RBF Plus
772 subscribers
193 photos
4 videos
37 links
RBF Plus is a matching fund that aims to assist micro, small, and medium-sized enterprises (MSMEs) throughout the agrifood value chain to become economically resilient, competitive, and environmentally responsible.
Download Telegram
Channel created
Channel photo updated
𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐥𝐞 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐅𝐮𝐧𝐝 𝐏𝐥𝐮𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐋𝐚𝐮𝐧𝐜𝐡 𝐄𝐯𝐞𝐧𝐭

ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းထောက်ပံ့ပေးမည့် အစီအစဉ်အသစ် ဖြစ်သည့် ‘ Responsible Business Fund Plus (RBF+) ’ မိတ်ဆက်ပွဲ အခမ်းအနားကို (၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့)တွင် Wyndham Grand Yangon Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
RBF+ သည် စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ၏ ဘက်ပေါင်းစုံ ဖွံဖြိုး‌တိုးတက်ရေးကို အားပေးခြင်းဖြင့် စီးပွား‌ရေးအရ ကြံ့ခိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ပံ့ပိုးကူညီမည့် အစီအစဥ်အသစ် တစ်ခု ဖြစ်ပါသည်။
အဆိုပါမိတ်ဆက်ပွဲကို Inclusive Systems Myanmar ၏ မန်နေဂျင်းဒါရိုက်တာ Mr. Andrew Wilson မှ အဖွင့်အမှာစကား ပြောကြားခြင်းဖြင့် စတင်ခဲ့ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ အကြီးအကဲ Ms. Gabriella Spirli နှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ အကြီးအကဲ Mr. Anders Lønstrup Graugaard တို့မှ အသီးသီး အမှာစကား ပြောကြားခဲ့ပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမှာစကားများ ပြောကြားပြီးနောက် RBF+ အဖွဲ့သားများမှလည်း RBF+ အစီအစဥ်အကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ သံအမတ်ကြီး Mr. Ranieri Sabatucci မှ RBF+ အစီအစဥ်နှင့် ပတ်သက်၍ မှတ်ချက်စကား ပြောကြားခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
RBF+ မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးခဲ့ကြသော မြန်မာနိုင်ငံရှိ ကဏ္ဍအသီးသီးမှ အဖွဲ့အစည်းများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

(English Version)

We are pleased to announce the official launch of the ‘Responsible Business Fund Plus (RBF+)’ , a development assistance program funded by the European Union (EU), the Swiss Agency for Development and Cooperation (SDC), and the Embassy of Denmark in Myanmar. The RBF+ aims to empower micro, small and medium-sized enterprises (MSMEs) across Myanmar's Agrifood value chain, contributing to economic growth and environmental sustainability. The event took place on 16th July 2024 at the Wyndham Grand Yangon Hotel.
The event commenced with a welcome address by Mr. Andrew Wilson, Managing Director of Inclusive Systems Myanmar. Esteemed speakers included Ms. Gabriella Spirli, Deputy Head of Mission and Head of International Cooperation, Embassy of Switzerland in Myanmar, and Mr. Anders Lønstrup Graugaard, Head of Mission, Embassy of Denmark in Myanmar. The RBF+ Team provided an insightful introduction to the program, and the ceremony concluded with closing remarks by Mr. Ranieri Sabatucci, Ambassador of the European Union to Myanmar.
We extend our sincere gratitude to all stakeholders for their support and participation.

#RBFPlus #ResponsibleBusiness #DevelopmentAssistance #privatesectordevelopment #MSMEs #EU #SDC #Denmark #Myanmar #Helvetas #InclusiveSystemsMyanmar
4👍1
𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 𝐨𝐟 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐥𝐞 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐅𝐮𝐧𝐝 𝐏𝐥𝐮𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐋𝐚𝐮𝐧𝐜𝐡 𝐄𝐯𝐞𝐧𝐭

Wyndham Grand Hotel ရန်ကုန်မြို့ တွင် (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့) က ကျင်းပပြုလုပ်ခဲ့သည့် ‘ Responsible Business Fund Plus (RBF+) မိတ်ဆက်ပွဲ အခမ်းအနား ’မှ ပုံရိပ်များကို မျှ‌ဝေပေးလိုက်ပါသည်။

(English Version)
This is the highlight video from the ‘Responsible Business Fund Plus (RBF+) Launch Event’ held on July 16, 2024, at the Wyndham Grand Hotel, Yangon.

#RBFPlus #ResponsibleBusiness #DevelopmentAssistance #privatesectordevelopment #MSMEs #EU #SDC #Denmark #Myanmar #Helvetas #InclusiveSystemsMyanmar
စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့်
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)အား ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက်မျှဝေခြင်း အခမ်းအနားဖိတ်ကြားခြင်း (ရှမ်းပြည်နယ်နှင့် အနီးတစ်ဝိုက်)

RBF Plus သည် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ရေရှည် တည်တံ့နိုင်စေရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သဘာ၀ပတ်၀န်းကျင် ထိခိုက်မှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးထောက်ပံ့ပေးနေသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။

လက်ရှိတွင် RBF Plus သည် ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပြုလွှာနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို RBF Plus မှ ဆွေးနွေးရှင်းပြပေးမည် ဖြစ်ပါသဖြင့် ရှမ်းပြည်နယ်နှင့် အနီးတစ်ဝိုက်ရှိ စိတ်ပါ၀င်စားသည့် လျှောက်ထားလိုသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အား အခမ်းအနားကို တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

တက်ရောက်လိုသော လုပ်ငန်းရှင်များအနေဖြင့် ဆက်သွယ်ရန် အီးမေးလ် - info@rbfmyanmar.com (သို့မဟုတ်) ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉ ၂၆၃၇၀၂၃၉၇ ၊ ၀၉ ၇၅၇၇၀၀၆၉၇ ၊ ၀၉ ၅၀၃၂၆၈၀ သို့
' ဩဂုတ်လ ၄ ရက်နေ့ ' နောက်ဆုံးထား၍ ရုံးချိန်အတွင်း ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက် (အင်္ဂါနေ့ )

အချိန် : နံနက် (၉:၃၀) နာရီ မှ နေ့ လည် (၁၂:၀၀) နာရီ အထိ

နေရာ : တောင်ကြီးဟိုတယ်၊ အရှေ့မြို့ပတ်လမ်း ( ရှု့မျှော်ခင်းလမ်း)၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။
3👍1