RBF+ ၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမည်ဖြစ်ကြောင်း - ၂၀၂၆ ခုနှစ်
RBF+ သည် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၄င်းတို့၏ တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ရေရှည်တည်တံ့နိုင်ပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာစေရန်နှင့် သဘာဝပတ်၀န်းကျင် ထိခိုက်မှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကဏ္ဍကြီး (၃)ခု အောက်တွင် ငွေကြေးအရ အထောက်အပံ့ပေးနေသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။
ယခုအခါတွင် RBF+ သည် တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအား ‘၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့’တွင် စတင်တော့မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
ပထမနှင့် ဒုတိယအကြိမ် အဆိုပြုလွှာခေါ်ယူမှုများတွင် ဧရိယာ (၃) - “စွမ်းအင်အလေအလွင့် လျှော့ချခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုခြင်း” နှင့် ဧရိယာ (၆) - “လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး” တို့အောက်၌ စီမံကိန်းအများဆုံး လျှောက်ထားအောင်မြင်ခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခု တတိယအကြိမ် အဆိုပြုလွှာခေါ်ယူမှုတွင် အဆိုပါ ဧရိယာ (၃) နှင့် (၆) တို့ကို ထည့်သွင်းခေါ်ယူတော့မည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ထို့အပြင် ဧရိယာ (၈) - “ပြည်ပကုန်စည်ပြပွဲများတွင် လယ်ယာနှင့် စားသောက်ကုန် ထုတ်လုပ်သည့် MSMEs များ၏ ပါဝင်ပြသခြင်း” ကိုလည်း ယခုအကြိမ် ခေါ်ယူမှုတွင် ထည့်သွင်းထားခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။
ယခုအကြိမ်တွင် ဧရိယာ (၁၀) - “စိုက်ပျိုးမွေးမြူရေးနည်းပညာ၊ သွင်းအားစုနှင့် စက်ကိရိယာ ထုတ်လုပ်သော ကုမ္ပဏီ/လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း” အား ထပ်တိုးဧရိယာအသစ် တစ်ခုအဖြစ် ထည့်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာအတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိပြီး၊ အတည်ပြုချက်ရရှိမှုနှင့် လျှောက်လွှာအသေးစိတ်အချက်အလက်များကို RBF+ ၏ လူမှုကွန်ရက်ပလက်ဖောင်းများ မှတစ်ဆင့် ဆက်လက်အသိပေး ကြေညာသွားမည် ဖြစ်ပါသည်။
တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် ပါဝင်သော ကဏ္ဍအလိုက် ဧရိယာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ကဏ္ဍ (၁)
ဧရိယာ ၁ - တောင်သူလယ်သမားများအတွက် ခေတ်မီသွင်းအားစုများနှင့် နည်းပညာများ
(Modern Inputs and Technologies for Farmers)
ဧရိယာ ၂ - လယ်ယာထွက်ကုန်နှင့် သက်ဆိုင်သော ခေတ်မီနည်းပညာများအား ဒေသတွင်း ထုတ်လုပ်နိုင်အောင် ပြုလုပ်ခြင်း
(Technology Localization for MSMEs)
ကဏ္ဍ (၂)
ဧရိယာ ၄ - ရေသုံးစွဲမှု လျှော့ချခြင်း
(Water Efficiency)
ဧရိယာ ၅ - စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေး ပြန်လည်အသုံးချခြင်း
(Waste Treatment & Recycling)
ဧရိယာ ၇ - အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း
(Food Safety & Value-added Production)
ကဏ္ဍ (၃)
ဧရိယာ ၉ - လယ်ယာထွက်ကုန် ထုတ်လုပ်သော MSMEs များအား အတွေ့အကြုံ ဗဟုသုတများ မျှဝေခြင်း (စျေးကွက်လိုအပ်ချက်၊ စံသတ်မှတ်ချက်များနှင့် အညီ)
(Knowledge Sharing for Farmers & Agrifood MSMEs)
ဧရိယာ ၁၀ - စိုက်ပျိုးမွေးမြူရေးနည်းပညာ၊ သွင်းအားစုနှင့် စက်ကိရိယာ ထုတ်လုပ်သော ကုမ္ပဏီ/လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း
(Technology Exposure for Agri-input and Agri-tech Companies)
RBF+ အနေဖြင့် တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းကို မိတ်ဆက်ရန်နှင့် လျှောက်လွှာတင်သွင်းမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုနားလည်သဘောပေါက်စေရန်အတွက် အွန်လိုင်းနှင့် လူကိုယ်တိုင်တက်ရောက်နိုင်သော ရှင်းလင်းပွဲ အခမ်းအနားများကို ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
စိတ်ပါဝင်စားသူများအနေဖြင့် ကြိုတင်လေ့လာနိုင်ရန်အတွက် တတိယအကြိမ်မြောက် အဆိုပြုလွှာနှင့် စပ်လျဉ်းသည့် အချက်အလက်ဖိုင်များနှင့် ကျင်းပမည့်အခမ်းအနား အချိန်ဇယားများကို မကြာမီ အသိပေးသွားမည်ဖြစ်သောကြောင့်၊ ဝင်ရောက်လျှောက်ထားရန် စိတ်ပါဝင်စားသော စီးပွားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့များနှင့် လျှောက်လွှာကူညီရေးသားပေးမည့်သူများ (Service Providers) အနေဖြင့် RBF+ ၏ လူမှုကွန်ရက်ပလက်ဖောင်းများကို စောင့်ကြည့်လေ့လာကြပါရန် တိုက်တွန်းအပ်ပါသည်။
Website - https://rbfmyanmar.com/
Facebook - https://www.facebook.com/rbfmyanmar
Linked In - https://www.linkedin.com/company/responsible-business-fund-plus-rbfplus/
Telegram - https://t.me/rbfplus
Viber - https://shorturl.at/XDv2S
YouTube - https://www.youtube.com/@rbfplus
အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးလိုပါက အောက်ပါဖုန်းနံပါတ်များကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ကိုဘုန်းမြတ်သူ - ၀၉ ၄၂၀၇၂၃၂၁၁
မမြတ်မြတ်ဖြိုး - ၀၉ ၇၅၇၇၀၀၆၉၇
မအေးငြိမ်းမိုး - ၀၉ ၅၀၃၂၆၈၀
ကိုပီတာ - ၀၉ ၄၂၈၀၆၁၈၀၃

❤3
မအဲလစ်ဇဘတ် - ၀၉ ၇၇၄၂၁၂၄၀၅
[English Version]
RBF+ Announces the 3rd Call for Proposals – 2026
RBF+ is pleased to announce that the 3rd Call for Proposals will officially open on 14 August 2026.
RBF+ is a matching grant funding programme jointly supported by the European Union, Switzerland, and Denmark. It aims to promote the sustainable and inclusive growth of agri-food Micro, Small and Medium Enterprises (MSMEs) within local agricultural value chains, by strengthening their economic resilience, creating new employment opportunities, and contributing to more environmentally sustainable and climate-resilient agrifood systems.
Following the successful implementation of the 1st and 2nd Calls for Proposals, the following thematic areas will no longer be included in the 3rd Call:
• Area 3: Energy Efficiency / Renewable Energy
• Area 6: Occupational Safety and Health (OSH)
• Area 8: Agrifood MSMEs Participation in Trade Fairs
In addition, a new thematic area, “Area 10 – Technology Exposure for Agri-input and Agri-tech Companies” has been proposed for inclusion in this call. However, it is currently pending final approval. Further updates on its approval status and application details for Area 10 will be announced through the official RBF+ social media platforms once confirmed.
📌 Key thematic Areas under the 3rd Call
Window 1
• Area 1: Modern Inputs and Technologies for Farmers
• Area 2: Technology Localization for MSMEs
Window 2
• Area 4: Water Efficiency
• Area 5: Waste Treatment & Recycling
• Area 7: Food Safety & Value-added Production
Window 3
• Area 9: Knowledge Sharing for Farmers & Agrifood MSMEs (aligned with market requirements and standards)
• Area 10: Technology Exposure for Agri-input and Agri-tech Companies (subject to final approval)
RBF+ will organize awareness events both online and in-person to introduce the 3rd Call for Proposals and to support applicants in understanding the application process.
Detailed guidelines, application materials, and event schedules will be shared in the coming weeks. We encourage interested MSMEs, business associations, and service providers to follow RBF+ official channels for updates.
Website - https://rbfmyanmar.com/
Facebook - https://www.facebook.com/rbfmyanmar
Linked In - https://www.linkedin.com/company/responsible-business-fund-plus-rbfplus/
Telegram - https://t.me/rbfplus
Viber - https://shorturl.at/XDv2S
YouTube - https://www.youtube.com/@rbfplus
For further discussion or inquiries, please feel free to contact the following RBF+ team members directly during office hours:
Mr. Phone Myat Thu - +959420723211
Ms. Myat Myat Phyo - +95 9 757700697
Ms. Aye Nyein Moe - +95 9 5032680
Mr. Peter - +95 9 428061803
Ms. Elizabeth - +95 9 774212405

❤4
[ English Below]
တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအတွက် ရှင်းလင်းတင်ပြခြင်း အခမ်းအနား အချိန်ဇယား
RBF+ ၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းကို “၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့” တွင် စတင် ခေါ်ယူတော့မည်ဖြစ်ပါသည်။ အဆိုပါ အဆိုပြုလွှာခေါ်ယူမှုတွင် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် တောင်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် စီးပွားရေးအသင်းအဖွဲ့များမှ လျှောက်ထားလိုသူများအတွက် လျှောက်လွှာတင်သွင်းရာတွင် အဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ အသေးစိတ်ရှင်းလင်းတင်ပြခြင်း အခမ်းအနားများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားများတွင်-
• RBF+ ၏ လုပ်ငန်းစဉ်များနှင့် ပါဝင်လျှောက်ထားနိုင်သော ဧရိယာများ
• အဆိုပြုလွှာတွင် ပါဝင်သော မေးခွန်းများနှင့် သတိပြုရမည့်အချက်များ
• ဧရိယာအလိုက် အဆိုပြုလွှာတင်သွင်းရေးသားမှု ပုံစံများ စသည့်အကြောင်းအရာများကို အသေးစိတ် ရှင်းလင်း ပြောကြားသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူ လူကြီးမင်းများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ ဒေသအလိုက် ရွေးချယ်တက်ရောက်နိုင်ရန်အတွက် အခမ်းအနားကျင်းပမည့် နေ့စွဲနှင့် နေရာများကို ကြိုတင်သိရှိနိုင်ပါရန် မျှဝေပေးလိုက်ပါသည်။
လူကြီးမင်းများအနေဖြင့် မိမိတို့ တက်ရောက်လိုသည့် အခမ်းအနားအလိုက် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ အခမ်းအနားအစီအစဉ် အသေးစိတ်နှင့် ဆက်သွယ်စာရင်းပေးသွင်းရမည့် ဖုန်းနံပါတ်များကို မကြာမီ ထပ်မံအသိပေး ကြေညာသွားမည် ဖြစ်ပါသည်။
ထို့အပြင် အခမ်းအနား ကျင်းပမည့် နေရာနှင့် အချိန် အပြောင်းအလဲများ ရှိပါကလည်း RBF+ ၏ အောက်ပါလူမှုမီဒီယာ ပလက်ဖောင်းများ မှတစ်ဆင့် အချိန်နှင့်တပြေးညီ အသိပေးကြေညာသွားမည် ဖြစ်ပါသည်။
• Website - https://rbfmyanmar.com/
• Facebook - https://www.facebook.com/rbfmyanmar
• Linked In - https://www.linkedin.com/company/responsible-business-fund-plus-rbfplus/
• Telegram- https://t.me/rbfplus
• Viber - https://shorturl.at/XDv2S
• Youtube - https://www.youtube.com/@rbfplus
Awareness Events Schedule (3rd Call for Proposals)
The Responsible Business Fund Plus (RBF+) is pleased to announce that the 3rd Call for Proposals will officially open on 14 August 2026. To facilitate the application process for prospective applicants, RBF+ will organize a series of Awareness Events for farmers, micro, small and medium-sized enterprises (MSMEs), business associations, and other stakeholders engaged in agriculture, livestock, fisheries, and the entire agrifood value chain in Myanmar.
During these events, participants will receive detailed information on:
• The RBF+ Program and the funding areas eligible for support;
• The proposal application templates including key questions and important points to consider; and
• Guidance on preparing proposals for each funding area.
To assist interested applicants in planning their participation, we are pleased to share the tentative schedule and locations of the upcoming information sessions. Participants are encouraged to attend the session that is most convenient for their location.
Please note that advance registration is required for each information session.
Further details, including the program agenda and the relevant contact numbers for registration, will be announced shortly.
Any changes to the event venues or schedules will be communicated promptly through the official RBF+ communication channels listed below.
Stay Connected with RBF+

Linkedin
RBF Plus | LinkedIn
RBF Plus | 823 followers on LinkedIn. RBF Plus is a development assistance program funded by the European Union (EU), the Swiss Agency for Development and Cooperation (SDC), and the Embassy of Denmark in Myanmar.The matching fund aims to assist micro, small…
❤3👍1
[English below]
Responsible Business Fund Plus (RBF+) ၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ဖိတ်ကြားခြင်း ( ရန်ကုန်မြို့ )
RBF+၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအား “၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ရက်နေ့” မှစတင်၍ “၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့” အထိ ခေါ်ယူသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား ‘၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့’ တွင် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးတစ်ဝိုက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သော တောင်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် စီးပွားရေးအသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူများအား အဆိုပါအခမ်းအနားသို့ တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဤအခမ်းအနားတွင်
• RBF+ ၏ လုပ်ငန်းစဉ်များ
• RBF+ တွင် ပါဝင်လျှောက်ထားနိုင်သော ဧရိယာများ
• အဆိုပြုလွှာတွင် ပါဝင်သော မေးခွန်းများနှင့် သတိပြုရမည့်အချက်များ
• ဧရိယာအလိုက် အဆိုပြုလွှာရေးသားမှု ပုံစံများအား ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါ သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လိုသော လူကြီးမင်းများအနေဖြင့် တက်ရောက်မည့် လုပ်ငန်းအမည်နှင့် လူဦးရေအား ‘၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့’ နောက်ဆုံးထား၍ အောက်ဖော်ပြပါ လင့်ခ် (Link) မှတစ်ဆင့် ဖြစ်စေ၊ ဖုန်းနံပါတ်များသို့ ရုံးချိန် (နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီ) အတွင်း ဆက်သွယ်၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
အခမ်းအနားအစီအစဉ်အသေးစိတ်
နေ့ရက် : ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ (တနင်္လာနေ့)
အချိန် : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ
ကျင်းပမည့်နေရာ : MICT Park (Main Building – Conference Hall)
(တက္ကသိုလ်များ လှိုင်နယ်မြေဝန်းအတွင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။)
စာရင်းသွင်းရန်လင့်ခ် -
https://docs.google.com/forms/d/1h8QMKMFWgyWaj3QhUqS29u_UVbPwQrltYd6qBjZ5EA0/edit
စာရင်းသွင်းရန်ဖုန်းနံပါတ်-
မဇူလီနန်းခန့် - ၀၉ ၂၆၄၉၁၈၉၁၇
မထက်လင်းလင်းအောင် - ၀၉ ၇၈၄၁၇၀၄၃၇
မပက်ထရီနာ - ၀၉ ၇၇၃၁၈၀၈၂၇
မသီရိခိုင် - ၀၉ ၂၆၀၀၇၃၆၉၅
တတိယအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအား ရှင်းလင်းတင်ပြသည့် အခမ်းအနား အချိန်ဇယားအား ကြည့်ရှုရန် -
https://t.me/rbfplus/258
Responsible Business Fund Plus (RBF+)
Invitation to the Awareness Event of the Third Call for Proposals (Yangon)
The Responsible Business Fund Plus (RBF+) is pleased to announce that Third Call for Proposals will officially open from 14 August 2026 to 4 September 2026.
To introduce the Third Call for Proposals and provide guidance to prospective applicants, an Awareness Event will be held on 20 July 2026 in Yangon for the first time.
We cordially invite farmers, micro, small and medium-sized enterprises (MSMEs), business associations, and other stakeholders engaged in agriculture, livestock, fisheries, and the entire agrifood value chain in Yangon Region and nearby areas to attend this event.
The information session will cover:
Overview of the RBF+ Program
Funding areas eligible for support under RBF+
Guidance on completing the proposal application form and key points to consider
Proposal preparation guidance for each funding area
Those wishing to attend are kindly requested to register their company/organization name and number of participants no later than 17 July 2026 by completing the registration form via the link below or by contacting one of the following numbers during office hours (9:00 a.m. – 5:00 p.m.).
Event Details
Date: Monday, 20 July 2026
Time: 09:30 a.m. – 12:30 p.m.
Venue: MICT Park (Main Building – Conference Hall)
(Within Universities’ Hlaing Campus, Hlaing Township, Yangon)
Registration Form

Registration Contacts
Ms. Zule Nan Khant – +95 9 264 918 917
Ms. Htet Linn Lin Aung – +95 9 784 170 437
Ms. Patrina – +95 9 773 180 827
Ms. Thiri Khaing – +95 9 260 073 695
Event Schedule
For the program schedule of the Third Call for Proposals Awareness Event, please visit:

Google Docs
Responsible Business Fund Plus (RBF+) 3rd Call for Proposals
Event name: Awareness Event for 3rd Call for Proposals
Event date: July 20, 2026
Event Place: Yangon
Event date: July 20, 2026
Event Place: Yangon
❤2