RBF Plus
771 subscribers
191 photos
4 videos
37 links
RBF Plus is a matching fund that aims to assist micro, small, and medium-sized enterprises (MSMEs) throughout the agrifood value chain to become economically resilient, competitive, and environmentally responsible.
Download Telegram
RBF Plus ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူရာတွင် လျှောက်ထားခဲ့ကြသော စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန် ထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ (Agrifood MSMEs)၏ ပထမအဆင့်လျှောက်လွှာများ (Concept Notes) အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့ အထိ စိစစ်ရွေးချယ်မှုများ ပြုလုပ်ခဲ့ပါသည်။

ထိုသို့အကဲဖြတ်မှုများ ပြုလုပ်ပြီးနောက် RBF Plus အနေဖြင့် ပထမအဆင့်လျှောက်လွှာ (Concept Note Stage) လျှောက်ထားမှုအတွက် အောင်မြင်ကြောင်း (သို့) မအောင်မြင်ကြောင်း အသိပေးအကြောင်းကြားစာများကို လူကြီးမင်းတို့၏ သက်ဆိုင်ရာ အီးမေးလ်များသို့ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ အီးမေးလ်များကို ပြန်လည်ကြည့်ရှူ စစ်ဆေးပေးရန်လည်း အသိပေးအပ်ပါသည်။

ဆက်လက်၍ ပထမအဆင့်လျှောက်လွှာ (Concept Note Stage) လျှောက်ထားရာတွင် ရွေးချယ်ခြင်းခံရသော လယ်ယာထွက်ကုန် ထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ (Agrifood MSMEs) အား RBF Plus မှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း နှင့် ရွေးချယ်ခြင်းမခံရသော လုပ်ငန်းများအနေဖြင့်လည်း RBF Plus တွင် စိတ်ပါဝင်စားစွာ လျှောက်ထားပေးမှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

အသေးစိတ် ထပ်မံသိရှိလိုသည်များ ရှိပါက RBF Plus ရုံးသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်
Responsible Business Fund Plus (RBF+)
👍53
🥰4
RBF Plusသည် ၂၀၂၄ခုနှစ် ပထမအကြိမ်မြောက် အဆိုပြုလွှာ ခေါ်ယူခြင်း၏ ပထမအဆင့်လျှောက်လွှာများ (Concept Notes) တင်သွင်းရာတွင် အောင်မြင်ခဲ့ကြသော စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန်ထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (Agrifood MSMEs)အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့တွင် အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပထမအဆင့်လျှောက်လွှာများ (Concept Notes) တင်သွင်းရာတွင် အောင်မြင်ခဲ့ကြသော စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဒုတိယအဆင့်လျှောက်လွှာများ (Full Proposals) ကို တင်သွင်းလျှောက်ထားရမည်ဖြစ်ပါသောကြောင့်
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် အွန်လိုင်းဆွေးနွေးပွဲသို့တက်ရောက်ပေးကြပါရန် RBF Plusမှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ အဆိုပါဆွေးနွေးပွဲကို Zoom Application မှတဆင့် တက်ရောက်ရမည်ဖြစ်ပြီး ဒုတိယအဆင့်လျှောက်လွှာ (Full Project Proposal) တွင် ပါဝင်သည့် အကြောင်းအရာများ၊ နမူနာဖြေဆိုနည်းများ၊ လျှောက်ထားသူများအနေဖြင့် သတိပြုရမည့် အချက်အလက်များကို ရှင်းလင်း တင်ပြသွားမည် ဖြစ်ပါသည်။

နေ့ရက် : ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက် (အင်္ဂါနေ့)

အချိန် : နံနက် ၁၀:၀၀ နာရီ မှ နေ့လည် ၁:၀၀ နာရီအထိ

နေရာ : အွန်လိုင်းဆွေးနွေးပွဲကို အောက်ဖော်ပြပါလင့်ခ်မှ တဆင့် တက်ရောက်နိုင်ပါသည်။
Zoom Meeting Link
https://us06web.zoom.us/j/2179252933?omn=82306621245

Meeting ID: 217 925 2933
👍4
6👍1
ဒုတိယအဆင့်လျှောက်လွှာ (Full Proposal Stage) နှင့် ပတ်သက်သော အချက်အလက်များအားမျှဝေခြင်း

RBF Plusသည် ပထမအဆင့်လျှောက်လွှာ (Concept Note Stage) (ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်း) တွင် အောင်မြင်ခဲ့ကြသော စိုက်ပျိုးမွေးမြူးရေးနှင့် လယ်ယာထွက်ကုန် ထုတ်လုပ်သော အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွါးလုပ်ငန်းများ (Agrifood MSMEs) အတွက် ဒုတိယအဆင့်လျှောက်လွှာများကို “၂၀၂၄ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့” မှ စ၍ “၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၁ရက်နေ့” အထိ ခေါ်ယူနေပြီ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဒုတိယအဆင့်လျှောက်လွှာ (Full Proposal Stage)ကို လျှောက်ထားရမည့် လုပ်ငန်းများ၊ အသင်းအဖွဲ့များ နှင့် လျှောက်လွှာကူညီရေးသားပေးမည့်သူများ (Consultant/ Service Provider) ဒုတိယအဆင့်လျှောက်လွှာလျှောက်ထားရန် လင့်ခ်နှင့် လျှောက်လွှာနှင့် ပတ်သက်သောအချက်အလက်များကို နမူနာများနှင့်တကွ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် မျှဝေပေးလိုက်ပါသည်။


📍ဒုတိယအဆင့်လျှောက်လွှာကို ဤနေရာတွင် လျှောက်ထားပါ။

https://ee-eu.kobotoolbox.org/x/dNBpnQ9a

(အထူးသတိပေးချက် - ဒုတိယအဆင့်လျှောက်လွှာကို အထက်ဖော်ပြပါ Koboလင့်ခ် တွင်သာ လျှောက်ထားရမည်ဖြစ်ပြီး အောက်တွင် ဖော်ပြထားသော အချက်အလက်ဖိုင်များသည် ပြင်ဆင်ရာတွင် အသုံးပြုရန်အတွက်သာ ဖြစ်ပါသည်။)

ပြင်ဆင်ရာတွင် အသုံးပြုနိုင်သည့် အချက်အလက်များကို အောက်ဖော်ပြပါလင့်ခ်များတွင် မိမိနှင့် သက်ဆိုင်ရာဧရိယာအလိုက်ဒေါင်းလုပ်ရယူနိုင်ပါသည်။

၁)ဒုတိယအဆင့်လျှောက်လွှာ (Full Proposal Template)
၂) ဒုတိယအဆင့်လျှောက်လွှာနမူနာဖြေဆိုနည်း (Full Proposal Sample Answer)
၃) အဆိုပြုလွှာရေးသားရန် အပ်နှံသောလုပ်ငန်း နှင့် အဆိုပြုလွှာရေးသားပေးမည့် သူတို့အကြား သဘောတူညီမှုစာချုပ် (Consultant/ Service Provider Agreement Contract)
၄)လျှောက်ထားသူ၏ သိရှိနားလည်ထားကြောင်း အတည်ပြုစာ (Acknowledgement Letter)
၅)စီမံကိန်း လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ် အသေးစိတ် (Annex 1 - Proposal Workplan)
၆)ဒုတိယအဆင့်လျှောက်လွှာ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း (RBF+ Presentation - Full Proposal Stage)
၇)စီမံကိန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ (Annex 2 - Indicators & Calculation)
၈) လျှောက်လွှာရေးသားပေးမည့်သူစာရင်း (Consultant/ Service Provider List)

ကဏ္ဍ ၁ နှင့် ၂ (ဧရိယာ ၁ မှ ၇ အထိ)

https://drive.google.com/drive/folders/1-P_oz5_d4pwERlGfkyazMjHq3r45aSQN?usp=sharing


ကဏ္ဍ ၃ (ဧရိယာ ၈)

https://drive.google.com/drive/folders/1p2MbLUtbNY9f6W9t_uCh7ExmYh-6kAZn?usp=sharing

ဒုတိယအဆင့်လျှောက်လွှာနှင့်ပတ်သက်သည်များကို ဆွေးနွေးမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များကို ရုံးချိန် (နံနက် ၉:၀၀နာရီ မှ ညနေ ၅:၀၀နာရီ) အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မမြတ်မြတ်ဖြိုး - 09757700697

မအေးငြိမ်းမိုး - 095032680

မအဲလစ်ဇဘတ် ထွယ်ဘူ - 09774212405
8👍1
8👍1
RBF+ ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ဒုတိယအဆင့်လျှောက်လွှာ တင်သွင်းခြင်းအား ၂၀၂၄ ၊ အောက်တိုဘာလ (၂၁)ရက်နေ့ နေ့လည် ၁၂နာရီ အထိသာ လက်ခံမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှောက်လွှာတင်ရန် အချိန် '၄ ရက်'သာ လိုတော့ကြောင်း အသိပေးအပ်ပါသည်။
5
RBF+ ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ဒုတိယအဆင့်လျှောက်လွှာ တင်သွင်းခြင်းအား ၂၀၂၄ ၊ အောက်တိုဘာလ (၂၁)ရက်နေ့ နေ့လည် ၁၂နာရီ အထိသာ လက်ခံမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှောက်လွှာတင်ရန် အချိန် '၃ ရက်'သာ လိုတော့ကြောင်း အသိပေးအပ်ပါသည်။
4👍1
RBF+ ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ဒုတိယအဆင့်လျှောက်လွှာ တင်သွင်းခြင်းအား ၂၀၂၄ ၊ အောက်တိုဘာလ (၂၁)ရက်နေ့ နေ့လည် ၁၂နာရီ အထိသာ လက်ခံမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှောက်လွှာတင်ရန် အချိန် '၂ ရက်'သာ လိုတော့ကြောင်း အသိပေးအပ်ပါသည်။
👍41
RBF+ ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ဒုတိယအဆင့်လျှောက်လွှာ တင်သွင်းခြင်းအား ၂၀၂၄ ၊ အောက်တိုဘာလ (၂၁)ရက်နေ့ နေ့လည် ၁၂နာရီ အထိသာ လက်ခံမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှောက်လွှာတင်ရန် အချိန် ' ၁ ရက်'သာ လိုတော့ကြောင်း အသိပေးအပ်ပါသည်။
ဒုတိယအဆင့်လျှောက်လွှာများ (Full Proposals) အား
စိတ်ပါဝင်စားစွာဖြင့် လျှောက်ထားခဲ့ကြသော စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန် ထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ (Agrifood MSMEs)အား RBF Plus မှ ကျေးဇူးအထူး တင်ရှိပါသည်။

ဒုတိယအဆင့် ရွေးချယ်ခံရသူများကို သေချာစွာစိစစ်၍
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အကြောင်းကြားပေးပါမည်။

အကြောင်းကြားမည့် နေ့ရက်အတိအကျကို
RBF Plus ၏ လူမှုမီဒီယာ ပလက်​ဖောင်းများတွင်
ပြန်လည် ကြေညာပေးသွားမည် ဖြစ်ပါသည်။
13
RBF Plus ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ဒုတိယအဆင့် ရွေးချယ်ခံရသူများကို ယခင်သတ်မှတ်ထားသော “၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့ “ အစား “၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့ “ တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
👍83
RBF Plus ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် 'ဒုတိယအဆင့် အောင်မြင်သူများစာရင်း' ထုတ်ပြန်မည့်နေ့ “၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့“အား ထပ်မံရွှေ့ဆိုင်းမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ပမာဏများပြားသော လျှောက်လွှာများကို သေချာစွာ စိစစ်ရွေးချယ်နေရခြင်းကြောင့် အချိန် ပိုမိုလိုအပ်သည့်အတွက် နှောင့်နှေးကြန့်ကြာရခြင်း ဖြစ်ပါသည်။ ဒုတိယအဆင့် အောင်မြင်သူများစာရင်း ထုတ်ပြန်မည့်ရက်ကို မကြာမီ ပြန်လည်ကြေညာပေးသွားပါမည်။

စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းပေးကြသော လျှောက်ထားသူ လုပ်ငန်းရှင်များအားလုံးကို RBF Plus အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
10
RBF Plus ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူရာတွင် ဒုတိယအဆင့်လျှောက်လွှာများကို လျှောက်ထားခဲ့ကြသော စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန် ထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ (Agrifood MSMEs) အား ထောက်ပံ့ငွေ ပေးအပ်ခြင်းဆိုင်ရာ ကော်မတီ (GAC) ၏ ဆုံးဖြတ်ချက် အကြောင်းပြန်စာများကို အီးမေးလ်မှတဆင့် ပေးပို့အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ အီးမေးလ်များကို ပြန်လည်ကြည့်ရှု စစ်ဆေးပေးရန် အသိပေးအပ်ပါသည်။
ပထမဦးစွာအနေဖြင့် RBF Plus မှ ဒုတိယအဆင့်လျှောက်လွှာ (Full Proposal Stage) ရွေးချယ်ခြင်းခံရသည့် လယ်ယာထွက်ကုန် ထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ (Agrifood MSMEs) အား အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါသည်။ ရွေးချယ်ခြင်းမခံရသော လုပ်ငန်းများအနေနဲ့လည်း RBF Plus မှ ထပ်မံခေါ်ယူသွားမည့် အဆိုပြုလွှာများတွင် ပြန်လည် လျှောက်ထားနိုင်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်။
ဆက်လက်၍ ရွေးချယ်ခြင်းခံရသော လုပ်ငန်းများ အနေဖြင့်လည်း RBF Plus မှ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်းဆိုင်ရာ အခမ်းအနားကို ဇန်နဝါရီလ (၂၂) ရက် ၂၀၂၅ ခုနှစ် ရန်ကုန်မြို့ တွင် ကျင်းပသွားမည်ဖြစ်ပြီး လုပ်ငန်းရှင်ကိုယ်တိုင် မဖြစ်မနေ တက်ရောက်ရမည် ဖြစ်ကြောင်းကို ကြိုတင် အသိပေးအပ်ပါသည်။ အခမ်းအနားနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များနှင့် ဖိတ်ကြားစာကို ပြန်လည် အကြောင်းကြားသွားမည် ဖြစ်ပါသည်။
RBF Plus ၏ အောက်ဖော်ပြပါ လူမှုမီဒီယာပလက်ဖောင်းများအား စောင့်ကြည့်ပေးရန် လေးစားစွာ အသိပေးအပ်ပါသည်။

Facebook Page - https://www.facebook.com/share/14f2SrcreB/?mibextid=wwXIfr
Telegram Channel - https://t.me/rbfplus
Viber Channel- https://invite.viber.com/?g2=AQBUMBNGk1v5iVMoqurVXw4ydyQqxY9NpmkqetsWNuLEeZhRoKuExrH53Wcd0Am3
3
6
RBF Plus၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် အောင်မြင်ခဲ့ကြသော စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထုတ်ကုန်ထုတ်လုပ်သော အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ (Agrifood MSMEs) အား ဂုဏ််ပြုခြင်းအခမ်းအနားအား “၂၂ရက်နေ့ ဇန်နဝါရီလ ၂၀၂၅ခုနှစ်” တွင် Chatrium Hotel Royal Lake Yangon၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့သော ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ် မူကြမ်း (GRA) အား လေ့လာကြည့်ရှုနိုင်ရန် အချက်အလက်ဖိုင်များ မျှဝေပေးလိုက်ပါသည်။

ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း

https://drive.google.com/file/d/1Prf6DMJ0PV0Sn-KSclC1O8VDPevoSSQ_/view?usp=sharing

ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ်မူကြမ်း

https://drive.google.com/file/d/1ycmkkALpnvlWyOp-Kq8igbIDyDBaBAN6/view?usp=drivesdk
👍8
[English below]

📢 Invitation for Expressions of Interest (EOI)
အောက်ပါစီမံကိန်းများအား စိတ်ပါဝင်စား၍ လုပ်ကိုင်နိုင်စွမ်းရှိသော လုပ်ငန်းများအား ထောက်ပံ့ငွေ/ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန်အတွက် RBF Plusမှ တွေ့ဆုံဆွေးနွေးချင်ပါသည်။

RBF Plus အနေဖြင့် စိုက်ပျိုးမွေးမြူရေး နှင့် ငါးလုပ်ငန်းကဏ္ဍရှိ တောင်သူလယ်သမားများ နှင့်အသေးစားစီးပွားရေးလုပ်ငန်းများအတွက် စျေးနှုန်းသင့်လျော်၍ တာဝန်ယူမှုတာဝန်ခံမှုရှိသည့် ခေတ်မီသွင်းအားစုနှင့် နည်းပညာများအား ပြည်တွင်းအသုံးပြုနိုင်ရန် ဖန်တီးထုတ်လုပ်ပေးနိုင်မည့် အလတ်စားနှင့် အကြီးစားစီးပွားရေးလုပ်ငန်းများကို ရှာဖွေနေပါသည်။

အောက်တွင် ခေတ်မီစိုက်ပျိုးရေးနည်းပညာများအဖြစ် သတ်မှတ်နိုင်သည့် နည်းပညာအချို့ကို ဥပမာအနေဖြင့် ဖော်ပြထားပါသည်။

၁။ စိုက်ပျိုးရေးနှင့် ၎င်း၏တန်ဖိုးကွင်းဆက်နှင့်သက်ဆိုင်သော နည်းပညာများ
GPS၊ အာရုံခံကိရိယာများဖြင့် တိကျသော စိုက်ပျိုးခြင်း။ ဇီဝနည်းပညာများ၊ ဗီဇပြုပြင်ခြင်း၊ ဇီဝပစ္စည်းများဖြင့် ပိုမိုကျန်းမာသန်စွမ်းသော သီးနှံများထုတ်လုပ်ခြင်း။ ထိရောက်သည့် အလိုအလျောက်ရေပေးစနစ်များ၊ AI ဖြင့် သီးနှံအထွက်နှုန်းကို ခန့်မှန်းခြင်း၊ ပို့ဆောင်ရေးကွင်းဆက်ကို ခြေရာခံခြင်း။

၂။ မွေးမြူရေးနှင့် ၎င်း၏တန်ဖိုးကွင်းဆက်နှင့်သက်ဆိုင်သော နည်းပညာများ
ဝတ်ဆင်နိုင်သော အာရုံခံကိရိယာများ၊ စက်ဖြင့် နို့ညှစ်ခြင်း၊ AI ဖြင့် တိရစ္ဆာန်ကျန်းမာရေးကို စောင့်ကြည့်ခြင်း၊ Genetics (ဗီဇပညာ) ဖြင့် ပိုမိုကောင်းမွန်သော မွေးမြူရေးနှင့် ရောဂါကာကွယ်ရေးအတွက် စမ်းသပ်ခြင်း၊ ဆော့ဖ်ဝဲနှင့် blockchain ဖြင့် ခြေရာခံခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း။

၃။ ငါးဖမ်းလုပ်ငန်းနှင့်၎င်း၏ တန်ဖိုးကွင်းဆက်နှင့်သက်ဆိုင်သော နည်းပညာများ
RAS စနစ်၊ အလိုအလျောက်အစာကျွေးခြင်း၊ ရေရှည်တည်တံ့သော ငါးမွေးမြူရေးအတွက်စီမံခြင်း။ GPS/ sonar အသုံးပြု၍ ငါးဖမ်းခြင်း၊ ဒေတာနှင့် ခြေရာခံနိုင်ခြင်း။

စိတ်ပါဝင်စားသောလုပ်ငန်းများအနေဖြင့် ShineWin.Latt@helvetas.org ကိုဆက်သွယ်နိုင်ပါသည်။

📢 Invitation for Expressions of Interest (EOI)
We are looking for medium and large sized Myanmar businesses intereseted in adapting and localizing modern Agricultural input and responsible technologies affordable for small businesses, farmers/primary producers in the agriculture, livestock, and fisheries sectors.

Here, below, are some technologies that could be considered as Modern Agri-Food Technologies that transforming agriculture! 🌾🐄🐟

I. Agriculture:
Smart Farming: GPS, sensors for precise agriculture
Biotech: GMOs, gene editing, bio-inputs for healthier crops.
Automation: Robots & automated irrigation for efficiency.
Data Driven: AI predicts yields, tracks supply chains (blockchain).

II. Livestock:
Precision Livestock: Wearable sensors, robotic milking, AI for animal health.
Genetics for better breeding & disease prevention.
Digital Management: Software & blockchain for tracking & care.

III. Fisheries:
Aquaculture Tech: RAS, automated feeding, genetics for sustainable fish farming.
Smart Fishing: GPS/sonar
Data & Traceability:

Interested businesses can contact ShineWin.Latt@helvetas.org for further information.

#AgTech #SmartFarming
#SustainableAgriculture #Innovation #RBFPlus
#EuropeanUnion #SDC #EmbassyofDenmark
👍71
👍72
🌟 We’re Hiring! Join Our Team to Drive Inclusive Growth in Myanmar’s Agrifood Sector! 🌾



Are you passionate about supporting micro, small, and medium enterprises (MSMEs) across agriculture, livestock, fisheries, and forestry? Do you want to be part of an impact-driven program focused on innovation and sustainability?



📣 Apply Now!

We’re looking for talented and motivated individuals to fill the following positions under the Responsible Business Fund Plus (RBF+):



🔹 Grant Officer (Outcome 3) – 1 position

🔹 Grant Officer (All Outcomes) – 2 positions

🔹 Junior Grant Officer (All Outcomes) – 2 positions

🔹 Grant Assistant (All Outcomes) – 3 positions

🔹 Monitoring & Evaluation (M&E) Assistant – 1 position

🔹 Assistant Finance Officer – 1 position



📅 Application Deadline: 11 July 2025

🔗 View full job descriptions and apply here: https://drive.google.com/drive/folders/1TRViNyy4WdiSDwkfQAfyZxhvNzJpRV_l?usp=drive_link



Be part of a team that empowers local businesses, strengthens value chains, and drives responsible growth across Myanmar.



📩 For inquiries, contact us at: hr.mmr@helvetas.org



#Vacancy #MyanmarJobs #RBFPlus #Grants #MonitoringAndEvaluation #FinanceJobs #DevelopmentJobs #AgrifoodMSMEs #InclusiveGrowth #ApplyNow
👍41