[English below]
ယခင်လတွင် RBF+ ရုံးအဖွဲ့သည် ဒုတိယအဆင့်လျှောက်လွှာများ (ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှု) တင်သွင်းထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သော တောင်သူနှင့် လုပ်ငန်းရှင်အချို့ (MSMEs) ထံသို့ လက်ရှိလုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ သွားရောက်လေ့လာခဲ့ပါသည်။
ဤခရီးစဉ်တစ်လျှောက်တွင် ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် နေပြည်တော်ရှိ မှိုစိုက်တောင်သူများ၊ အာလူးစိုက်တောင်သူများ၊ ပြောင်းထုတ်ကုန်ထုတ်လုပ်သူများ၊ပုစွန်လုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များ၊ လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ၏ ကြံ့ကြံ့ခံရင်ဆိုင်နေရသည့် အခက်အခဲများ နှင့် RBF+ ၌ လျှောက်ထားသော စီမံကိန်းမှ ယူဆောင်လာနိုင်သည့် မျှော်မှန်းရလဒ်များကိုလည်း လေ့လာဆွေးနွေးခွင့်ရခဲ့ပါသည်။ သို့ဖြစ်ပါ၍ RBF+ ရုံးအဖွဲ့အနေဖြင့် ခရီးစဉ်အား အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပူးပေါင်းပါဝင်ပေးခဲ့ကြသော တောင်သူများနှင့် လုပ်ငန်းရှင်များအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
အဆိုပါ သွားရောက်လေ့လာမှုများတွင် မှတ်တမ်းတင်ရရှိခဲ့သော ဓာတ်ပုံများကိုလည်း မျှဝေပေးလိုက်ပါသည်။
Last month, the RBF+ Secretariat carried out pre-site visits to learn about the businesses of some farmers and MSMEs engaged in agriculture, livestock, fisheries, and the agrifood value chain who had submitted full proposals under the second call for proposals.
Across Shan State, Ayeyarwady Region, Bago Region, and Nay Pyi Taw, the Secretariat met with mushroom growers, potato farmers, maize product processors, shrimp producers, rice millers, agri-food processors, and agricultural machinery manufacturers. The visits provided an opportunity to understand the challenges they face and to assess the potential impact of their proposed RBF+ projects. We sincerely thank all participants for their cooperation.
We are pleased to share photos from these field visits.
#RBFPlus #EuropeanUnion #SwissAgencyforDevelopmentandCooperation #EmbassyofDenmark

❤2
RBF Plus ၏ ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူရာတွင် ဒုတိယအဆင့်လျှောက်လွှာများကို လျှောက်ထားခဲ့ကြသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Agrifood MSMEs) အား ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ အတည်ပြုခြင်း ကော်မတီ (GAC) ၏ ဆုံးဖြတ်ချက်ပါ အကြောင်းပြန်စာများကို အီးမေးလ်မှတဆင့် ပေးပို့အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ အီးမေးလ်များကို ပြန်လည်ကြည့်ရှု စစ်ဆေးရန် အသိပေးအပ်ပါသည်။
RBF+ မှ ဒုတိယအကြိမ်မြောက် ရွေးချယ်ခြင်းခံရသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သော တောင်သူများ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များအား အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါသည်။ ရွေးချယ်ခြင်းမခံရသော လုပ်ငန်းများအနေဖြင့်လည်း စိတ်ပါဝင်စားစွာ ပြင်ဆင်လျှောက်ထားပေးခြင်းအတွက် RBF+ မှ ကျေးဇူးအထူးတင်ရှိပါသည်။
ဆက်လက်၍ ရွေးချယ်ခြင်းခံရသော လုပ်ငန်းရှင်များအနေဖြင့်
• ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ အတည်ပြုခြင်းကော်မတီ (GAC) ၏ အကြောင်းပြန်စာပါ အချက်များကို လိုက်နာဆောင်ရွက်ခြင်း၊
• ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ် (GRA) မူကြမ်းအား ကြိုတင်ဖတ်ရှုထားခြင်းနှင့်
• RBF+ ရုံးအဖွဲ့မှ ကွင်းဆင်းလေ့လာမှုများတွင် ပူးပေါင်းပါဝင်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထို့နောက်တွင် RBF+ နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ် ချုပ်ဆိုခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ခြင်းတို့နှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားမည့် အခမ်းအနားကို ဖေဖော်ဝါရီလ (၅) ရက်၊ (၂၀၂၆) ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး လုပ်ငန်းရှင်ကိုယ်တိုင် မဖြစ်မနေ တက်ရောက်ရမည် ဖြစ်ကြောင်းကို ကြိုတင်အသိပေးအပ်ပါသည်။ အခမ်းအနားနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ဖိတ်ကြားစာနှင့်တကွ ပြန်လည်အကြောင်းကြားသွားမည် ဖြစ်ပါသည်။
RBF+ ၏ သတင်းအချက်အလက်များကို အောက်ဖော်ပြပါ ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
• Website - https://rbfmyanmar.com/
• Facebook - https://www.facebook.com/rbfmyanmar
• LinkedIn - https://www.linkedin.com/company/responsible-business-fund-plus-rbfplus/
• Telegram - https://t.me/rbfplus
• Viber - https://shorturl.at/XDv2S
• YouTube - https://www.youtube.com/@rbfplus

Facebook
Log in or sign up to view
See posts, photos and more on Facebook.
❤4
RBF+ ၏ ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် အောင်မြင်ခဲ့ကြသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူများအနေဖြင့်
• ဆက်လက်တွေ့ဆုံရမည့် မီတင်များ
• RBF+ နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ် (Grant Recipient Agreement – GRA) ချုပ်ဆိုရာတွင် ကြိုတင်ပြင်ဆင်ထားရမည့် အထောက်အထား စာရွက်စာတမ်းများ နှင့် မဖြစ်မနေပါဝင်ရမည့် အချက်အလက်များအား ဗီဒီယိုတွင် အသေးစိတ်ရှင်းလင်းပြောပြထားပါသည်။
📌 ဗီဒီယိုအား လင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုရန် - https://youtu.be/Ta_wu0r8ixk?si=vVSwlUYIZ_-wSsJh
#RBFPlus #EuropeanUnion #SwissAgencyforDevelopmentandCooperation #EmbassyofDenmark
• ဆက်လက်တွေ့ဆုံရမည့် မီတင်များ
• RBF+ နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ် (Grant Recipient Agreement – GRA) ချုပ်ဆိုရာတွင် ကြိုတင်ပြင်ဆင်ထားရမည့် အထောက်အထား စာရွက်စာတမ်းများ နှင့် မဖြစ်မနေပါဝင်ရမည့် အချက်အလက်များအား ဗီဒီယိုတွင် အသေးစိတ်ရှင်းလင်းပြောပြထားပါသည်။
📌 ဗီဒီယိုအား လင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုရန် - https://youtu.be/Ta_wu0r8ixk?si=vVSwlUYIZ_-wSsJh
#RBFPlus #EuropeanUnion #SwissAgencyforDevelopmentandCooperation #EmbassyofDenmark
YouTube
GRA Signing Guide for RBF+ Grant Winners _ GRA စာချုပ်ချုပ်ရန် ပြင်ဆင်စရာများ
Hello and congratulations to all successful applicants of the RBF+ 2nd Call for Proposals.
This video provides a step-by-step guidance for RBF+ Grant Winners on what you need to know before and during the signing of the Grant Agreement (GRA) with RBF+.
…

❤7
[English Below]
Responsible Business Fund Plus (RBF+) ၏ ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၆ ခုနှစ် တွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel တွင် ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် စီမံကိန်းပေါင်း ၈၂၇ ခုအတွက် အဆိုပြုလွှာများကို လက်ခံရရှိခဲ့ပြီး စိစစ်ရွေးချယ်မှု လုပ်ငန်းစဉ်များအပြီးတွင် RBF+ မှ စီမံကိန်းပေါင်း ၄၆၈ ခုကို ရွေးချယ်ခဲ့ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ RBF+ သည် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ တောင်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးကြံ့ခိုင်နိုင်စွမ်းကို မြှင့်တင်ရင်း ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ထိုရည်ရွယ်ချက်အား အကောင်အထည်ဖော်ရာတွင် ပါဝင်အားဖြည့်ပေးလျက်ရှိကြသော တောင်သူများ၊ လုပ်ငန်းရှင်များနှင့် လျှောက်လွှာရေးသားကူညီပေးသူများအား အထူးကျေးဇူးတင်ရှိပါသည်။
အခမ်းအနားတွင် RBF+ ၏ အလှူရှင်နိုင်ငံများဖြစ်သည့် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန် နှင့် ဒိန်းမတ်နိုင်ငံများမှ သံရုံးအကြီးအကဲများက ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် အောင်မြင်ခဲ့ကြသော တောင်သူများနှင့် လုပ်ငန်းရှင်များအား ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ပါသည်။
ထို့အပြင် ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူမှုမှ အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းများ၏ ထုတ်ကုန်များကို ခင်းကျင်းပြသခြင်း နှင့် RBF+ ရုံးအဖွဲ့သားများမှ ဒုတိယအကြိမ်မြောက် အဆိုပြုလွှာအောင်မြင်သူများအတွက် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း များကိုလည်း ပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ တက်ရောက်ပေးခဲ့ကြသော သံရုံးအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ထုတ်ကုန်ပြသသူလုပ်ငန်းရှင်များ၊ တောင်သူများနှင့် လျှောက်လွှာရေးသားကူညီပေးသူများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
The Grant Winning Event for the 2nd Call for Proposals of the Responsible Business Fund Plus (RBF+) was successfully held on 5 February 2026 at the Wyndham Grand Yangon Hotel in Yangon.
During the second call for proposals, a total of 827 project applications were received, of which 468 projects were successfully selected, and we are pleased to share this achievement. RBF+ works to strengthen the economic resilience and promote inclusive growth of farmers and Micro, Small and Medium sized Enterprises (MSMEs) involved in agriculture, livestock, fisheries, and their related value chains across Myanmar. We sincerely thank all the farmers, MSMEs, and Service Providers who contributed to bringing these proposals to life.
At the event, Heads of Cooperation of the European Union and Swiss Agency for Development and Cooperation (SDC), and Head of Mission of Denmark in Myanmar, delivered congratulatory remarks to the farmers and MSMEs selected in the second Call for Proposals.
In addition, products from projects successfully implemented under the first Call for Proposals were showcased, and the RBF+ team provided guidance on the next steps for the second call successful applicants.
We extend our special thanks to the distinguished guests, officials from partner organizations, farmers, MSMEs, and Service Providers from across the country who attended and contributed to making the event a success.
#RBFPlus #TheDelegationoftheEuropeanUnion #SwissAgencyforDevelopmentandCooperation #EmbassyofDenmark #HelvetasMyanmar

❤5