Manchester United Myanmar Supporters FC
7.16K subscribers
3.14K photos
570 videos
507 links
Download Telegram
လီဗာပူးလ်အသင်းရဲ့ အသက် 16 နှစ်အရွယ်တောင်ပံကစားသမားလေး Isaac Konde ကို မကြာခင် ခေါ်ယူနိုင်တော့မှာဖြစ်လို့ အသင်းဖက်က တရားဝင်ကြေညာပေးသွားမှာ ဖြစ်ပါတယ် ။

#MUMS
❤13👍1
ဇာဇီက အသင်းမှာ ပွဲကစားချိန်မိနစ် နည်းပါးနေလို့ အခုလာမယ့်ဆောင်းရာသီအပြောင်းအရွေ့ကာလမှာ အသင်းပြောင်းဖို့ သေချာသလောက် ရှိနေပါတယ် ။

#MUMS
❤17
မန်စီးတီးအသင်း ရင်ဆိုင်နေရတဲ့ ပြစ်ဒဏ်တွေအပေါ် မော်ရင်ဟိုရဲ့အမြင် 🗣️ တကယ်လို့သာ အဲ့ပြစ်ဒဏ်တွေအတိုင်း စီးတီးခံရမယ်‌ဆိုရင် ငါ့ဘဝရဲ့ အကြီးမားဆုံးအောင်မြင်မှုက မန်ယူအသင်းကို ဖလားယူပေးနိုင်ခဲ့တာဘဲ ( ရယ်လျက် )

#MUMS
❤26
စီးတီးလူငယ်အသင်းက ဒေးဗစ်အီဇေးကို ယူနိုက်တက်တို့ အရခေါ်ယူနိုင်ခဲ့ပြီး တရားဝင်ကစားသမားမိတ်ဆက်ပွဲပါ ပြုလုပ်ခဲ့ပါတယ် ။

#MUMS
❤13
၂၀၂၂/၂၃ ရာသီကတည်းကစလို့ ပရီးမီးယားလိဂ်မှာ ဘရူနိုဖာနန်ဒက်စ် ထက် ပွဲကစားချိန်အတွင်း ဂိုးဖန်တီးမှုအခွင့်အရေး ပိုမိုဖန်တီးပေးနိုင်ခဲ့တဲ့ ကစားသမားရယ်လို့ အခုထိမရှိသေးပါဘူး ။

#MUMS
❤18😁1
ဝေးလ်အသင်းနဲ့ ပွဲစဉ်မှာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တဲ့ ဘရူနိုကို လာမယ့်ပွဲစဉ်တွေကြရင် ပွဲကစားခွင့်မိနစ် သေချာလေးပြုလုပ်ပေးသွားဖို့ လိုအပ်နေပြီလို့ ပေါ်တူဂီအသင်းနည်းပြဂျောဂျီဂျီးဆပ်စ်က ပြောကြားလိုက်ပါတယ် ။

#MUMS
❤9🔥5
Senne Lammens ရဲ့ MOTM (Man of the Match) ဆုရအပြီး ပွဲပြီးပြောကြားချက် 🗣️

ကျွန်တော့်မှာ အရည်အချင်းရှိကြောင်းနဲ့ အသင်းအတွက်လည်း တစ်ထောင့်တစ်နေရာက အထောက်အကူပြုနိုင်တယ်ဆိုတာကို နိုင်ငံတော်ကို သက်သေပြချင်ခဲ့တာပါ။ ဘောလုံးပွဲရဲ့ လှပမှုက ဒါပါပဲ။ အချို့အချိန်တွေမှာ မင်းဟာ သူရဲကောင်း ဖြစ်ချင်ဖြစ်မယ်၊ အချို့အချိန်တွေမှာတော့ ဖြစ်ချင်မှဖြစ်မယ်။ ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ ကောင်းမွန်တဲ့ ပုံစံကောင်းကို ပြသနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။

#MUMS
❤13
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှတ်တရ တောက်ပခဲ့တဲ့ အခိုက်အတန့်တွေပါ ။ ပေါ့ဂ်ဘာ၊ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ လူကာကူတို့လို ကစားသမားတွေ ပျော်ရွှင်စွာ အောင်ပွဲခံနေကြတဲ့ ပုံစံတွေနဲ့အတူ ဂိုးသမားဒီဂီယာရဲ့ Premier League Golden Glove ဆုကြီးကို ကိုင်မြှောက်ထားတဲ့ ပုံရိပ်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ဒီပုံရိပ်တွေဟာ အတိတ်က နာမည်ကြီးကစားသမားတွေရဲ့ အားရကျေနပ်စရာကောင်းလှတဲ့ အောင်ပွဲခံခင်းတွေနဲ့ ရွှေရောင်နေ့ရက်တွေကို ပြန်လည်အမှတ်ရစေမှာ အမှန်ပါပဲ။

#MUMS
❤18❤‍🔥4
ဒိုကုကတော့ ဝေးလ်အသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့လို့ မကြာခင် အသင်းဆီကို ပြန်လာတော့မယ်လို့ သိရပါတယ် ။

#MUMS
❤14
မိုက်ကယ်ကားရစ်အတွက်တော့ တကယ့်ကို စိတ်ပျက်စရာ သတင်းတခုပါဘဲ ။ နိုင်ငံအသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရှိသွားခဲ့တဲ့ ဒိုကု‌နေရာအတွက် လုဒ်ရှော ၊ ဟယ်ရီအာမတ် ၊ မာဇာရာဝီတို့ဘဲ ကျန်တော့လို့ ပြိုင်ပွဲစုံကို ဒီလိုကစားသမားတွေနဲ့ သေချာပေါက် ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ် ။

#MUMS
❤15
၂၀၀၄ ခုနှစ်ရဲ့ ဒီလိုနေ့တစ်နေ့မှာပဲ...
ကမ္ဘာ့ဘောလုံးပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ ကြားထဲမှာ အသက် ၁၈ နှစ်အရွယ် ဝိန်းရွန်းနီဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပထမဆုံးပွဲစဉ်ကို စတင်ပါဝင်ကစားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖီနာဘာချီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး၊ ရွန်းနီဟာ အဲ့ဒီပွဲမှာပဲ ဟက်ထရစ်သွင်းယူခဲ့တဲ့အပြင် ရုဒ်ဗန်နစ္စတယ်ရွိုင်းအတွက်လည်း ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

ဒါဟာ မန်ယူနိုက်တက်အသင်းရဲ့ အနီးကပ်ဆုံး သမိုင်းဝင်ဂိုးသွင်းအများဆုံးကစားသမား (၂၅၃ ဂိုး) ဖြစ်လာစေမယ့် ရွန်းနီရဲ့ ဂန္ထဝင်ခရီးလမ်း စတင်ခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

သူဟာ စတင်ခဲ့တဲ့ အစကတည်းကပင် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ဖို့ ရေစက်ပါလာခဲ့သူ ဖြစ်ပါတယ် ။

#MUMS
❤16
ဘဝကို ကွန်ညာလိုဘဲ ဖြတ်သန်းချင်တော့တယ် :)

#MUMS
❤18
အဲရစ်တန်ဟက်ကို မန်ယူနည်းပြ ရာထူးမှ ထုတ်ပယ်စဉ်က ဒန်းအက်စ်ဝှခ်ျက အက်ဒီဟိုဝီးလ်စ်ကို အစားထိုး ခန့်အပ်ချင်ခဲ့သော်လည်း လျစ်လျူရှု ခံခဲ့ရတာဖြစ်ပါတယ် ။ အဲ့ဒီအစား ရူဘင်အမိုရင်သာ ခန့်အပ်ခဲ့တာဖြစ်ပါတယ် ။

#MUMS
❤9
နိုင်ငံတကာပြိုင်ပွဲတွေကတော့ ယူနိုက်တက်အတွက် တကယ့် ကံဆိုးမှုပါဘဲ ။ အခုလည်း မာဇာရာဝီတစ်ယောက် ဒဏ်ရာရရှိသွားခဲ့ပြန်ပါပြီ ။ အရမ်းကြီးမပြင်းထန်ပါစေနဲ့လို့ ဆုတောင်းရုံမှတပါး ....

#MUMS
❤5