RFA Burmese
55.6K subscribers
3.35K photos
3.33K videos
1 file
7.25K links
လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။
Download Telegram
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုရပ်တန့်ရေး တောင်ကိုရီးယားမှာ ဆန္ဒပြတောင်းဆို
~~~
■ တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂွန်းမြို့မှာ ကိုရီးယားတေးဂီတအနုပညာရှင်တွေနဲ့ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အမြန်ဆုံးရပ်တန့်ရေး ဇွန်လ ၂၃ ရက်နေ့က ဆန္ဒပြတောင်းဆိုကြပါတယ်။

သုံးနှစ်တာကြာမြင့်လာတဲ့ မြန်မာ့တော်လှန်ရေးအောင်မြင်စေဖို့နဲ့ စစ်အာဏာရှင်စနစ်အမြန်ဆုံးကျဆုံးရေး ကိုရီးယားတေးဂီတအဖွဲ့က ဦးဆောင်ပါဝင်ခဲ့တာလို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဇော်မိုးအောင်က ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ဖို့အတွက်လည်း ကိုရီးယားတေးဂီတအဖွဲ့နဲ့အတူ ဆုတောင်းဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဆန္ဒပြပွဲကို ကိုရီးယားရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ကိုရီးယားတေးဂီတအဖွဲ့ဝင်တွေနဲ့အတူ လူပေါင်းတစ်ရာကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
_____________
Photo: Facebook/ Zaw Moe Aung
မဏိပူရ်ထောင်ထဲမှာ မြန်မာတွေ အရှိန်တိုးမြှင့်ဆန္ဒပြဖို့ ပြင်ဆင်နေ
~~~
■ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေ အစာငတ်ခံဆန္ဒပြလာတာ တစ်ပတ်ကျော်ပြီဖြစ်ပေမဲ့ အာဏာပိုင်တွေဘက်က ဘာမှညှိနှိုင်းဖြေရှင်းပေးတာမရှိဘူးလို့ အိန္ဒိယ- မြန်မာလေ့လာစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar) တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။

ဒါကြောင့် သူတို့တွေဟာ ထောင်ထဲမှာ အစာငတ်ခံ အသံတိတ်ဆန္ဒပြတဲ့ပုံစံကနေ ကြွေးကြော်သံတွေ ပြိုင်တူအော်ပြီး ဆန္ဒပြဖို့ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

" ဆန္ဒပြတာ တစ်ပတ်ကျော်လာတော့ တအားပင်ပန်းလာပြီ။ ဒါကြောင့် အာဏာပိုင်တွေဘက်က အာရုံစိုက်လာအောင် ကြွေးကြော်သံတွေနဲ့ လုပ်ဖို့ပြင်နေကြတယ်။ ဒါကို ပြင်းထန်အရေးယူမှုမျိုးမရှိအောင် လုပ်နေတယ်။ အားလုံးက လဲကုန်ပြီ။ ကျန်းမာရေးတော်တော်ထိခိုက်နေကြပြီ"

ဖမ်းဆီးခံထားရတဲ့ မြန်မာတွေကို မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ အတင်းအကျပ်ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် ဇွန်လ ၁၆ ရက်နေ့ကစလို့ အမျိုးသား ၉၉ ယောက် စတင်ဆန္ဒပြကြတာဖြစ်ပါတယ်။

တစ်ပတ်ကျော်ကြာလာချိန်မှာတော့ အဲဒီထဲက အယောက် ၃ဝ ကျော်ဟာ အာဟာရချို့တဲ့လာလို့ ဆန္ဒပြတာရပ်လိုက်ပြီး အမျိုးသား နှစ်ဦးလည်း ဆေးရုံတင်ထားရပါတယ်။

ဒါပေမဲ့ ကျန်တဲ့အယောက် ၆ဝ ကျော်ကတော့ ဆန္ဒဆက်ပြနေသေးတယ်လို့ဆိုပါတယ်။ ထောင်ထဲက အခြေအနေတွေကို နိုင်ငံတကာနဲ့ သတင်းမီဒီယာတွေသိရဖို့ ဖုန်းဆက်လို့ရတဲ့အချိန်မှာ India For Myanmar အဖွဲ့ကို အကြောင်းကြားပြီး အကူအညီတောင်းနေတာလို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

လက်ရှိ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် ၁၅၉ ဦး ကျန်နေသေးပြီး သူတို့တွေကို နိုင်ငံတကာက အကူအညီပေးဖို့လည်းတောင်းဆိုပါတယ်။

မဏိပူရ်ပြည်နယ်ထဲမှာ လတ်တလောဖြစ်နေတဲ့ ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေးပဋိပက္ခဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကြောင့်လို့ ပြည်နယ်အစိုးရက အပြစ်ပုံချထားပြီး၊ ဒုက္ခသည်တွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေတာပါ။

ပြီးခဲ့တဲ့ မေလဆန်းမှာ အမျိုးသမီးချည်း ၃၈ ဦး၊ ဇွန်လထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၃၈ ဦး စုစုပေါင်း ၇၆ ဦးကို ဖမ်းဆီးပြီး မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ ပြန်ပို့လိုက်ပါတယ်။

RFA Burmese Website တွင် ဖတ်ရှုရန် ....
လန်ဒန် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကနေ ပေါင်ငွေလေးသောင်းကျော်ရ
~~~
■ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။

မွေးနေ့ပွဲနဲ့အတူ ရန်ပုံငွေစျေးရောင်းပွဲကျင်းပခဲ့ပြီး အဲဒီရန်ပုံငွေပွဲကနေ စတာလင်ပေါင် လေးသောင်းသုံးထောင်ကျော် ရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဗြိတိန်ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုက RFA ကို ပြောပါတယ်။

အဲဒီငွေတွေကို မြန်မာပြည်တွင်းက ဒုက္ခသည်စခန်းတွေကို လှူဒါန်းသွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဗြိတိန်ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့၊ NUG အစိုးရဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဆာဆာ၊ ဒေါ်ခင်မမမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယောင်းမဖြစ်သူ မစ္စမယ်ရီးလောတို့အပါအဝင် ဗြိတိန်ရောက် မြန်မာတွေ တက်ရောက်ခဲ့ပါတယ်။
___________________
Photo: Click to Fight (UK)
ငပလီလေဆိပ်ကို AA ထိန်းချုပ်
~~~
■ ရခိုင်ပြည်နယ် သံတွဲလေဆိပ်နဲ့ ငပလီကမ်းခြေနား တစ်ဝိုက်မှာရှိတဲ့ ခမရ(၅၆၆)၊ ခလရ(၅၅) စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့က နေ့လယ်လောက်ထိ ငပလီကမ်းခြေတစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းသုံး လာရောက်ပစ်ခတ်တာလည်းရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံပရဟိတသမားတစ်ဦးက ပြောပါတယ်။

မနေ့ညနေပိုင်းကစလို့ အခြေအနေတွေ တိတ်ဆိတ်နေပြီး၊ စစ်ကောင်စီဘက်က ပိတ်ထားတဲ့ မြို့ဝင်မြို့ထွက် ဂိတ်တွေလည်း ပြန်ပွင့်နေပြီလို့ ပြောကြပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း " စစ်တပ်ဘက်က ရှုံးပြီလို့ ကြားတယ်။ အဲဒါကြောင့် ဂိတ်တွေပြန်ဖွင့်လိုက်တာ၊ လေယာဉ်ကွင်းထဲမှာ တပ်မမှူးတွေ၊ ဗျူဟာမှူးတွေရော၊ တခြားဗိုလ်တွေရောစုနေတယ်၊ ဖမ်းထားတယ်" လို့ပြောပါတယ်။

အဲဒီဘက်မှာ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေမကောင်းတာကြောင့် သတင်းအတိအကျသိရဖို့ ခက်ခဲနေပါတယ်။

ရခိုင်အခြေစိုက် သတင်းတွေမှာလည်း ငပလီလေဆိပ်ကို ရခိုင့်တပ်တော် AA က သိမ်းလိုက်ပြီလို့ ဖော်ပြနေကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ AA ဘက်ကိုရော စစ်ကောင်စီဘက်ကိုပါ RFA က ဆက်သွယ်မေးမြန်းပေမဲ့ အကြောင်းပြန်တာမရှိသေးပါဘူး။

RFA Burmese Website တွင် ဖတ်ရှုရန် ...
Media is too big
VIEW IN TELEGRAM
ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ ရေကြီးရေလျှံဒဏ် ခံစားနေရ
~~~
■ ပြီးခဲ့တဲ့ အပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းမှာ မိုးသည်းထန်တာကြောင့် ရေကြီးပြီး မြေတွေလည်း ပြိုခဲ့ပါတယ်။ ဒီလိုရေကြီး မြေပြိုတာတွေကြောင့် ဒုက္ခသည်စခန်းထဲမှာ နေထိုင်ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ထိခိုက်ခဲ့ပြီး၊ ဒုက္ခသည်အချို့ သေဆုံးခဲ့ပါတယ်။ ကိုရဲခေါင်မြင့်မောင် တင်ပြထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန် ...
Media is too big
VIEW IN TELEGRAM
ထောင်တွင်းအတွေ့အကြုံကို အနုပညာနဲ့ပုံဖော်ပေးသူ
~~~
■ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲလ်အတွက် မြန်မာတွေရဲ့ စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်းမြင်ခဲ့ရတဲ့ ထောင်တွင်းအတွေ့အကြုံနှစ်ခုကို အနုပညာနဲ့ ပုံဖော်ပေးခဲ့တဲ့သူဟာ ပြင်သစ်နိုင်ငံရောက် ပန်းချီအနုပညာရှင် ကို Wooh ပါ။ သူဟာ ၂ဝ၂ဝ တုန်းက ပါဂျောင် ဆိုတဲ့ ဖြစ်ရပ်မှန် Graphic Novel ကို ဆွဲခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ မသီရိမင်းဇင် ဆက်သွယ်မေးမြန်းထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန် ...
မြင်းခြံမှာ ဆရာတော်တစ်ပါး ပစ်သတ်ခံရမှု အပြန်အလှန်စွပ်စွဲ
~~~
■ မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးမှာ ဇွန်လ ၂၂ ရက်နေ့ညက ဆရာတော်တစ်ပါး ပစ်သတ်ခံရမှုအပေါ် စစ်ကောင်စီနဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က အပြန်အလှန် စွပ်စွဲပြောဆိုပါတယ်။

သက်တော် ငါးဆယ်၊ ဝါတော် ၁၂ ဝါရှိပြီဖြစ်တဲ့ မြင်းခြံမြို့နယ်၊ စခမရွာ ဘုန်းကြီးကျောင်းက ဆရာတော် ဦးဥတ္တမနဲ့ ဦးအောင်မျိုးသောင်းတို့ဟာ မြင်းခြံမြို့ပေါ်ကို လူမှုကူညီရေးအသင်းကားနဲ့ လူနာပို့အပြီးအပြန် မြင်းခြံမြို့အထွက် အမှတ် ၁၈ ရပ်ကွက်အနီးမှာ ပစ်ခတ်ခံလိုက်ရတာပါ။

ဒီပစ်ခတ်မှုမှာ ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မှုခဲ့ပြီး အတူလိုက်ပါလာတဲ့ ဦးအောင်မျိုးသောင်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီပစ်ခတ်မှုကို PDF တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာလို့ ဒဏ်ရာရသူ ဦးအောင်မျိုးသောင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

မြင်းခြံမြို့နယ် အခြေစိုက် PDF တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Myingyan Black Tiger အဖွဲ့ကတော့ ဒီပစ်ခတ်မှုကို PDF တပ်ဖွဲ့တွေက ကျူးလွန်ခဲ့ခြင်း မရှိကြောင်းနဲ့ အခုရက်ပိုင်း စစ်ရေးလှုပ်ရှားမှုတွေလည်း မရှိတဲ့အကြောင်း ဇွန်လ ၂၃ ရက်နေ့မှာပဲ ထုတ်ပြန်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံမြို့ခံတစ်ဦးကတော့ ဒီပစ်ခတ်မှုဟာ PDF ဘက်က ပစ်ခတ်မှုမဖြစ်နိုင်တဲ့ အကြောင်း RFA ကို ပြောပါတယ်။

“အဲဒီရပ်ကွက်က မြင်းခြံမြို့ပေါ်မှာလေ။ PDF ကတော့ ညဘက်ကြီး မြင်းခြံမြို့ပေါ်အထိ မလာဘူး။ မြို့ခံတွေလည်း ညရှစ်နာရီလောက်ဆို ဘယ်မှမထွက်ကြတော့ဘူး။ သူတို့ (စစ်ကောင်စီတပ်) ပဲရှိတာ။ အဲဒီနေရာမှာ အရင်ကတည်းက ကင်းပုန်းတွေ ချထားတာရှိတယ်။ ကျင်းတွေတူပြီး နေကြတာ”

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ဆရာတော် ပျံလွန်မူခဲ့ပါတယ်။

အဲဒီတုန်းကလည်း စစ်ကောင်စီက PDF တွေက ပစ်ခတ်ခဲ့ကြောင်း ကနဦး ထုတ်ပြန်ခဲ့ပြီး အဲဒီဖြစ်စဉ်မှာ အတူတူလိုက်ပါလာတဲ့ မျက်မြင်ဆရာတော်ကတော့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့တဲ့အကြောင်း မိန့်ကြားတဲ့ ဗီဒီယိုပျံ့နှံ့ပြီးနောက်မှာ စစ်ကောင်စီက သူတို့ ပစ်ခတ်ခဲ့ကြောင်း ပြောင်းလဲဝန်ခံခဲ့ပါတယ်။
_________

စခမရွာ ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးဥတ္တမနှင့် ဦးအောင်မျိုးသောင်းတို့ ပစ်ခတ်ခံလိုက်မှုအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ မြဝတီသတင်းဌာနမှ ထုတ်ပြန်ခဲ့စဉ်။ (စစ်ကောင်စီ(မြဝတီ) ဓာတ်ပုံ)

RFA Burmese Website တွင် ဖတ်ရှုရန်…
လေကြောင်းရန်ကြောင့် မြန်မာဒုက္ခသည်ငါးထောင်ကျော် မဏိပူရ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံ
~~~

■ လေကြောင်းရန်နဲ့ တိုက်ခိုက်မှုတွေကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ လာရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ငါးထောင်ကျော် (၅,၄၀၀ ခန့်) ရှိတယ်လို့ အိန္ဒိယသတင်းစာ The Hindu က ဇွန်လ ၂၀ ရက်နေ့က ဖော်ပြပါတယ်။

မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ မဏိပူရ်ပြည်နယ်၊ ကမ်ဂျွမ်ခရိုင်ထဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ခိုလှုံလာကြတာဖြစ်တယ်လို့ အာသံ ရိုင်ဖယ်တပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားခဲ့တာလို့ ဆိုပါတယ်။

ကမ်ဂျွမ်ခရိုင်ထဲက ရွာရှစ်ရွာမှာ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ယာယီနေရာချထားပေးပြီး အဲဒီအထဲက ငါးထောင်ကျော် (၅,၁၀၀) ရဲ့ လက်ဗွေရာ၊ မျက်လုံး၊ အသံ စတဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေ ကောက်ယူထားပြီးဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကပြောကြောင်း The Hindu က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ပြည်တွင်းစစ်ကြောင့် မဏိပူရ်ပြည်နယ် ကမ်ဂျွမ်ခရိုင်ကို ရောက်နေတဲ့ မြန်မာနိုင်ငံသား ၅၈၀၀ ကျော်ရှိနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် အန်ဘီယန်ဆင်းကလည်း ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ ပြောကြားထားပါတယ်။

အဲဒီထဲက ၁၅ ဦးဟာ သဘာဝဘေးဒဏ်ကြောင့် သေဆုံးခဲ့ရပြီး ၃၅၉ ဦးကတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နေရပ်ပြန်သွားတယ်လို့ ဆိုပါတယ်။

မဏိပူရ်ပြည်နယ် ကမ်ဂျွမ်ခရိုင်ဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရဲ့ နယ်စပ်ဒေသဖြစ်ပါတယ်။
_____

RFA Burmese Website တွင် ဖတ်ရှုရန်…
တီးတိန်မြို့နယ် သိုင်းငင်းရွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ
~~~
■ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာကို ဇွန်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး‌ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ် သုံးဆယ်၀န်းကျင်ရှိတဲ့ သိုင်းငင်းရွာမှာ မီးမလောင်ဘဲ ကျန်နေခဲ့တဲ့ နေအိမ်သုံးလုံးပဲရှိတော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"နေအိမ်တွေက အောက်ဘက်အိမ်တွေကိုတော့ အကုန်ရှို့ပြီးပြီ။ ဘာမှ မကျန်တော့ဘူး။ အပေါ်ဘက်က သုံးအိမ်လောက်ပဲ ကျန်တော့တယ်။ ကျွန်တော်တို့က တိုက်ပွဲမဖြစ်ခင် သုံးလေးရက်ကတည်းက ရှောင်ကြတာ"

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တီးတိန်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား ဇွန်လ ၂၀ ရက်နေ့ကစပြီး ဇွန် ၂၃ ရက်မနေ့ကအထိ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က သိုင်းငင်းရွာ ဆုတောင်းတောင်စခန်းမှာ နေရာယူထားတာကြောင့် ခရီးသွားတွေအနေနဲ့ ကလေး- သိုင်းငင်း- တီးတိန်လမ်းကို မသွားလာကြဖို့ CDF CDM Siyin အဖွဲ့က သတိပေးထားပါတယ်။

အင်အား တစ်ရာ၀န်းကျင်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဇွန်လ ၁၈ ရက်နေ့မှာ တီးတိန်မြို့နယ်ကနေ ဒီတောင်စခန်း သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာ PDF Zoland အဖွဲ့က အဲဒီနေရာကို ပြန်လည်တိုက်ခိုက် ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
_________

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

RFA Burmese Website တွင် ဖတ်ရှုရန်…
မိုးစပါးအတွက် တောင်သူများ ပျိုးကြဲမှုစတင်
~~~

■ ဇွန်လ ဒုတိယပတ်ကစလို့ မိုးစပါးအတွက် တောင်သူတွေ စပါးပျိုးကြဲနေကြပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ထဲက လယ်ယာလုပ်ငန်းခွင်တစ်ခုကို ဇွန်လ ၂၃ ရက်က မြင်တွေ့ရတာပါ။

အရင်ကတော့ စပါးကိုမိုးမရွာခင် မြေသားခြောက်သွေ့ချိန်မှာ အခြောက်စနစ် ထွန်ယက်ကြဲပက်ကြတာလို့ ဆိုပါတယ်။

ဒီနှစ်က မိုးရာသီမှာတော့ မိုးဦးအစ မိုးရွာသွန်းမှု များပြားတာကြောင့် စပါးကို အပင်အညှောင့်ဖောက်၊ ကြဲပက်ဖို့ လုပ်ကြရပါတယ်။
______
Photo: RFA