RBF Plus
770 subscribers
189 photos
4 videos
37 links
RBF Plus is a matching fund that aims to assist micro, small, and medium-sized enterprises (MSMEs) throughout the agrifood value chain to become economically resilient, competitive, and environmentally responsible.
Download Telegram
👏3
RBF+ ၏ ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် အောင်မြင်ခဲ့ကြသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူများအနေဖြင့်

• ဆက်လက်တွေ့ဆုံရမည့် မီတင်များ

• RBF+ နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ် (Grant Recipient Agreement – GRA) ချုပ်ဆိုရာတွင် ကြိုတင်ပြင်ဆင်ထားရမည့် အထောက်အထား စာရွက်စာတမ်းများ နှင့် မဖြစ်မနေပါဝင်ရမည့် အချက်အလက်များအား ဗီဒီယိုတွင် အသေးစိတ်ရှင်းလင်းပြောပြထားပါသည်။

📌 ဗီဒီယိုအား လင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုရန် - https://youtu.be/Ta_wu0r8ixk?si=vVSwlUYIZ_-wSsJh

#RBFPlus #EuropeanUnion #SwissAgencyforDevelopmentandCooperation #EmbassyofDenmark
7
[English Below]

Responsible Business Fund Plus (RBF+) ၏ ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၆ ခုနှစ် တွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel တွင် ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် စီမံကိန်းပေါင်း ၈၂၇ ခုအတွက် အဆိုပြုလွှာများကို လက်ခံရရှိခဲ့ပြီး စိစစ်ရွေးချယ်မှု လုပ်ငန်းစဉ်များအပြီးတွင် RBF+ မှ စီမံကိန်းပေါင်း ၄၆၈ ခုကို ရွေးချယ်ခဲ့ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ RBF+ သည် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ တောင်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးကြံ့ခိုင်နိုင်စွမ်းကို မြှင့်တင်ရင်း ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ထိုရည်ရွယ်ချက်အား အကောင်အထည်ဖော်ရာတွင် ပါဝင်အားဖြည့်ပေးလျက်ရှိကြသော တောင်သူများ၊ လုပ်ငန်းရှင်များနှင့် လျှောက်လွှာရေးသားကူညီပေးသူများအား အထူးကျေးဇူးတင်ရှိပါသည်။

အခမ်းအနားတွင် RBF+ ၏ အလှူရှင်နိုင်ငံများဖြစ်သည့် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန် နှင့် ဒိန်းမတ်နိုင်ငံများမှ သံရုံးအကြီးအကဲများက ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် အောင်မြင်ခဲ့ကြသော တောင်သူများနှင့် လုပ်ငန်းရှင်များအား ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ပါသည်။

ထို့အပြင် ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူမှုမှ အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းများ၏ ထုတ်ကုန်များကို ခင်းကျင်းပြသခြင်း နှင့် RBF+ ရုံးအဖွဲ့သားများမှ ဒုတိယအကြိမ်မြောက် အဆိုပြုလွှာအောင်မြင်သူများအတွက် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း များကိုလည်း ပြုလုပ်ခဲ့ပါသည်။

ထိုအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ တက်ရောက်ပေးခဲ့ကြသော သံရုံးအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ထုတ်ကုန်ပြသသူလုပ်ငန်းရှင်များ၊ တောင်သူများနှင့် လျှောက်လွှာရေးသားကူညီပေးသူများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

The Grant Winning Event for the 2nd Call for Proposals of the Responsible Business Fund Plus (RBF+) was successfully held on 5 February 2026 at the Wyndham Grand Yangon Hotel in Yangon.

During the second call for proposals, a total of 827 project applications were received, of which 468 projects were successfully selected, and we are pleased to share this achievement. RBF+ works to strengthen the economic resilience and promote inclusive growth of farmers and Micro, Small and Medium sized Enterprises (MSMEs) involved in agriculture, livestock, fisheries, and their related value chains across Myanmar. We sincerely thank all the farmers, MSMEs, and Service Providers who contributed to bringing these proposals to life.

At the event, Heads of Cooperation of the European Union and Swiss Agency for Development and Cooperation (SDC), and Head of Mission of Denmark in Myanmar, delivered congratulatory remarks to the farmers and MSMEs selected in the second Call for Proposals.

In addition, products from projects successfully implemented under the first Call for Proposals were showcased, and the RBF+ team provided guidance on the next steps for the second call successful applicants.

We extend our special thanks to the distinguished guests, officials from partner organizations, farmers, MSMEs, and Service Providers from across the country who attended and contributed to making the event a success.

#RBFPlus #TheDelegationoftheEuropeanUnion #SwissAgencyforDevelopmentandCooperation #EmbassyofDenmark #HelvetasMyanmar
5
2
3
2
[English Below]

ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သော Responsible Business Fund Plus (RBF+) ၏ ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားမှ မှတ်တမ်းဗီဒီယိုကို ဝေမျှပေးလိုက်ပါသည်။

ထိုအခမ်းအနားတွင် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအတွက် ရွေးချယ်ခံရသည့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ တောင်သူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း (၄၆၈) ခုအား ဂုဏ်ပြုပေးနိုင်ခဲ့ပါသည်။

ရွေးချယ်ခံရသော တောင်သူများနှင့် လုပ်ငန်းရှင်များအားလုံးကို ဂုဏ်ယူပါကြောင်းနှင့် ရှေ့ဆက်မည့် ခရီးစဉ်တစ်လျှောက် အောင်မြင်မှုများရရှိရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။



We are pleased to share the highlight video from the Grant Winning Event for the 2nd Call for Proposals of the Responsible Business Fund Plus (RBF+), successfully held on 5 February 2026.

The event celebrated 468 selected projects supporting farmers and Micro, Small and Medium Enterprises (MSMEs) involved in agriculture, livestock, fisheries, and their related value chains across Myanmar.

Congratulations to all the selected farmers and MSMEs, and we wish you continued success on the journey ahead.

#RBFPlus #TheDelegationoftheEuropeanUnion #SwissAgencyforDevelopmentandCooperation #EmbassyofDenmark #HelvetasMyanmar
1
[English below]
RBF+ ရုံးအဖွဲ့သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုများတွင် ပါဝင်ကြ သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက် တစ်လျှောက်လုံးရှိ တောင်သူများ၊ လုပ်ငန်းရှင် (MSMEs) များထံသို့ -
• လုပ်ငန်းခွင်ကြိုတင်စစ်ဆေးခြင်း (Pre-site Visit)၊
• စက်ပစ္စည်းစစ်ဆေးခြင်း (Equipment Check Visit)၊
• ထောက်ပံ့ငွေမပေးအပ်မီ လုပ်ငန်းခွင်စစ်ဆေးခြင်း (Pre-disbursement Site Visit) နှင့်
• ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း (Grant Agreement Contracting Meeting) များကို (၂၀၂၆) ခုနှစ်၊ မတ်လ (၅) ရက်နေ့မှ (၈) ရက်နေ့အထိ မကွေးမြို့၊ မင်းဘူးမြို့ နှင့် ပွင့်ဖြူမြို့များတွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။
ခရီးစဉ်အတွင်း မကွေးတိုင်းဒေသကြီးရှိ စပါးစိုက်တောင်သူများ၊ ဆန်စက်လုပ်ငန်းများ၊ လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း၊ သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်း၊ တိုင်းရင်းဆေး ထုတ်လုပ်ရေးလုပ်ငန်း၊ ပဲကြော်နှင့် အာလူးကြော် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းများသို့ သွားရောက်လေ့လာ စစ်ဆေးခဲ့ပြီး လုပ်ငန်းများ၏ လက်ရှိအခြေ အနေများ၊ လိုအပ်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် အောင်မြင်ခဲ့ကြသည့် မကွေးတိုင်း ဒေသကြီးရှိ တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်များ ကိုလည်း အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ နည်းပညာမြှင့်တင်ရေးနှင့် လုပ်ငန်း တိုးချဲ့ရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အရေးပါသော ခြေလှမ်း တစ်ရပ် ဖြစ်ခဲ့ပါသည်။
အဆိုပါခရီးစဉ်အတွင်း မှတ်တမ်းတင်ခဲ့သော လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှု အခြေအနေများ နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းစာချုပ် ချုပ်ဆိုနေသည့် အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက် ပါသည်။
[English]
The RBF+ team successfully conducted Pre-site Visits, Equipment Check Visits, Pre-disbursement Visits, and Grant Agreement Meetings with farmers and MSMEs participating in the first and second Calls for Proposals across the agriculture, livestock, fisheries, and broader agrifood value chain sectors in Magway, Minbu, and Pwintbyu townships from 5 to 8 March 2026.
During the visit, the team met with paddy farmers, rice millers, agricultural machinery manufacturers, organic fertilizer production business, traditional medicine producers, snack food processors producing fried beans and potato chips, and coffee growers and processors across Magway Region. Discussions focused on the current status of their businesses, key challenges, and plans for future growth and expansion.
In addition, Grant Agreements were successfully signed with selected farmers and MSMEs from Magway Region under the second Call for Proposal. These agreements mark an important milestone in supporting technology upgrading and business expansion initiatives, enabling beneficiaries to enhance productivity, improve product quality, and strengthen their competitiveness.
We are pleased to share highlights from the visit, including snapshots of business operations and moments from the Grant Agreement signing event.
#RBFPlus #AgrifoodMyanmar #MSMEs #Agriculture #Livestock #Fisheries #Aquaculture #PrivateSectorDevelopment
4
RBF+ နှင့် MSME လုပ်ငန်းရှင်များ၊ တောင်သူများ မကွေးမြို့တွင် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း
5
RBF+ နှင့် MSME လုပ်ငန်းရှင်များ၊ တောင်သူများ မကွေးမြို့တွင် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း
3
RBF+ နှင့် MSME လုပ်ငန်းရှင်များ၊ တောင်သူများ မကွေးမြို့တွင် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း
2