို့အဖွဲ့စုံလိုက် လိုက်စစ်တယ်။ ရေတွေကို ကလိုရင်းခတ်တာတွေလည်း လိုက်လုပ်ပေးတယ်။ ရန်ကုန်က လူဦးရေထူထပ်တော့ တစ်ခုခုဆို အကုန်ကူးစက်လွယ်တယ်။ အခုပေးနေတဲ့ ဂျိုးဖြူရေဆိုရင် မိလ္လာပိုက်လိုင်းပေါက်တာတွေနဲ့ ရောနေတော့ အဲဒီရေလည်း မသန့်ရှင်းနိုင်ဘူး”

ဝမ်းရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုဟာ သကေတနဲ့ ဒေါပုံမြို့နယ်တွေမှာ ဇူလိုင်လ ဆန်းပိုင်းက စတင်ခဲ့တာပါ။

ဝမ်းရောဂါ စတင်ဖြစ်ပွားတဲ့ ဇူလိုင်လ ပထမပတ်အတွင်းမှာတော့ ဝမ်းရောဂါကြောင့် သေဆုံးသူ ငါးဦးအထိ ရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ ဝမ်းရောဂါကြောင့် သေဆုံးသူမရှိဘူးလို့ နိုင်ငံပိုင် သတင်းမီဒီယာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။
_________

ရန်ကုန်တိုင်း၊ သာကေတမြို့မြို့နယ်မှ ဝမ်းရောဂါဖြစ်ပွားနေသဖြင့် ကုသနေကြသည့် ဆေးခန်းတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

RFA Burmese Website တွင် ဖတ်ရှုရန်…
မြန်မာကို လေယာဉ်ဆီ ပိတ်ဆို့ရေးမူချမှတ်ဖို့ အမေရိကန်ကို အရပ်ဘက်အဖွဲ့နှစ်ခု တိုက်တွန်း
~~~
■ မြန်မာနိုင်ငံအပေါ် လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရေး ချမှတ် ပြဋ္ဌာန်းဖို့ အမေရိကန်အစိုးရကို အရပ်ဘက်အဖွဲ့ အစည်းတွေဖြစ်တဲ့ Justice For Myanmar နဲ့ The Sentry တို့က ဇူလိုင် ၉ ရက်နေ့မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

တရုတ်အလံတင်သင်္ဘော HUITONG78၊ ရေနံသိုလှောင်ရေး ဆိပ်ကမ်းလုပ်ကိုင်တဲ့ ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. အပါအဝင် စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ဆိုပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တရုတ်အလံတင်သင်္ဘော HUITONG78၊ ရေနံသိုလှောင်ရေး ဆိပ်ကမ်းလုပ်ကိုင်တဲ့ ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. တို့ဟာ စစ်ကောင်စီ ဒဏ်ခံပိတ်ဆိုမှု မခံရဖို့ လေယာဉ်ဆီ ကြားဖြတ်တင်ပို့ ရောင်းချပေးနေတဲ့ အဓိက အဖွဲ့အစည်းနှစ်ခုဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) အခုနှစ် ဇန်နဝါရီလထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လေယာဉ်ဆီကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ချမှတ်ထားပြီးနောက်ပိုင်း တစ်နှစ်နီးပါးကြာမြင့်လာတဲ့အထိ လေယာဉ်ဆီဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကို ထပ်မံချမှတ်တာ မရှိသေးဘူးလို့လည်း ဖော်ပြပါတယ်။

The Sentry အဖွဲ့ရဲ့ တရားမဝင်ငွေကြေးဆိုင်ရာ မူဝါဒ ဒါရိုက်တာ အိုလီဗာ ဝင်းဒရစ်ဂျ်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဟန်ပြသက်သက်မဟုတ်ဘဲ စစ်ကောင်စီလေတပ်ကို အားပေးကူညီနေသူတွေကို မဖြစ်မနေ ဒဏ်ခတ်ပိတ်ဆို့ရမယ်လို့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း အမေရိကန် အစိုးရအနေနဲ့ HUITONG78၊ Hai Linh Co. Ltd. နဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတဲ့ ကုမ္ပဏီတွေ အားလုံးအပေါ် ပြတ်သားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ လိုအပ်နေပြီလို့ ပြောထားပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိရှိနေပါတယ်။
_________

စစ်ကောင်စီအား လေယာဥ်ဆီရောင်းချပေးနေသည့် ကုမ္ပဏီများအား ပိတ်ပင်တားဆီးရေး လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (Blood Money - Photo)

RFA Burmese Website တွင် ဖတ်ရှုရန်…
ကျောက်ကြီးမှာ ဒရုန်းဗုံးကြောင့် အရပ်သားနှစ်ဦး သေဆုံး
~~~
■ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် လေးအိမ်စုရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ - ၃၀၇) က ဒရုန်းဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၄၄ နှစ်အရွယ် ဒေါ်မိုဝါးနဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်ရဲတို့ နှစ်ဦးသေဆုံးခဲ့ပြီး နေအိမ်တချို့လည်း မီးလောင်ပျက်စီးတယ်လို့ ဆိုပါတယ်။

အဲဒီနေ့တစ်ရက်တည်းမှာပဲ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) ကနေ ကျောက်ကြီးမြို့နယ်ထဲက ရွာတွေကို ၁၂၀ မမ လက်နက်ကြီး ၁၉ လုံးအထိ ပစ်ခတ်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့တယ်လို့ KNU က ပြောပါတယ်။

ဇူလိုင် ၆ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ခမရ-၃၀၇ တပ်ရင်းကနေ လက်နက်ကြီးနဲ့ပစ်လို့ ပေါက်ပင်ကုန်းရွာက ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ KNU ထုတ်ပြန်ချက်သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ RFA ကို တုံ့ပြန်ပြောဆိုပါတယ်။

ကျောက်ကြီးမြို့နယ်ထဲမှာ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာတဲ့တိုက်ပွဲတွေကြောင့် လူခြောက်သောင်းထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အများစုက ဒီနေ့နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
_________

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်) တွင် စစ်ကောင်စီ၏ ဒရုန်းဗုံးကြောင့် ထိခိုက်ပျက်စီးခဲ့သည်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်က KNU မှ ထုတ်ပြန်ခဲ့စဉ်။ (𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻 Photo)

RFA Burmese Website တွင် ဖတ်ရှုရန်…
Updated 1:40 PM July 10,2024

လှိုင်မြစ်ထဲ ကျောင်းသားတွေပါတဲ့ သမ္ဗန်လှေမှောက်လို့ ရှစ်ဦးပျောက်ဆုံးနေဆဲ
~~~

■ ရန်ကုန်တိုင်း၊ လှိုင်မြစ်ထဲမှာ ဇူလိုင်လ ၁၀ ရက် ဒီနေ့ မနက် ရှစ်နာရီ ဆယ်မိနစ်မှာ လူ ၁၇ ဦးလိုက်ပါလာတဲ့ သမ္ဗန်လှေတစ်စင်း တိမ်းမှောက်ခဲ့ရာမှာ ဒီနေ့ နေ့လယ်ပိုင်းအထိ လူရှစ်ဦးပျောက်ဆုံးဆဲ ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သဗ္ဗန်လှေပေါ် လိုက်ပါလာတဲ့ လူ ၁၇ ဦးထဲက ကျောင်းသားနှစ်ဦး၊ ခရီးသည်ခြောက်ဦး၊ သဗ္ဗန်မောင်းသူတစ်ဦး၊ စုစုပေါင်း ကိုးဦးကို ကယ်ဆယ်ထားနိုင်တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက RFA ကို ဒီနေ့ နေ့လယ်က ပြောပါတယ်။

“ကျောင်းသားနှစ်ဦး၊ ခရီးသည်ခြောက်ဦးနဲ့ သမ္ဗန်သမားကိုတော့ ကယ်ဆယ်ထားနိုင်ပါတယ်။ အဲဒီအထဲက ကျန်းမာရေး သိပ်မကောင်းသူ သုံးဦးကိုတော့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ထားပါတယ်။ ကျန်တဲ့ငါးဦးကိုတော့ အသက်အန္တရာယ် မစိုးရိမ်ရလို့ ဗားကရာဆိပ်ကမ်းမှာပဲ ဆေးကုသမှု ပေးထားပါတယ်”

ပျောက်ဆုံးနေသူ ရှစ်ဦးကို ဆက်လက်ရှာဖွေနေတယ်လို့လည်း သူက ပြောပါတယ်။

(မှတ်ချက် - ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသူနှစ်ဦး၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)
_____
RFA Burmese Website တွင် ဖတ်ရှုရန်…