Manchester United Myanmar Supporters FC
7.16K subscribers
3.14K photos
570 videos
507 links
Download Telegram
ချန်ပီယံလိဂ် training kit နဲ့ သရဲနီတပ်သားများ 👀💪

#MUMS
❤19
🚨 လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ နှစ်ယောက်စလုံး လာမယ့် ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့် ကားလို့စ်တီးဗက်စ်ရဲ့ နှုတ်ဆက်ပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ ဖိတ်ကြားခံထားရပါတယ်။ သူတို့သာ လက်ခံခဲ့ရင်တော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ သူတို့ရဲ့ ကစားသမားဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အသင်းတစ်သင်းတည်းမှာ အတူတူ ပူးပေါင်းပါဝင် ကစားသွားကြမှာ ဖြစ်ပါတယ်။ 😍🇦🇷🇵🇹

#MUMS
❤31🔥2
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ SumUp တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ကလပ်အသင်းသမိုင်းတစ်လျှောက် စံချိန်တင် အကြီးမားဆုံး လက်မောင်းစပွန်ဆာအဖြစ် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ် ။

#MUMS
❤21
🚨🎙️| ဘင်ဂျမင် ရှက်စကို 🗣️ ဒီနေ့ပွဲ ရလဒ် ဒါမှမဟုတ် အခြေအနေက အကောင်းဆုံးမဖြစ်ခဲ့ရင်တောင်မှ အရာရာကို အကောင်းမြင်စိတ်နဲ့ပဲ တုံ့ပြန်လက်ခံဖို့ တကယ်ကို အရေးကြီးပါတယ်။ ပွဲစဉ်တိုင်းကို ကောင်းမွန်တဲ့ ရှုထောင့်ကနေ မြင်အောင်ကြည့်ပြီး လိုအပ်တာတွေကို ပြင်ဆင်သွားရပါမယ်။ ပြီးတော့ နောက်လာမယ့်ပွဲအတွက်ပဲ အာရုံစိုက် ကြိုးစားသွားရမှာပါ ။

#MUMS
❤23
🚨 မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်များနဲ့ သူတို့ ပါဝင်ယှဉ်ပြိုင်ဖူးသည့် ချန်ပီယံလိဂ် အမြင့်ဆုံးအဆင့်များ

အန်ဒရီ ဆန်းတို့စ် – ၁၆ သင်းအဆင့်

ကားလ်ဒါးလိုး - ချန်ပီယံလိဂ်လုံးဝမကစားဖူးပါ

ယူရီတိုင်လေမန်းစ် – ကွာတားဖိုင်နယ်

ကားလို့စ်ဘယ်လီဘာ – ချန်ပီယံလိဂ် လုံးဝမကစားဖူးပါ

#MUMS
❤23
ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ ကစားသမားစာရင်းများ 👀

Lammens, Darlow, Mee, Honor;

Dalot, Mazraoui, Maguire, Yoro, Heaven, Martinez, Amass;

Santos, Mount, Tielemans, Mainoo, Fernandes, Thwaites;

Dorgu, Cunha, Rashford, Mbeumo, Zirkzee, Lacey, Sesko

#MUMS
❤20
ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်လို့ မိုက်ကယ်ကားရစ်ရဲ့အမြင် 🗣️

ဒီပြိုင်ပွဲမှာ ပြန်လည်ပါဝင်ခွင့်ရလို့ တကယ်ကို ဝမ်းမြောက်မိပါတယ်။ ကျနော်တို့အနေနဲ့ ဒီခရီးစဉ်ကို တတ်နိုင်သမျှ အဝေးဆုံးအထိ ခရီးဆက်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ရှေ့မှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ စောင့်ကြိုနေပေမဲ့ ရင်ဆိုင်သွားဖို့ စိတ်အားထက်သန်နေပါတယ်။ ကလပ်အသင်းအတွက် ဘယ်လောက်ထိ အဓိပ္ပာယ်ရှိသလဲဆိုတာနဲ့ ပတ်သက်လို့ -
ဒါဟာ အသင်းအတွက် တကယ်ကို အဓိပ္ပာယ်ရှိလှပါတယ်။ ဒီကလပ်အသင်းဟာ ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်ပြီး အကောင်းဆုံးအဆင့်မှာပဲ အမြဲရှိနေကျဖြစ်ပေမဲ့ ဒါကို ကျနော်တို့ အလွယ်တကူရလာတာလို့ သဘောမထားပါဘူး။
ဒီပြိုင်ပွဲနဲ့ ကင်းကွာနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်လို့ အခုလို ပြန်ပါဝင်ခွင့်ရတာဟာ အလွန်အရေးပါတယ်။ ဒါဟာ ကျနော်တို့ ရှိသင့်တဲ့နေရာပါ။ ဒီလိုအခြေအနေမျိုး ရောက်ရှိလာဖို့အတွက် လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ကျနော်တို့ ကြီးမားတဲ့ ခြေလှမ်းတွေကို တက်လှမ်းခဲ့ကြပါတယ်။
အခုချိန်မှာတော့ နောက်ထပ် လှမ်းရမယ့် ရှေ့ဆက်ရမယ့် အဆင့်တွေအတွက်ပဲ အာရုံစိုက်ရတော့မှာပါ။ ဒါဟာ ကျနော်တို့ ရောက်ရှိချင်တဲ့ နေရာမှန်ပါပဲ။

#MUMS
❤19
ဒီညအတွက် ဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံးလူစာရင်းပေါ့ဗျာ

ဘယ်လိုသဘောရကြလဲ ?

#MUMS
❤18
အိမ်ကွင်းမှာ ဂိုးမိုးရွာမယ့် ပွဲထွက်လူစာရင်း 👏👀

#MUMS
❤20👍2
ဒီရာသီ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကို အနိုင်ရလဒ်အပြင် clean sheets နဲ့ပါ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ် ။ ပြိုင်ဖက်နဲ့ အဆင့်အတန်းချင်းကွာနေခဲ့လို့ လုပ်ချင်တိုင်း လုပ်ခွင့်ရနေခဲ့တာလည်း ပါပါတယ် ။ လာမယ့်ပွဲစဉ်တွေကိုလည်း ဒီပုံစံလေး ဆက်ထိန်းသွားနိုင်ဖို့ လိုပါတယ် ။

#MUMS
❤18
သခင်ကြီးမှန်ရင် UCL ကျမှဘဲ တကယ့်ခြေစွမ်းအမှန်ကို မြင်ရတာ:)

#MUMS
❤24
🗣 မိုက်ကယ် ကားရစ်

ရလဒ်တွေအရ ပြောရရင် ကျွန်တော်တို့ ရာသီစတင်ပုံက အပြစ်ဆိုဖွယ်မရှိ ပြီးပြည့်စုံမနေခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီညပွဲမှာ ထပ်ပြခဲ့သလိုပဲ၊ အနာဂတ်အတွက် အင်မတန် ကောင်းမွန်တဲ့ အရိပ်အယောင်တွေကိုတော့ ကျွန်တော် မြင်တွေ့နေရပါတယ် ။

#MUMS
❤20
ကိုဘီကစားနေတဲ့ ပုံစံကို ကြည့်ရတာကွင်းလယ်ရဲ့ အဓိကနေရာမှာ ကစားပြီး တိုက်စစ်စတင်ဖို့အတွက် လိုအပ်တဲ့ အရာကို အဓိက လုပ်ဆောင်ပေးပြီး တိုက်စစ်ကို စတင်ဖန်တီးပေးတယ် ။ ပြီးတော့ ပွဲစဉ်တစ်ခုလုံးကိုလည်း အများကြီး လွှမ်းမိုးမှုရှိသလို ၊ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားရတာ တကယ်ကို ဝမ်းမြောက်စရာပါပဲ ။ ငယ်ရွယ်ပြီး သင်ယူချင်စိတ်ရှိတယ် ။ ပိုကောင်းအောင် ကြိုးစားနိုင်သ‌လို အကြံပြုချက်တွေကို နားထောင်တယ် ။ ပြီးတော့ ကွင်းထဲမှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ထုတ်ဖော်ပြသတတ်ပါတယ်။ ဒါက အသင်းရဲ့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ ကွင်းလယ်ကစားသမားစစ်စစ်ရဲ့ အရည်အချင်းတွေက ကိုဘီစီမှာ အပြည့်အဝရှိနေခဲ့တာပါဘဲ ။

#MUMS
❤20
ပထမဆုံးအဖွင့်ပွဲစဉ်က တာဝန်ကျေသွားပါပြီ ။ လာမယ့်ပွဲစဉ်တွေကနေ တကယ့်စမ်းသပ်မှု အစစ်အမှန်တွေလာပါပြီ

Atlético Madrid (A)
Como (A)
Roma (H)
Sporting (A)
RB Leipzig (H)
Bayern Munich (H)
Villarreal (A)

#MUMS
❤19
This media is not supported in your browser
VIEW IN TELEGRAM
တိုက်စစ်က ခြေစွမ်းပြတဲ့အပြင် ၊ clean sheets ပါ အရယူပြနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် 🥳🤩

#MUMS
❤21
🚨🎙️ သတင်းထောက် - အမ်ဘူမို... မန်စီးတီးကစားသမားအချို့ကတော့ မန်ချက်စတာဒါဘီပွဲအတွက် အပြည့်အဝ အဆင်သင့်ဖြစ်နေပြီလို့ ဆိုကြတယ်။ ဒီအပေါ် မင်း ရဲ့အမြင်က ဘာဖြစ်မလဲ။

အမ်ဘူမို 🗣️ - ဟားဟား... ဟုတ်တာပေါ့။ ဒါက ထိပ်သီးပွဲစဉ်တစ်ပွဲဆိုတော့ သူတို့ဘက်က အသင့်ဖြစ်နေရမှာပဲလေ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းလည်း အဆင်သင့်ပါပဲ။ အိုးထရက်ဖို့စ်မှာ ယှဉ်ပြိုင်ရမယ့်ပွဲဖြစ်တာကြောင့် ဒီပွဲရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို အားလုံးသိကြပြီးသားပါ။

🚨🎙️ သတင်းထောက် - သူတို့ရဲ့ လက်ရှိ ရလဒ်တွေအရ မန်စီးတီးက အိမ်ကွင်းအထိ လာပြီး ဒါဘီပွဲမှာ အနိုင်ယူသွားနိုင်မယ်လို့ မင်း တကယ်ထင်လား။

အမ်ဘူမို🗣️ - ဒါက ကျွန်တော်တို့ရဲ့ အိမ်ကွင်းလေ။ ပွဲမစခင်မှာ စကားတွေအများကြီး ပြောနေဖို့ မလိုပါဘူး။ ကွင်းထဲရောက်ရင် ဘာမဆို ဖြစ်သွားနိုင်တယ်။ ပွဲကလည်း ရက်ပိုင်းပဲ လိုတော့တာဆိုတော့ စောင့်ကြည့်ကြတာပေါ့။

🚨🎙️ သတင်းထောက် - အီလွိုက်အန်ဒါဆန်က မန်စီးတီးဟာ မန်ယူထက် ပိုကြီးမားတဲ့ အသင်းဖြစ်လာပြီလို့ ပြောသွားခဲ့တယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

အမ်ဘူမို 🗣️ - အင်း..သူက အခု မန်စီးတီးကစားသမား ဖြစ်နေပြီဆိုတော့ အဲဒီလိုပဲ ပြောမှာပေါ့။ စီးတီးမှာ ကစားနေရင်းနဲ့ မန်ယူက ပိုကြီးတဲ့ အသင်းပါလို့ ဘယ်ပြောလို့ ရမလဲ။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ မန်ယူရဲ့ သမိုင်းကြောင်းနဲ့ သြဇာကြီးမားမှုကို ကောင်းကောင်းသိမှာပါ။ ဒီကလပ် ဘယ်လောက်အထိ ကြီးကျယ်လဲဆိုတာ ကမ္ဘာက သိပါတယ်။

🚨🎙️ သတင်းထောက် - ဒါဆို မန်ယူအနေနဲ့ ဒါဘီပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်မှု ရှိလား။

အမ်ဘူမို🗣️ - အခုချိန်မှာ ဒါဘီပွဲအကြောင်း အများကြီး လျှောက်ပြောနေရမယ့် အချိန်မဟုတ်သေးပါဘူး။ တယ် ။ ရလဒ်နဲ့ သက်သေပြသွားမှာပါ ။

#MUMS
❤19
လီဆန်ဒရိုမာတီနက်ဇ်က အာလင်ဟာလန်းကို ရင်ဆိုင်ရာမှာ ရလဒ်ကောင်းတွေ ရှိခဲ့တာနဲ့ ပတ်သက်ပြီး 🗣️

ဟုတ်ပါတယ် ။ ဒါပေမဲ့ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အတိတ်ဆိုတာ ပြီးသွားခဲ့ပြီလေ။ အခုချိန်မှာတော့ ဒီပွဲအတွက် ကျွန်တော် အပြည့်အဝ အသင့်ပြင်ထားရမှာပါ။ ဘာလို့လဲဆိုတော့ ဒီပွဲက ပြီးခဲ့တဲ့ ပွဲစဉ်တွေနဲ့ လုံးဝ မတူဘဲ ခြားနားသွားမှာမို့လို့ပါ ။

#MUMS
❤20
အိမ်ကွင်းမှာ ဒါဘီပြိုင်ဖက်ကို အကောင်းဆုံးဧည့်ခံမယ့် ပွဲထွက်လူစာရင်း 👀

#MUMS
❤23👀2
ပရီးမီးယားလိဂ်

မန်ယူ Vs မန်စီးတီးပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE  Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ  ✌🏻

‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏

❗️Main Channel Link 👇🏻

https://t.me/mfn2026

❗️ Live Channel Link 👇🏻

https://t.me/+LcXlr5X7Zn45NTg1

https://t.me/+YJgXQC6EVu4wNjg1
❤7
ပထမပိုင်းထဲက တစ်ယောက်လျော့အသင်းကို ဂိုးမသွင်းနိုင်တဲ့အပြင် ၊ နောက်ဆုံးကိုယ်ပါ အသွင်းခံလိုက်ရလို့ ဒီအသင်းက တကယ့်ဟာသပါဘဲ ။ အိမ်ကွင်းဖြစ်ပါလျက် ဘယ်နေရာမှ သာနေခြင်း မရှိခဲ့ဘဲ အရှုံးရလဒ်ဆိုတဲ့ အရာကို ပိုင်ဆိုင်သွားခဲ့ရတာ မဆန်းပါဘူး

#MUMS
👍5🤣4😭3❤2🤬2
မန်ချက်စတာဒါဘီရဲ့ ဂိုးသွင်းအများဆုံး ကစားသမားသစ်ဖြစ်လာတဲ့ ဟာလန်းအတွက် တကယ်ကို ထိုက်တန်ပါတယ်

Congratulations 👏

#MUMS
❤12