Manchester United Myanmar Supporters FC
7.15K subscribers
3.14K photos
570 videos
507 links
Download Telegram
ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ ကစားသမားစာရင်းများ 👀

Lammens, Darlow, Mee, Honor;

Dalot, Mazraoui, Maguire, Yoro, Heaven, Martinez, Amass;

Santos, Mount, Tielemans, Mainoo, Fernandes, Thwaites;

Dorgu, Cunha, Rashford, Mbeumo, Zirkzee, Lacey, Sesko

#MUMS
❤20
ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်လို့ မိုက်ကယ်ကားရစ်ရဲ့အမြင် 🗣️

ဒီပြိုင်ပွဲမှာ ပြန်လည်ပါဝင်ခွင့်ရလို့ တကယ်ကို ဝမ်းမြောက်မိပါတယ်။ ကျနော်တို့အနေနဲ့ ဒီခရီးစဉ်ကို တတ်နိုင်သမျှ အဝေးဆုံးအထိ ခရီးဆက်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ရှေ့မှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ စောင့်ကြိုနေပေမဲ့ ရင်ဆိုင်သွားဖို့ စိတ်အားထက်သန်နေပါတယ်။ ကလပ်အသင်းအတွက် ဘယ်လောက်ထိ အဓိပ္ပာယ်ရှိသလဲဆိုတာနဲ့ ပတ်သက်လို့ -
ဒါဟာ အသင်းအတွက် တကယ်ကို အဓိပ္ပာယ်ရှိလှပါတယ်။ ဒီကလပ်အသင်းဟာ ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်ပြီး အကောင်းဆုံးအဆင့်မှာပဲ အမြဲရှိနေကျဖြစ်ပေမဲ့ ဒါကို ကျနော်တို့ အလွယ်တကူရလာတာလို့ သဘောမထားပါဘူး။
ဒီပြိုင်ပွဲနဲ့ ကင်းကွာနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်လို့ အခုလို ပြန်ပါဝင်ခွင့်ရတာဟာ အလွန်အရေးပါတယ်။ ဒါဟာ ကျနော်တို့ ရှိသင့်တဲ့နေရာပါ။ ဒီလိုအခြေအနေမျိုး ရောက်ရှိလာဖို့အတွက် လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ကျနော်တို့ ကြီးမားတဲ့ ခြေလှမ်းတွေကို တက်လှမ်းခဲ့ကြပါတယ်။
အခုချိန်မှာတော့ နောက်ထပ် လှမ်းရမယ့် ရှေ့ဆက်ရမယ့် အဆင့်တွေအတွက်ပဲ အာရုံစိုက်ရတော့မှာပါ။ ဒါဟာ ကျနော်တို့ ရောက်ရှိချင်တဲ့ နေရာမှန်ပါပဲ။

#MUMS
❤19
ဒီညအတွက် ဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံးလူစာရင်းပေါ့ဗျာ

ဘယ်လိုသဘောရကြလဲ ?

#MUMS
❤18
အိမ်ကွင်းမှာ ဂိုးမိုးရွာမယ့် ပွဲထွက်လူစာရင်း 👏👀

#MUMS
❤20👍2
ဒီရာသီ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကို အနိုင်ရလဒ်အပြင် clean sheets နဲ့ပါ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ် ။ ပြိုင်ဖက်နဲ့ အဆင့်အတန်းချင်းကွာနေခဲ့လို့ လုပ်ချင်တိုင်း လုပ်ခွင့်ရနေခဲ့တာလည်း ပါပါတယ် ။ လာမယ့်ပွဲစဉ်တွေကိုလည်း ဒီပုံစံလေး ဆက်ထိန်းသွားနိုင်ဖို့ လိုပါတယ် ။

#MUMS
❤18
သခင်ကြီးမှန်ရင် UCL ကျမှဘဲ တကယ့်ခြေစွမ်းအမှန်ကို မြင်ရတာ:)

#MUMS
❤24
🗣 မိုက်ကယ် ကားရစ်

ရလဒ်တွေအရ ပြောရရင် ကျွန်တော်တို့ ရာသီစတင်ပုံက အပြစ်ဆိုဖွယ်မရှိ ပြီးပြည့်စုံမနေခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီညပွဲမှာ ထပ်ပြခဲ့သလိုပဲ၊ အနာဂတ်အတွက် အင်မတန် ကောင်းမွန်တဲ့ အရိပ်အယောင်တွေကိုတော့ ကျွန်တော် မြင်တွေ့နေရပါတယ် ။

#MUMS
❤20
ကိုဘီကစားနေတဲ့ ပုံစံကို ကြည့်ရတာကွင်းလယ်ရဲ့ အဓိကနေရာမှာ ကစားပြီး တိုက်စစ်စတင်ဖို့အတွက် လိုအပ်တဲ့ အရာကို အဓိက လုပ်ဆောင်ပေးပြီး တိုက်စစ်ကို စတင်ဖန်တီးပေးတယ် ။ ပြီးတော့ ပွဲစဉ်တစ်ခုလုံးကိုလည်း အများကြီး လွှမ်းမိုးမှုရှိသလို ၊ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားရတာ တကယ်ကို ဝမ်းမြောက်စရာပါပဲ ။ ငယ်ရွယ်ပြီး သင်ယူချင်စိတ်ရှိတယ် ။ ပိုကောင်းအောင် ကြိုးစားနိုင်သ‌လို အကြံပြုချက်တွေကို နားထောင်တယ် ။ ပြီးတော့ ကွင်းထဲမှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ထုတ်ဖော်ပြသတတ်ပါတယ်။ ဒါက အသင်းရဲ့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ ကွင်းလယ်ကစားသမားစစ်စစ်ရဲ့ အရည်အချင်းတွေက ကိုဘီစီမှာ အပြည့်အဝရှိနေခဲ့တာပါဘဲ ။

#MUMS
❤20
ပထမဆုံးအဖွင့်ပွဲစဉ်က တာဝန်ကျေသွားပါပြီ ။ လာမယ့်ပွဲစဉ်တွေကနေ တကယ့်စမ်းသပ်မှု အစစ်အမှန်တွေလာပါပြီ

Atlético Madrid (A)
Como (A)
Roma (H)
Sporting (A)
RB Leipzig (H)
Bayern Munich (H)
Villarreal (A)

#MUMS
❤19
This media is not supported in your browser
VIEW IN TELEGRAM
တိုက်စစ်က ခြေစွမ်းပြတဲ့အပြင် ၊ clean sheets ပါ အရယူပြနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် 🥳🤩

#MUMS
❤21
🚨🎙️ သတင်းထောက် - အမ်ဘူမို... မန်စီးတီးကစားသမားအချို့ကတော့ မန်ချက်စတာဒါဘီပွဲအတွက် အပြည့်အဝ အဆင်သင့်ဖြစ်နေပြီလို့ ဆိုကြတယ်။ ဒီအပေါ် မင်း ရဲ့အမြင်က ဘာဖြစ်မလဲ။

အမ်ဘူမို 🗣️ - ဟားဟား... ဟုတ်တာပေါ့။ ဒါက ထိပ်သီးပွဲစဉ်တစ်ပွဲဆိုတော့ သူတို့ဘက်က အသင့်ဖြစ်နေရမှာပဲလေ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းလည်း အဆင်သင့်ပါပဲ။ အိုးထရက်ဖို့စ်မှာ ယှဉ်ပြိုင်ရမယ့်ပွဲဖြစ်တာကြောင့် ဒီပွဲရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို အားလုံးသိကြပြီးသားပါ။

🚨🎙️ သတင်းထောက် - သူတို့ရဲ့ လက်ရှိ ရလဒ်တွေအရ မန်စီးတီးက အိမ်ကွင်းအထိ လာပြီး ဒါဘီပွဲမှာ အနိုင်ယူသွားနိုင်မယ်လို့ မင်း တကယ်ထင်လား။

အမ်ဘူမို🗣️ - ဒါက ကျွန်တော်တို့ရဲ့ အိမ်ကွင်းလေ။ ပွဲမစခင်မှာ စကားတွေအများကြီး ပြောနေဖို့ မလိုပါဘူး။ ကွင်းထဲရောက်ရင် ဘာမဆို ဖြစ်သွားနိုင်တယ်။ ပွဲကလည်း ရက်ပိုင်းပဲ လိုတော့တာဆိုတော့ စောင့်ကြည့်ကြတာပေါ့။

🚨🎙️ သတင်းထောက် - အီလွိုက်အန်ဒါဆန်က မန်စီးတီးဟာ မန်ယူထက် ပိုကြီးမားတဲ့ အသင်းဖြစ်လာပြီလို့ ပြောသွားခဲ့တယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

အမ်ဘူမို 🗣️ - အင်း..သူက အခု မန်စီးတီးကစားသမား ဖြစ်နေပြီဆိုတော့ အဲဒီလိုပဲ ပြောမှာပေါ့။ စီးတီးမှာ ကစားနေရင်းနဲ့ မန်ယူက ပိုကြီးတဲ့ အသင်းပါလို့ ဘယ်ပြောလို့ ရမလဲ။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ မန်ယူရဲ့ သမိုင်းကြောင်းနဲ့ သြဇာကြီးမားမှုကို ကောင်းကောင်းသိမှာပါ။ ဒီကလပ် ဘယ်လောက်အထိ ကြီးကျယ်လဲဆိုတာ ကမ္ဘာက သိပါတယ်။

🚨🎙️ သတင်းထောက် - ဒါဆို မန်ယူအနေနဲ့ ဒါဘီပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်မှု ရှိလား။

အမ်ဘူမို🗣️ - အခုချိန်မှာ ဒါဘီပွဲအကြောင်း အများကြီး လျှောက်ပြောနေရမယ့် အချိန်မဟုတ်သေးပါဘူး။ တယ် ။ ရလဒ်နဲ့ သက်သေပြသွားမှာပါ ။

#MUMS
❤19
လီဆန်ဒရိုမာတီနက်ဇ်က အာလင်ဟာလန်းကို ရင်ဆိုင်ရာမှာ ရလဒ်ကောင်းတွေ ရှိခဲ့တာနဲ့ ပတ်သက်ပြီး 🗣️

ဟုတ်ပါတယ် ။ ဒါပေမဲ့ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အတိတ်ဆိုတာ ပြီးသွားခဲ့ပြီလေ။ အခုချိန်မှာတော့ ဒီပွဲအတွက် ကျွန်တော် အပြည့်အဝ အသင့်ပြင်ထားရမှာပါ။ ဘာလို့လဲဆိုတော့ ဒီပွဲက ပြီးခဲ့တဲ့ ပွဲစဉ်တွေနဲ့ လုံးဝ မတူဘဲ ခြားနားသွားမှာမို့လို့ပါ ။

#MUMS
❤20
အိမ်ကွင်းမှာ ဒါဘီပြိုင်ဖက်ကို အကောင်းဆုံးဧည့်ခံမယ့် ပွဲထွက်လူစာရင်း 👀

#MUMS
❤23👀2
ပရီးမီးယားလိဂ်

မန်ယူ Vs မန်စီးတီးပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE  Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ  ✌🏻

‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏

❗️Main Channel Link 👇🏻

https://t.me/mfn2026

❗️ Live Channel Link 👇🏻

https://t.me/+LcXlr5X7Zn45NTg1

https://t.me/+YJgXQC6EVu4wNjg1
❤7
ပထမပိုင်းထဲက တစ်ယောက်လျော့အသင်းကို ဂိုးမသွင်းနိုင်တဲ့အပြင် ၊ နောက်ဆုံးကိုယ်ပါ အသွင်းခံလိုက်ရလို့ ဒီအသင်းက တကယ့်ဟာသပါဘဲ ။ အိမ်ကွင်းဖြစ်ပါလျက် ဘယ်နေရာမှ သာနေခြင်း မရှိခဲ့ဘဲ အရှုံးရလဒ်ဆိုတဲ့ အရာကို ပိုင်ဆိုင်သွားခဲ့ရတာ မဆန်းပါဘူး

#MUMS
👍5🤣4😭3❤2🤬2
မန်ချက်စတာဒါဘီရဲ့ ဂိုးသွင်းအများဆုံး ကစားသမားသစ်ဖြစ်လာတဲ့ ဟာလန်းအတွက် တကယ်ကို ထိုက်တန်ပါတယ်

Congratulations 👏

#MUMS
❤12
မန်ချက်စတာဒါဘီ ပွဲစဥ်အပြီး ချန်ပီယံလိဂ်ကိုဘဲ အားစိုက်တော့မယ်လို့ မိုက်ကယ်ကားရစ်တစ်ယောက် ပြောကြားလိုက်ပါတယ် 😛

#MUMS
🤣18❤8
မန်စီးတီးရဲ့ ခေတ်အစမှာ အဓိက‌နေရာကနေ ပါဝင်ခဲ့တဲ့ ဂိုးသမားဂျိုးဟက်စ်က မန်ချက်စတာဒါဘီပွဲစဉ်မှာ အနိုင်ဂိုးသွင်းခဲ့တဲ့ ဟာလန်းရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တဲ့ VAR ရဲ့ အဆုံးအဖြတ်က တကယ့်ကို ဆိုးရွားခဲ့တယ်လို့ ပြောကြားလိုက်ပါတယ် ။

#MUMS
❤19
မန်ယူအသင်းဖက်ကို အာလင်ဟာလန်း သွင်းယူခဲ့သည့် အနိုင်ဂိုးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်လွဲမှားခဲ့ကြောင်း Pro Ref အသိအမှတ်ပြု
ထုတ်ပြန်လိုက်ပါတယ် ။ တနင်္ဂနွေနေ့က အိုးထရက်ဖို့စ်မှာ ကစားခဲ့သည့် မန်ယူနှင့် မန်စီးတီး တို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ် မိနစ် ၆၀ တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ဟာလန်းရဲ့ သွင်းဂိုးအပေါ် သဲသဲကွဲကွဲ ရှင်းလင်းပြောကြားလိုပါသည်။ ကွင်းတွင်းဒိုင်လူကြီး၏ ပထမဆုံး ဆုံးဖြတ်ချက်မှာ ဟာလန်းကို လူကျွတ် (Offside) အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သော်လည်း VAR မှ ပြန်လည်စစ်ဆေးရာမှာ လူမကျွံတဲ့ နေရာမှာ ရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ် ။ ၎င်းအဖြစ်အပျက်မှ အန်ဇိုက ဘောလုံးကို ထိတွေ့ခဲ့ခြင်း မရှိကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် လူကျွံပြစ်ဒဏ်မှာ ဒိုင်၏ တစ်ဦးချင်း အယူအဆအပေါ်၌သာ မူတည်သွားခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့ ယခုဖြစ်စဉ်မှာ VAR အဖွဲ့က ၎င်းရဲ့ နေရာယူထားမှုမှ သက်ရောက်လာနိုင်သည့် အကျိုးဆက်ကို သတိမပြုမိခဲ့ဘဲ ကွင်းလယ်ဒိုင်အား နည်းပြစခရင်မှ ပြန်လည်ကြည့်ရှုစစ်ဆေးရန် အကြံပြုခဲ့သင့်ပါတယ် ။ ယခုဖြစ်ရပ်ကြောင့် ဆုံးဖြတ်ချက် လွဲမှားမှုတစ်ခုဖြစ်ကြောင်း မန်ယူအသင်းထံ ဆက်သွယ်ထားပြီး ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ် စစ်ဆေးသွားမည်လည်း ဖြစ်ပါတယ် ။

#MUMS
❤14
Media is too big
VIEW IN TELEGRAM
ငယ်မွေးခြံပေါက်ဖြစ်နေလို့ အမြဲအားပေးနေရမယ် မဟုတ်ပေမဲ့ ၊ အသင်းနဲ့ အံ့မဝင်ဖြစ်နေတဲ့အချိန်မှာ ရဲရဲကြီးခေါက်ထားရမယ်ဆိုတာ ကားရစ်တစ်ယောက် သိသင့်နေပါပြီ :)

#MUMS
❤12
Kobbie Mainoo နဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး Elliot Anderson ရဲ့ ပြောကြားချက် 🗣️

တကယ်ကို ကောင်းမွန်တဲ့ အတွေ့အကြုံပါပဲ။ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲကောင်းတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ Kobbie က တကယ့်ကို ထိပ်တန်း ကစားသမားတစ်ယောက်ဆိုတာ အားလုံးအသိပါပဲ။ သူ့ကို ရင်ဆိုင်ကစားရတာ အမြဲတမ်း ခက်ခဲလေ့ရှိပေမဲ့ သူက တကယ်ကို တော်တဲ့ ကစားသမားတစ်ယောက်ဖြစ်သလို စိတ်သဘောထားလည်း အရမ်းကောင်းတဲ့ သူတစ်ယောက်ပါ။

#MUMS
❤23