RBF Plus
772 subscribers
192 photos
4 videos
37 links
RBF Plus is a matching fund that aims to assist micro, small, and medium-sized enterprises (MSMEs) throughout the agrifood value chain to become economically resilient, competitive, and environmentally responsible.
Download Telegram
𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭 𝐨𝐟 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐥𝐞 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐅𝐮𝐧𝐝 𝐏𝐥𝐮𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐋𝐚𝐮𝐧𝐜𝐡 𝐄𝐯𝐞𝐧𝐭

Wyndham Grand Hotel ရန်ကုန်မြို့ တွင် (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့) က ကျင်းပပြုလုပ်ခဲ့သည့် ‘ Responsible Business Fund Plus (RBF+) မိတ်ဆက်ပွဲ အခမ်းအနား ’မှ ပုံရိပ်များကို မျှ‌ဝေပေးလိုက်ပါသည်။

(English Version)
This is the highlight video from the ‘Responsible Business Fund Plus (RBF+) Launch Event’ held on July 16, 2024, at the Wyndham Grand Hotel, Yangon.

#RBFPlus #ResponsibleBusiness #DevelopmentAssistance #privatesectordevelopment #MSMEs #EU #SDC #Denmark #Myanmar #Helvetas #InclusiveSystemsMyanmar
စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့်
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)အား ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက်မျှဝေခြင်း အခမ်းအနားဖိတ်ကြားခြင်း (ရှမ်းပြည်နယ်နှင့် အနီးတစ်ဝိုက်)

RBF Plus သည် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ရေရှည် တည်တံ့နိုင်စေရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သဘာ၀ပတ်၀န်းကျင် ထိခိုက်မှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးထောက်ပံ့ပေးနေသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။

လက်ရှိတွင် RBF Plus သည် ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပြုလွှာနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို RBF Plus မှ ဆွေးနွေးရှင်းပြပေးမည် ဖြစ်ပါသဖြင့် ရှမ်းပြည်နယ်နှင့် အနီးတစ်ဝိုက်ရှိ စိတ်ပါ၀င်စားသည့် လျှောက်ထားလိုသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အား အခမ်းအနားကို တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

တက်ရောက်လိုသော လုပ်ငန်းရှင်များအနေဖြင့် ဆက်သွယ်ရန် အီးမေးလ် - info@rbfmyanmar.com (သို့မဟုတ်) ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉ ၂၆၃၇၀၂၃၉၇ ၊ ၀၉ ၇၅၇၇၀၀၆၉၇ ၊ ၀၉ ၅၀၃၂၆၈၀ သို့
' ဩဂုတ်လ ၄ ရက်နေ့ ' နောက်ဆုံးထား၍ ရုံးချိန်အတွင်း ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက် (အင်္ဂါနေ့ )

အချိန် : နံနက် (၉:၃၀) နာရီ မှ နေ့ လည် (၁၂:၀၀) နာရီ အထိ

နေရာ : တောင်ကြီးဟိုတယ်၊ အရှေ့မြို့ပတ်လမ်း ( ရှု့မျှော်ခင်းလမ်း)၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။
❤3👍1
လယ်ယာစိုက်ပျိုးမွေးမြူရေးတန်ဖိုးကွင်းဆက်တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)အား ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက်မျှဝေခြင်း အခမ်းအနားဖိတ်ကြားခြင်း (မန္တလေးတိုင်းဒေသကြီး)

RBF Plus သည် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးမွေးမြူရေးကွင်းဆက်တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ရေရှည် တည်တံ့နိုင်စေရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သဘာ၀ပတ်၀န်းကျင် ထိခိုက်မှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးထောက်ပံ့ပေးနေသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။

လက်ရှိတွင် RBF Plus သည် ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပြုလွှာနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို RBF Plus မှ ဆွေးနွေးရှင်းပြပေးမည် ဖြစ်ပါသဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် အနီးတစ်ဝိုက်ရှိ စိတ်ပါ၀င်စားသည့် လျှောက်ထားလိုသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အား အခမ်းအနားကို တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

တက်ရောက်လိုသော လုပ်ငန်းရှင်များအနေဖြင့် ဆက်သွယ်ရန် အီးမေးလ် - info@rbfmyanmar.com (သို့မဟုတ်) ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉ ၂၆၃၇၀၂၃၉၇ ၊ ၀၉ ၇၅၇၇၀၀၆၉၇ ၊
၀၉ ၅၀၃၂၆၈၀ သို့ ' ဩဂုတ်လ ၁၂ ရက်နေ့ ' နောက်ဆုံးထား၍
ရုံးချိန်အတွင်း ဆက်သွယ်ပြီး ကြိုတင် စာရင်းပေးသွင်း နိုင်ပါသည်။

နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၃ ရက် (အင်္ဂါနေ့ )

အချိန် : နံနက် (၉:၃၀) နာရီ မှ နေ့ လည် (၁၂:၀၀) နာရီ အထိ

နေရာ : Hotel Hazel
အမှတ်(၆၈/၁)၊ ၅၃ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
❤1👍1
ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက်များမျှဝေခြင်း

RBF+ သည် မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)၏ ဘက်ပေါင်းစုံ ဖွံဖြိုး‌တိုးတက်ရေးကို အားပေးခြင်းဖြင့် စီးပွား‌ရေးအရ ကြံ့ခိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးအရပံ့ပိုးကူညီမည့်
အစီအစဥ် အသစ်တစ်ခု ဖြစ်ပါသည်။

RBF Plus သည် ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းကို ဩဂုတ်လ ၁၄ရက်နေ့ ၂၀၂၄ခုနှစ်တွင် စတင်ခေါ်ယူရန်ဆောင်ရွက်လျှက်ရှိပါသည်။

ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်း - https://drive.google.com/drive/folders/1P6izBB1r39dWFD70tYS3qGfU4znH4rqf?usp=drive_link

သို့ဖြစ်ပါ၍ ဝင်ရောက်လျှောက်ထားရန် စိတ်ပါဝင်စားသည့် လုပ်ငန်းများ၊ အသင်းအဖွဲ့များ နှင့် လျှောက်လွှာကူညီရေးသားပေးမည့်သူများ (Consultant/ Service Provider) အနေဖြင့် ပထမအကြိမ်မြောက်အဆိုပြုလွှာလျှောက်ထားရန် လင့်ခ်နှင့် လျှောက်လွှာနှင့် ပတ်သက်သောအချက်အလက်များကို နမူနာများနှင့်တကွ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် မျှဝေပေးလိုက်ပါသည်။

📍ပထမအဆင့်လျှောက်လွှာကို ဤနေရာတွင် လျှောက်ထားပါ

https://ee-eu.kobotoolbox.org/x/HKyixfku

(အထူးသတိပေးချက် - ပထမအဆင့်လျှောက်လွှာကို အထက်ဖော်ပြပါ Koboလင့်ခ် တွင်သာ လျှောက်ထားရမည်ဖြစ်ပြီး အောက်တွင် ဖော်ပြထားသော အချက်အလက်ဖိုင်များသည် ပြင်ဆင်ရာတွင် အသုံးပြုရန်အတွက်သာ ဖြစ်ပါသည်။)

လျှောက်လွှာနှင့် ပတ်သက်သော အချက်အလက်များနှင့် ဖြေဆိုနည်း နမူနာဗီဒီယိုများ

▪️RBF Plus အကြောင်းရှင်းလင်းတင်ပြခြင်း

https://drive.google.com/file/d/17yIbuhr75x8bfz9SZizISccNQY6AVNXn/view?usp=drive_link

▪️ပထမအဆင့်လျှောက်လွှာ (ကဏ္ဍ ၁ နှင့် ၂ - ဧရိယာ ၁ မှ ၇ အထိ)

https://drive.google.com/drive/folders/1GBzfZJCIvR9a0_F2mdi4qa6dyKXWYOlU?usp=sharing

▪️နမူနာဖြေဆိုနည်း ဗီဒီယို (ကဏ္ဍ ၁ နှင့် ၂ - ဧရိယာ ၁ မှ ၇ အထိ)

https://drive.google.com/file/d/1OtOb9vjfdZ6SuRTt3K604R4qf_F92i2T/view?usp=drive_link

▪️ပထမအဆင့်လျှောက်လွှာ (ကဏ္ဍ ၃ - ဧရိယာ ၈)

https://drive.google.com/drive/folders/1GMWhqYCQniIDaVTWFdraiWElor4lirq8?usp=drive_link

▪️နမူနာဖြေဆိုနည်း ဗီဒီယို (ကဏ္ဍ ၃- ဧရိယာ ၈)

https://drive.google.com/file/d/10C9nSdZQLuvm_KTaXiof96J9YXbcJ5LC/view?usp=drive_link

▪️ပထမအဆင့်လျှောက်လွှာ (ကဏ္ဍ ၃- ဧရိယာ ၉)

https://drive.google.com/drive/folders/1nHazI0jTo-dN4HRXZM8o_78kl9iI-2gH?usp=drive_link

▪️နမူနာဖြေဆိုနည်း ဗီဒီယို (ကဏ္ဍ ၃- ဧရိယာ ၉)

https://drive.google.com/file/d/1LLqBaZ1KBN-zDfa4y4_PcT3FHplttPRT/view?usp=drive_link

▪️လျှောက်လွှာကူညီရေးသားပေးသူများ (Consultant/ Service Provider) စာရင်း

https://drive.google.com/drive/folders/1lW0VZtKq5WeoQBX4muUHCov7moKF2K6a?usp=sharing

▪️လျှောက်လွှာကူညီရေးသားပေးသူ (Consultant/ Service Provider) နှင့် လျှောက်ထားသောလုပ်ငန်း (သို့မဟုတ်) အသင်းအဖွဲ့ ကြား ချုပ်ဆိုသော စာချုပ်

https://drive.google.com/drive/folders/1_hY-ysx2EAmnKaLYlZEHU1cf49pe_Ujo?usp=drive_link

လျှောက်ထားလိုသော လုပ်ငန်းများနှင့် အသင်းအဖွဲ့များ အနေဖြင့် အချက်အလက်များကို ကြိုတင်လေ့လာခြင်း၊ RBF Plusမှ ကျင်းပသော အချက်အလက်မျှဝေခြင်းအခမ်းအနားများကို တက်ရောက်ခြင်းများကိုစတင်ပြုလုပ်နိုင်ပြီး လျှောက်ထားလိုသည့် စီမံကိန်းနှင့်ပတ်သက်သည်များကို ဆွေးနွေးလိုပါက အောက်ပါဖုန်းနံပါတ်များကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မငြိမ်းစန္ဒာပိုင်။ - ၀၉ ၄၅၆ ၈၇၆ ၆၁၃

ကိုရှိုင်းဝင်းလတ် - ၀၉ ၂၆၃၇၀၂၃၉၇

မမြတ်မြတ်ဖြိုး - ၀၉ ၇၅၇၇၀၀၆၉၇

မအေးငြိမ်းမိုး - ၀၉ ၅၀၃၂၆၈၀
👍1
👍4
RBF Plus pinned «ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက်များမျှဝေခြင်း RBF+ သည် မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ…»
RBF Plusမှ စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန်တန်ဖိုးကွင်းဆက် တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွါးရေး လုပ်ငန်းများအတွက် ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်း

RBF Plus သည် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ရေရှည် တည်တံ့နိုင်စေရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သဘာ၀ပတ်၀န်းကျင် ထိခိုက်မှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးအရ အထောက်အပံ့ပေးနေသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။

ယခုအခါတွင် RBF Plus၏ ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအစီအစဉ်ကို စတင်ပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ RBF Plusသည် “၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့” မှ “၂၀၂၄ခုနှစ် စက်တင်ဘာလ ၄ရက်နေ့” အထိ ပထမအဆင့်လျှောက်လွှာများ (Concept Notes)ကို စတင်ခေါ်ယူသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ပထမအဆင့်လျှောက်လွှာ (Concept Note)ကို ဤနေရာတွင် လျှောက်ထားပါ >>> https://ee-eu.kobotoolbox.org/x/HKyixfku

စိတ်ပါဝင်စားသော လုပ်ငန်းများအနေဖြင့် အောက်ပါ ဧရိယာများတွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

ကဏ္ဍ (၁)

ဧရိယာ ၁ - တောင်သူလယ်သမားများအတွက် ခေတ်မီသွင်းအားစုများနှင့် နည်းပညာများ
(Modern Inputs and Technologies for Farmers)
ဧရိယာ ၂ - လယ်ယာထွက်ကုန်နှင့် သက်ဆိုင်‌သော ခေတ်မီနည်းပညာများအား ဒေသတွင်း ထုတ်လုပ်နိုင်အောင် ပြုလုပ်ခြင်း
(Technology Localization for MSMEs)

ကဏ္ဍ (၂)

ဧရိယာ ၃ - စွမ်းအင်အလေအလွင့် လျှော့ချခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုခြင်း
(Energy Efficiency/ Renewable Energy)
ဧရိယာ ၄ - ရေသုံးစွဲမှု လျှော့ချခြင်း
(Water Efficiency)
ဧရိယာ ၅ - စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေး ပြန်လည်အသုံးချခြင်း
(Waste Treatment & Recycling)
ဧရိယာ ၆ - လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး
(Occupational Safety & Health)
ဧရိယာ ၇ - အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း
(Food Safety & Value-added Production)

ကဏ္ဍ (၃)

ဧရိယာ ၈ - ပြည်တွင်း၊​ ပြည်ပ ကုန်စည်ပြပွဲများတွင် လယ်ယာထွက်ကုန် ထုတ်လုပ်သော MSMEs များ ပါဝင်ပြသခြင်း
(Agrifood MSMEs Participation in Trade Fairs)
ဧရိယာ ၉ - လယ်ယာထွက်ကုန် ထုတ်လုပ်သော MSMEs များအား အတွေ့အကြုံ ဗဟုသုတများ မျှဝေခြင်း (စျေးကွက်လိုအပ်ချက်၊ စံသတ်မှတ်ချက်များနှင့် အညီ)
(Knowledge Sharing for Farmers & Agrifood MSMEs)

လျှောက်လွှာနှင့် ပတ်သက်သော အချက်အလက်များကို ကြည့်ရှုရန် >>>
https://drive.google.com/drive/folders/18gFJ8IEc-Ctl_2F5JqQHxzy4arFNjsK9?usp=sharing

RBF Plus ၏ အဆိုပြုလွှာ ခေါ်ယူခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို မကြာမီတွင် ဖော်ပြပေးသွားမည်ဖြစ်သဖြင့် RBF Plus ဖေ့စ်ဘုတ် စာမျက်နှာနှင့် အခြားသော လူမှုမီဒီယာချန်နယ်များကို စောင့်ကြည့် ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

#RBFPlus #DevelopmentAssistance #EuropeanUnion #SwissAgencyforDevelopmentandCooperation #Denmark #AgrifoodMSMEs
👍4❤2
RBF Plus pinned «RBF Plusမှ စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန်တန်ဖိုးကွင်းဆက် တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွါးရေး လုပ်ငန်းများအတွက် ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်း RBF Plus သည် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းကာ…»
RBF Plus၏ ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအစီအစဉ်တွင် ကဏ္ဍ ၁ နှင့် ၂ အောက် ဧရိယာ ၁ မှ ၇ အတွင်း လျှောက်ထားရန် စိတ်ပါဝင်စားသော စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန်ထုတ်လုပ်သော အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများနှင့် ထိုလုပ်ငန်းများအတွက် လျှောက်လွှာကူညီရေးသားပေးမည့်သူများ (Consultant/ Service Provider)အတွက် ပထမအဆင့်လျှောက်လွှာ (Concept Note)ကို နမူနာဖြေဆိုနည်း ဗီဒီယိုကို မျှဝေပေးလိုက်ပါသည်။ ဤဗီဒီယိုတွင် လျှောက်လွှာရေးသားရာတွင် ပါဝင်ရမည့်အချက်အလက်များ၊ လျှောက်လွှာရေးသားရမည့် နမူနာပုံစံနှင့် Kobo Link မှတဆင့် လျှောက်လွှာတင်သွင်းဖြည့်စွက်နည်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
RBF Plus၏ ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအစီအစဉ်တွင် ကဏ္ဍ ၃ ဧရိယာ ၈ အတွင်း လျှောက်ထားရန် စိတ်ပါဝင်စားသော စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန်ထုတ်လုပ်သော အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများနှင့် ထိုလုပ်ငန်းများအတွက် လျှောက်လွှာကူညီရေးသားပေးမည့်သူများ (Consultant/ Service Provider)အတွက် ပထမအဆင့်လျှောက်လွှာ (Concept Note)ကို နမူနာဖြေဆိုနည်း ဗီဒီယိုကို မျှဝေပေးလိုက်ပါသည်။ ဤဗီဒီယိုတွင် လျှောက်လွှာရေးသားရာတွင် ပါဝင်ရမည့်အချက်အလက်များ၊ လျှောက်လွှာရေးသားရမည့် နမူနာပုံစံနှင့် Kobo Link မှတဆင့် လျှောက်လွှာတင်သွင်းဖြည့်စွက်နည်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)အား ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက်မျှဝေခြင်း အခမ်းအနားဖိတ်ကြားခြင်း (ရန်ကုန်တိုင်းဒေသကြီး)

RBF Plusသည် ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့မှ စတင်၍ ပထမအကြိမ်မြောက် အဆိုပြုလွှာများကို စတင်ခေါ်ယူနေပြီ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပြုလွှာနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို RBF Plus မှ ဆွေးနွေးရှင်းပြပေးမည် ဖြစ်ပါသဖြင့် ရန်ကုန်ဒေသကြီးနှင့် အနီးတစ်ဝိုက်ရှိ စိတ်ပါ၀င်စားသည့် လျှောက်ထားလိုသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အား အခမ်းအနားကို တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။စိတ်ပါဝင်စားသောလုပ်ငန်းရှင်များအနေဖြင့် မိမိနှစ်သက်ရာ နေ့ရက်ကိုရွေးချယ်ပြီး တက်ရောက်နိုင်ပါသည်။


ပထမနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက် (ကြာသပတေးနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

နေရာ : MICT Park (Main Building - Conference Hall)၊ တက္ကသိုလ်များ လှိုင်နယ်မြေဝန်းအတွင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၀ရက် (အင်္ဂါနေ့)

ဒုတိယနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၇ ရက် (အင်္ဂါနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

နေရာ : စကားဝါအစည်းအဝေးခန်းမ၊ ၂လွှာ၊ The Regency Offices၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၃ရက် (သောကြာနေ့)

တတိယနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် (ကြာသပတေးနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

နေရာ : စကားဝါအစည်းအဝေးခန်းမ၊ ၂လွှာ၊ The Regency Offices၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၈ရက် (ဗုဒ္ဓဟူးနေ့)

တက်ရောက်လိုသော လုပ်ငန်းရှင်များအနေဖြင့် ဆက်သွယ်ရန် အီးမေးလ် - info@rbfmyanmar.com (သို့မဟုတ်) ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉ ၂၆၃၇၀၂၃၉၇ ၊ ၀၉ ၇၅၇၇၀၀၆၉၇ ၊
၀၉ ၅၀၃၂၆၈၀ သို့ ဖော်ပြထားသည့်နောက်ဆုံးစာရင်းပေးသွင်းရမည့်ရက်စွဲများအတိုင်း ရုံးချိန်အတွင်း ဆက်သွယ်ပြီး ကြိုတင် စာရင်းပေးသွင်း နိုင်ပါသည်။
👍3