Programming Book Shop
300 subscribers
23 photos
2 files
9 links
Download Telegram
C++ Programming Basic

တန်ဖိုး = 15000
စာမျက်နှာ = 160
DVD = 1 ချပ်

ဆက်သွယ်ရန်း ဖုန် = 09770739712
Telegram = https://t.me/minminaung11
Viber = 09770739712
C++ Advanced
တန်ဖိုး = 15000
စာမျက်နှာ = 180
DVD = 1 ချပ်

ဆက်သွယ်ရန်း ဖုန် = 09770739712
Telegram = https://t.me/minminaung11
Viber = 09770739712
You should read How Software Works.
DeepSeek က AI တွေထဲမှာ
popular ဖြစ်လာတာလဲ မပြောနဲ့
တကယ်သုံးကြည့်သူပဲ သိတယ် ။
ကျတော်ကတော့ ChatGPT ထက်
တရုတ်ထုတ် DeepSeek ကို ပိုသုံးဖြစ်တယ်။

https://www.deepseek.com
🔥1
Ternary Operator in Java

Java မှာ ternary operator ဆိုတာက conditional (if-else) logic တွေကို တိုတောင်းစွာ ရေးသားနိုင်တဲ့ expression operator တစ်ခုဖြစ်ပါတယ်။ Ternary operator ကို conditional operator လို့လည်း ခေါ်ပါတယ်။ ternary operator က condition တစ်ခုကို စစ်ဆေးပြီး၊ ရလဒ်ပေါ်မူတည်ကာ value တစ်ခုကို return ပြန်ပါတယ်။

syntax
result = ( condition ) ? experessioni1 : expression2 ;


condition: စစ်ဆေးမယ့် condition ဖြစ်ပါတယ်။
expression1: condition က true ဖြစ်ရင် return ပြန်မယ့် value ဖြစ်ပါတယ်။
expression2condition က false ဖြစ်ရင် return ပြန်မယ့် value ဖြစ်ပါတယ်။

if else statement နဲ့ ပုံစံဖြစ်‌‌ပေမဲ့ သုံးဝင်တဲ့ ‌နေရာ‌ပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။ if else သည် statement ဖြစ်ပြီး ternary operator သည် expression ဖြစ်ပါတယ်။ ဒီနေရာမှာ statement တွေဆိုတာကို ရှင်းပြမနေတော့ပါဘူး program စရေးကတည်းက statement တွေသုံးပြုပြီး ရေးလာတာ ဖြစ်ပါတယ်။

expression ဆိုတာ
( Java မှာ expression တွေက value တစ်ခု သို့မဟုတ် result တစ်ခုကို ထုတ်ပေးတဲ့ code တွေဖြစ်ပါတယ်။ Expression တွေမှာ arithmetic, relational, logical, assignment, conditional, နဲ့ method call expressions တွေ ပါဝင်ပါတယ်။ )

ဘယ်လိုနေရာမှာ သုံးသင့်လဲ
expression အနေနဲ့လိုချင်ရင် ternary operator ကိုသုံးသင့်ပြီး multiple result တွေ လိုချင်တဲ့ အခါ if else သုံးနိုင်ပါတယ်။

example
ကျတော်တို့က event number စစ်တဲ့ program လေးရေးမယ်ထား။ event number ဟုတ်ရင် event number ( or မဟုတ်ရင် odd number ) value တစ်ခု လိုချင်တယ်ဆိုရင် expression ပုံစံဖြစ်တဲ့ ternary operator ကို သုံးသင့်ပါတယ်။

code
int number = 10;
String result = (number % 2 == 0) ? "Even Number" : "Odd Number";
System.out.println(result);


String result = (number % 2 == 0) ? "Even Number" : "Odd Number"; ဆိုတဲ့ code သည် value တစ်ခုကို result ပြန်ပေးတဲ့ expression တစ်ခုဖြစ်ပါတယ်။ အတာကြောင့် result တစ်ခုကိုပဲ ပြန်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က result တွေများများ ပြန်လိုချင်ရင်တော့ if else ကို သုံးနိုင်ပါတယ်။

number ကို မျိုးမျိုး ပြောင်းပြီး စမ်းကြည့်ပေးပါ။
1
OOP ( Object Oriented Programming )

OOP ဆိုတာ လက်တွေ့ကြတဲ့တွေးခေါ် တစ်ခုပါ။ အရာအားလုံးသည် object ဖြစ်ပါတယ်ဆိုတဲ့ အတွေးဖြစ်ပါတယ်။ Object သည် ထိ့တွေ့ နိုင်ရမယ် ၊ ခံစားနိုင်ရမယ် ၊ နည်းတစ်မျိုးမျိုးဖြင့် ရှိကြောင်း သက်သေပြနိုင်ရင် Object ဖြစ်ပါတယ်။ OOP ‌‌‌ကြောင့် program ‌တွေ များကြီး ‌ရေးနိုင်လာခဲ့ကြပါတယ်။ Object-Oriented Programming (OOP) က real-world entities တွေကို objects အဖြစ် model လုပ်ပြီး program တွေကို ရေးသားတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီတွေးခေါ်ကြောင့်ပဲ တော်တော် တိုးတက်ပြောင်းလဲ လာခဲ့တာ ဖြစ်ပါတယ်။

မြင်နိုင်သမျှ ၊ ထိတွေနိုင်သမျှ ၊ ခံစားနိုင်သမျှ သည် object တွေဖြစ်ပါတယ်။ အတာဆို ကျတော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ object တွေကို ပြောကြည့်ကြပါမယ်။ ခုလက်ရှိ ထိတွေ့နေတာသည် Laptop or Phone ဖြစ်ပါတယ်။ Phone သည် ကိုင်လို့ရတယ် ၊ အရောင်ရှိတယ် ၊ အလေးချိန်ရှိတယ် ၊ ဖုန်းခေါ် လို့ရတယ် ၊ video တွေကြည့်လို့ရတယ် ၊ စာပို့လို့ရတယ် ၊ သတင်းဖတ်လို့ရတယ် များကြီး လုပ်လို့ရပါတယ်။ Object ဆိုတာ နားလည်သွားပြီလို့ ထင်ပါတယ်။ တွေးခေါ်် တတ်ပြီးလို့ ထင်ပါတယ်။ လူတ‌စ်ယောက် နေမ‌ကာင်းဖြစ်ရင် နတ်တွေ သွားပူဇော်နေတာကလဲ OOP ‌တွေး‌ခေါ် မရှိတာလို့ ဆိုနိုင်ပါတယ် 😋

ဒီလို များကြီး ရှိတဲ့ထဲကမှာ ထပ်ခွဲကြည့်ကြပါမယ်။ အရောင် ၊ အလေးချိန် တွေသည် လုပ်ဆောင်မှု တစ်ခုကို လုပ်ဆောင်းပေးတာ မဟုတဲ့အတွက် state ( data ) လို့ သတ်မှတ်ပါမယ်။ ဖုန်းခေါ် နိုင်ခြင်း ၊ စာပို့နိုင်ခြင်း ၊ video တွေ ကြည့်ခြင်းသည် လုပ်ဆောင်တာတွေ ဖြစ်တဲ့အတွက် behavior ( method or function ) လို့ ထပ်ခွဲလိုက်ပါမယ်။

state ( data ) = color, weight
method or function = ဖုန်းပြောလို့ရ ၊ ပုံရိုက်လို့ ရ ၊ video ကြည့်လို့ရ

အတာဆို ကျတော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ object အရာတိုင်းကို ကိုယ့်ဘာသာ ပြောကြည့်နိုင်ပါတယ် ၊ ခွဲကြည့်နိုင်ပါတယ်။ comment မှာ မန့်ခဲ့ကြပါ။

OOP မှာ Encapsulation, Inheritance, Polymorphism, နဲ့ Abstraction တို့ရှိသေးပေမဲ့ ဒီနေရာမှာ အတာတွေကို ရှင်းပြမှာ မဟုသေးပါဘူး။ OOP ရဲ့ပထမဆုံး တွေးပုံ တွေးနည်းကို ရှင်းပြချင်တာပါ။ နောက်ထပ် သိချင်တာရှိရင် မြန်မာဘာသာနှင့် ရေးသားထားတဲ့ ဒီစာအုပ်လေး မှာယူပြီး ဖတ်လို့ရပါတယ်နော် 😍
2
true | false
👍2👎2
Variable Default Value In Java

Java မှာ Variable Default Values ဆိုတာက Variable တစ်ခုကို Explicitly Initialize မလုပ်ဘဲ Declare လုပ်လိုက်ရင်၊ Java Compiler က အလိုအလျောက် Assign လုပ်ပေးတဲ့ တန်ဖိုးတွေကို ဆိုလိုပါတယ်။ Default Values တွေက Variable ရဲ့ Data Type ပေါ်မူတည်ပြီး ကွဲပြားပါတယ်။ Data Type 2 မျိုးရှိတယ်ဆိုတာ သိထားပြီ ဖြစ်ပါတယ် ( Primitive Data Types & Non-Primitive Data Types )။

1. Primitive Data Types
2. Non-Primitive Data Types ( Reference Data Types )


1. Primitive Data Types
Primitive data types တွေကို declare လုပ်လိုက်ရင်၊ Java compiler က အလိုအလျောက် default values တွေကို assign လုပ်ပေးပါတယ်။

2. Non-Primitive Data Types ( Reference Data Types )
Reference data types ( objects, arrays ) တွေကို declare လုပ်လိုက်ရင်၊ Java compiler က အလိုအလျောက် null ကို assign လုပ်ပေးပါတယ်။

တစ်ခုမှတ်ထားသင့်တာရှိပါတယ်။
အတာကတော့ Class Level Variable မှာပဲ Default Value ရှိပြီး Local Variable မှာ Default Value မရှိပါဘူး။ Local Variable ကို သုံးမဲ့ ‌နေရာမှာပဲ ‌ကြေညာသင့် ပြီး ကြေညာထားရင်လဲ Default Value တစ်ခု ထည့်ထားသင့်။ Local Variable မှာ ကြေညာထားတဲ့ Variable ကို Value တစ်ခုခု မထည့်ထားရင် Compiler က Default Value မထည့်ပေးတဲ့အတွက် Compile Error တက်လာမှာဖြစ်ပါတယ်။ အတာ‌ကြောင့် Variable တစ်ခု ‌ကြေညာထားရင် တန်းဖို့ထည့်ထားသင့်ပါတယ်။ ကိုယ်တိုင် code ရေးပြီး စမ်းကြည့်သင့်ပါတယ်။