RBF Plus
772 subscribers
189 photos
4 videos
37 links
RBF Plus is a matching fund that aims to assist micro, small, and medium-sized enterprises (MSMEs) throughout the agrifood value chain to become economically resilient, competitive, and environmentally responsible.
Download Telegram
San Htar Rice Mill (A5 – Column Dryer)
3
Than Naing Oo Agricultural Farm (A6 - Combine Harvester)
2
[English below]
RBF+ရုံးအဖွဲ့သည် ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် အောင်မြင်ခဲ့ကြသော ကချင်၊ ကရင် နှင့် မွန်ပြည်နယ်များရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ၏ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကွင်းဆင်းလေ့လာခဲ့ကြပါသည်။
အထူးသဖြင့် ကချင်ပြည်နယ်သည် စိုက်ပျိုးရေးအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာရှိသည့် ဒေသတစ်ခု ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ခေတ်မီ နည်းပညာများနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီရန် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်ပါသည်။ RBF+ အနေဖြင့် ဒေသတွင်း MSME များ၏ နည်းပညာအသုံးချမှု၊ ထုတ်လုပ်နိုင်စွမ်းနှင့် စျေးကွက်ချိတ်ဆက်မှုများ ပိုမိုတိုးတက်လာစေရန် ပံ့ပိုးကူညီလျက်ရှိပြီး၊ ဝေးလံသည့်ဒေသများအပါအဝင် တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးရှိ စီးပွားရေးလုပ်ငန်းများ သာတူညီမျှ ဖွံ့ဖြိုးတိုးတက်လာစေရန် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။
ထိုခရီးစဉ်များအတွင်း
• လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် လက်တွန်းထွန်စက် (Power Tiller)၊ ပဲခြွေလှေ့စက် (Bean Thresher)၊ ရိတ်သိမ်းခြွေလှေ့စက် (Combine Harvester) များ နှင့် ဆိုလာရေတင်စနစ် (Solar Pumping System) များ တပ်ဆင်အသုံးပြုမှု၊
• အဆင့်မြင့်ဆန်စက်အဖြစ် အဆင့်မြှင့်တင်ထားမှု၊
• စွမ်းအင်အလေအလွင့် လျှော့ချနိုင်ပြီး ထုတ်လုပ်မှုပမာဏ တိုးတက်စေနိုင်သည့် ဆီစက်လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုနှင့် တိုးတက်ပြောင်းလဲလာမှု အခြေအနေများကို သွားရောက်လေ့လာခဲ့ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာအဆင့်မြှင့်တင်မှုများသည် MSME များ၏ ထုတ်လုပ်နိုင်စွမ်း၊ ထုတ်ကုန်အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက်ရှိပြီး တန်ဖိုးကွင်းဆက်တစ်လျှောက် ပိုမိုထိရောက်သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိပါသည်။
ခရီးစဉ်အတွင်း မှတ်တမ်းတင်ရရှိခဲ့သော အမှတ်တရပုံရိပ် အချို့ကိုလည်း လုပ်ငန်းရှင်များနှင့်အတူ မျှဝေပေးလိုက်ပါသည်။
The RBF+ team conducted site visits to projects implemented by micro, small and medium enterprises (MSMEs) across Kachin, Kayin and Mon states that were successful from the First Call for Proposals, covering agriculture, livestock, fisheries, and the broader agrifood value chain.
Especially, Kachin State has strong potential for the development of agriculture-based businesses. However, challenges in transportation and connectivity continue to affect access to advanced technologies and support services. Through RBF+, support is being provided to help local MSMEs improve technology adoption, productivity, and market linkages, while placing particular emphasis on ensuring that businesses across the value chain, including those in remote areas, have equal opportunities to grow and thrive.
During the visits, the team observed the operational status and progress of various projects, including
• The use of Power Tillers, Bean Thresher, Combine Harvesters and Solar-powered Water Pumping Systems for agricultural farms;
• The Upgrading of rice mills into more advanced processing facilities; and
• Energy efficiency improvement projects at edible oil mill, aimed at reducing energy losses and improving operational performance.
These investments and technology upgrades help MSMEs enhance productivity, improve product quality, and strengthen their competitiveness, while contributing to more efficient development across agricultural value chains.
We are pleased to share some highlights and key moments documented during our visits on the ground.
#RBFPlus #AgrifoodMyanmar #MSMEs #Agriculture #Livestock #Fisheries #Aquaculture #PrivateSectorDevelopment
2
U Thein Shwe & U Maung Htwe Agricultural Farm (A3 - Solar Powered Pumping System) – Kachin State
2
U Thein Shwe & U Maung Htwe Agricultural Farm (A3 - Solar Powered Pumping System) – Kachin State
3
LGY Company Limited (A6 - Combine Harvester and Agricultural Implements) – Kachin State
3
U Tint Naing Rice Mill (A7 - Rice Milling Equipment) – Kachin State
4
U Tint Naing Rice Mill (A7 - Rice Milling Equipment) – Kachin State
4
Daw Khin Win Aye & U Aung San Myint Agricultural Farm (A4 - Solar Pump & Sprinkler Irrigation) – Kayin State
3
Daw Khin Win Aye & U Aung San Myint Agricultural Farm (A4 - Solar Pump & Sprinkler Irrigation) – Kayin State
3
Daw Khin Win Aye & U Aung San Myint Agricultural Farm (A4 - Solar Pump & Sprinkler Irrigation) – Kayin State
3
U Maung Oo Par Mway Agricultural Farm and Oil Mill (A3 - Oil Millling Equipments) – Kayin State
4
Daw Nan Sandar Soe & Daw Aye Nyo Agricutlrual Farm (A6 - Power Tiller and accessories) – Kayin State
3
Daw Ma Twal Agricultural Farm (Group) (A6 - Power Tiller and accessories) – Kayin State
3
Daw Nan Tike Ki Agricultural Farm (A6 - Combine Harvester) – Kayin State
3
U Saw Tar Muu Tu @ U Aung Tin Thein Agricultural Farm (A6 - Combine Harvester) – Kayin State
4
U Min Ko Ko Oo & U Aung Pan Nyo Agricultural Farms (A6 – Bean Thresher) – Kayin State
4
RBF+ အဖွဲ့သားများ ၊ Supplier Company မှ ဝန်ထမ်းများ၊ ကရင်ပြည်နယ်မှ MSME များနှင့် အမှတ်တရ Group Photo
5
U Htun Htun Naing Pig Farm (A3 - Solar Photovoltaic) – Mon State
5
U Htun Htun Naing Pig Farm (A3 - Solar Photovoltaic) – Mon State
5
[English below]
RBF Plus ၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအတွက် လျှောက်လွှာပြင်ဆင်
ကူညီရေးသားပေးသူများ ခေါ်ယူခြင်:
 
RBF Plus သည် မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင်ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ၏ ဘက်ပေါင်းစုံ ဖွံ့ဖြိုး‌တိုးတက်ရေးကို အားပေးပြီး စီးပွား‌ရေးအရ ကြံ့ခိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးအရပံ့ပိုးကူညီပေးသည့် အစီအစဥ်တစ်ခု ဖြစ်ပါသည်။
ယခုအခါတွင် RBF Plus သည် တတိယအကြိမ်မြောက်ခေါ်ယူမည့် အဆိုပြုလွှာခေါ်ယူခြင်းအတွက် အလွတ်တန်းလျှောက်လွှာ ကူညီရေးသားပေးသူ (Freelance Service Provider) များကို ခေါ်ယူနေပြီ ဖြစ်ပါသည်။
လျှောက်လွှာကူညီရေးသားပေးသူ (Service Provider) ဆိုသည်မှာ မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Agrifood MSMEs) ၏ အကျိုးကို လိုလားပြီး၊
🔹လျှောက်ထားလိုသည့် တောင်သူ/စီးပွားရေးလုပ်ငန်း/အသင်းအဖွဲ့များ၏ လက်ရှိကြုံတွေ့ နေရသည့် အခက်အခဲများ၊ ဖြေရှင်းနိုင်ခြေများကို   သေချာစွာ ဆွေးနွေးတိုင်ပင်ခြင်း၊
🔹RBF Plus ရှိ ဧရိယာ (၉) ခု အနက်မှ ကိုက်ညီသော စီမံကိန်းအိုင်ဒီယာကို အတူတကွ စဉ်းစား ဖော်ထုတ်ခြင်း၊
🔹 RBF Plus ၏ စည်းမျဉ်း၊ လိုအပ်ချက်များနှင့်အညီ လိုအပ်သော အထောက်အထား စာရွက်စာတမ်းများကို ကူညီစုဆောင်း၍ အဆိုပြုလွှာရေးသားတင်သွင်းပေးခြင်း၊
🔹 ထောက်ပံ့ငွေပေးအပ်ရန် ရွေးချယ်ခြင်းခံရသော တောင်သူ/လုပ်ငန်း/အသင်းအဖွဲ့နှင့် RBF Plus တို့အကြား စာချုပ်မချုပ်ဆိုမီ တွေ့ဆုံရသော M&E Meeting အတွက် စီမံကိန်းမစတင်မီ လုပ်ငန်း အချက်အလက်များအား ကူညီတွက်ချက်ပေးခြင်း စသည့် တာဝန်များကို ဆောင်ရွက်ပေးရသူ ဖြစ်ပါသည်။
ထို့ကြောင့် သင့်အနေဖြင့် အထက်ပါ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ပြီး RBF Plus တွင် အလွတ်တန်း လျှောက်လွှာကူညီရေးသားပေးသူ (Freelance Service Provider) တစ်ဦးအနေဖြင့် အလုပ်လုပ်ကိုင်ရန် စိတ်ပါဝင်စားပါက အောက်ဖော်ပြပါ Kobo လင့်ခ်မှတစ်ဆင့် ဝင်ရောက်စာရင်းပေးသွင်းကာ မိမိ၏ CV/Resume တို့ကို ပူးတွဲတင်ပြပြီး လျှောက်ထားနိုင်ပါသည်။
 
🔹 စာရင်းသွင်းရန်လင့်ခ် - https://ee-eu.kobotoolbox.org/x/mh5YbHg2
🔹 နောက်ဆုံးထား စာရင်းသွင်းရမည့်ရက် - (၈-ဇူလိုင်-၂၀၂၆) (ညနေ ၄ နာရီ)
 
Call for Freelance Service Providers - RBF Plus
The Responsible Business Fund Plus (RBF Plus) is a development assistance program that aims to promote the inclusive growth of agrifood Micro, Small, and Medium-sized Enterprises (MSMEs) within local agricultural value chains, enhancing their economic resilience and environmental sustainability.
RBF Plus is pleased to invite freelance service providers to support prospective applicants in developing and submitting project proposals under Third Call for Proposals.
Service providers are expected to work in the interest of agrifood MSMEs and carry out the following responsibilities:
🔹 Conduct in-depth consultations with interested farmers, businesses, or associations to understand their current challenges and explore feasible solutions;
🔹 Co-develop relevant project ideas that align with one or more of RBF Plus’s nine areas of support;
🔹 Assist in gathering and reviewing the necessary supporting documents, and draft high-quality proposals in accordance with RBF Plus guidelines;
🔹 Support the calculation and documentation of baseline business information required for the Monitoring and Evaluation (M&E) meeting between selected applicants and RBF Plus prior to grant agreement signing.
How to register;
Qualified individuals who are interested in working as freelance service providers under the RBF Plus program are invited to apply by completing the registration form at the link below.
Applicants are required to submit their CV/resumé as part of the application.
 
🔹 Registration Link: https://ee-eu.kobotoolbox.org/x/mh5YbHg2
🔹 Registration Deadline: 8-July-2026 (4:00 PM)
 
For further information on RBF Plus and the areas of support, please visit:
Website - https://rbfmyanmar.com/
Facebook - https://www.facebook.com/rbfmyanmar
Linked In - https://www.linkedin.com/company/
responsible-business-fund-plus-rbfplus/
Telegram- https://t.me/rbfplus
Viber - https://shorturl.at/XDv2S
Youtube - https://www.youtube.com/@rbfplus
6🐳1