Programming Book Shop
300 subscribers
23 photos
2 files
9 links
Download Telegram
C++ Advanced
တန်ဖိုး = 15000
စာမျက်နှာ = 180
DVD = 1 ချပ်

ဆက်သွယ်ရန်း ဖုန် = 09770739712
Telegram = https://t.me/minminaung11
Viber = 09770739712
You should read How Software Works.
DeepSeek က AI တွေထဲမှာ
popular ဖြစ်လာတာလဲ မပြောနဲ့
တကယ်သုံးကြည့်သူပဲ သိတယ် ။
ကျတော်ကတော့ ChatGPT ထက်
တရုတ်ထုတ် DeepSeek ကို ပိုသုံးဖြစ်တယ်။

https://www.deepseek.com
🔥1
Ternary Operator in Java

Java မှာ ternary operator ဆိုတာက conditional (if-else) logic တွေကို တိုတောင်းစွာ ရေးသားနိုင်တဲ့ expression operator တစ်ခုဖြစ်ပါတယ်။ Ternary operator ကို conditional operator လို့လည်း ခေါ်ပါတယ်။ ternary operator က condition တစ်ခုကို စစ်ဆေးပြီး၊ ရလဒ်ပေါ်မူတည်ကာ value တစ်ခုကို return ပြန်ပါတယ်။

syntax
result = ( condition ) ? experessioni1 : expression2 ;


condition: စစ်ဆေးမယ့် condition ဖြစ်ပါတယ်။
expression1: condition က true ဖြစ်ရင် return ပြန်မယ့် value ဖြစ်ပါတယ်။
expression2condition က false ဖြစ်ရင် return ပြန်မယ့် value ဖြစ်ပါတယ်။

if else statement နဲ့ ပုံစံဖြစ်‌‌ပေမဲ့ သုံးဝင်တဲ့ ‌နေရာ‌ပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။ if else သည် statement ဖြစ်ပြီး ternary operator သည် expression ဖြစ်ပါတယ်။ ဒီနေရာမှာ statement တွေဆိုတာကို ရှင်းပြမနေတော့ပါဘူး program စရေးကတည်းက statement တွေသုံးပြုပြီး ရေးလာတာ ဖြစ်ပါတယ်။

expression ဆိုတာ
( Java မှာ expression တွေက value တစ်ခု သို့မဟုတ် result တစ်ခုကို ထုတ်ပေးတဲ့ code တွေဖြစ်ပါတယ်။ Expression တွေမှာ arithmetic, relational, logical, assignment, conditional, နဲ့ method call expressions တွေ ပါဝင်ပါတယ်။ )

ဘယ်လိုနေရာမှာ သုံးသင့်လဲ
expression အနေနဲ့လိုချင်ရင် ternary operator ကိုသုံးသင့်ပြီး multiple result တွေ လိုချင်တဲ့ အခါ if else သုံးနိုင်ပါတယ်။

example
ကျတော်တို့က event number စစ်တဲ့ program လေးရေးမယ်ထား။ event number ဟုတ်ရင် event number ( or မဟုတ်ရင် odd number ) value တစ်ခု လိုချင်တယ်ဆိုရင် expression ပုံစံဖြစ်တဲ့ ternary operator ကို သုံးသင့်ပါတယ်။

code
int number = 10;
String result = (number % 2 == 0) ? "Even Number" : "Odd Number";
System.out.println(result);


String result = (number % 2 == 0) ? "Even Number" : "Odd Number"; ဆိုတဲ့ code သည် value တစ်ခုကို result ပြန်ပေးတဲ့ expression တစ်ခုဖြစ်ပါတယ်။ အတာကြောင့် result တစ်ခုကိုပဲ ပြန်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က result တွေများများ ပြန်လိုချင်ရင်တော့ if else ကို သုံးနိုင်ပါတယ်။

number ကို မျိုးမျိုး ပြောင်းပြီး စမ်းကြည့်ပေးပါ။
1
OOP ( Object Oriented Programming )

OOP ဆိုတာ လက်တွေ့ကြတဲ့တွေးခေါ် တစ်ခုပါ။ အရာအားလုံးသည် object ဖြစ်ပါတယ်ဆိုတဲ့ အတွေးဖြစ်ပါတယ်။ Object သည် ထိ့တွေ့ နိုင်ရမယ် ၊ ခံစားနိုင်ရမယ် ၊ နည်းတစ်မျိုးမျိုးဖြင့် ရှိကြောင်း သက်သေပြနိုင်ရင် Object ဖြစ်ပါတယ်။ OOP ‌‌‌ကြောင့် program ‌တွေ များကြီး ‌ရေးနိုင်လာခဲ့ကြပါတယ်။ Object-Oriented Programming (OOP) က real-world entities တွေကို objects အဖြစ် model လုပ်ပြီး program တွေကို ရေးသားတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီတွေးခေါ်ကြောင့်ပဲ တော်တော် တိုးတက်ပြောင်းလဲ လာခဲ့တာ ဖြစ်ပါတယ်။

မြင်နိုင်သမျှ ၊ ထိတွေနိုင်သမျှ ၊ ခံစားနိုင်သမျှ သည် object တွေဖြစ်ပါတယ်။ အတာဆို ကျတော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ object တွေကို ပြောကြည့်ကြပါမယ်။ ခုလက်ရှိ ထိတွေ့နေတာသည် Laptop or Phone ဖြစ်ပါတယ်။ Phone သည် ကိုင်လို့ရတယ် ၊ အရောင်ရှိတယ် ၊ အလေးချိန်ရှိတယ် ၊ ဖုန်းခေါ် လို့ရတယ် ၊ video တွေကြည့်လို့ရတယ် ၊ စာပို့လို့ရတယ် ၊ သတင်းဖတ်လို့ရတယ် များကြီး လုပ်လို့ရပါတယ်။ Object ဆိုတာ နားလည်သွားပြီလို့ ထင်ပါတယ်။ တွေးခေါ်် တတ်ပြီးလို့ ထင်ပါတယ်။ လူတ‌စ်ယောက် နေမ‌ကာင်းဖြစ်ရင် နတ်တွေ သွားပူဇော်နေတာကလဲ OOP ‌တွေး‌ခေါ် မရှိတာလို့ ဆိုနိုင်ပါတယ် 😋

ဒီလို များကြီး ရှိတဲ့ထဲကမှာ ထပ်ခွဲကြည့်ကြပါမယ်။ အရောင် ၊ အလေးချိန် တွေသည် လုပ်ဆောင်မှု တစ်ခုကို လုပ်ဆောင်းပေးတာ မဟုတဲ့အတွက် state ( data ) လို့ သတ်မှတ်ပါမယ်။ ဖုန်းခေါ် နိုင်ခြင်း ၊ စာပို့နိုင်ခြင်း ၊ video တွေ ကြည့်ခြင်းသည် လုပ်ဆောင်တာတွေ ဖြစ်တဲ့အတွက် behavior ( method or function ) လို့ ထပ်ခွဲလိုက်ပါမယ်။

state ( data ) = color, weight
method or function = ဖုန်းပြောလို့ရ ၊ ပုံရိုက်လို့ ရ ၊ video ကြည့်လို့ရ

အတာဆို ကျတော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ object အရာတိုင်းကို ကိုယ့်ဘာသာ ပြောကြည့်နိုင်ပါတယ် ၊ ခွဲကြည့်နိုင်ပါတယ်။ comment မှာ မန့်ခဲ့ကြပါ။

OOP မှာ Encapsulation, Inheritance, Polymorphism, နဲ့ Abstraction တို့ရှိသေးပေမဲ့ ဒီနေရာမှာ အတာတွေကို ရှင်းပြမှာ မဟုသေးပါဘူး။ OOP ရဲ့ပထမဆုံး တွေးပုံ တွေးနည်းကို ရှင်းပြချင်တာပါ။ နောက်ထပ် သိချင်တာရှိရင် မြန်မာဘာသာနှင့် ရေးသားထားတဲ့ ဒီစာအုပ်လေး မှာယူပြီး ဖတ်လို့ရပါတယ်နော် 😍
2
true | false
👍2👎2
Variable Default Value In Java

Java မှာ Variable Default Values ဆိုတာက Variable တစ်ခုကို Explicitly Initialize မလုပ်ဘဲ Declare လုပ်လိုက်ရင်၊ Java Compiler က အလိုအလျောက် Assign လုပ်ပေးတဲ့ တန်ဖိုးတွေကို ဆိုလိုပါတယ်။ Default Values တွေက Variable ရဲ့ Data Type ပေါ်မူတည်ပြီး ကွဲပြားပါတယ်။ Data Type 2 မျိုးရှိတယ်ဆိုတာ သိထားပြီ ဖြစ်ပါတယ် ( Primitive Data Types & Non-Primitive Data Types )။

1. Primitive Data Types
2. Non-Primitive Data Types ( Reference Data Types )


1. Primitive Data Types
Primitive data types တွေကို declare လုပ်လိုက်ရင်၊ Java compiler က အလိုအလျောက် default values တွေကို assign လုပ်ပေးပါတယ်။

2. Non-Primitive Data Types ( Reference Data Types )
Reference data types ( objects, arrays ) တွေကို declare လုပ်လိုက်ရင်၊ Java compiler က အလိုအလျောက် null ကို assign လုပ်ပေးပါတယ်။

တစ်ခုမှတ်ထားသင့်တာရှိပါတယ်။
အတာကတော့ Class Level Variable မှာပဲ Default Value ရှိပြီး Local Variable မှာ Default Value မရှိပါဘူး။ Local Variable ကို သုံးမဲ့ ‌နေရာမှာပဲ ‌ကြေညာသင့် ပြီး ကြေညာထားရင်လဲ Default Value တစ်ခု ထည့်ထားသင့်။ Local Variable မှာ ကြေညာထားတဲ့ Variable ကို Value တစ်ခုခု မထည့်ထားရင် Compiler က Default Value မထည့်ပေးတဲ့အတွက် Compile Error တက်လာမှာဖြစ်ပါတယ်။ အတာ‌ကြောင့် Variable တစ်ခု ‌ကြေညာထားရင် တန်းဖို့ထည့်ထားသင့်ပါတယ်။ ကိုယ်တိုင် code ရေးပြီး စမ်းကြည့်သင့်ပါတယ်။
package utility;

public class ValueTypeVsRefrenceType {

public static void main(String[] args) {
// TODO Auto-generated method stub
//value type
int x = 10;
addOne(x);
System.out.println(x);

}

static void addOne(int x) {
x++;
}
}


ဖြေက ဘာထွက်မလဲ ဖြေပေးခဲ့ကြပါအုန်းနော် 😋
2
package test;

public class Testing {

public static void main(String[] args) {
// TODO Auto-generated method stub

int[] numArray = {10,20,30,40,50};
System.out.println("Original Value = "+numArray);


}
}


ဖြေက ဘာထွက်မလဲ ဖြေပေးခဲ့ကြပါအုန်းနော် 😋
1
ဒီနေ့ စာဖတ်သူက သူရေးထားတဲ့ Bank Project လေးလာပြတယ်။
Java Basic Book လေးဖတ်ပြီး ရေးထားတဲ့ Bank Project လေးပါတဲ့။
ဒီ project လေးမှာ ဘာတွေလုပ်လို့ရလဲ ဆိုရင်
bank တစ်ခုရဲ့ ဓိကဖြစ်တဲ့ deposit and withdraw feature လေးပါပဲ။

Run တာနဲ့ Bank Account ကောင့်တစ်ခု ဖွင့်ဖို့ Name တောင်းလာမယ်
Name ထည့်လိုက်ရင် Bank Account တစ်ခု ရသွားပြီး
သင့်ကောင့်ရဲ့ Name ရယ်
Bank Number ၆ လုံးရယ်
Balance 0.0 တို့ကို ပြပါလိမ်မယ်

အတာပြီးရင် ငွေထည့်ချင်လား ငွေထုတ်ချင်လား ဆိုတာ ပြမယ် ( 1 or 2 ရွေး)
ငွေထည့်ချင်ရင် ကြိုက်သလောက် ထည့်ရပြီ
ငွေထည့်ပြီးတိုင် Deposit Successful ပြမယ်
ငွေထုတ်ရင်တော့ ထုတ်တဲ့ငွေနဲ့
ထည့်ထားတဲ့ ငွေ တိုက်စစ် ပြီး ထုတ်ပေးမယ်
ထုတ်ပေးြပီးတိုင်း Withdrawal Success ဆိုပြီပြမယ်
ထုတ်တဲ့ ငွေက ရှိတဲ့ ငွေထက် များနေရင်တော့ Your balance is not enough. ဆိုပြီး ြပပါမယ်။




package bank;

import java.util.Scanner;

public class Main {

public static void main(String[] args) {
// TODO Auto-generated method stub

Scanner userInput = new Scanner(System.in);
System.out.print("Name :");
String name = userInput.nextLine();

BankAccount bankAccount = new BankAccount(name);

while (true) {
System.out.println("1. Deposit 2. Withdrawal");
int depositOrWithdrawal = userInput.nextInt();

System.out.print("Amount : ");
double balance = userInput.nextDouble();

if (depositOrWithdrawal == 1) {
bankAccount.setBalance(bankAccount.getBalance() + balance);
System.out.println("Deposit Successful");
} else {
if (!(bankAccount.getBalance() == 0.0) & (bankAccount.getBalance() >= balance)) {
bankAccount.setBalance(bankAccount.getBalance() - balance);
System.out.println("Withdrawal Successful");
} else {
System.out.println("Your balance is not engought.");
}
}
System.out.println();
bankAccount.showBankAccount();
}
}
}




package bank;

import java.util.Random;

public class BankAccount {

private String name ;
private String number ;
private double balance = 0.0;

public BankAccount(String name) {
super();
this.name = name;
this.number = randomNumber();
showBankAccount();
}

public String getName() {
return name;
}

public void setName(String name) {
this.name = name;
}

public String getAccountId() {
return number;
}

public void setAccountId(String number) {
this.number = number;
}

public double getBalance() {
return balance;
}

public void setBalance(double balance) {
this.balance = balance;
}

//get random bank number
private String randomNumber() {
Random random = new Random();
String number = "";
for (int i = 0; i < 6; i++) {
int randomNumber = random.nextInt(10);
number += randomNumber;
}
return number;
}

//show bank account
public void showBankAccount() {
System.out.println("Name = "+name);
System.out.println("Number = "+number);
System.out.println("Balance = "+balance);
System.out.println();
}
}
3
Dollar တွေ ပေးပြီး ဝယ်နေရတဲ့ AI ကို
Free မလိုချင်ကြဘူးလား

ရုပ်လဲချော
Result လဲကောင်း
လူတစ်ယောက်လို နားလည်နိုင်စွမ်းလဲ ရှိတာ
https://chat.qwenlm.ai ပါ

သုံးကြည့်စေချင်ပါတယ်
ကျတော်ကတော့ ကြိုက်တယ် ရုပ်ချောလို့ 😋

@programmingbookshop
Java နဲ့ ဘာတွေ ဖန်တီးလို့ ရလဲ ?


Java programming language ဟာ versatile ဖြစ်တဲ့အတွက် အမျိုးမျိုးသော software applications တွေကို ရေးသားနိုင်ပါတယ်။ Java ဟာ object-oriented programming (OOP) ဘာသာရပ်ကို အဓိကထားပြီး design လုပ်ထားတဲ့ language တစ်ခုဖြစ်ပြီး platform-independent ဖြစ်တဲ့အတွက် အမျိုးမျိုးသော platforms တွေမှာ run လုပ်နိုင်ပါတယ်။

Java Programming Language ဖြင့် ဘာတွေရေးသားနိုင်လဲ ဆိုရင်

1. Web Applications
2. Mobile Applications (Android Development)
3. Enterprise Software
4. Desktop Applications
5. Scientific Applications
6. Big Data Technologies
7. Embedded Systems
8. Game Development
9. Cloud-Based Applications
10. Testing Tools
စတာတွေကို ရေးသားနိုင်ပါတယ်။

1. Web Applications
Java ကို web application development အတွက် အသုံးပြုနိုင်ပါတယ်။ Java ရဲ့ Servlets , JSP (JavaServer Pages) , နဲ့ Spring Framework တို့ကို အသုံးပြုပြီး dynamic web applications တွေကို ဖန်တီးနိုင်ပါတယ်။ လုပ်ကိုင်ခွင့်လမ်းများတော်တော် များတဲ့ career တစ်ခုဖြစ်ပါတယ်။
Example : E-commerce websites, social media platforms, online banking systems.

2. Mobile Applications (Android Development)
Java ဟာ Android mobile application development အတွက် အဓိက language တစ်ခုဖြစ်ပါတယ်။ Android apps တွေကို Java နဲ့ ရေးသားနိုင်ပြီး Android Studio ဆိုတဲ့ IDE ကို အသုံးပြုပါတယ်။ လုပ်ကိုင်ခွင့်လမ်းများတော်တော် များတဲ့ career တစ်ခုဖြစ်ပါတယ်။
Example : Mobile games, utility apps, social networking apps.

3. Enterprise Software
Java ဟာ enterprise-level software development အတွက်လည်း အရမ်းကို popular ဖြစ်ပါတယ်။ Java EE (Enterprise Edition) ကို အသုံးပြုပြီး large-scale business applications တွေကို ဖန်တီးနိုင်ပါတယ်။ လုပ်ကိုင်ခွင့်လမ်းများတော်တော် များတဲ့ career တစ်ခုဖြစ်ပါတယ်။
Example : CRM systems, ERP systems, inventory management systems.

4. Desktop Applications
Java ကို desktop application development အတွက်လည်း အသုံးပြုနိုင်ပါတယ်။ Swing နဲ့ JavaFX ဆိုတဲ့ libraries တွေကို အသုံးပြုပြီး graphical user interface (GUI) တွေပါဝင်တဲ့ desktop applications တွေကို ဖန်တီးနိုင်ပါတယ်။ လုပ်ကိုင်ခွင့်လမ်းများတော်တော် များတဲ့ career တစ်ခုဖြစ်ပါတယ်။
Example : Text editors, media players, calculators.

5. Scientific Applications
Java ဟာ scientific computing နဲ့ data analysis အတွက်လည်း အသုံးပြုနိုင်ပါတယ်။ Java ရဲ့ high performance နဲ့ multi-threading capabilities တွေကြောင့် complex calculations တွေကို handle လုပ်နိုင်ပါတယ်။ ပြည်တွင်းမှာတော့ ရှားပါတယ်။
Example : Data visualization tools, simulation software.

6. Big Data Technologies
Java ဟာ big data processing frameworks တွေမှာလည်း အသုံးပြုပါတယ်။ ဥပမာ Apache Hadoop နဲ့ Apache Spark တို့ဟာ Java ကို အသုံးပြုပြီး distributed data processing တွေကို လုပ်ဆောင်ပါတယ်။
Example : Data analytics platforms, real-time data processing systems.

7. Embedded Systems
Java ဟာ embedded systems တွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ Java ME (Micro Edition) ကို အသုံးပြုပြီး small devices တွေအတွက် applications တွေကို ဖန်တီးနိုင်ပါတယ်။ သင်က Hardware တွေကို ထိန်းချုပ်ပြီး လုပ်တွေခိုင်းချင်တော့ လေ့လာသင့်ပါတယ်။
Example : Smart home devices, IoT (Internet of Things) applications.

8. Game Development
Java ကို game development အတွက်လည်း အသုံးပြုနိုင်ပါတယ်။ LibGDX နဲ့ jMonkeyEngine ဆိုတဲ့ game development frameworks တွေကို အသုံးပြုပြီး 2D နဲ့ 3D games တွေကို ဖန်တီးနိုင်ပါတယ်။ သင်ကိုယ်ပိုင် game တွေ ရေးချင်ရင် လေ့လာသင့်ပါတယ်။ လုပ်ကိုင်ခွင့်လမ်းများတော်တော် များတဲ့ career တစ်ခုဖြစ်ပါတယ်။
Example : Casual games, puzzle games.

9. Cloud-Based Applications
Java ဟာ cloud computing နဲ့ microservices architecture တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ Spring Boot နဲ့ Micronaut ဆိုတဲ့ frameworks တွေကို အသုံးပြုပြီး cloud-based applications တွေကို ဖန်တီးနိုင်ပါတယ်။
Example : Cloud storage services, API-based microservices.

10. Testing Tools
Java ဟာ testing frameworks တွေဖြစ်တဲ့ JUnit , TestNG စတာတွေကို အသုံးပြုပြီး automated testing တွေကို ဖန်တီးနိုင်ပါတယ်။ Example : Unit testing, integration testing.

ပြည်တွင်းမှာ ဘယ်လိုလုပ်တွေ ခေါ်များလဲဆိုရင်
1. Web Applications
2. Mobile Applications (Android Development)
3. Enterprise Software
4. Desktop Applications

5. Embedded Systems
6. Game Development တို့တွေ့များပါတယ်။

@programmingbookshop
Programming လေ့လာရင် ဒီတစ်ခုတော့ လိုပါတယ်

Idea ( problem solve )
Idea မရှိရင် ကိုယ်လေ့လာထားတဲ့ coding skill တွေက လုပ်မလုပ်နိုင်ဘူး
အတာကြောင့် တစ်ချို့သူတွေဆို သူများ project ပဲ ရေးရပါတယ်( ၅ ၊ ၁၀ နှစ်ကြာသွားလဲ )

Idea ရှိရင် ဒီနေ့ ကိုယ်လေ့လာထားတဲ့ သင်ခန်းစာကို
ဘယ်လိုနေရာမှာ သုံးရမလဲဆိုတာ လွယ်လွယ်သိတယ်။
သုံးတော့ မှတ်မိလွယ်တယ်။
ဥပမာ = Calculator app တစ်ခု ဖန်တီချင်တဲ့ idea ရှိတဲ့သူက
တွက်ချက်တဲ့ code တွေ လေ့လာရရင် သူ စာသင်ခန်းထဲက ထွက်တာနဲ့
calculator တစ်ခု ဖန်တီးမှာပဲ။ အတာဆို တွက်ချက်တဲ့ code တွေကို
သူလိုချင်တဲ့ result ရအောင် ဘယ်လိုရေးရမလဲဆိုပြီး
အထပ်ထပ်အခါခါ စဥ်းစားလိုက် ရေးလိုက် လေ့လာလိုက်နဲ့
coding skill မှာ ပိုပြီးတွေးနိုင် ပိုမှတ်မိလွယ်စေပါတယ်။

Idea ရှိတဲ့သူ နဲ့ မရှိတဲ့သူ ကွာခြားချက်ကိုလဲ မြင်မယ်ထင်ပါတယ်။

ကိုယ့်က programming ကို လေ့လာနေရင်
ကိုယ့်ပတ်ဝန်းကျင်က problem တွေကို solve လုပ်သင့်ပါတယ်။

@programmingbookshop