Manchester United Myanmar Supporters FC
7.16K subscribers
3.14K photos
570 videos
507 links
Download Telegram
ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဥ်များကို လွဲချော်ထားခဲ့ကြတဲ့ အဆိုပါကစားသမားသုံးယောက်ဟာ အခုဆို အပေါ့စားလေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေခဲ့ကြပါပြီ ။

#MUMS
❤20
မန်ယူအသင်းက အင်္ဂလန်ရှိ ထိပ်တန်းကလပ်အသင်းကြီးများဖြစ်တဲ့ လီဗာပူးလ်၊ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး စတဲ့အသင်း‌တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ နိုင်ပွဲပိုပြီး ရရှိထားခဲ့ပါတယ် ။

ပရီးမီးယားလိဂ်နှင့် အင်္ဂလန်ထိပ်တန်းလိဂ် သမိုင်းတစ်လျှောက် အခြားသော နာမည်ကြီးအသင်းများအားလုံးအပေါ် နိုင်ပွဲအရေအတွက် အသာစီးရယူထားနိုင်ပါတယ် ။

အင်္ဂလန်ဘောလုံးလောကရဲ့ FA Cup နဲ့ League Cup ပြိုင်ပွဲများမှာ အောက်လိဂ်အသင်းငယ်များနှင့် တွေ့ဆုံရလေ့ရှိပြီး၊ အသင်းသမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါသာ တွေ့ဆုံဖူးကာ ရှုံးနိမ့်ထားသည့် မှတ်တမ်းမျိုးများ ရှိပါတယ် ။

၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ကစားခဲ့သော လိဂ်ဖလား ဒုတိယအဆင့်ပွဲစဉ်တွင် League One ကလပ် MK Dons အသင်းက မန်ယူအသင်းကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည်။ ၎င်းတို့နှစ်သင်းက သမိုင်းတစ်လျှောက် တစ်ကြိမ်တည်းသာ တွေ့ဆုံဖူးသောကြောင့် လက်ရှိအချိန်အထိ MK Dons က ယူနိုက်တက်အပေါ် နိုင်ပွဲ ၁ ပွဲ၊ ရှုံးပွဲ ဝ ပွဲဖြင့် ထိပ်တိုက်တွေ့ဆုံမှုရာဇဝင်တွင် အသာစီးရယူထားပါတယ် ။

ယခင်ခေတ်ဟောင်းဘောလုံးရာသီ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်တွေ့ဆုံခြင်းမရှိတော့သည့် အသင်းငယ်တချို့နှင့် တွေ့ဆုံမှုများတွင်လည်း မန်ယူအသင်းဘက်က အသာစီးမရထားသည့် မှတ်တမ်းအနည်းငယ် ရှိနေသေးပါသေးတယ် ။ မန်ယူအသင်းက အဓိကပြိုင်ဘက်အသင်းကြီး အားလုံးကို ထိပ်တိုက်တွေ့ဆုံမှုတွင် အသာစီးရထားသော်လည်း၊ ပွဲစဉ်အရေအတွက် အနည်းငယ်သာကစားဖူးပြီး မန်ယူထက် နိုင်ပွဲပိုများသော MK Dons ကဲ့သို့သော အသင်းမျိုးလည်း ရှိနေပါသေးတယ် ။

#MUMS
❤12
🗣 မနက်ဖြန်ပွဲအတွက် လူစာရင်း အလှည့်ကျသုံးစွဲမယ့်အပေါ် မိုက်ကယ် ကားရစ်ရဲ့ ပြောကြားချက်

ကျနော်တို့အတွက် ပြိုင်ပွဲစုံမှာ အနိုင်ရရှိဖို့က အရေးကြီးသလို၊ အသင်းလူစာရင်းကို စနစ်တကျ စီမံခန့်ခွဲသွားဖို့၊ ကစားသမား တိုင်းကို ကြံ့ခိုင်မှု ကောင်းမွန်ပြီး အဆင်သင့်ဖြစ်နေစေဖို့နဲ့ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေစေဖို့ကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ မနက်ဖြန်ပွဲစဉ်ကိုတော့ အနိုင်ရဖို့ အပြည့်အဝ ကြိုးစားသွားမှာ သေချာပါတယ်။

#MUMS
❤15
ဘောလုံးဝေဖန်သူတွေက မန်ယူနည်းပြကားရစ်ကို ဘောက်ဆင်ဒေးမတိုငိခင် အထုတ်ခံရမယ့် နည်းပြစာရင်းထဲ ပါဝင်နေပြီလို့ သုံးသပ်ပြောဆိုထားကြပါတယ် ။

#MUMS
❤13😢1
ပထမဆုံးပြိုင်ပွဲက‌နေ စတင်ထွက်ခွာခဲ့ရပြီလည်းဖြစ်ပါတယ် ။ ဒီမိုး ၊ ဒီရေ ၊ ဒီလေနဲ့ဆို လာမယ့်ပြိုင်ပွဲတွေလည်း အနှေးနဲ့အမြန်ပါဘဲ ။ မကြာခင် သံသရာအဟောင်းကြီးထဲ တစ်ဖန်ပြန်ရောက်လာဖို့ အခုဆို စတင်နီးစပ်လာခဲ့ပါပြီ ။

#MUMS
❤7😢2
ကာရာဘောင်ဖလားကနေ နှစ်နှစ်ဆက်တိုက် အစောဆုံးထွက်ခွာရတာက အသင်းကြီးတွေထဲ ပထမဆုံးဖြစ်လာခဲ့ရပါတယ် ။

#MUMS
❤8😁1
This media is not supported in your browser
VIEW IN TELEGRAM
အဆိုးထဲကနေ အကောင်းဆိုလို့ ဒီချာတိတ်ဂိုးလေးဘဲ မြင်လိုက်ရတယ် 😞

#MUMS
❤13😁1🥴1
ဘရိုက်တန်အသင်းကို ရှုံးနိမ့်ပြီး ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ မိုက်ကယ်ကားရစ်က မျက်ရည်ဝိုင်းလျက် ရှိနေခဲ့ပါတယ်။ သူ့ရဲ့ အသံမှာ သိသိသာသာ စိတ်လှုပ်ရှား ခံစားနေရပြီး အချို့သော စကားလုံးများကိုပင် ထွက်လာစေရန် အခက်အခဲ ဖြစ်နေခဲ့ပါတယ် ။

#MUMS
❤13😁2😢2
မန်ယူအသင်းက အနည်းဆုံးနှစ်ဂိုးအသာနဲ့ ဦးဆောင်ထားပြီးမှ အိုးထရက်ဖိုဒ်ကွင်း၌ ရှုံးနိမ့်ခဲ့ရခြင်းမှာ ၁၉၇၆ ခုနှစ် စက်တင်ဘာလက စပါးအသင်းကို ၃ ဂိုး - ၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ် ။

#MUMS
❤14😁2
🚨 လုခ်ရှောက လာမည့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းမှ အလွတ်ထွက်ခွာရန် ပြင်ဆင်နေပြီလို့ သိရပါတယ် ။ အင်္ဂလန်နောက်ခံလူရဲ့ လက်ရှိစာချုပ်မှာ လာမည့်ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း စာချုပ်သစ်ချုပ်ဆိုရန် အခုထိအရိပ်အယောင် မရှိသေးတာဖြစ်ပါတယ် ။

#MUMS
❤13😁2
သောမတ်တူချယ်ရဲ့ နိုင်ငံအသင်းအတွက် ကိုဘီမိုင်နိုနဲ့ ရက်ဖို့စ်တို့ ခေါ်ယူခြင်း ခံခဲ့ရပြီး ၊ လုဒ်ရှော ၊ မက်ဂွါးယား ၊ မေဆင်မောင့်တို့ ထပ်မံလွဲချော်သွားခဲ့ပါတယ် ။

#MUMS
❤14
သောမတ်တူချယ် 🗣️ ကိုဘီမိုင်နူး ကွင်းထဲမှာ ရောက်နေဖို့ ကျွန်တော် မျှော်လင့်သလို၊ သူ့ကိုပွဲထွက်ကစားခွင့်ပေးဖို့ကလည်း ကျွန်တော့်ရဲ့ တာဝန် ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားတုန်းက သူ ဘာတစ်ခုမှ မမှားခဲ့ပါဘူး။ လေ့ကျင့်ရေးကွင်းထဲမှာတင်မကဘဲ သူ့ရဲ့ အမူအကျင့်ပိုင်းမှာပါ တကယ်ကို အဆင့်အတန်း ရှိခဲ့တာပါ။ ဒါက ပြိုင်ပွဲကြီးတစ်ခုဖြစ်ခဲ့သလို၊ ကျွန်တော်တို့ကလည်း ကွင်းလယ်ဗဟိုမှာ ရီးစီဂျိမ်းစ်ကို သုံးခဲ့တယ် ။ အယ်လီယော့အန်ဒါဆန်ကလည်း ကျွန်တော်တို့အတွက် အရမ်းကောင်းခဲ့တာကိုး။ ဒစ်ကလန်ရိုက်စ်ဆိုတာလည်း သီးသန့် အဆင်မြင့်လွန်းတဲ့ ကစားသမားတစ်ယောက်ဆိုတော့၊ ကိုဘီ့ထက် သူတို့ကို ပိုပြီး ယုံကြည်မိခဲ့တယ်။ ဒါက သူ့အတွက် ခက်ခဲခဲ့မှန်း သိပါတယ်၊ ဒါပေမဲ့ ဒါဟာ ကျွန်တော့်အမှားပါ။ ပြင်သစ်နဲ့ ပွဲမတိုင်ခင်မှာ သူ ဒဏ်ရာရသွားခဲ့တာမို့ မိနစ်အနည်းငယ်တောင် ကျွန်တော်တို့ ကစားခွင့် မပေးလိုက်နိုင်ခဲ့ဘူး။ ဒါက ကျွန်တော့်ကို စိတ်ထိခိုက်စေပါတယ်၊ သူဆိုရင် ကျွန်တော့်ထက်တောင် ပိုပြီး စိတ်ထိခိုက်ရမှာပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော့်ရဲ့ တာဝန်ယူမှုဖြစ်သလို၊ ဒီအတွက် သူ့ကို ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ဖို့ကလည်း ကျွန်တော့်ရဲ့ တာဝန်ပါပဲ။

#MUMS
❤14
This media is not supported in your browser
VIEW IN TELEGRAM
နည်းပြတိုင်း ကြောက်ရတဲ့ ပေါ်တူဂီမှော်ဆရာလေး ဒါးလော့စ်ရဲ့ သမိုင်းဝင်လွဲချော်မှုများ 🫡

#MUMS
❤12😁6
ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ကစားမယ့် ကစားသမားစာရင်းမှာ ကွင်းလယ်လူ ဘယ်လီဘာ ပါဝင်လာခဲ့ပါတယ် ။

#MUMS
❤23
နိုင်ပွဲမဖြစ်မနေယူမယ့် ပွဲထွက်လူစာရင်း 💪

#MUMS
❤17
ပရီးမီးယားလိဂ်

ဖူလ်ဟမ် Vs မန်ယူပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE  Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ  ✌🏻

‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏

❗️Main Channel Link 👇🏻

https://t.me/mfn2026

❗️ Live Channel Link 👇🏻

https://t.me/+3OKaho3dJCZjNTg1

https://t.me/+Q_cMLPTODn9kZWM9Man U
❤1
ထုံးစံအတိုင်း ခက်ခက်ခဲခဲနဲ့ သ‌ရေတမှတ်ကို ရယူနိုင်ခဲ့ပါပြီ ။ ကြားရက် international breakdown က အသင်းရဲ့ ပြသာနာတွေကို ဖြေရှင်းပေးနိုင်ဖို့ အထိုက်အလျောက် အချိန်ရသွားမှာဖြစ်ပြီး ဒီအတိုင်းဆို မိုက်ကယ်ကားရစ်ရဲ့ နည်းပြထိုင်ခုံက စတင်လှုပ်ခတ်လာခဲ့ပါပြီ ။

#MUMS
❤18
ပွဲစဉ်တိုင်း ကွင်းလယ်ကနေ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသနေတဲ့ ကိုဘီ 🥳

#MUMS
❤22
5 ပွဲကစား ၊ 5 မှတ်နဲ့ ပရီးမီးယားလိဂ်သီးသန့်ချက်ပြုတ်ပြနေတဲ့ ကိုကားရစ် 😑

နည်းတဲ့ စွမ်းဆောင်ရည်ကြီးပါလား ?

#MUMS
😁7❤4
🚨🚨| ၅ ပွဲ ကစားပြီးချိန်မှာ ရမှတ် 𝟓 မှတ်ပဲ ရရှိထားတာဟာ ၂၀၁၄-၁၅ ရာသီနောက်ပိုင်း အသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့် ၅ ပွဲအတွင်း အနည်းဆုံး ရမှတ်စံချိန်ဟောင်းကို ပြန်လည်စိန်ခေါ်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

#MUMS
😁6
Full screen နဲ့ update table လေး တင်ပေးလိုက်ပါပြီ 👀

#MUMS
❤3👍3