RBF Plus
772 subscribers
192 photos
4 videos
37 links
RBF Plus is a matching fund that aims to assist micro, small, and medium-sized enterprises (MSMEs) throughout the agrifood value chain to become economically resilient, competitive, and environmentally responsible.
Download Telegram
RBF Plus၏ ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအစီအစဉ်တွင် ကဏ္ဍ ၁ နှင့် ၂ အောက် ဧရိယာ ၁ မှ ၇ အတွင်း လျှောက်ထားရန် စိတ်ပါဝင်စားသော စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန်ထုတ်လုပ်သော အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများနှင့် ထိုလုပ်ငန်းများအတွက် လျှောက်လွှာကူညီရေးသားပေးမည့်သူများ (Consultant/ Service Provider)အတွက် ပထမအဆင့်လျှောက်လွှာ (Concept Note)ကို နမူနာဖြေဆိုနည်း ဗီဒီယိုကို မျှဝေပေးလိုက်ပါသည်။ ဤဗီဒီယိုတွင် လျှောက်လွှာရေးသားရာတွင် ပါဝင်ရမည့်အချက်အလက်များ၊ လျှောက်လွှာရေးသားရမည့် နမူနာပုံစံနှင့် Kobo Link မှတဆင့် လျှောက်လွှာတင်သွင်းဖြည့်စွက်နည်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
RBF Plus၏ ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအစီအစဉ်တွင် ကဏ္ဍ ၃ ဧရိယာ ၈ အတွင်း လျှောက်ထားရန် စိတ်ပါဝင်စားသော စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန်ထုတ်လုပ်သော အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများနှင့် ထိုလုပ်ငန်းများအတွက် လျှောက်လွှာကူညီရေးသားပေးမည့်သူများ (Consultant/ Service Provider)အတွက် ပထမအဆင့်လျှောက်လွှာ (Concept Note)ကို နမူနာဖြေဆိုနည်း ဗီဒီယိုကို မျှဝေပေးလိုက်ပါသည်။ ဤဗီဒီယိုတွင် လျှောက်လွှာရေးသားရာတွင် ပါဝင်ရမည့်အချက်အလက်များ၊ လျှောက်လွှာရေးသားရမည့် နမူနာပုံစံနှင့် Kobo Link မှတဆင့် လျှောက်လွှာတင်သွင်းဖြည့်စွက်နည်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)အား ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက်မျှဝေခြင်း အခမ်းအနားဖိတ်ကြားခြင်း (ရန်ကုန်တိုင်းဒေသကြီး)

RBF Plusသည် ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့မှ စတင်၍ ပထမအကြိမ်မြောက် အဆိုပြုလွှာများကို စတင်ခေါ်ယူနေပြီ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပြုလွှာနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို RBF Plus မှ ဆွေးနွေးရှင်းပြပေးမည် ဖြစ်ပါသဖြင့် ရန်ကုန်ဒေသကြီးနှင့် အနီးတစ်ဝိုက်ရှိ စိတ်ပါ၀င်စားသည့် လျှောက်ထားလိုသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အား အခမ်းအနားကို တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။စိတ်ပါဝင်စားသောလုပ်ငန်းရှင်များအနေဖြင့် မိမိနှစ်သက်ရာ နေ့ရက်ကိုရွေးချယ်ပြီး တက်ရောက်နိုင်ပါသည်။


ပထမနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက် (ကြာသပတေးနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

နေရာ : MICT Park (Main Building - Conference Hall)၊ တက္ကသိုလ်များ လှိုင်နယ်မြေဝန်းအတွင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၀ရက် (အင်္ဂါနေ့)

ဒုတိယနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၇ ရက် (အင်္ဂါနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

နေရာ : စကားဝါအစည်းအဝေးခန်းမ၊ ၂လွှာ၊ The Regency Offices၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၃ရက် (သောကြာနေ့)

တတိယနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် (ကြာသပတေးနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

နေရာ : စကားဝါအစည်းအဝေးခန်းမ၊ ၂လွှာ၊ The Regency Offices၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၈ရက် (ဗုဒ္ဓဟူးနေ့)

တက်ရောက်လိုသော လုပ်ငန်းရှင်များအနေဖြင့် ဆက်သွယ်ရန် အီးမေးလ် - info@rbfmyanmar.com (သို့မဟုတ်) ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉ ၂၆၃၇၀၂၃၉၇ ၊ ၀၉ ၇၅၇၇၀၀၆၉၇ ၊
၀၉ ၅၀၃၂၆၈၀ သို့ ဖော်ပြထားသည့်နောက်ဆုံးစာရင်းပေးသွင်းရမည့်ရက်စွဲများအတိုင်း ရုံးချိန်အတွင်း ဆက်သွယ်ပြီး ကြိုတင် စာရင်းပေးသွင်း နိုင်ပါသည်။
👍3
6
RBF Plus pinned «RBF Plusမှ စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန်တန်ဖိုးကွင်းဆက် တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွါးရေး လုပ်ငန်းများအတွက် ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်း RBF Plus သည် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းကာ…»
ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက်မျှဝေဆွေးနွေးပွဲ (အွန်လိုင်း)

RBF Plusသည် ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့မှ စတင်၍ ပထမအကြိမ်မြောက် အဆိုပြုလွှာများကို စတင်ခေါ်ယူနေပြီ ဖြစ်ပါသည်။

ယခုအခါတွင် RBF Plusသည် အဆိုပြုလွှာနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို အွန်လိုင်း (Zoom Application)မှတဆင့်ဆွေးနွေးရှင်းပြပေးမည် ဖြစ်ပါသဖြင့်
စိတ်ပါ၀င်စားသည့် လျှောက်ထားလိုသော စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အနေဖြင့် အွန်လိုင်းဆွေးနွေးပွဲကိို တက်ရောက်နိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ဖိတ်ခေါ်အပ်ပါသည်။ စိတ်ပါဝင်စားသောလုပ်ငန်းရှင်များအနေဖြင့် မိမိနှစ်သက်ရာ နေ့ရက်ကိုရွေးချယ်ပြီး တက်ရောက်နိုင်ပါသည်။

ပထမနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၃ရက် (သောကြာနေ့)

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၂ရက် (ကြာသပတေးနေ့)

ဒုတိယနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ရက် (ဗုဒ္ဓဟူးနေ့)

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၆ရက် (တနင်္လာနေ့)

တတိယနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် (သောကြာနေ့)

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၈ရက် (ဗုဒ္ဓဟူးနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

အွန်လိုင်းဆွေးနွေးပွဲသို့ အောက်ဖော်ပြပါ Zoom Meeting Link (သို့မဟုတ်) Meeting ID မှတဆင့် ဝင်ရောက်နိုင်ပါသည်။

Zoom Meeting Link : https://us06web.zoom.us/j/85438685871

Meeting ID: 854 3868 5871

စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ အနေဖြင့် အောက်ပါအီးမေးလ် (သို့) ဖုန်းနံပါတ်များသို့ နောက်ဆုံးစာရင်းပေးသွင်းရမည့်ရက်များအတိုင်း ဆက်သွယ်စာရင်းပေးနိုင်ပါသည်။
အီးမေးလ် - info@rbfmyanmar.com
ဖုန်းနံပါတ် - ၀၉ ၄၅၆၈၇၆၆၁၃၊ ၀၉ ၇၇၄၂၁၂၄၀၅၊ ၀၉ ၅၀၃၂၆၈၀
👍1
စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)အား ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက်မျှဝေခြင်း အခမ်းအနားဖိတ်ကြားခြင်း (ဧရာဝတီတိုင်းဒေသကြီး)

RBF Plusသည် ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၄ရက်နေ့အထိ ပထမအကြိမ်မြောက် အဆိုပြုလွှာများကို ခေါ်ယူနေပြီ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပြုလွှာနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို RBF Plus မှ ဆွေးနွေးရှင်းပြပေးမည် ဖြစ်ပါသဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် အနီးတစ်ဝိုက်ရှိ စိတ်ပါ၀င်စားသည့် လျှောက်ထားလိုသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အား အခမ်းအနားကို တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် (တနင်္လာနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

နေရာ : ပတ္တမြားခန်းမ၊ မြကျွန်းသာအိမ်ယာ၊ ကင်မလင်းကျွန်းရပ်ကွက်၊ ပုသိမ်မြို့။

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၅ရက် (တနင်္ဂနွေနေ့)

တက်ရောက်လိုသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့တက်ရောက်လိုသော နေ့အတွက် ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉ ၂၆၃၇၀၂၃၉၇ ၊ ၀၉ ၇၅၇၇၀၀၆၉၇ ၊ ၀၉ ၂၅၀၀၄၆၉၄၅ သို့ ဖော်ပြထားသည့်နောက်ဆုံးစာရင်းပေးသွင်းရမည့်ရက်စွဲအတိုင်း ရုံးချိန်အတွင်း ဆက်သွယ်ပြီး ကြိုတင် စာရင်းပေးသွင်း နိုင်ပါသည်။
👍5
👍5
RBF+ ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ပထမအဆင့်လျှောက်လွှာအား ၂၀၂၄ ၊ စက်တင်ဘာလ (၄) ရက်နေ့တွင် ပိတ်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှောက်လွှာတင်ရန် အချိန် '၅ ရက်'သာ လိုတော့သည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
👍5
RBF+ ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ပထမအဆင့်လျှောက်လွှာ တင်သွင်းခြင်းအား ၂၀၂၄ ၊ စက်တင်ဘာလ (၄) ရက်နေ့ အထိသာ လက်ခံမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှောက်လွှာတင်ရန် အချိန် '၄ ရက်'သာ လိုတော့ကြောင်း အသိပေးအပ်ပါသည်။
👍7
RBF+ ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ပထမအဆင့်လျှောက်လွှာ တင်သွင်းခြင်းအား ၂၀၂၄ ၊ စက်တင်ဘာလ (၄) ရက်နေ့ အထိသာ လက်ခံမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှောက်လွှာတင်ရန် အချိန် ' ၃ ရက်'သာ လိုတော့ကြောင်း အသိပေးအပ်ပါသည်။
👍4
RBF+ ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ပထမအဆင့်လျှောက်လွှာ တင်သွင်းခြင်းအား ၂၀၂၄ ၊ စက်တင်ဘာလ (၄) ရက်နေ့ အထိသာ လက်ခံမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှောက်လွှာတင်ရန် အချိန် ' ၂ ရက်'သာ လိုတော့ကြောင်း အသိပေးအပ်ပါသည်။
RBF+ ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ပထမအဆင့်လျှောက်လွှာ တင်သွင်းခြင်းအား ၂၀၂၄ ၊ စက်တင်ဘာလ (၄) ရက်နေ့ အထိသာ လက်ခံမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှောက်လွှာတင်ရန် အချိန် ' ၁ ရက်'သာ လိုတော့ကြောင်း အသိပေးအပ်ပါသည်။
👍5
RBF+ ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ပထမအဆင့်လျှောက်လွှာ တင်သွင်းခြင်းအား
ယ​နေ့ည (၁၁ နာရီ ၅၉ မိနစ်)တွင် ပိတ်မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လျှောက်လွှာတင်ရန် အချိန် '၁၂ နာရီ''သာ လိုတော့ကြောင်း အသိပေးအပ်ပါသည်။
👍3
RBF+ ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအတွက် ပထမအဆင့်လျှောက်လွှာ တင်သွင်းခြင်းအား
ယ​နေ့ည (၁၁ နာရီ ၅၉ မိနစ်)တွင် ပိတ်မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လျှောက်လွှာတင်ရန် အချိန် '၆ နာရီ''သာ လိုတော့ကြောင်း အသိပေးအပ်ပါသည်။
👍5
ပထမအဆင့်လျှောက်လွှာများ (Concept Notes) အား စိတ်ပါဝင်စားစွာဖြင့်လျှောက်ထားခဲ့သော စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန် ထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ (Agrifood MSMEs)အား RBF Plusမှ ကျေးဇူးအထူးတင်ရှိပါသည်။

ပထမအဆင့်ရွေးချယ်ခံရသူများကို သေချာစွာစိစစ်၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့တွင် ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
👍116
RBF Plus ၏ ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူရာတွင် လျှောက်ထားခဲ့ကြသော စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန် ထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ (Agrifood MSMEs)၏ ပထမအဆင့်လျှောက်လွှာများ (Concept Notes) အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့ အထိ စိစစ်ရွေးချယ်မှုများ ပြုလုပ်ခဲ့ပါသည်။

ထိုသို့အကဲဖြတ်မှုများ ပြုလုပ်ပြီးနောက် RBF Plus အနေဖြင့် ပထမအဆင့်လျှောက်လွှာ (Concept Note Stage) လျှောက်ထားမှုအတွက် အောင်မြင်ကြောင်း (သို့) မအောင်မြင်ကြောင်း အသိပေးအကြောင်းကြားစာများကို လူကြီးမင်းတို့၏ သက်ဆိုင်ရာ အီးမေးလ်များသို့ ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ အီးမေးလ်များကို ပြန်လည်ကြည့်ရှူ စစ်ဆေးပေးရန်လည်း အသိပေးအပ်ပါသည်။

ဆက်လက်၍ ပထမအဆင့်လျှောက်လွှာ (Concept Note Stage) လျှောက်ထားရာတွင် ရွေးချယ်ခြင်းခံရသော လယ်ယာထွက်ကုန် ထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ (Agrifood MSMEs) အား RBF Plus မှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း နှင့် ရွေးချယ်ခြင်းမခံရသော လုပ်ငန်းများအနေဖြင့်လည်း RBF Plus တွင် စိတ်ပါဝင်စားစွာ လျှောက်ထားပေးမှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

အသေးစိတ် ထပ်မံသိရှိလိုသည်များ ရှိပါက RBF Plus ရုံးသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်
Responsible Business Fund Plus (RBF+)
👍53
🥰4