Manchester United Myanmar Supporters FC
7.15K subscribers
3.15K photos
571 videos
507 links
Download Telegram
နိုင်ပွဲရတိုင်း အခြားကစားသမားတွေ စွမ်းဆောင်ရည်က ထင်ပေါ်နေချိန်မှာ ကွင်းလယ်ကနေ အသံတိတ်ခြေစွမ်းပြနေတဲ့ ဒီချာတိတ်လေးကို မေ့မသွားကြပါနဲ့ ♥️🤩

#MUMS
❤38
၂၀၂၁ ဩဂုတ် ၁၄ ရက် -

ဗာရန်းကို Old Trafford မှာ ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့သလို၊ ရာသီရဲ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်မှာပဲ ဘရူနိုဖာနန်ဒက်စ်က လိဒ်စ်အသင်းဘက်ကို ဟက်ထရစ် သွင်းယူပေးခဲ့ပါတယ်။

၂၀၂၆ ဩဂုတ် ၃၀ ရက် -

ဘယ်လီဘာကို Old Trafford မှာ မိတ်ဆက်ပေးခဲ့ပြီး၊ ယူနိုက်တက်ရဲ့ ရာသီဦး အိမ်ကွင်းပွဲစဉ်မှာပဲ ဘရူနိုဖာနန်ဒက်စ်က အစ်ဝှချ်အသင်းကို ဟက်ထရစ် ထပ်မံသွင်းယူခဲ့ပြန်ပါတယ်။

✨ ဘောပွဲဆော့တက်တဲ့ ညီကိုတွေအနေနဲ့ ကျနော်တို Page ကို ပင်တိုင် sponsor ပေးနေတဲ့ အလျော်အစား စိတ်ချရတဲ့  မှန်ကန် မြန်ဆန်ပြီး အယုံကြည်ရဆုံး #VIPCLUBMM မှာ သွားဆော့ကြဖို အကြံပေးလိုပါတယ်ဗျ ✨

Viber - 09 9 444 75 666
Line - @vipclub
Telegram - @VIPCLUBMM
https://t.me/VIPCLUBMM
Page - VIP Club MM
https://www.facebook.com/vipclubmm

#MUMS
❤27
အိုးထရက်ဖို့စ်ကို တစ်ကျော့ပြန်ခြေကျလာနိုင်ခဲ့တဲ့ မားကပ်ရက်ဖို့စ်ရဲ့ ပုံရိပ်များ 👀

#MUMS
❤26🥰3
မန်ယူက အသင်းနဲ့ သင့်တော်မယ့် ကစားသမားခေါ်ယူရမယ့် အခွင့်အရေးမျိုး ပေါ်ပေါက်လာပါက ဘယ်နောက်ခံလူသစ်တစ်ဦး ခေါ်ယူရန် စိတ်ကူးရှိခဲ့ပါတယ် ။ ဒါပေမဲ့ အခုတော့ မခေါ်နိုင်တော့ဘဲ အပြောင်းအရွေ့က ဇာတ်သိမ်းသွားပြီလည်း ဖြစ်ပါတယ် ။

✨ ဘောပွဲဆော့တက်တဲ့ ညီကိုတွေအနေနဲ့ ကျနော်တို Page ကို ပင်တိုင် sponsor ပေးနေတဲ့ အလျော်အစား စိတ်ချရတဲ့  မှန်ကန် မြန်ဆန်ပြီး အယုံကြည်ရဆုံး #VIPCLUBMM မှာ သွားဆော့ကြဖို အကြံပေးလိုပါတယ်ဗျ ✨

Viber - 09 9 444 75 666
Line - @vipclub
Telegram - @VIPCLUBMM
https://t.me/VIPCLUBMM
Page - VIP Club MM
https://www.facebook.com/vipclubmm

#MUMS
❤16
This media is not supported in your browser
VIEW IN TELEGRAM
မန်ချက်စတာရပ်ဝန်းမှာ တောက်ပလာနေတဲ့ ကွင်းလယ်ကြယ်ပွင့်လေး ကိုဘီမိုင်နူး ❤️🥳

#MUMS
❤26
အပြောင်းအရွှေ့ကာလဟာ တရားဝင် ပိတ်သိမ်းသွားခဲ့ပါပြီ။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေနည်းတူ ကျွန်တော်တို့ United Central အဖွဲ့သားတွေလည်း စိတ်ပျက်ဝမ်းနည်းမိပါတယ်။ အသစ်ရောက်ရှိလာတဲ့ ကစားသမား သုံးဦးအတွက် ကြိုဆိုပေမဲ့ ယူနိုက်တက်လို ကြီးမားတဲ့ မျှော်မှန်းချက်ရှိတဲ့ ကလပ်အသင်း တစ်ခုအတွက်တော့ ဒါထက်မက ပိုမိုလိုလားခဲ့ကြတာပါ။ အရည်အသွေးမြင့် ဘယ်နောက်ခံလူ တစ်ဦးနဲ့ အသင်းရဲ့လူစာရင်းအင်အားကို ပိုမိုတောင့်တင်းအောင် ဖြည့်တင်းဖို့ အမှန်တကယ် လိုအပ်ခဲ့တာဖြစ်ပြီး ဒီနေရာတွေကို အပြည့်အဝ မဖြည့်ဆည်းနိုင်ခဲ့တဲ့အပေါ် ပရိသတ်တွေ မေးခွန်းထုတ်ပိုင်ခွင့် အပြည့်အဝ ရှိပါတယ် ။ကျွန်တော်တို့ မျှော်လင့်ခဲ့တာက အသင်းရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ပြသနိုင်မယ့် အပြောင်းအရွှေ့ ကာလမျိုးပါ။ ဒီအသင်းတံဆိပ်ရဲ့ သိက္ခာနဲ့အညီ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ လူစာရင်းမျိုး ဖြည့်တင်းနိုင်ဖို့ လိုလားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အပြောင်းအရွှေ့ ကာလကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီအသင်းအင်္ကျီကို ဝတ်ဆင်ထားတဲ့ ကစားသမားတွေဟာ ကျွန်တော်တို့ရဲ့ အားပေးမှုကို လိုအပ်နေပြီး မိုက်ကယ် ကားရစ်ခေါင်းဆောင်တဲ့ နည်းပြအဖွဲ့နဲ့ အသင်းကို အပြည့်အဝ ထောက်ခံအားပေးသွားမှာပါ။ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ လုံလောက်မှုရှိကြောင်း သက်သေပြနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း အသင်းကွင်းအတွင်း ဝင်ရောက်ယှဉ်ပြိုင်တိုင်းမှာ ကျွန်တော်တို့ အစဉ်အမြဲ ဝန်းရံသွားပါမယ်။
ဒါပေမဲ့ ဒါဟာ ကလပ်အသင်းကို ဦးဆောင်နေသူတွေဆီက စံချိန်စံညွှန်းကောင်းတွေ မတောင်းဆိုတော့ဘူးလို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။
အသင်းပိုင်ရှင်တွေဆီက ပိုမိုကြီးမားတဲ့ ရည်မှန်းချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ထိုက်တန်တဲ့ စံချိန်စံညွှန်းတွေကို ပရိသတ်တွေအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုရမယ့် အချိန်ရောက်လာရင် United Central က ပရိသတ်တွေနဲ့အတူ ရပ်တည်သွားမှာပါ။
လောလောဆယ်တော့ ကျွန်တော်တို့ အတူတကွ ရှေ့ဆက်ကြပါမယ်။
မိုက်ကယ်ကားရစ်ကို အားပေးပါ၊ ကစားသမားတွေကို အားပေးပါ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ထိုက်တန်တဲ့ စံချိန်စံညွှန်းတွေကို တောင်းဆိုပါ။
ရာသီတစ်ခုလုံး လမ်းကြောင်းပေါ်မှာ United Central က နောက်ဆုံးရ သတင်းတွေ၊ အသင်းသတင်းစဉ်တွေ၊ ပွဲစဉ် သတင်းဖော်ပြချက်တွေ၊ ဆန်းစစ်ချက်တွေနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အရာအားလုံးကို သင်တို့ဆီ ထံပါးအထိ ယူဆောင်ပေးသွားမှာပါ။
အပြောင်းအရွှေ့ ကာလ ပိတ်သွားခဲ့ပါပြီ။
ရာသီကတော့ ဆက်လက် လည်ပတ်နေပါတယ်။
ကျွန်တော်တို့ရဲ့ အားပေးမှုတွေလည်း ဆက်ရှိနေမှာပါ။
WE ARE UNITED. 🔴

#MUMS
❤16
ဈေးကွက်ထဲမှာ အလွတ်နဲ့ရတဲ့ကစားသမားတွေကဆိုရင် အသင်းလိုအပ်ချက်နဲ့ ကိုက်ညီတာဆိုလို့ တိုက်စစ်ပိုင်းအတွကိ ဘန်ဇီးမားရှိနေပါတယ် ။ သူ့ရဲ့အတွေ့အကြုံနဲ့ ခြေစွမ်းတွေက ကျန်နေသေးလို့ ဥရောပပြိုင်ပွဲ‌နဲ့ ပြိုင်ပွဲအများကြီး ကစားဖို့ ကျန်သေးတဲ့ ကိုယ်တွေအသင်းနဲ့‌ဆို သင့်တော်ပါတယ် ။ လုပ်ခလစာမြင့်မားတာလေးဘဲ အဓိကညှိနှိုင်းရမှာပါ ။ လိုအပ်နေတဲ့ နောက်ခံနေရာအတွက်က စီးတီးကစားသမားဟောင်းဖြစ်တဲ့ ဇင်ချန်ကို ရှိနေပါတယ် ။ ပရီးမီးယားလိဂ်အတွေ့အကြုံကောင်းကောင်းရှိလို့ ရေတိုဆို အထူးသင့်တော်ပါတယ် ။ ဒါတွေက ဘတ်ဂျက်အများကြီးမသုံးချင်တဲ့ အသင်းရဲ့ပေါ်လစီနဲ့ ကိုက်ညီပေမဲ့ လုပ်ခလစာမြင့်မားတာလေးတစ်ခုဘဲ အတားအဆီးရှိနေတာပါ ။ ရေတိုခေါ်ယူမှုတွေ ပြုလုပ်တတ်တဲ့ အသင်းက ဘယ်သူ့ကို အရခေါ်ယူသွားမလဲ ?

#MUMS
❤14
တစ်ချိန်က မျှော်လင့်ချက်အများကြီးထားခဲ့ဖူးတဲ့ ကောင်လေးလည်း အခုတော့ အသင်းပြောင်းသွားရှာပြီ ☹️

#MUMS
❤21🕊2
2026/27 ဘောလုံးရာသီ မန်ယူအသင်းရဲ့ အကောင်းဆုံးလူစာရင်းဖြစ်ပါတယ် ။ ပြိုင်ပွဲစုံကစားရမှာဖြစ်တာကြောင့် မလုံလောက်သေးတာ သိပေမဲ့ ဘယ်လောက်အထိ လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရ‌မှာ ဖြစ်ပါတယ် ။

#MUMS
❤23
၂၀၂၅ မှာ တိုက်စစ်အတွက် အပြောင်းအရွေ့စရိတ် 215M သုံးစွဲထားခဲ့ပြီး ၊ ၂၀၂၆ မှာ ကွင်းလယ်အတွက် 155M (အန်ဒရီဆန်းတို့စ်၊ တိုင်လေမန်းစ်၊ ကားလို့စ်ဘယ်လီဘာ) စတဲ့ကစားသမားတွေအတွက် ရင်းနှီးမြှုပ်နှံခဲ့ပါတယ် ။ ၂၀၂၇ နွေရာသီမှာ ခံစစ်ပိုင်းကို အဓိက ပစ်မှတ်ထား ဦးစားပေးတော့မှာ သေချာသလောက် ရှိနေပါတယ်။ အသင်းရဲ့ အားကစားဒါရိုက်တာ ဂျေဆန်ဝီးကော့စ်နဲ့ အုပ်ချုပ်ရေးပိုင်းတို့ဟာ ခံစစ်ကစားသမား ၄ ဦးအထိ ခေါ်ယူဖို့ ပြင်ဆင်နေကြပါတယ်။

ဟယ်ရီမက်ဂွိုင်းယားနဲ့လုခ်ရှောတို့ နှစ်ဦးစလုံးရဲ့ စာချုပ်တွေဟာ ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်လို့ အသက်အရွယ်အရ ရေရှည်အစားထိုးဖို့ လိုအပ်နေပါတယ်။

လီဆန်ဒရိုမာတီနက်စ်နဲ့ဒီလစ်ခ်ျ ဒဏ်ရာပြဿနာ မကြာခဏ ကြုံတွေ့နေရတာကြောင့် ဒီရာသီမှာ သူတို့ရဲ့ ကြံ့ခိုင်မှုကို သက်သေပြဖို့ လိုအပ်နေပြီး မပြနိုင်ပါက အစားထိုးခံရဖွယ် ရှိပါတယ်။

လန်နီယိုရိုနဲ့ အိုင်ဒင်ဟီဗင်တို့လို လူငယ်တွေကို မြေတောင်မြှောက်ပေးရင်း ဝါရင့် ခံစစ်ခေါင်းဆောင်သစ် တစ်ဦးကို ခေါ်ယူသွားမှာပါ။

Left-Back (ဘယ်တောင်ပံခံစစ်) အတွက် နယူးကာဆယ်၏ Lewis Hall ဟာ ယူနိုက်တက်ရဲ့ နံပါတ် (၁) ပစ်မှတ်အဖြစ် ရှိနေပါတယ်။

Centre-Back (ဗဟိုခံစစ်) က မက်ဂွိုင်းယားနေရာကို အစားထိုးမယ့် ခေါင်းဆောင်မှုပေးနိုင်သည့် ဗဟိုခံစစ်မှူးသစ် ဈေးကွက်ထဲ ရှာဖွေနေပါတယ် ။

Right-Back (ညာတောင်ပံခံစစ်)အတွက် ဒါးလော့စ်နဲ့ မာဇရာဝီတို့ ရှိသော်လည်း ပိုမို ထက်မြက်သည့် တိုက်စစ်လိုက်နိုင်သော ညာနောက်ခံနေရာကလည်း ဖြည့်တင်းသွားရဦးမှာ ဖြစ်ပါတယ် ။

၂၀၂၅ တိုက်စစ်၊ ၂၀၂၆ ကွင်းလယ်တို့ကို အားဖြည့်ပြီးနောက် ၂၀၂၇ မှာတော့ ယူနိုက်တက်ဟာ ခိုင်မာသည့် ခံစစ်ကြောင်းသစ်ကို တည်ဆောက်ပြီး ဆုဖလားစိန်ခေါ်နိုင်မည့် အသင်းအဖြစ် ပုံဖော်သွားမှာ ဖြစ်ပါတယ် ။

#MUMS
❤13
ဩဂုတ်လရဲ့ အကောင်းဆုံးကစားသမားဆုစာရင်းထဲ ဘရူနိုပါဝင်လာခဲ့ပါတယ် ။

#MUMS
❤18
ယနေ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ရတဲ့ သရဲနီတပ်သားများ 🔴🤩

#MUMS
❤17