Manchester United Myanmar Supporters FC
7.15K subscribers
3.14K photos
570 videos
507 links
Download Telegram
ယနေ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ရတဲ့ သရဲနီတပ်သားများ 🔴🤩

#MUMS
❤17
မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာမှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ နဲ့အတူ မန်ယူအသင်းမှာ အသစ်ရရှိထားတဲ့ ကျောနံပါတ် ၉ ကို ခန္ဓာကိုယ်မှာ တက်တူးထိုးလိုက်ပါတယ်။ အခုဆိုရင် သူဟာ ကစားသမားဘဝသက်တမ်းတစ်လျှောက် ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ်တိုင်းကို တက်တူးရေးထိုးပြီးသား ဖြစ်သွားခဲ့ပါပြီ ။

#MUMS
❤19
အသက် 18 နှစ်အရွယ် လူငယ်ကစားသမားလေး Tynan Thompson က ချန်ပီယံလိဂ်ကစားရမယ့် အသင်းလူစာရင်းမှာ ထည့်သွင်းခြင်း ခံခဲ့ရတယ်လို့ သိရပါတယ် ။

#MUMS
❤17
Dorgu ကိုဘယ်နောက်ခံလူ (LB) အဖြစ် ပွဲထုတ်နိုင်ခြေနဲ့ပတ်သက်ပြီး မိုက်ကယ်ကားရစ်ပြောကြားချက် 🗣️

သူ အဲဒီနေရာမှာ သေချာပေါက် ကစားနိုင်ပါတယ်။ အရင်ကလည်း ကစားခဲ့ဖူးသလို၊ မကစားနိုင်ဘူးလို့လည်း ကျွန်တော် မပြောပါဘူး ။ ကျွန်တော် ရောက်ကတည်းက အသင်းကို ကိုင်တွယ်လာတဲ့ ပုံစံအတိုင်းဆိုရင် သူက ကံမကောင်းစွာနဲ့ တော်တော်ကြာ ဒဏ်ရာရနေခဲ့တာပါ။ ကျွန်တော့်အတွက်တော့ သူဟာ အသင်းအတွက် ကစားသမားသစ်တစ်ယောက် ရလိုက်သလိုပါပဲ။ အသင်းကို ရောက်လာပြီး ကူညီပေးနိုင်မှုတွေ အများကြီး ဖြည့်ဆည်းပေးခဲ့လို့ ကစားသမားသစ်တစ်ယောက် ခေါ်ယူလိုက်ရသလိုတောင် ခံစားရပါတယ်။ သူဟာ နွေရာသီတုန်းက ဒိန်းမတ်အသင်းအတွက် ညာတောင်ပံမှာ ကစားပြီး အံ့ဩစရာ ဂိုးတစ်ဂိုးသွင်းယူခဲ့ဖူးသလို၊ ဘယ်နောက်ခံလူအဖြစ်လည်း ကစားနိုင်ပါတယ်။ နေရာမျိုးစုံမှာ အသုံးဝင်တဲ့သူပါ။ တစ်ချိန်ချိန်မှာတော့ အဲဒီနေရာမှာ သူ့ကို သုံးရရင်လည်း သုံးရပါလိမ့်မယ်။ လေ့ကျင့်ရေးဆင်းချိန်တွေမှာလည်း အဲဒီနေရာမှာ ကစားတဲ့အခါတွေ ရှိပါတယ်။ သူက ငယ်သေးတာမို့လို့ သူ့မှာရှိတဲ့ အရည်အသွေးကောင်းတွေကို ကျွန်တော်တို့အစွမ်းကုန် ဆွဲထုတ်သုံးစွဲသွားရမှာပါ။

#MUMS
❤14
ဆစ်ကိုက အသင်းနဲ့ကြာလေ ပိုပြီးအသားကျလာလေဖြစ်တယ်လို့ မိုက်ကယ်ကားရစ်က ပြောကြားလိုက်ပါတယ် ။ တစ်ချို့အချိန်တွေမှာ သူ့အနေနဲ့ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့ ဒါကအရမ်းကြီး ပြသာနာမဟုတ်ပါဘူး ။ တစ်ချိန်မှာ သူက အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်မယ်ဆိုတာ ငါ့အနေနဲ့ ရဲရဲကြီးပြောရဲပါတယ် ။

#MUMS
❤13
ဘယ်လီဘာရဲ့ ဒဏ်ရာက အမြန်ဆုံးသက်သာ‌လာ‌နေပြီး ဒီလကုန်လောက် အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ် ။

#MUMS
❤23
မန်ယူအသင်းက ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး 10 ပွဲမှာ 3 ပွဲသာ clean sheets ရထားခဲ့တာဖြစ်ပါတယ် ။

#MUMS
❤15
အဝေးကွင်းမှာ နိုင်ပွဲယူမယ့် ပွဲထွက်လူစာရင်း 👀💪

#MUMS
❤13👍4
အင်္ဂလန်ပရီးမီးယားလိဂ်

အဲဗာတန် Vs မန်ယူပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE  Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ  ✌🏻

‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏

❗️Main Channel Link 👇🏻

https://t.me/mfn2026

❗️ Live Channel Link 👇🏻

https://t.me/+5wpl5s7oeEZhNGY9

https://t.me/+fz9NOvR_4RgzZjQ9
❤6
This media is not supported in your browser
VIEW IN TELEGRAM
သူငယ်ချင်းဖင်ကောက်ကျေးဇူးတင်ပါတယ် 🥳

#MUMS
❤16😁2
နောက်ကျဂိုး‌နဲ့ သရေတမှတ်ယူနိုင်ခဲ့တာ တကယ်ကို နစ်နာခဲ့ရပါတယ် ။ ဒီရာသီ ခံစစ်ကြောင်းက မေးခွန်းထုတ်ရမှာဖြစ်ပြီး ဒီတိုင်းဆို လာမယ့်ပြိုင်ပွဲအတွက် ရင်လေးစရာပါဘဲ ။

#MUMS
❤8💯4
🚨📊 လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် မန်ယူအသင်းဟာ လိဂ်ရာသီသစ်ရဲ့ ပထမဆုံး ၃ ပွဲဆက်တိုက်မှာ ပွဲတိုင်း အနည်းဆုံး ၂ ဂိုးနဲ့အထက် ပေးဂိုးတွေ ခွင့်ပြုခဲ့ရပါတယ်။ ဒီလိုမျိုး ဆိုးရွားတဲ့ စံချိန်မျိုးကို ၂၀၂၀-၂၁ ရာသီတုန်းကလည်း ကြုံတွေ့ခဲ့ဖူးပါတယ်။

#MUMS
❤12🔥1
ပီတာရှက်မိုက်ကယ်က အဲဗာတန်နဲ့ ပွဲမှာပြသခဲ့တဲ့ ဆန်နီလာမန်းစ်ရဲ့ လက်စွမ်းနဲ့ ပတ်သက်ပြီး 🗣️

မန်ယူအသင်းက ဒေးဗစ်ဒီဂီယာရဲ့ နေရာကို အစားထိုးနိုင်ခြင်း မရှိသေးပါဘူး။ လာမန်းစ်က ကျွန်တော့်ကို မျှော်လင့်ချက်တွေ အများကြီး ပေးခဲ့ပေမဲ့ အခုတော့ သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေ မှေးမှိန်လာပါပြီ။ ဂိုးသမားတစ်ယောက်အနေနဲ့ အနည်းဆုံးတော့ နောက်ဆုံးဝင်သွားတဲ့ ဂိုးကို ကာကွယ်ဖို့ ကြိုးစားခဲ့သင့်တာပါ။ ဒါပေမဲ့ သူကတော့ ဘောလုံး ဂိုးထဲဝင်သွားတာကို ဒီအတိုင်း ရပ်ကြည့်နေခဲ့တယ်။ မန်ယူအနေနဲ့ ခံစစ်ပိုင်းရော ဂိုးသမားနေရာကိုပါ ပြန်လည်ပြင်ဆင် မွမ်းမံဖို့ လိုအပ်နေပါပြီ။

#MUMS
❤18
ချန်ပီယံလိဂ် training kit နဲ့ သရဲနီတပ်သားများ 👀💪

#MUMS
❤19
🚨 လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ နှစ်ယောက်စလုံး လာမယ့် ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့် ကားလို့စ်တီးဗက်စ်ရဲ့ နှုတ်ဆက်ပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ ဖိတ်ကြားခံထားရပါတယ်။ သူတို့သာ လက်ခံခဲ့ရင်တော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ သူတို့ရဲ့ ကစားသမားဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အသင်းတစ်သင်းတည်းမှာ အတူတူ ပူးပေါင်းပါဝင် ကစားသွားကြမှာ ဖြစ်ပါတယ်။ 😍🇦🇷🇵🇹

#MUMS
❤31🔥2