RBF Plus
772 subscribers
189 photos
4 videos
37 links
RBF Plus is a matching fund that aims to assist micro, small, and medium-sized enterprises (MSMEs) throughout the agrifood value chain to become economically resilient, competitive, and environmentally responsible.
Download Telegram
3
2
[English Below]

ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သော Responsible Business Fund Plus (RBF+) ၏ ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားမှ မှတ်တမ်းဗီဒီယိုကို ဝေမျှပေးလိုက်ပါသည်။

ထိုအခမ်းအနားတွင် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအတွက် ရွေးချယ်ခံရသည့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ တောင်သူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း (၄၆၈) ခုအား ဂုဏ်ပြုပေးနိုင်ခဲ့ပါသည်။

ရွေးချယ်ခံရသော တောင်သူများနှင့် လုပ်ငန်းရှင်များအားလုံးကို ဂုဏ်ယူပါကြောင်းနှင့် ရှေ့ဆက်မည့် ခရီးစဉ်တစ်လျှောက် အောင်မြင်မှုများရရှိရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။



We are pleased to share the highlight video from the Grant Winning Event for the 2nd Call for Proposals of the Responsible Business Fund Plus (RBF+), successfully held on 5 February 2026.

The event celebrated 468 selected projects supporting farmers and Micro, Small and Medium Enterprises (MSMEs) involved in agriculture, livestock, fisheries, and their related value chains across Myanmar.

Congratulations to all the selected farmers and MSMEs, and we wish you continued success on the journey ahead.

#RBFPlus #TheDelegationoftheEuropeanUnion #SwissAgencyforDevelopmentandCooperation #EmbassyofDenmark #HelvetasMyanmar
1
[English below]
RBF+ ရုံးအဖွဲ့သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုများတွင် ပါဝင်ကြ သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက် တစ်လျှောက်လုံးရှိ တောင်သူများ၊ လုပ်ငန်းရှင် (MSMEs) များထံသို့ -
• လုပ်ငန်းခွင်ကြိုတင်စစ်ဆေးခြင်း (Pre-site Visit)၊
• စက်ပစ္စည်းစစ်ဆေးခြင်း (Equipment Check Visit)၊
• ထောက်ပံ့ငွေမပေးအပ်မီ လုပ်ငန်းခွင်စစ်ဆေးခြင်း (Pre-disbursement Site Visit) နှင့်
• ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း (Grant Agreement Contracting Meeting) များကို (၂၀၂၆) ခုနှစ်၊ မတ်လ (၅) ရက်နေ့မှ (၈) ရက်နေ့အထိ မကွေးမြို့၊ မင်းဘူးမြို့ နှင့် ပွင့်ဖြူမြို့များတွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။
ခရီးစဉ်အတွင်း မကွေးတိုင်းဒေသကြီးရှိ စပါးစိုက်တောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊ လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း၊ သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်း၊ တိုင်းရင်းဆေး ထုတ်လုပ်ရေးလုပ်ငန်း၊ ပဲကြော်နှင့် အာလူးကြော် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းများသို့ သွားရောက်လေ့လာ စစ်ဆေးခဲ့ပြီး လုပ်ငန်းများ၏ လက်ရှိအခြေ အနေများ၊ လိုအပ်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် အောင်မြင်ခဲ့ကြသည့် မကွေးတိုင်း ဒေသကြီးရှိ တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်များ ကိုလည်း အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ နည်းပညာမြှင့်တင်ရေးနှင့် လုပ်ငန်း တိုးချဲ့ရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အရေးပါသော ခြေလှမ်း တစ်ရပ် ဖြစ်ခဲ့ပါသည်။
အဆိုပါခရီးစဉ်အတွင်း မှတ်တမ်းတင်ခဲ့သော လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှု အခြေအနေများ နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းစာချုပ် ချုပ်ဆိုနေသည့် အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက် ပါသည်။
[English]
The RBF+ team successfully conducted Pre-site Visits, Equipment Check Visits, Pre-disbursement Visits, and Grant Agreement Meetings with farmers and MSMEs participating in the first and second Calls for Proposals across the agriculture, livestock, fisheries, and broader agrifood value chain sectors in Magway, Minbu, and Pwintbyu townships from 5 to 8 March 2026.
During the visit, the team met with paddy farmers, rice millers, agricultural machinery manufacturers, organic fertilizer production business, traditional medicine producers, snack food processors producing fried beans and potato chips, and coffee growers and processors across Magway Region. Discussions focused on the current status of their businesses, key challenges, and plans for future growth and expansion.
In addition, Grant Agreements were successfully signed with selected farmers and MSMEs from Magway Region under the second Call for Proposal. These agreements mark an important milestone in supporting technology upgrading and business expansion initiatives, enabling beneficiaries to enhance productivity, improve product quality, and strengthen their competitiveness.
We are pleased to share highlights from the visit, including snapshots of business operations and moments from the Grant Agreement signing event.
#RBFPlus #AgrifoodMyanmar #MSMEs #Agriculture #Livestock #Fisheries #Aquaculture #PrivateSectorDevelopment
4
RBF+ နှင့် MSME လုပ်ငန်းရှင်များ၊ တောင်သူများ မကွေးမြို့တွင် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း
5
RBF+ နှင့် MSME လုပ်ငန်းရှင်များ၊ တောင်သူများ မကွေးမြို့တွင် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း
3
RBF+ နှင့် MSME လုပ်ငန်းရှင်များ၊ တောင်သူများ မကွေးမြို့တွင် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း
2
Taung Thu Gon Yee Co.,Ltd (A5 – Processing Equipment for Fertilizer)
3
Taung Thu Gon Yee Co.,Ltd (A5 – Processing Equipment for Fertilizer)
3
Taung Thu Gon Yee Co.,Ltd (A5 – Processing Equipment for Fertilizer)
3
Kyaw Zaw Fried Bean (A3 – Solar Photovoltaic)
4
Kyaw Zaw Fried Bean (A3 – Solar Photovoltaic)
4
Kyaw Zaw Fried Bean (A3 – Solar Photovoltaic)
5
Nay Chi Snack Production Business (A3 – Solar Photovoltaic)
5
Nay Chi Snack Production Business (A3 – Solar Photovoltaic)
5
U Tun Lwin Soe Agricultural Farm (A6 – Combine Harvester)
5
Larr Zort Coffee Co.,Ltd (A7 – Coffee Processing Equipment)
5
Larr Zort Coffee Co.,Ltd (A7 – Coffee Processing Equipment)
6
[English below]
RBF+ရုံးအဖွဲ့သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုများတွင် အောင်မြင်ခဲ့ကြသော ပဲခူးတိုင်းဒေသကြီးရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများကို ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။‌
ထိုခရီးစဉ်များအတွင်း ခေတ်မီစက်ကိရိယာများဖြင့် သွင်းကုန်အစားထိုး လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ -
• နေရောင်ခြည်စွမ်းအင်သုံးစနစ်များ (Solar PV Systems)၊
• ဆိုလာရေတင်စနစ်များ (Solar Water Pumping Systems)၊
• အစက်ချရေသွင်းစနစ်များ (Drip Irrigation System)၊
• စွန့်ပစ်ပစ္စည်း (စပါးခွံ) များကို အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်သော စီမံကိန်းများဖြစ်သည့် Gasification Systems နှင့် အခြောက်ခံစက် (Column Dryer) များ၊
• ရိတ်သိမ်းခြွေလှေ့စက် (Combine Harvester) များနှင့်
• အဆင့်မြင့်ဆန်စက်များအဖြစ် တိုးချဲ့ဆောင်ရွက်ထားသော စီမံကိန်းများ၏ လုပ်ငန်း လည်ပတ်မှုနှင့် တိုးတက်ပြောင်းလဲလာမှု အခြေအနေများကို အနီးကပ်လေ့လာခဲ့ပါသည်။
ကွင်းဆင်းလေ့လာမှုများတွင် တွေ့ရှိခဲ့သော စက်ပစ္စည်းများနှင့် နည်းပညာ အဆင့်မြှင့်တင်မှုများ သည် သာမန် ရင်းနှီးမြှုပ်နှံမှုတစ်ခုသာမက ပိုမိုထိရောက်သော ကုန်ထုတ်လုပ်မှု၊ စီးပွားရေးအရ ပိုမိုယှဉ်ပြိုင်နိုင်စွမ်း၊ ပိုမိုရေရှည်တည်တံ့သော စိုက်ပျိုး၊မွေးမြူရေး တန်ဖိုးကွင်းဆက်တစ်ခုဆီသို့ ဦးတည်နေသော အရွေ့တစ်ခု ဖြစ်ပါသည်။
RBF+ အနေဖြင့် တောင်သူများနှင့် MSME လုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရေး၊ နည်းပညာအသုံးပြုမှုကို အားပေးမြှင့်တင်ရေးနှင့် တန်ဖိုးကွင်းဆက် တစ်လျှောက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ထွန်းလာစေရေးအတွက် ဆက်လက်ပံ့ပိုး ဆောင်ရွက်သွား မည် ဖြစ်ပါသည်။
ခရီးစဉ်အတွင်း မှတ်တမ်းတင်ရရှိခဲ့သော အမှတ်တရပုံရိပ်အချို့ကိုလည်း မျှဝေပေးလိုက်ပါသည်။
The RBF+ team conducted site visits to projects implemented by micro, small and medium enterprises (MSMEs) across Bago Region that were successful from the First and Second Calls for Proposals, covering agriculture, livestock, fisheries, and the broader agrifood value chain.
During the visits, the team closely observed the operational status and progress of various technology-driven projects, including
• Hydraulic Iron Worker and Milling Machine for Import Substitution,
• Solar PV systems,
• Solar Pumping systems,
• Drip Irrigation System,
• Gasifiers and Column Dryers that convert agricultural waste, particularly rice husk, into valuable and reusable by-products,
• Combine harvesters, and
• the Upgrading of rice mills into more advanced processing facilities.
The machinery and technology advancement observed during the field visits represent far more than a mere investment. They signify a strategic shift toward more efficient production, greater economic competitiveness, and a more sustainable agri-food value chain.
RBF+ remains committed to supporting farmers and MSMEs in strengthening their capacities and competitiveness, while promoting sustainable growth and development across the entire value chain.
We are pleased to share some highlights and key moments documented during our visits on the ground.
#RBFPlus #AgrifoodMyanmar #MSMEs #Agriculture #Livestock #Fisheries #Aquaculture #PrivateSectorDevelopment
3