Collider's review
26.1K subscribers
784 photos
2.43K links
ဤ Channelတွင်ကြော်ညာများထည့်သွင်းလိုပါက Admin acc >> @norafati (telegram acc)
ကတစ်ဆင့်ဆက်သွယ်လို့ရပါတယ်🙏
Download Telegram
The Nun (2018)မြန်မာစာတန်းထိုး
IMDb 5.6/10
=======================
ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ
ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ်
သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့
နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က
Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့
မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ
မျက်လုံးထဲပြေးမလွတ်ပါဘူး
အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က
evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့်
အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါ
ဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က
စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ်
ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့
ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့
ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ်
ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က
ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း
အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့
ပတ်သတ်မိကြတော့တာပါပဲဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့
Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ
ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့
Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Link👇👇
https://t.me/inter_na/9
#crd
Ek Villain Returns (2022) မြန်မာစာတန်ထိုး
Action, Romance, Thriller
IMDb 6.1/10
===============
မင်းသားကြီး ဂျွန်အာဘရာဟမ်နဲ့မင်းသားကြီးအရ်ဂျွန်ကပူးနဲ့
မင်းသမီးချောဒစ်ရှာနဲ့ heropantiကချစ်စရာစပ်စလူးစိန်မင်းသမီးလေး တာရာတို့
ရိုက်ကူးထားတဲ့ ရုံတင်ကားသစ်ရပါပြီဒီကားက ဗီလိန်နှစ်ယောက်အားပြိုင်တဲ့ကား…
တစ်ဖက်သတ်အချစ်တွေ နစ်မွန်းလာတဲ့အခါ လူက
စိတ်ထွက်ပေါက်မရှိတော့ဘဲ လုပ်မိလုပ်ရာ လုပ်တတ်ကြရင်း
စိတ္တဇဆန်ဆန်ဖြစ်လာတတ်ကြပါတယ်…
မပိုင်ဆိုင်ရလည်း တခြားသူလက်ထဲ မပေးအပ်နိုင်ဘူးလို့
စိတ်ဆုံးဖြတ်ပြီးတဲ့နောက် ကိုယ်ချစ်ရသူကို အတ္တဆန်ဆန်
အချစ်မျိုးနဲ့ ချစ်လာတတ်ကြပါတယ်…တချို့ကျတော့လည်း ချစ်တော့ချစ်တယ် ဒါပေမဲ့
အသက်အသေခံလိုက်မယ် အရှုံးတော့မခံနိုင်ဘူးဆိုတဲ့ အချစ်မျိုး…ဒီလိုအချစ်မျိုးတွေက လမ်းမှားကိုဆွဲခေါ်သွားနေပေမယ့်လည်း
ကိုယ်ကိုယ်တိုင်ကတော့ ဒီအချစ်မျိုးထဲမှာ ပျော်မွေ့နေတတ်ကြပါတယ်…
မွန်ဘိုင်းမြို့နယ်အတွင်းမှာ ကောင်မလေးတွေ အသတ်ခံနေရတယ်
လိုက်လံစုံစမ်းကြည့်တော့ လူသတ်သမားဟာ ရည်းစားရှိတဲ့မိန်းကလေးတွေကိုပဲ
ပစ်မှတ်ထားပြီး ရွေးသတ်နေပါတယ်…ကဲ..ဇာတ်ကားကြည့်ပြီး ဆားပုလင်းနှင်းမောင်သာ လုပ်ပေတော့နော်ဒီဇာတ်ကားမှာ လှည့်ကွက်လေးတွေသုံးထားတာမို့ စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင်
မင်းသမီးချောလေးနှစ်လက်အပြိုင်ကြဲပြီး လန်းပေးထားလို့
ကြည့်ရကျိုးနပ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်…
ဇာတ်ကားကြည့်ရန် LINK
https://t.me/mh_mvie/455
#crd
Ek Villain (2014) မြန်မာစာတန်ထိုး
IMDb 6.5/10
===================
ဒီဇာတ်လမ်းလေးကတော့ ကြမ်းတမ်းတဲ့ ဗီလိန်တစ်ယောက်ရဲ့
အချစ်ကိုဖော်ကြူးထားတဲ့ဇာတ်လမ်းလေးပါ။ ဂုရုက မရိုးသားတဲ့
နိုင်ငံရေးသမားဆီဆာ အတွက် အလုပ်လုပ်ပေးနေတဲ့ ကြမ်းတမ်း ပြီး
အကြင်နာမဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မကြာခင်မှာပဲ သူဟာ
အီရှားလို့ခေါ်တဲ့ ကောင်မလေးနဲ့ဆုံခဲ့ပြီးတော့ သူ့ဘဝက ပြောင်းလဲ
သွားခဲ့ရပါတယ်။ ဒီထူးဆန်းတဲ့ ဘဝဆန္ဒတွေနဲ့ပြည့်နှက်နေတဲ့
ကောင်မလေးတစ်ယောက် က သူ့ဘဝကို လုံးဝပြောင်းလဲစေခဲ့ပါတယ်
ဒီလိုနဲ့ သူက ကောင်မလေးဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးရင်းနဲ့
ကောင်မလေးဖြစ်ချင်တဲ့ ပုံစံကိုပြောင်းလဲခဲ့ပါတယ် ဒါပေမဲ့ သူချစ်တဲ့ကောင်မလေးက
မမျှော်လင့်ပဲ စိတ္တဇ လူသတ်သမားတစ်ယောက် ရဲ့ သားကောင်ဖြစ်သွားတဲ့အခါ..
သူ့လိုပဲ ကြမ်းတမ်းတဲ့ အကြင်နာမဲ့တဲ့ ဗီလိန်တစ်ယောက်ကို ဘယ်လို
အနိုင်ယူမလဲဆိုတာတွေကို ကြည့်ရှုရမှာပါ။လူသတ်သမားကိုလဲ သမာရိုးကျ
လိုက်သတ်နေရတဲ့ လူသတ်သမား မဟုတ်ပဲ တစ်ဖက်ကမှာ မိသားစုနဲ့
အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံစံတွေနဲ့ ပြထားလို့ ကြည့်ရတာ တစ်မျိုး
ဆန်းသစ်စေပါတယ်
ဇာတ်ကားကြည့်ရန် LINK
Ek Villain (2014) မြန်မာစာတန်ထိုး
IMDb 6.5/10
===================
ဒီဇာတ်လမ်းလေးကတော့ ကြမ်းတမ်းတဲ့ ဗီလိန်တစ်ယောက်ရဲ့
အချစ်ကိုဖော်ကြူးထားတဲ့ဇာတ်လမ်းလေးပါ။ ဂုရုက မရိုးသားတဲ့
နိုင်ငံရေးသမားဆီဆာ အတွက် အလုပ်လုပ်ပေးနေတဲ့ ကြမ်းတမ်း ပြီး
အကြင်နာမဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မကြာခင်မှာပဲ သူဟာ
အီရှားလို့ခေါ်တဲ့ ကောင်မလေးနဲ့ဆုံခဲ့ပြီးတော့ သူ့ဘဝက ပြောင်းလဲ
သွားခဲ့ရပါတယ်။ ဒီထူးဆန်းတဲ့ ဘဝဆန္ဒတွေနဲ့ပြည့်နှက်နေတဲ့
ကောင်မလေးတစ်ယောက် က သူ့ဘဝကို လုံးဝပြောင်းလဲစေခဲ့ပါတယ်
ဒီလိုနဲ့ သူက ကောင်မလေးဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးရင်းနဲ့
ကောင်မလေးဖြစ်ချင်တဲ့ ပုံစံကိုပြောင်းလဲခဲ့ပါတယ် ဒါပေမဲ့ သူချစ်တဲ့ကောင်မလေးက
မမျှော်လင့်ပဲ စိတ္တဇ လူသတ်သမားတစ်ယောက် ရဲ့ သားကောင်ဖြစ်သွားတဲ့အခါ..
သူ့လိုပဲ ကြမ်းတမ်းတဲ့ အကြင်နာမဲ့တဲ့ ဗီလိန်တစ်ယောက်ကို ဘယ်လို
အနိုင်ယူမလဲဆိုတာတွေကို ကြည့်ရှုရမှာပါ။လူသတ်သမားကိုလဲ သမာရိုးကျ
လိုက်သတ်နေရတဲ့ လူသတ်သမား မဟုတ်ပဲ တစ်ဖက်ကမှာ မိသားစုနဲ့
အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံစံတွေနဲ့ ပြထားလို့ ကြည့်ရတာ တစ်မျိုး
ဆန်းသစ်စေပါတယ်
ဇာတ်ကားကြည့်ရန် LINK
https://t.me/mh_mvie/413
#crd
#crd
Race (2008) မြန်မာစာတန်ထိုး
IMDb 6.6/10
============================
Race Film Seriesက အခုဆို Race 3 အထိရောက်ရှိလို့လာခဲ့ပါပြီ(2008)မှာ Race 1 ထွက်ခဲ့ပြီး (2013)မှာ Race 2 ထွက်ခဲ့၍ ယခု (2018)မှာတော့ Race 3 ထပ်မံထွက်ရှိခဲ့ပါတယ်
ဇာတ်ကားတွေကတော့ Crime, Action, Drama ကားကောင်းတွေဖြစ်ပြီး အထူးသဖြင့် 1, 2က Ratingsပိုင်းလည်းကောင်းသလို ဇာတ်လမ်းလည်းဆွဲဆောင်မှုရှိလှပါတယ်။Race 3ကတော့ မကြည့်ရသေးလို့ ဘာမှမပြောလိုပါ။1,2 မှာတော့ ဆေ့ဖ်အလီခန်း၊ အနီလ်ကပူးရ်တို့က အဓိကပါဝင်ခဲ့ပြီး ဇာတ်လမ်းကလည်း အလှည့်အပြောင်းများနဲ့ ဂျင်ပေါ်ကထုံးဆိုသလို
တယောက်နဲ့တယောက် ကျော်ခွရင်းအပြိုင်ဆိုင်ချဲကြတဲ့ ဇာတ်ကားကောင်းတွေပါ။
ဇာတ်ဝင်သီချင်းခပ်မြူးမြူးတွေ၊ အက်ရှင်ခပ်လန်းလန်းတွေစတန့်အကွတ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက်Race 1, 2ကို တင်ဆက်ပေးလိုက်ပါတယ်။Race 3ကတော့ ရုံတင်ထားတာသိပ်မကြာသေးတဲ့အတွက် အကြည်ထွက်ဖို့ကြာဦးမှာမို့လို့ အကြည်၊ စာအမှန်ထွက်လာတာနဲ့ တင်ဆက်ပေးမှာပါ။အခုတော့ Race 1, 2ကိုပဲ ပြန်လည်ခံစားကြည့်လိုက်ကြပါဦး
ဇာတ်ကားကြည့်ရန် LINK
https://t.me/mh_mvie/435
#crd
Race 2 (2013) မြန်မာစာတန်ထိုး
IMDb 6.6/10
============================

Race Film Seriesက အခုဆို Race 3 အထိရောက်ရှိလို့လာခဲ့ပါပြီ(2008)မှာ Race 1 ထွက်ခဲ့ပြီး (2013)မှာ Race 2 ထွက်ခဲ့၍ ယခု (2018)မှာတော့ Race 3 ထပ်မံထွက်ရှိခဲ့ပါတယ်
ဇာတ်ကားတွေကတော့ Crime, Action, Drama ကားကောင်းတွေဖြစ်ပြီး အထူးသဖြင့် 1, 2က Ratingsပိုင်းလည်းကောင်းသလို ဇာတ်လမ်းလည်းဆွဲဆောင်မှုရှိလှပါတယ်။Race 3ကတော့ မကြည့်ရသေးလို့ ဘာမှမပြောလိုပါ။1,2 မှာတော့ ဆေ့ဖ်အလီခန်း၊ အနီလ်ကပူးရ်တို့က အဓိကပါဝင်ခဲ့ပြီး ဇာတ်လမ်းကလည်း အလှည့်အပြောင်းများနဲ့ ဂျင်ပေါ်ကထုံးဆိုသလို
တယောက်နဲ့တယောက် ကျော်ခွရင်းအပြိုင်ဆိုင်ချဲကြတဲ့ ဇာတ်ကားကောင်းတွေပါ။
ဇာတ်ဝင်သီချင်းခပ်မြူးမြူးတွေ၊ အက်ရှင်ခပ်လန်းလန်းတွေစတန့်အကွတ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက်Race 1, 2ကို တင်ဆက်ပေးလိုက်ပါတယ်။Race 3ကတော့ ရုံတင်ထားတာသိပ်မကြာသေးတဲ့အတွက် အကြည်ထွက်ဖို့ကြာဦးမှာမို့လို့ အကြည်၊ စာအမှန်ထွက်လာတာနဲ့ တင်ဆက်ပေးမှာပါ။အခုတော့ Race 1, 2ကိုပဲ ပြန်လည်ခံစားကြည့်လိုက်ကြပါဦး။
ဇာတ်ကားကြည့်ရန် LINK
https://t.me/colli_der/470
#crd
Race 3 (2018) မြန်မာစာတန်ထိုး
IMDb 2.1/10
=======================
ရှမ်ရှာဆင်းန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အင်ပါယာ ကြီးတစ်ခုတည်ထောင်ပြီး လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ အ ရောင်းအဝယ်ပြုလုပ်နေတာပါ။ရှမ်ရှာမှာ ဆန်ဂျာနာနဲ့ ဆူရက်ဂျ် ဆိုတဲ့ အမြွှာသားနှစ်ယောက်ရှိပြီး ဆီကန်ဒါဆင်းန်ကတော့ မွေးစား သားပါ။ရက်ရှ်က ဆီကန်ဒါရဲ့ လူယုံတစ်ယောက်ဖြစ်ပြီး ရှမ်ရှာအင်ပါ ယာနဲ့ နီးစပ်သူလည်းဖြစ်ပါတယ်။ ရာနာဗီဂျေးဟာ ရှမ်ရှာရဲ့ စီးပွားပြိုင်ဘက်ဖြစ်ပြီး ရှမ်ရှာမိသားစု ရဲ့ စီးပွားရေးကို တစ်ချိန်လုံး ဒုက္ခ ပေးနေသူလည်းဖြစ်ပါတယ်။တစ်ရက်မှာတော့ မိသားစု ရှေ့နေဟာ အိမ်ကိုရောက်လာပြီး ဆန်ဂျာနာနဲ့ ဆူရက်ဂျ်တို့လည်း အသက် (၂၅)နှစ်ပြည့်ပြီမို့ ရှမ်ရှာက ဆီကန်ဒါကို သူပိုင်ဆိုင်သမျှ ၅၀ ရာခိုင်နှုန်း၊ ဆန်ဂျာနာနဲ့ ဆူ ရက်ဂျ်တို့ကို တစ်ယောက် ၂၅ ရာခိုင်နှုန်းစီ ခွဲဝေပေးခဲ့ပါတယ်။အဲဒီအခါမှာ မိသားစုထဲမှာ ပြဿနာလေးတွေရှိလာပြီး အမြွှာညီ အစ်ကိုနှစ်ယောက်က ဆီကန်ဒါ ကို မကျေနပ်လို့ တိုက်ခိုက်လာ တဲ့အတွက် ဆီကန်ဒါနဲ့ ပြဿနာ စပါတော့တယ်။
တကယ်တော့ ရက်ရှ်ဟာ ရှမ်ရှာရဲ့သားအရင်းဖြစ်ပြီး အကျင့်ပျက်နိုင်ငံရေးသမားတွေနဲ့ ပေါင်းနေကာ တစ်ရက်မှာတော့ ဆီကန်ဒါကို ရှင်းပစ်ခဲ့ပါတယ်။ ရှမ်ရှာဟာလည်း ဆီကန်ဒါရဲ့ မိဘတွေကို သတ်ပစ်ခဲ့သူဖြစ်ပြီး အမြွှာညီအစ်ကိုက ဆီကန်ဒါရဲ့ ညီအ ရင်းတွေလည်း ဖြစ်ပါတယ်။ရှမ်ရှာနဲ့ရက်ရှ်ရဲ့ အကြံအ စည်က ညီအစ်ကိုအရင်းတွေ ကတောက်ကဆဖြစ်ပြီး အချင်းချင်းသတ်မိအောင် လုပ်တာဖြစ်ပါတယ်။ သေပြီထင်ထားတဲ့ ဆီကန်ဒါက တစ်ရက်မှာတော့ ဗြုန်းဆို ပြန်ပေါ်လာပြီး ရက်ရှ်၊ ရှမ်ရှာတို့ သားအဖနဲ့ ထိပ်တိုက်တွေ့ခဲ့ပါ တော့တယ်။ဆီကန်ဒါတို့ ညီအစ်ကိုတွေ နဲ့ ရှမ်ရှာတို့ရဲ့ ပြိုင်ပွဲက ဘယ်လိုရလဒ်ထွက်မလဲ။ ဒုစရိုက်လောက ထဲက ရှမ်ရှာတို့တစ်တွေ ဘယ်လို ဇာတ်သိမ်းရမလဲဆိုတာ အမိုက် စားအက်ရှင်ဇာတ်ကွက်တွေနဲ့ ဆက်ကြည့်လိုက်ဦးနော်။
ဇာတ်ကားကြည့်ရန် LINK
https://t.me/vackup/35
#crd
Footfairy (2020) မြန်မာစာတန်ထိုး
IMDb 4.6/10
================
အလုပ်အကိုင်အခွင့်အရေးတွေပေါများလှတဲ့ အိမ်မက်မြို့တော်မွန်ဘိုင်းရဲ့ ရထားဘူတာမှာ
ကောင်မလေးတွေဆက်တိုက်သတ်ခံနေရတာ ခြောက်ခြားစရာပါပဲ။
မိန်းကလေးခြေထောက်လှလှလေးတွေကိုမှ ရူးရူးမူးမူးစွဲလမ်းနေတဲ့ ကွင်းဆက်လူသတ်သမားက
မွန်ဘိုင်းရထားဘူတာရဲ့ လူပြတ်တဲ့နေရာမှာ အကွက်ချစီစဉ်ပြီး စိတ်ကြိုက်သတ်နေခဲ့ပါတယ်။
အလောင်းတွေကိုလည်း ခြေထောက်တွေဖြတ်ထားပြီး ခရီးဆောင်အိတ်ထဲထည့်ကာ ပြန်လာပစ်လေ့ရှိပါတယ်။ဒီကွင်းဆက်ဆိုက်ကိုလူသတ်သမားကြောင့် မလုံခြုံတော့တဲ့ မြို့တော်ကြီးမှာ
CBI စုံထောက်ကြီးဗီဝမ်နဲ့ သူ့အပေါင်းအဖော်တွေ
ဘယ်လိုစုံစမ်းဖော်ထုတ်မလဲဆိုတာတော့ ရင်တမမနဲ့ ကြည့်ရှုခံစားရမှာပါ။
Crime Thriller ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက်လက်လွတ်မခံသင့်တဲ့
ဇာတ်ကားကောင်းလေးအဖြစ်ညွှန်းဆိုလိုက်ပါရစေ။
ဇာတ်ကားကြည့်ရန် LINK
https://t.me/vackup/36
#crd
ကူလ်ဖီးလေးရဲ့တေးသံချို
စီကန်ဒါလို့ခေါ်တဲ့တက်သစ်စအဆိုတော်လေးဟာကျေးရွာဘက်ကရွာသူလေး နီမရက်နဲ့တိတ်တဆိတ်လက်ထပ်လိုက်ကြတယ်။ဒါပေမယ့်ချစ်ရသူနဲ့သူ့ရဲ့အနာဂတ်ကိုရွေးချယ်ရတော့မယ့်အချိန်မှာတော့ ချစ်ရသူကိုထားခဲ့ပြီးအဝေးကိုထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာနီမရက်မှာသူနဲ့ရတဲ့ကိုယ်ဝန်ရှိနေခဲ့တာကိုတော့သတိမထားမိခဲ့ပါဘူး။သိပ်မကြာခင်မှာပဲစီကန်ဒါကချမ်းသာတဲ့အမျိုးသမီးတစ်ဦးဖြစ်တဲ့ Lovely Chaddha နဲ့လက်ထပ်လိုက်ပါတယ်။ ၈ နှစ်ကြာပြီးနောက်စီကန်ဒါကအောင်မြင်တဲ့အဆိုတော်ကြီးတစ်ဦးဖြစ်နေခဲ့ပြီးသူ့မှာ ချပ်ဒါနဲ့ရတဲ့ အမိုင်ရာဆိုတဲ့သမီးလေးတစ်ဦးရှိနေခဲ့ပါပြီ။စီကန်ဒါကအမိုင်ရာ့ကိုသူ့ရဲ့အနုပညာအမွေကိုဆက်ခံစေလိုပေမယ့်လည်းအမိုင်ရာ့မှာ အနုပညာပါရမီပါမလာခဲ့ပါဘူး။ဒီကိစ္စကြောင့်ပဲ စီကန်ဒါနဲ့သူ့ဇနီး မကြာခဏဆိုသလိုစကားများလေ့ရှိကြပါတယ်။နီမရက်မှာလည်း စီကန်ဒါနဲ့ရတဲ့ ကူလ်ဖီးလို့ခေါ်တဲ့သမီးလေးရှိပါတယ်။ကူလ်ဖီးကသူမရဲ့ဖခင်အရင်းကစီကန်ဒါဆိုတာကိုတော့မသိပါဘူး။ကူလ်ဖီးကတော့သူမရဲ့ဖခင်လိုပဲအဆိုပါပါရမီပါတဲ့ကလေးမလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။Lovely မှာ အမိုင်ရာဆိုတဲ့တိတ်တိတ်ပုန်းသမီးလေးတစ်ဦးရှိပါတယ်။စီကန်ဒါကတော့အမိုင်ရာ့ကိုသူနဲ့ရတဲ့ကလေးလို့ပဲထင်နေခဲ့ပါတယ်။ကင်ဆာရောဂါဝေဒနာကိုခံစားနေရတဲ့ ကူလ်ဖီးရဲ့အဒေါ်ဖြစ်သူနီဟာလိုကကူလ်ဖီးကိုမုန်းတီးနေသူတစ်ဦးလည်းဖြစ်ပါတယ်။မွေးကင်းစအရွယ်ထဲကဖခင်အရင်းရှိရဲ့သားနဲ့ဖခင်မေတ္တာကိုငတ်ခဲ့ရတဲ့အပြင် ကလေးအရွယ်ရောက်တဲ့အချိန်မှာလဲကံကြမ္မာဆိုးကြောင့်မိဘမဲ့ဖြစ်ခဲ့ရတဲ့ ပါရမီရှင်ကူလ်ဖီးလေးရဲ့တွေ့ကြုံရမယ့် အနိမ့်အမြင့်ဇာတ်ကြောင်းအဖုံဖုံကိုဒီဇာတ်ကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်...
ဇာတ်လမ်းတွဲကြည့်ရန်link 👇👇
https://t.me/colli_der/481

#crd
Her – Chapter 1 (2023) မြန်မာစာတန်းထိုး
===================
IMDb 8.8/10
တောင်ပိုင်း တက်သစ်စ မင်းသမီးချောလေး ရူဟနီရှာမာရဲ့ မှုခင်း ရုံကားသစ်
Her Chapter 1 ကြည်၊ တောက်၊ ရှင်း ဗားရှင်း ထွက်ရှိလို့လာပါပြီ။အာချာနာဆိုတဲ့ ဒုရဲအုပ်မလေးဟာ ကိစ္စတစ်ကြောင့် တာဝန် ၆ လ ရပ်ဆိုင်းခံရတာနေ
အလုပ်ပြန်ဝင်တဲ့အချိန်မှာပဲ စစချင်းကြုံရတဲ့အမှုက ရှုပ်ထွေးတဲ့ နှစ်လောင်းပြိုင်လူသဝာ်မှုတစ်ခုဖြစ်နေပါတယ်။
အဲဒီအမှုက ရည်ရွယ်ချက်ရှိရှိကျူးလွန်တဲ့အမှုလား၊ ခရီးသွားဟန်လွှဲဖြစ်သွားတဲ့အမှုလား၊
အာချာနာကရော အတိတ်မှာဘာတွေကြုံခဲ့ရတာလဲဆိုတာကို တောင်ပိုင်းမှုခင်းကားတွေရဲ့ထုံးစံ
စိတ်ဝင်စားဖို့ကောင်းအောင်မြင်တွေ့ရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်…။
ဇာတ်ကားကြည့်ရန် LINK
https://t.me/vackup/37
#crd
Takkar (2023) မြန်မာစာတန်းထိုး
IMDb-8.3/10
=====================
တက်သစ်စမင်းသမီးချောလေး ဒေ့ဗ်ယန်ကာ၊နှုတ်ခမ်းမွှေးပဲထားထား မုတ်ဆိတ်ပဲထားထားလန်းလွန်းတဲ့
မင်းသားချောဆစ်ဒါးသ်၊ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ပါဝင်ထားတဲ့ တမီးလ်စကားပြော
ရိုမန့်စ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို စားစရာတောင်အနိုင်နိုင်ဘဝကနေ မီလျံနာသူဌေးကြီးဖြစ်ချင်တဲ့
ဂွန်ဇ်တစ်ယောက် ဆင်းဆင်းရဲရဲမွေးလာတာအပြစ်မဟုတ်ဘူး ဆင်းဆင်းရဲရဲတော့မသေနိုင်ဘူးဆိုတဲ့
စိတ်နဲ့ မြို့တက်အလုပ်လုပ်ပါတော့တယ်။လူကဆတ်ဆတ်ထိမခံဆိုတော့ ဝင်လုပ်သမျှအလုပ်အကုန်
ပြုတ်လို့ပြုတ် ထွက်လို့ထွက်နဲ့ တက္ကစီဒရိုင်ဘာကျမှပဲ ခြေငြိမ်သွားတယ်။တက္ကစီမောင်းရင်း
သူသွားငြိမိတဲ့ ဂိုဏ်းတစ်ခုရှိတယ်။အဲဒီဂိုဏ်းလုပ်ပုံက အဆန်း။မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တာ။ပြန်ပေးဆွဲခံရတဲ့မိန်းကလေး မိဘတွေနဲ့
တစ်ဖက်ကလူကုန်ကူးတဲ့လူနဲ့ကိုစျေးအပြိုင်ပေးခိုင်းတာ။ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာ
မိန်းကလေးတစ်ယောက်ပါလာတာစ ဂွန်ဇ်တစ်ယောက်ဘယ်လိုတွေ ရှေ့ဆက်မလဲ။
သူ့ရဲ့သန်းကြွယ်သူဌေးအိပ်မက်ကရော ဖြစ်လာပါမလားဆိုတာ ကြည့်ရှုရမှာပါ။
ဇာတ်ကားကြည့်ရန် LINK
https://t.me/vackup/38
#crd
Ramabanam 2023 မြန်မာစာတန်းထိုး
IMDb 5.9/10
===================
Action/Dramaအခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူးရုပ်ရှင်ကတော့ အက်ရှင်အကြမ်းစားတွေအပြင်
မိသားစုတွေကြားထဲက ၅၂၈မေတ္တာ ချစ်သူတွေကြားက ၁၅၀၀မေတ္တာကိုပါ
ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
ရိုးသားမှုကို အရင်းခံပြီး သမာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ရာဂျာရမ်မှာ ဗစ်ကီလို့ခေါ်တဲ့
ညီလေးတစ်ယောက်ရှိပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဖို့ အစ်ကိုဖြစ်သူက အမြဲဆုံးမလေ့ရှိပါတယ်။
ဒါပေမဲ့ တစ်နေ့မှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူ မတရားသဖြင့် ဒုက္ခခံနေရတာကို မြင်ရပြီးနောက် လက်တုံ့ပြန်ခဲ့ပါတယ်။အစ်ကိုဖြစ်သူသိသွားပြီး ဗစ်ကီနဲ့ အချေအတင်ဖြစ်ကြတဲ့အခါ ဗစ်ကီတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။
ကာလကတ္တားမြို့ကို လက်ဗလာနဲ့ရောက်သွားတဲ့ဗစ်ကီတစ်ယောက် လုပ်ငန်းရှင်တစ်ဦးနဲ့ချိတ်ဆက်မိပြီး
ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ ထင်ထားသလောက်မရိုးရှင်းတဲ့စီးပွားရေးလုပ်ငန်းမှာ
ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူမကြိုက်တဲ့ ဒုစရိုက်မှုတွေလုပ်ပြီး ကြီးပြင်းလာခဲ့ပါတယ်။အချိန်တန်အရွယ်ရောက်လို့ ချစ်ရတဲ့သူတွေ့လာတဲ့အခါ လက်ထပ်ထိမ်းမြားဖို့ မိသားစုက
အရေးပါတယ်ဆိုတာ ဗစ်ကီသိရတဲ့အခါ အစ်ကိုဖြစ်သူနဲ့မိသားစုဝင်တွေရှိရာဆီကို ပြန်လာခဲ့ပါတယ်။
မိသားစုတွေ ပြန်လည်ပေါင်းစည်းကြမိပေမယ့် ဖုံးကွယ်ထားရတဲ့အခက်အခဲကိုယ်စီလည်း ရှိနေကြပါတယ်။
ဗစ်ကီနဲ့အစ်ကိုဖြစ်သူ ဘာတွေဆက်ဖြစ်ကြမလဲ။ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။
မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေသွားရမလားဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန် LINK
https://t.me/mh_mvie/1642
#crd
Dinosaurs (2023) မြန်မာစာတန်းထိုး
IMDb 8.7/10
================
အသစ်ထွက်ထားတဲ့ Kollywood ဂိုဏ်းစတားအက်ရှင်ရုပ်ရှင် ခပ်မိုက်မိုက်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ Dinosaurs ဆိုတာကတော့ Die no sirs ဆိုတဲ့ စကားလုံးကို သံတူကြောင်းကွဲ ပြန်ရေးထားတာပါ။ဇာတ်လမ်းကတော့ ဒန်နာဆိုတဲ့ အပ်ချုပ်သမားဟာ ဂိုဏ်းစတားတစ်ယောက်ဆီမှာအလုပ်လုပ်နေတဲ့
သူငယ်ချင်းဖြစ်သူ ဒူရူနာအတွက် ဒူရူနာရဲ့ မိသားစုကိုငဲ့ပြီး ထောင်ထဲကို ကိုယ်စားဝင်ဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ဒန်နာရဲ့ ညီဖြစ်သူ ဇာတ်လိုက် မန်နူးကတော့ ပေါ့ပေါ့နေပေါ့ပေါ့စား လူ့ဘော်ကြော့ဘဝကနေ
အစ်ကိုဖြစ်သူ ဟီးရိုးဝင်လုပ်တဲ့ကိစ္စကို ဖြေရှင်းဖို့ကြိုးစားရင်း ဂိုဏ်းစတားကြီးနဲ့ ထိပ်တိုက်တွေ့ကာ
ဂိုဏ်းစတားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပါ…။
ဇာတ်ကားကြည့်ရန် LINK
https://t.me/colli_der/494
#crd
Aakhri Sach (2023) မြန်မာစာတန်းထိုး
IMDb 7.9/10

ယခုတစ်ခေါက်မှာတော့ Disney+Hotstar ကနေ လောလောလတ်လတ်ထွက်ရှိလာပြီး
ဖြစ်ရပ်မှန် ပေါ်အခြေခံရိုက်ကူးထားတဲ့စီးရီးလေးကို တင်ဆက်ပေးထားပါတယ်
ဒီစီးရီးဟာဆိုရင်ဖြင့် ၂၀၁၈ခုနှစ် ဇူလိုင်လ၁ရက်နေ့ အိန္ဒိယနိုင်ငံ ဒေလီမြို့ Burari မှာတွေ့ရှိခဲ့တဲ့
“Burari Deaths” ဆိုတဲ့ မိသားစုဝင် ၁၁ယောက် သေဆုံးရမှုပေါ် အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ

ဒီဖြစ်ရပ်မှန်နဲ့ပတ်သက်ပြီး “House of Secrets : The Burari Deaths “ဆိုတဲ့ Documentary တစ်ခုလည်းထွက်ရှိထားပြီး
ဒီ Documentary ကြောင့် မိသားစုဝင် ၁၁ယောက် သေဆုံးရခြင်းက လူသိများခဲ့ရပါတယ် ဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်
မတူတဲ့ခံစားချက်ကို ရစေမှာဖြစ်ပြီး ‌ဘောလိဝုဒ်ချစ်သူတို့အသည်းစွဲ မင်းသမီးချောလေး Tamannaah Bhatia က
ရဲမေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်

ဇာတ်လမ်းအညွှန်း…
မိသားစုဝင် ၁၁ယောက် သေဆုံးမှု.. ဒီသတင်းကဟိုးလေးတကျော်ကျော်ဖြစ်နေခဲ့ပါတယ် ဖြစ်ဆိုသေဆုံးပုံတွေကလည်း
မြင်နေကျနဲ့မတူ ၁၀ယောက်က ကြိုးဆွဲချအနေအထားနဲ့ ‌သေဆုံးနေတာဖြစ်ပြီး တစ်ယောက်ကတော့ အခန်းထဲမှာ သေဆုံးနေတာပါ
ကြိုးဆွဲချထားတဲ့လူတွေက လက်ကိုနောက်ပြန်ကြိုးတုပ် မျက်လုံးကိုအဝတ်တွေနဲ့စည်းထားပြီး တန်းစီချိတ်ဆွဲထားပုံတွေက
သွေးလန့်ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခုလို..အခင်းဖြစ်ပွားရာမှာလည်း ‌ သေဆုံးသူတွေကလွဲရင် ဘာခြေရာလက်ရာမှ
မပျက် ဘာပစ္စည်းမှမပျောက်နဲ့မို့ ရဲတွေခေါင်းစားရတဲ့အမှုပေါ့

သူတို့နဲ့မတည့်တဲ့လူရယ်လို့မရှိတဲ့အပြင် တစ်မိသားစုလုံးကသဘောမနောကောင်း ..ဒီအမှုကိုဖြေရှင်းဖို့တာဝန်ကတော့
မင်းသမီးချောလေး အန်ယာ့ပေါ်ရောက်လာခဲ့ပါတယ် အန်ယာဟာဆိုရင် ဆွဲဆောင်မှုအပြည့်နဲ့ မဖြေရှင်းနိုင်တဲ့အမှုရယ်လို့မရှိတဲ့
ဌာနမှာအတော်ဆုံးလူတစ်ယောက်..အထက်လူကြီးတွေကပါ လေးစားအားကိုးရတဲ့သူလေးဖြစ်တဲ့အညီ သူ(မ)ရဲ့သူမတူတဲ့
တွေးပုံတွေးနည်းတွေနဲ့ ဒီပဟေဠိဆန်တဲ့ ‌သေဆုံးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ ကျော်ပစ်စရာတစ်ကွက်မှမရှိတာမို့ ကြည့်ရှုအားပေးကြပါဦးရှင်
ဇာတ်ကားကြည့်ရန်Link👇👇
https://t.me/colli_der/500
#crd
Gunjan Saxena: The Kargil Girl (2020) မြန်မာစာတန်းထိုး
IMDb 6.2/10
=====================
ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ်တင်ဆက်ပေးလိုက်ပါပြီ.ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီး
တင်ဆက်ထားတာပါ.ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကိုခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့်ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်.စာဆိုလဲ အရမ်းတော်ပေမယ့် သူ့ရဲ့တခုတည်းသောရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ.ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့ကရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်.ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး.သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက်၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ၁၁တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်.ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်.ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအဆင့်တွေလိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်.နောက်ဆုံး ပညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကိုလက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်.ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ်ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ် ဂွန်ဂျူးရဲ့အာဂသတ္တိကိုလေးစားဖွယ်တင်ဆက်ပြသထားတဲ့အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ညွှန်းလိုက်ပါရစေဗျာ.
ဇာတ်ကားကြည့်ရန် link
https://t.me/mh_mvie/782
#crd
Lakhan Leela Bhargava (2023) မြန်မာစာတန်းထိုး အပိုင်း (1)
IMDb 8.5/10
=================
rating8.5 ထိရရှိထားပြီး လက်ရှိထုတ်လွှင့်ပြသနေဆဲဖြစ်နေတဲ့
အိန္ဒိယတရားခွင်ဒရာမာစီးရီးကို တင်ဆက်ပေးချင်ပါတယ်။

လက်ခန်းဟာ ရှေ့နေအဖြစ်အင်မတန်မှ စိတ်အားထက်သန်ပေမဲ့
အမှုတစ်ခုမှမကိုင်ရသေးလို့ အမှုသည်ကိုမရရအောင်အကွက်ဆင်ပြီးရှာနေရပါတယ်။
သူဒီလိုအောင်မြင်မှုမရတာဟာ ရှေ့နေကြီးတစ်ဦးဖြစ်တဲ့ မိုဟန်ဆိုသူကြောင့်ဆိုပြီး နာကျဉ်းနေတဲ့သူလည်းဖြစ်ပါတယ်။
တစ်နေ့တော့ သူငယ်ချင်းဖြစ်သူရဲ့အကူအညီနဲ့ လူသတ်မှုတစ်ခုကိုပထမဆုံးကိုင်တွယ်လိုက်ရပါတော့တယ်။

တရားရုံးရှေ့နေ့လိုက်ပေးဖို့ကို ကြိုးစားပမ်းစားပြင်ဆင်ပြီး စိတ်အားထက်သန်နေခါမှာ
တရားရုံးအတွင်းမှာ အမှုသည်က
ရှေ့နေပြောင်းချင်ပါတယ်လို့ပြောလိုက်တဲ့ချိန်မှာတော့…
ပထမဆုံးအမှုမှာတင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ဖြစ်သွားခဲ့ပါတယ်။
ဒီလိုနဲ့ အမှုကိုသူဖြေရှင်းခွင့်ရမှာလားဆိုတာ နောက်အမှုကရောဘာတွေဆက်လာမလဲဆိုတာ |
လက်ခန်းရဲ့အမှုဖြေရှင်းတာတွေ၊ တရားခံရှေ့နေတွေကို ထေ့ငေါ့ပြီးပြောတတ်တာတွေ၊
မဟုတ်မခံတတ်တာတွေကို ဟာသနှောပြီး စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။
ဇာတ်ကားကြည်ရန် Link
https://t.me/colli_der/510

#crd
Ayodhi (202) မြန်မာစာတန်းထိုး
IMDb-8.3/10
========================
အရာရာကိုအလိုမကျ ဒေါသကြီးနေတဲ့လူတစ်ယောက်နဲ့နေရတာ ဘယ်လိုနေမလဲ…?ဇနီးမိသားစုကိုလည်းစိတ်မရှည် အရာရာကိုအလိုမကျနေသူ ၊ အိမ်ထောင်ဦးစီးဆိုတဲ့စိတ်နဲ့
အမြဲခေါင်းငုံ့ခံလာတဲ့ဇနီး ၊ ဆယ်ကျော်သက်သမီး နဲ့ မူလတန်းကျောင်းသားလေးတို့ မိသားစု
ဘုရားဖူးထွက်လာတဲ့ခရီးမှာ ဒေါသကြောင့်ပဲ ကားအက်ဆီးဒင့်ဖြစ်ပြီးဇနီးဖြစ်သူဆေးရုံရောက်သွားပါတော့တယ်ဇနီးရဲ့ အသက်လုပွဲအတွက်ဆေးရုံပြောင်းရချိန်မှာလည်း သူ့ဒေါသမာနကြောင့်နဲ့ လူနာတင်ကားရှာမရချိန်…
သမီးဖြစ်သူရဲ့တောင်းပန်မှုကြောင့် သူစော်ကားခဲ့တဲ့ကားသမားရဲ့ သူငယ်ချင်းကပဲ ပွဲတော်ရက်မှာ မိသားစုကိုပစ်ပြီး ဆေးရုံကိုမောင်းပို့ပေးခဲ့ပါတယ်
ဒေါသမာနကြီးတဲ့ လူကြီးတစ်ယောက်ဘဝအချိုးတစ်ကွေ့မှာ ပေးဆပ်မှုကြီးကြီးပေးလိုက်ရချိန် သူ့ဗီဇတွေရော ပြောင်းလဲလာမလား…
ကိုယ်ချင်းစာနာစိတ်‌ဆိုတာဘယ်လောက်ထိတောင် စွမ်းအားကြီးသလဲဆိုတာကို ရှုစားရမှာဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန် Link
https://t.me/colli_der/515
#crd
Jaane Jaan (2023) မြန်မာစာတန်းထိုး
IMDb-6.0/10
====================
ဒီကားကတော့ ၄တန်းအောင် အဂျေးရဲ့ အလောင်းဖျောက်ပုံ အလီဘိုင်ရှာပုံတွေနဲ့ ပုံစံဆင်တူတဲ့ ဇာတ်ကားတစ်ကားပါ
Netflix ကထုတ်လွှင့်ပြီး Rating အနေနဲ့ရော Plot အနေအထားအရပါ အတော်လေးကြည့်ရှုလို့ကောင်းတဲ့ Crime / Mystery
ဇာတ်ကားအမျိုးအစားဖြစ်ပါတယ် မင်းသမီးကြီး ကရီနားကပူးဟာဆိုရင်လည်း အပိုအလိုမရှိ ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ်ဘောလိဝုဒ်ကားတွေက အင်စပက်တာတွေ အမှုလိုက်တော်တဲ့ကားတွေပဲများပေမဲ့
ဒီကားကတော့ criminal ဘက်ကနေ ဘယ်လောက်ထိပိရိအောင်လုပ်နိုင်လဲဆိုတာကိုကြည့်ရှုရမှာပါ
ဉာဏ်ပညာထက်မြက်မှုနဲ့ ရူးသွပ်မှု..ဒီ၂ခုကြားမှာ မျဉ်းကြောင်းလေးတစ်ကြောင်းပဲ ခြားပါတယ်
သင်္ချာပညာရပ်ကို ရူးသွပ်လို့ ဆယ်စုနှစ်တစ်ခုအထိ လေ့လာလိုက်စားလာခဲ့ပြီး အရာရာကို
သင်္ချာနည်းတကျ စေ့စပ်တွေးခေါ်တတ်တဲ့လူတစ်ယောက်က လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်လာခဲ့မယ်ဆိုရင်ရော..နည်းနည်းလောက်သာပိုတွေးမိရင် မျက်စိရှေ့က အမှန်တရားကိုမြင်နိုင်ပေမဲ့ မကြိုးစားခဲ့ကြသူတွေနဲ့ ချစ်ရတဲ့မိသားစုကိုကာကွယ်ဖို့
အဘက်ဘက်ကကြိုးစားကြတဲ့လူတွေကြားက တိုက်ပွဲတစ်ခု ..လူသတ်သမားကိုသိနေတာတောင် အလီဘိုင်က အစစအရာရာပြည့်စုံနေပြီး
ဟာကွက်မရှိနေတဲ့ ပြီးပြည့်စုံတဲ့ လူသတ်မှုတစ်ခု ..ဉာဏ်ပညာထက်မြက်မှုနဲ့ အမှန်တရားကြား ဘယ်သူကအနိုင်ရသွားမလဲ
ဇာတ်ကားတစ်ကားလုံးက ပစ်ရက်စရာရှိအောင် ပြည့်စုံလွန်းတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ
ဇာတ်ကားကြည့်ရန် Link
https://t.me/mh_mvie/717
#crd
Buya Hamka Vol. 1 (2023) မြန်မာစာတန်းထိုး
IMDb 6.8/10
====================
ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။
ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။
ဇာတ်ကားကြည့်ရန် Link
https://t.me/colli_der/521
#crd
Wonder Woman (2017) မြန်မာစာတန်းထိုး
IMDb 7.4/10
========================
DCEU ရဲ့ လေးကားမြောက် ရုပ်ရှင် ဖြစ်တဲ့ Wonder Woman ရုပ်ရှင်ပါ။Box Office မှာ နံပါတ်တစ်ချိတ်ခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေနဲ့ ပရိသတ်တွေ အားပေးမှုအပြည့်ရထားပါတယ်။
သူ့ကိုတော့ Batman vs Superman မှာ မြင်ဖူးခဲ့ပြီးသားဖြစ်မှာပါ။ဒီရုပ်ရှင်ထဲမှာတော့ ဒိုင်ယာနာ ရဲ့ ငယ်ဘဝနဲ့ လူ့လောကထဲကို ပထမဆုံးခြေချချိန် စွန့်စားခန်းတွေကို တွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ဒိုင်ယာနာဟာ လူတွေသာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကျွန်းတစ်ကျွန်းမှာ နတ်ဘုရားတွေဖန်ဆင်းထားတဲ့ အမေဇုံလို့ခေါ်တဲ့ စစ်သည်တော်တွေလက်ထဲမှာ မွေးဖွားကြီးပြင်းလာသူပါ။
ဒိုင်ယာနာဟာ ဘုရင်မ ဟစ်ပိုလီတာရဲ့ သမီးတော်လည်း ဖြစ်ပါတယ်။အဲဒီကျွန်းမှာ ယောကျာ်းတစ်ယောက်မှ မရှိပါဘူး။တစ်နေ့မှာတော့ပထမကမ္ဘာစစ်ထဲက လေယာဉ်မှုးတစ်ယောက် လေယာဉ်ပျက်ကျပြီး ပင်လယ်ထဲ ပြုတ်ကျလာတာကို ကယ်တင်မိပြီး ကမ္ဘာစစ်ကြီးအကြောင်းကို ပထမဆုံးကြားသိသွားပါတော့တယ်။အမေဇုံတွေဟာ ကမ္ဘာကြီးကို စစ်နတ်ဘုရားလက်က ကယ်တင်ဖို့လို့ ယုံကြည်ထားတဲ့ ဒိုင်ယာနာဟာ လေယာဉ်မှုး ဗိုလ်ကြီး စတိ ထရီဗာနဲ့အတူ လူတွေရဲ့ လောကကြီးထဲကို ခြေချပြီး စစ်ပွဲကြီးတစ်ခုလုံးကို သူယုံကြည်သလို ရပ်တန့်ဖို့ကြိုးစားပါတော့တယ်။
ဇာတ်ကားကြည့်ရန် Link
https://t.me/inter_na/11
#crd
Aquaman (2018) မြန်မာစာတန်းထိုး
IMDb 7.9/10
=================
ဒီစူပါဟီးရိုး ရုပ်ရှင်ဟာ DCEU ရဲ့ ၆ ကားမြောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။သူ့ရဲ့ရှေ့မှာတော့ Man of Steel, Batman vs Superman, Suicide Squad, Wonder Woman, Justice League တို့ ထွက်ရှိထားပြီးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်အတ္တလန်တစ်နိုင်ငံရဲ့ မင်းသမီးဟာ ကုန်းမြေပေါ်က မီးပြတိုက်စောင့်တစ်ယောက်နဲ့ ချစ်မိပြီး အာသာ(အကွာမန်းကို) မွေးဖွားခဲ့ပါတယ်။သူကြီးပြင်းလာချိန်မှာ အတ္တလန်တစ်ရဲ့ ဘုရင် အွန်းမ်ဟာ နိုင်ငံ ၇ ခု ကို စုစည်းပြီး ကုန်းမြေကမ္ဘာကို စစ်တိုက်ဖို့ ပြင်ဆင်လာပါတယ်။
ဒီစစ်ပွဲကိုတားဖို့ အတွက် အာသာဟာ သူ့ရဲ့ဆရာ ဗော်ကို၊ မင်းသမီး မယ်ရာ တို့ရဲ့ အကူအညီနဲ့ စွမ်းအားအကြီးဆုံး သုံးခွခရင်း ထရိင်းဒန့်ကို ရှာပြီး အတ္တလန်တစ်ရဲ့ ထီးနန်းကို ရယူဖို့ ကြိုးစားရပါတော့တယ်………
ဇာတ်ကားကြည့်ရန် Link
https://t.me/inter_na/10
#crd
Dilwale (2015) မြန်မာစာတန်းထိုး
IMDb 5.1/10
=====================
ဘောလိဝုဒ်မင်းသားကြီး ရှာရွတ်ခန်း နဲ့ မင်းသမီး Kajol တို့ တကြော့ပြန် ပြန်လည်လက်တွဲထားတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်းမပြောခင်..ပြောချင်တဲ့အချက်တစ်ချက်ရှိပါတယ်။အဲဒါကတော့ ဒီဇာတ်ကားမှာ ရှုခင်းနဲ့ ဆက်တင်ကိုအထူးဂရုပြုပြီး ဖျော်ဖြေရေးဆန်ဆန် အရောင်အသွေးစုံလင်အောင်
ဖန်တီးထားတဲ့အကြောင်းပါ။
အရောင်အသွေးစုံခင်မှုအပိုင်းမှာ တစ်နေရာမှ မလစ်ဟင်းအောင် ဂရုပြုထားပြီး
ပန်းချီကားတစ်ချပ်လို ဖန်တီးတင်ဆက်ထားတာ လှပလွန်းပါတယ်။ဇာတ်လမ်းပုံစံကတော့
မိသားစုတွေရဲ့ ရန်ငြိုးကြောင့် ချစ်ရက်နဲ့ ကွဲကွာနေကြတဲ့ ချစ်သူနှစ်ဦး
ကံကြမ္မာအလှည့်အပြောင်းတစ်ချိုးမှာ ပြန်လည်တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါ………။ဇာတ်လမ်းကို သွက်သွက်လက်လက်တစ်နည်း…လွမ်းလွမ်းဆွေးဆွေးတဖုံ….
ရယ်ရယ်မောမောတစ်သွယ်…ပုံစံမျိုးစုံ တင်ဆက်ရာမှာ သီချင်းတွေနဲ့ နောက်ခံ သံစဉ်တီးလုံးတွေက
အတော်လေးလိုက်ဖက်ညီပြီး ဇာတ်လမ်းကို အကောင်းမွန်ဆုံးထောက်ပံ့ပေးသွားတာတွေ့ရပါတယ်။
ဇာတ်ရံပေါင်းများစွာနဲ့ စုံစုံလင်လင်တင်ဆက်ထားပြီး ဇာတ်ကားကြာမြင့်ချိန်ကလဲ ၂ နာရီခွဲလောက်ရှိတဲ့အတွက်
ရုပ်ရှင်ရုံထဲကြည့်နေရသလို အေးအေးဆေးဆေး အနားယူ… အချိန်ယူ ခံစားကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန် Link
https://t.me/mh_mvie/1225
#crd