Voice Of Mandalay(Vomdy)
20.6K subscribers
3.94K photos
181 videos
4 files
545 links
ကျွန်တော်တို့ကိုသတင်းတွေပေးပို့ချင်ရင်👇👇

@Oakgyi1116
@bebeex124
@GuGuLay1234
@vomhoney1500


တို့၏privateတွင် သတင်းများ ပေးပို့နိုင်ပါတယ်ရှင့်
Download Telegram
စကစမှယနေ့23ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်ဘက်ရှိ မြကန်သာကျေးရွာအားလေကြောင်းတိုက်ခတ်မှုပြုလုပ်

စစ်ကောင်စီသည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မြကန်သာကျေးရွာသို့ယနေ့23ရက်နေ့လည်(12:50)အချိန်မှစ၍ တံတားဦးလေတပ်မှတက်လာသောY-12စစ်ထောက်ပို့ဗုံးကျဲလေယာဉ်ဖြင့်လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်းမြေပြင်သတင်းပေးပို့ချက်အရသိရှိရသည်။

23ရက်နေ့လေကြောင်းတိုက်ခိုက်မှုသတင်း

Y-12

12:50(3)
12:53(3)
12:56(3)
12:59(3)
1:02(3)
1:05(3)
1:08(3)
1:11(3)
1:14(2)
1:17(3)
1:20(3)
1:24(4)

စသည့်လေကြောင်းတိုက်ခိုက်မှုများသည် Voice of Mandalayမှ စုစည်းထားသောလေကြောင်းတိုက်ခိုက်မှုသာဖြစ်သည်။

#Vomdy
Wed,Jul23

သတင်းပေးပို့ရန် - @bebeex124
34🤬16🔥2
ကျွန်တော်တို့ကိုသတင်းတွေပေးပို့ချင်ရင်👇👇

@Oakgyi1116
@bebeex124
@GuGuLay1234

တို့၏privateတွင် သတင်းများ ပေးပို့နိုင်ပါတယ်ရှင့်
16👍5
❗️MDY❗️

မနက်ခင်းပိုင်းအစစ်ဆေးသတင်းများကို ဤpostတွင်ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

-62လမ်း140×141×142လမ်းတွင် ဖမ်းဆီးနေ(9:44Am)

-61×133လမ်းတွင် ဖမ်းဆီးနေ(9:50Am)

-110လမ်း60×61×62×63ထိ ဖမ်းဆီးနေ(10:17Am)

-79လမ်း26×27ကြားမထသများအိုးဝေဖမ်းဆီးနေ(10:24Am)

-လမ်း80×32×33လမ်းတွင် ဖမ်းဆီးနေ(11:43Am)

#vomdy
Thu,Jul24
🔥18👍65
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့ည၌လူငယ်(7)ဦးအားဖမ်းဆီးသွားကြောင်း

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် 55လမ်း130×131လမ်း (ဆ)ရပ်ကွက် ရတနာလမ်းဘက်ရှိ လန်ဒန်ဆေးရုံကြားတွင် ယမန်နေ့ည(1:00)အချိန်၌ အကြမ်းဖက်စကစသည် လူငယ်(7)ဦးအား အကြောင်းပြချက်မရှိစစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြေပြင်သတင်းပေးပို့ချက်အရသိရှိရသည်။

#vomdy
Thu,Jul24

သတင်းပေးပို့ရန် - @bebeex124
👍24🤬114😢3
MDY

နေ့လည်ခင်းပိုင်းအဖမ်းအဆီးအစစ်အဆေးသတင်းများကို ဤPostတွင်ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

-35လမ်း68/69/70လမ်းကြားတွင်ဖမ်းဆီးစစ်ဆေး (12:20Pm)

-26 86 ဈေးချိုလမ်းစုံ ထောင့်ကွယ်ဖမ်းနေ (1:30Pm)

-58*60 110လမ်းလေးဘက်လုံး ဖမ်းဆီးစစ်ဆေး (2:50Pm)


#Vomdy
Thu Jul24
13👍10🤬6
အောင်မြေသာစံမြိုနယ် မဲအိုးတန်းရပ်ကွက်ရှိလူငယ်များအားအကြမ်းဖက်စစ်‌ေကာင်စီမှစစ်မှုထမ်းရန်မဲနှိုက်ရမည်ဟုဆို

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် 22လမ်း86×87ကြားရှိ မဲအိုးတန်းရပ်ကွက်တွင် အသက်(၁၈)မှ(၂၉)ထိလူငယ်များအားလုံး 25ရက်နေ့တွင်ရွှေပြည်ဓမ္မာရုံ၌ စစ်မှုထမ်းမဲနှိုက်ရမည်ဖြစ်ကြောင်း မြေပြင်သတင်းပေးပို့ချက်အရသိရှိရသည်။

#Vomdy
Thu,Jul24

https://t.me/VoiceOfMandalay3

သတင်းပေးပို့ရန် @Oakgyi1116
🤬301
ပုသိမ်ကြီး မြို့နယ်ဒဟ တ္တော ကျေးရွာ မှနေထိုင်သောပြည်သူများအား စကစမှ ပြန်မဝင်ခိုင်းဘဲ နှင်ထုတ်သည်ဟုဆို

ပုသိမ်ကြီးမြို့နယ် ဒဟတ္တော ကျေးရွာတွင်နေထိုင်သောပြည်သူများအား စစ်ဘေးကြိုတင်ရှောင်ရာ ယနေ့ နံနက် ၉နာရီအချိန်ခန့်တွင် ပြန်လည်ဝင်ရောက်လျက်ရှိရာ ကွန်ပျူတာတက္ကသိုလ်ပေါက်ရှိ စကစများမှ ဒဟတ္တောရွာသည် တိုက်ပွဲ ဖြစ်မှာဟု  အကြောင်းပြကာ မဝင်ခိုင်းဘဲနှင်ထုတ်လျက်ရှိကြောင်းသိရှိရသည်။ ယခုအချိန်အထိ ကားကြီးကားငယ်များနှင့်ကျေးရွာမှစွန့်ခွာနေလျက်ရှိကြောင်းသိရှိရသည်။

#Vomdy
Thu jul24

https://t.me/VoiceOfMandalay3

သတင်းပေးပို့ရန် @Oakgyi1116
😱227😢5🤬4🔥2
MDY

ညနေခင်းပိုင်းအဖမ်းအဆီးအစစ်အဆေးသတင်းများကိုဤPostတွင်ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

-မနော်ဟရီ၅၅ကနေ ၅၈ထိဖမ်းဆီးစစ်ဆေး (3:30Pm)

-62လမ်းမှ၆၄လမ်းထိမနော်ဟရီလမ်းဖမ်းဆီးစစ်ဆေး (3:35Pm)

-73လမ်း 113/112မှာ ပြည်သူစစ်‌များဖမ်းဆီးစစ်ဆေး (3:40Pm)

-62လမ်း လမ်း110တွင် ဖမ်းဆီးနေ(4:36pm)

-115×73လမ်းတွင် ဖမ်းဆီးနေ(5:20pm)

#Vomdy
Thu Jul24
👍22🔥32
မဟာအောင်မြေ မြို့နယ် ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခိုက်ခံရ

မဟာအောင်မြေမြို့နယ်၃၉လမ်း၈၅လမ်း၈၆လမ်းကြားရွှေနန်းသုခရွှေဆိုင် ညနေ ၄နာရီအချိန်ခန့်တွင်ဓားပြတိုက်မှူဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ ထို ရွှေဆိုင်ဓားပြတိုက်ချိန်တွင်စျေးထဲ၌စကစတပ်သားများရောက်ရှိလာပြီးရွှေဆိုင်ဓားပြလာတိုက်သူများအပြန်အလှန်ပစ်ခတ်မှူဖြစ်ပွားခဲ့ကာ ယခုအချိန်တွင်လူနာတင်ကားများရောက်ရှိလာပြီးလမ်းပိတ်ထားကြောင်းသိရှိရသည်။

#Vomdy
Thu Jul24

https://t.me/VoiceOfMandalay3

သတင်းပေးပို့ရန် @Oakgyi1116
👍5410🔥2
စစ်ရေးသတင်းထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၂၄)ရက်

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်သိမ်းပိုက်ထားသောမတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနှင့် မြကန်သာကျေးရွာတို့အား အကြမ်းဖက်စစ်ကောင်စီမှ တန်ပြန်ထိုးစစ်ဆင်လျက်ရှိသော်လည်း မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှ အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်သည်။

၂။ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၂၁)ရက်နေ့မှ ဇူလိုင်လ(၂၄) ရက်နေ့အတွင်း မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီအကြား ဖြစ်ပွါးခဲ့သောတိုက်ပွဲများနှင့် နယ်မြေရှင်းလင်းမှုများမှ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

၃။ ထို့အပြင် DSA စစ်တက္ကသိုလ်အပတ်စဉ်(၅၄)ဆင်းဖြစ်သူ ဖြိုးကျော် (ဒု-ဗျူဟာမှူးဟု ယူဆရသူ) နှင့် အခြားစစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး၏ ရုပ်အလေ-ာင်းအား သိမ်းဆည်းရမိခဲ့သည်။

၄။ ထူးခြားဖြစ်စဉ်အနေဖြင့် လောက်ကိုင်တွင်လက်နက်ချခဲ့သော လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ(၂၃၉)တပ်ရင်းသည် စစ်ကောင်စီ၏ ပုသိမ်ကြီးမြို့နယ်အတွင်း တန်ပြန်ထိုးစစ်တွင် ပါဝင်လာခဲ့ကြောင်း သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ၏ အမှတ်တံဆိပ်အရ သိရှိရသည်။

၅။ ပုသိမ်ကြီးမြို့နယ်နှင့်မတ္တရာမြို့နယ်တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့တွင် ဂျက်ဖိုက်တာ (၃)ကြိမ် နှင့် Y-12 (၁)ကြိမ် ၊ ဇူလိုင်လ (၂၁)ရက်နေ့တွင် ဂျက်ဖိုက်တာ (၄)ကြိမ် ၊ Y-12 (၃)ကြိမ် နှင့် Mi-35 (၂)ကြိမ် ၊ ဇူလိုင်လ (၂၂)ရက်နေ့တွင် ဂျက်ဖိုက်တာ (၃)ကြိမ် ၊ Y-12 (၂) ကြိမ် နှင့် Mi-35 (၁)ကြိမ် နှင့် ဇူလိုင်လ (၂၃)ရက်နေ့တွင် ဂျက်ဖိုက်တာ (၁)ကြိမ် နှင့် Y-12 (၁)ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကာ ပြင်းပြင်းထန်ထန် တုံ့ပြန်လာခဲ့သည်။

၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များသည် မည်သို့သော အခက်အခဲများနှင့် ဖိအားများရှိနေစေကာမူ မိမိတို့၏ ပန်းတိုင်သို့ မမှိတ်မသုန် ဆက်လက်ချီတက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
👍3526👏3
DSA စစ်တက္ကသိုလ် အပတ်စဉ် (၅၄)ဆင်း ဖြိုးကျော် (ဒု-ဗျူဟာမှူး ဟု ယူဆရသူ )အား အသေဖမ်းဆီးရမိခဲ့သည်။
👍38👏101
သိမ်းဆည်းရမိသော စစ်ကောင်စီတပ်ဖွဲ့များ၏ ရုပ်အလောင်းအချို့
👍36👏10