5 ပွဲကစား ၊ 5 မှတ်နဲ့ ပရီးမီးယားလိဂ်သီးသန့်ချက်ပြုတ်ပြနေတဲ့ ကိုကားရစ် 😑
နည်းတဲ့ စွမ်းဆောင်ရည်ကြီးပါလား ?
#MUMS
နည်းတဲ့ စွမ်းဆောင်ရည်ကြီးပါလား ?
#MUMS
😁7❤4
🚨🚨| ၅ ပွဲ ကစားပြီးချိန်မှာ ရမှတ် 𝟓 မှတ်ပဲ ရရှိထားတာဟာ ၂၀၁၄-၁၅ ရာသီနောက်ပိုင်း အသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့် ၅ ပွဲအတွင်း အနည်းဆုံး ရမှတ်စံချိန်ဟောင်းကို ပြန်လည်စိန်ခေါ်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ် ။
#MUMS
#MUMS
😁6
ပီတာရှမိုယ်ကယ် 🗣️ ရက်ဖို့စ်က ဘယ်တောင်ပံမှာ ကွန်ညာထက် အရင်ပွဲထွက်သင့်ရမှာ မဟုတ်ပါဘူး။
ဒီနေ့ ကွန်ညာသွင်းခဲ့တဲ့ဂိုးကိုကြည့်လိုက်ပါ။ သူ့အတွက် အန္တရာယ်အများဆုံးနေရာက ဘယ်ဘက်ကနေ အတွင်းကို ဖြတ်ဝင်ပြီး ဂိုးကို တိုက်စစ်ဆင်တဲ့နေရာပါ။
ဒီနေ့ရက်ဖို့စ်က အသင်းအတွက် အကျိုးမရှိခဲ့ပါဘူး။ ဒီပွဲကို မန်ယူတို့ အနိုင်ရခဲ့သင့်ပါတယ်။ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ အမှတ်တွေ ဆုံးရှုံးခဲ့ရတာပါ ။
ပြီးတော့ ဒါကို လူတွေက ချက်ချင်း နည်းစနစ်ပိုင်းပြဿနာလို့ ပြောကြမယ့်အချက်ကို ကျွန်တော် သဘောမတူပါဘူး။
ဒါဟာနည်းစနစ်ပြဿနာ မဟုတ်သလို၊ ကစားကွက်ပြဿနာလည်း မဟုတ်ပြန်ပါဘူး။ ပွဲကိုကြိုတင်စီစဉ်ထားမှုပြဿနာလည်း မဟုတ်ပါဘူး။
အသင်းက သူ့ကို အလိုအပ်ဆုံးအချိန်မှာ ကစားသမားတစ်ယောက်က သူ့တာဝန်ကို မလုပ်နိုင်ခဲ့တာပါ။
ဒီနေ့ရက်ဖို့စ်က အသင်းမှာသာ အောင်မြင်ချင်တယ်ဆိုရင် သူဟာ အသင်းအတွက် အဓိကပြဿနာတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ ပြသခဲ့တယ်။
ဒါပေမယ့် ဒီနေ့ အသင်းအနေနဲ့ တစ်မှတ်ရခဲ့တာကတော့ Lammens ကြောင့်ပါ။ သူ အရမ်းကောင်းခဲ့ပါတယ်။
ကားရစ်အနေနဲ့ အခု ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချရပါမယ်။ ကစားသမားတစ်ယောက်ကို နာမည်ကြောင့်ပဲ ဆက်ရွေးနေလို့ မရတော့ပါဘူး။
Lacey ကို ပွဲထွက်ခွင့်ပေးဖို့လိုသလို ၊ ဘယ်လီဘာ အဆင်သင့်ဖြစ်တာနဲ့ အသင်းထဲ ထည့်သင့်တယ်။ အာမတ်လည်း နိုင်ငံတကာပြိုင်ပွဲပြီးချိန်မှာ ပြန်လာနိုင်ဖို့ မျှော်လင့်ရပါတယ် ။
အသင်းမှာ ပြင်းထန်မှု၊ ဆာလောင်မှုနဲ့ နေရာအတွက် ပြိုင်ဆိုင်မှု ပိုလိုအပ်နေတာတော့ အမှန်ပါဘဲ ။

❤19
အောက်တိုဘာလမှာ ကစားရမယ့် ပွဲစဉ်များမှာ နည်းပြအပြောင်းအလဲ ဖြစ်သွားစေနိုင်လောက်တဲ့ ပွဲစဉ်တွေ ပါဝင်နေခဲ့ပါတယ် ။
#MUMS
#MUMS
❤17
မန်ယူအသင်းပရိသတ်တွေထံ မက်သရူးကွန်ညာ ပေးလိုက်တဲ့ message 🗣️
ကျွန်တော်တို့ရဲ့ အသင်းထဲမှာတော့ တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်မှု အပြည့်ရှိနေဆဲပါ။ ဘာတွေလုပ်ဆောင်နေတယ်ဆိုတာလည်း သေချာသိပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ရလဒ်တွေကောင်းဖို့ နောက်ကျမှ ရုန်းနိုင်ခဲ့တာမို့ ဒီရာသီမှာတော့ ဒီထက်စောစောစီးစီး လက်စွမ်းပြနိုင်ဖို့ လိုအပ်တယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ရလဒ်ကောင်းအောင် စောစောစီးစီး ရုန်းထွက်နိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခုခု ထွက်ပေါ်လာမယ်ဆိုတာ မြင်ယောင်ကြည့်လို့ရပါတယ် ။

❤21
အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဒါးလို့စ် ၊ ကိုဘီနဲ့ ရက်ဖို့စ်တို့က နိုင်ငံအသင်းကနေ အသီးသီးနှုတ်ထွက်ခဲ့ကြတယ်လို့ သိရပါတယ် ။ သူတို့အနေနဲ့ ကာရင်တန်ဆီကို မကြာခင် ပြန်လာပြီး ကြံ့ခိုင်မှုပြည့်ဝနေအောင် တည်ဆောက်သွားကြမှာ ဖြစ်ပါတယ် ။
#MUMS
#MUMS
❤18
အသင်းဖက်က မော်ဂန်ဂစ်ဝှိုက်ကို တဖန်စိတ်ဝင်စားလာပြီး အခုဆောင်းရာသီကာလမှာ ခေါ်ယူသွားဖို့ စတင်စုံစမ်းနေတယ်လို့ သိရပါတယ် ။
#MUMS
#MUMS
❤15
ကားရစ်ဟာ ကွင်းလယ်ပိုင်းစိုးမိုးမှုနဲ့ ပွဲကို ထိန်းချုပ်ကစားတာကို ပိုဦးစားပေးတဲ့ နည်းပြဖြစ်တာကြောင့် တိုက်စစ်မှူးစစ်စစ် (Pure Striker) တွေရဲ့ ပွဲထွက်ခွင့်နိမ့်ပါးနေတာ ဒါမှမဟုတ် ခြေစွမ်းမပြနိုင်တာမျိုး ဖြစ်လေ့ရှိပါတယ် ။ တိုက်စစ်မှူးစစ်စစ်ဆိုတာ ဧရိယာထဲမှာပဲ ပွဲပြီးပြတ်အောင် ပိတ်သွင်းပေးရတဲ့ ကစားသမားမျိုးဖြစ်ပြီး သူတို့ဆီ ဘောလုံး ရောက်ရှိဖို့နဲ့ အသုံးချနိုင်ဖို့အတွက် စနစ်တကျ ပံ့ပိုးပေးမှု လိုအပ်ပါတယ်။ ဒါပေမဲ့ ကားရစ်ရဲ့ နည်းဗျူဟာက တိုက်စစ်မှူးကို ကစားကွက်ထဲ ပါဝင်ပြီး ဘောလုံးဆင်းယူခိုင်းတာ၊ Link-up လုပ်ခိုင်းတာတွေ ပိုများတာကြောင့် တိုက်စစ်မှူးစစ်စစ်တွေရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ဂိုးသွင်းနိုင်စွမ်းကို အပြည့်အဝ အသုံးမချတတ်တာ၊ လွဲမှားစွာ သုံးစွဲနေတာမျိုး ဖြစ်သွားရတာပါ ။ ဒါ့အပြင် ကားရစ်ဟာ ပွဲစဉ်အတွင်း အခြေအနေပေါ်မူတည်ပြီး တိုက်စစ်ကစားဟန်ကို လိုက်လျောညီထွေ ပြောင်းလဲဖို့ထက် သတ်မှတ်ထားတဲ့ ပုံစံခွက်အတိုင်းပဲ ဆက်သွားချင်တဲ့ သဘောရှိပါတယ်။
တိုက်စစ်မှူးစစ်စစ်တွေကို ပွဲထုတ်တဲ့အခါမှာလည်း တောင်ပံကစားသမားတွေဆီက ဖြတ်တင်ဘောတွေနဲ့ ဧရိယာထဲ ဘောလုံးအရောက်ပို့ပေးတာမျိုး ထိထိရောက်ရောက် မလုပ်ပေးနိုင်ပါဘူး။ တိုက်စစ်မှူးက ပိတ်သွင်းသူထက် ကစားကွက်ဖန်တီးသူ လို အသုံးချနေတာကြောင့် တိုက်စစ်မှူးရဲ့ ပင်ကိုယ်ဂိုးသွင်းနိုင်စွမ်းကို သေစေသလိုဖြစ်ပြီး အသင်းအတွက်လည်း ဂိုးရရှိနိုင်မယ့် အခွင့်အရေးကောင်းတွေကို ဖြုန်းတီးပစ်လိုက်သလို ဖြစ်နေရပါတယ် ။

❤11
မန်ယူအသင်းကို ရောက်ရှိလာချိန်မှာ လီဆန်ဒရိုမာတီနက်ဇ်ဟာ အရပ်အမောင်း မမြင့်မားလှပေမဲ့ ရဲရင့်တဲ့ ဖျက်ထုတ်မှုတွေ၊ မဆုတ်မနစ် ကြိုးစားအားထုတ်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ချက်ချင်းသိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။
မာတီနက်ဇ်ဟာ နောက်တန်းကနေ ဘောလုံးစတင် တည်ဆောက်ပေးနိုင်တဲ့ (Ball-playing defender ) ကစားသမားတစ်ယောက်ပါ။ ဘောလုံးပေးပို့မှု တိကျရုံတင်မကဘဲ ပြိုင်ဘက်တိုက်စစ်မှူးတွေကို မကြောက်မရွံ့ ယှဉ်ပြိုင်တတ်တဲ့ ခံစစ်ကစားပုံကြောင့် အသင်းရဲ့ ခံစစ်မှာ မရှိမဖြစ် အရေးပါလှပါတယ်။
ပရိသတ်တွေအတွက် အကြီးမားဆုံး စိုးရိမ်စရာကတော့ သူ့ရဲ့ ဒဏ်ရာပြဿနာတွေပဲ ဖြစ်ပါတယ်။ ခြေကျင်းဝတ်၊ ဒူးနဲ့ ကြွက်သား ဒဏ်ရာတွေကြောင့် မကြာခဏ အနားယူခဲ့ရပြီး အသင်းရဲ့ အရေးပါတဲ့ ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ရပါတယ်။
မာတီနက်ဇ် ကွင်းအတွင်း ရှိနေချိန်နဲ့ မရှိချိန် မန်ယူအသင်းရဲ့ ခံစစ်တည်ငြိမ်မှုနဲ့ ကစားဟန်ဟာ သိသိသာသာ ကွဲပြားခြားနားလေ့ ရှိပါတယ်။ ဒါကြောင့်လည်း မန်ယူပရိသတ်တွေက သူ့ကို ဒဏ်ရာကင်းကင်းနဲ့ ကွင်းအတွင်း ရေရှည် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ အမြဲတမ်း မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

❤16
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသားတင်ဆုံးရှုံးမှုဟာ ပြီးခဲ့တဲ့နှစ်က ပေါင် ၃၃ သန်းရှိခဲ့ရာကနေ ဒီနှစ်မှာ ပေါင် ၄၃ သန်းအထိ မြင့်တက်လာခဲ့သလို၊ ချေးငွေပမာဏကလည်း ပေါင် ၉၅ သန်းအထိ တိုးလာခဲ့တာကြောင့် စုစုပေါင်း ချေးငွေ ပေါင် ၅၈၃ သန်းအထိ ရှိလာခဲ့ပါတယ် ။
#MUMS
#MUMS
😢13❤5
မန်ယူအသင်းဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ် ကွင်းမြက်ခင်းပြင်က အစိတ်အပိုင်းတွေကို တစ်တုံးကို ၁၂၅ ပေါင် နဲ့ ရောင်းချနေပါတယ်။
၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကွင်းမြက်ခင်းကို သစ်လွင်အောင် ပြန်လည်ခင်းကျင်းခဲ့ပြီးနောက် ပလပ်စတစ် ပုံသွင်းလောင်းထားတဲ့ ကွင်းမြက်စအသေးလေးတွေကို ရာသီလက်မှတ်ကိုင်ဆောင်ထားသူတွေကို ဦးစားပေး စောစီးစွာ ဝယ်ယူခွင့် ပေးထားတာ ဖြစ်ပါတယ် ။

ကိုနာတေးဒဏ်ရာရရှိသွားခဲ့လို့ ပြင်သစ်အသင်းအနေနဲ့ ယိုရိုကို အစားထိုး ခေါ်ယူခဲ့ပြီး ဒါက ကစားသမားအတွက် ပထမဆုံးပြင်သစ်အသင်းကြီးနဲ့ ပူးပေါင်းရတော့မှာ ဖြစ်ပါတယ် ။
#MUMS
#MUMS
❤13
လီဗာပူးလ်အသင်းရဲ့ အသက် 16 နှစ်အရွယ်တောင်ပံကစားသမားလေး Isaac Konde ကို မကြာခင် ခေါ်ယူနိုင်တော့မှာဖြစ်လို့ အသင်းဖက်က တရားဝင်ကြေညာပေးသွားမှာ ဖြစ်ပါတယ် ။
#MUMS
#MUMS
❤13👍1
ဇာဇီက အသင်းမှာ ပွဲကစားချိန်မိနစ် နည်းပါးနေလို့ အခုလာမယ့်ဆောင်းရာသီအပြောင်းအရွေ့ကာလမှာ အသင်းပြောင်းဖို့ သေချာသလောက် ရှိနေပါတယ် ။
#MUMS
#MUMS
❤17