PrimeNet MM
1.38K subscribers
1 photo
Download Telegram
Smothered (2025)

ဒီအင်ဒိုနီးရှားဇာတ်ကားလေးကတော့ IMDb Rating 7.8/10 ရရှိထားတဲ့ Mystery-Thriller ဇာတ်ကားလေးဖြစ် ပါတယ်။ ဒါရိုက်တာတွေကတော့ Rafki Hidayat နဲ့ Kevin Rahardjo Ů: Rio Dewanto Faradina Mufti နဲ့ Vonny Anggraini အဓိက ပါဝင်သရုပ်ဆောင်ထားကြပါ တယ်။

ဇာတ်လမ်းအကျဉ်း

အာလစ်ဖ်ဟာ အနုစိတ်ပန်းချီရေးဆွဲတဲ့ နာမည်ကြီး အနုပညာရှင်ဖြစ်ပါတယ်။ ကားမတော်တဆဖြစ်ပြီးနောက် မှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေ ပျောက်ဆုံးနေဆဲဆိုတာကို ဆရာဝန်က သူ့ကို သတိပေးခဲ့ပါတယ်။

အာလစ်ဖ်ဟာ ဇနီးဖြစ်သူ နာဒင်းနဲ့ သား အဲမေးရ်တို့ကို မှတ်မိနေသေးပေမဲ့ မတော်တဆမတိုင်ခင်အဖြစ်အပျက် အတော်များများကို မမှတ်မိနိုင်တော့ပါဘူး။

အာလစ်ဖ်ဟာ အေးစက်နေတဲ့ သူတို့အိမ်ထောင်ရေးအပြင် သူ လုံးဝမမှတ်မိတဲ့ သူ့အမေကပါ အိမ်ကို လာလည် မယ်ဆိုတာကို သိလိုက်ရပါတယ်။ အမေဖြစ်သူ အိမ်ကို ရောက်လာပြီးနောက်မှာတော့ အာလစ်ဖ်ဟာ သူ့အမေနဲ့ ပတ်သက်ပြီး ခံစားချက်တွေကို သံသယဝင်လာပါတော့ တယ်။

တစ်ချိန်တည်းမှာပဲ သူ့ကို ပုံရိပ်တွေ အသံတွေကပါ နှောင့်ယှက်ခြောက်လန့်လာခဲ့ပါတယ်။ ဝေခွဲမရနိုင်တဲ့ အာရုံ အသံတွေ ရှင်းပြရခက်တဲ့ ခံစားချက်တွေကို အာလ စ်ဖ်တစ်ယောက် ခြေရာခံဖို့ ကြိုးစားမိချိန်မှာတော့...
1
Dopamine (2025) * 3: ဇာတ်ကားလေးကတော့ Netflix ကနေ Streaming ထား IMDb Rating 7.9/10 ໑໖: Drama-Thriller ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါရိုက်တာ Teddy Soeriaatmadja စီစဉ်ညွှန်ကြားရိုက်ကူးထားပြီး Angga Yunanda Shenina Cinnamon Anjasmara o အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပြီးတော့ အကြွေးနွံနစ်နေတဲ့ အလုပ်လက်မဲ့ ဇနီးမောင်နှံနှစ်ယောက် မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့ လူသေအလောင်းနဲ့ ငွေအိတ် ကြီးကို ဘယ်လိုဇာတ်လမ်းရှင်းကြမလဲဆိုတာ ရင်တထိတ် ထိတ်နဲ့ ရှုစားကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *** မာလစ်ခ်နဲ့ အလယျာတို့ ဇနီးမောင်နှံ ဟာ လက်ထပ်တာ မကြာသေးပေမဲ့ အလုပ်လက်မဲ့တွေ ဖြစ်နေကြပါတယ်။ ဒါကြောင့် မိဘဆွေမျိုးတွေ မိတ်ဆွေ တွေရဲ့ အထောက်အပံ့တွေနဲ့ မလုံလောက်တဲ့အပြင် နည်း မျိုးစုံနဲ့ အကြွေးနွံ နစ်နေကြသူတွေပါ။ တစ်နေ့မှာ အသိအစ်ကိုလမ်းညွှန်ပေးတဲ့ စိတ်ချရတဲ့ အပေါင်ဆိုင်ဆီ သွား ရင်းအပြန်မှာ ကားဘီးပေါက်သွားခဲ့ပါတယ်။ မာလစ်ခ်ဟာ မိုးရေထဲမှာ ကားဘီးလဲတပ်ဖို့ ကြိုးစားနေချိန် ဖြတ်သွား တဲ့ကားတစ်စီးက အိမ်အထိ လိုက်ပို့ပေးခဲ့ပါတယ်။ မစဲနိုင် အောင် မိုးအရမ်းသည်းနေတဲ့အတွက် သူတို့ဇနီးမောင်နှံ ဟာ ထိုလူကို ညအိပ်တည်းခိုဖို့ ပြောခဲ့ပါတယ်။ မနက် စာအတွက် ဧည့်သည်ကို သွားနှိုးကြရာ သေဆုံးနေ တာကို မြင်လိုက်ရပြီး ဘေးမှာလည်း ငွေအပြည့်နဲ့ ဆာင်အိတ်ကို မြင်လိုက်ရတဲ့အခါမှာတော့
Blood Haven (2025) IMDb Rating (6.3)

လတ်တလော ဗီယက်နမ်ရုံတွေမှာ ဝင်ငွေစံချိန်တင်နေ တဲ့ Thien Duong Mau ဆိုတဲ့ ရုပ်ရှင်ကားလေး တင် ပေးထားပါတယ်။ ဒီကားက ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း မှာ ထွက်ထားပြီး ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး ဝင်ငွေစံချိန် တင် ရုပ်ရှင်အဖြစ် ရပ်တည်နေတာပါ။ ဒါရိုက်တာ Hoang Tuan Cuong က ရိုက်ကူးထားပြီး နာမည်ကြီး o Quang Tuan, Quach Ngoc Ngoan, Hoai Lam, Sy Toan Thanh Huong အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်း အကျဉ်း အခုနောက်ပိုင်း တော်တော်လေး နာမည်ကြီးနေ တဲ့ ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) ဂိုဏ်းတွေအကြောင်း ကို အခြေခံပြီး ရိုက်ထားတာပါ။ "အလုပ်ပင်ပန်းမှုမရှိဘဲ လစာကောင်းကောင်းရမယ်" ဆိုတဲ့ မက်လုံးတွေနဲ့ လူငယ်တွေကို နယ်စပ်က အထူးဒေသတွေဆီ လိမ်လည် ခေါ်ဆောင်သွားတဲ့ အဖြစ်အပျက်တွေနဲ့ စတင်ထားပါ တယ်။ အဲဒီလို လိမ်ခေါ် ခံရပြီး ရောက်သွားတဲ့သူတွေဟာ အပြင်ထွက်ခွင့်မရဘဲ အကျဉ်းချခံထားရပြီးတော့ ကိုယ့် နိုင်ငံသားတွေကိုပဲ ပြန်လည် လိမ်လည်ဖို့ အတင်းအကျပ် ခိုင်းစေခံရတဲ့ အခြေအနေတွေကို ရင်တမမနဲ့ ကြည့်ရမှာ ပါ။ ဒီကားထဲမှာ မင်းသား Quang Tuan က ပျောက်ဆုံး နေတဲ့ ညီမဖြစ်သူကို လိုက်ရှာတဲ့ တွမ် ဆိုတဲ့ ကာရိုက် တာကနေ သရုပ်ဆောင်ထားပြီး၊ အဲဒီဒုစရိုက်ဂိုဏ်း ခေါင်းဆောင် ဖူး နေရာမှာတော့ Quach Ngoc Ngoan က သရုပ်ဆောင်ထားပါတယ်။ လိမ်လည်မှုအဖွဲ့အစည်း ရဲ့ အကြီးတန်း မန်နေဂျာ မိုင် အဖြစ် Thanh Huong က အပီပြင်ဆုံး သရုပ်ဆောင်ထားပါတယ်။ တွမ် တို့လို သားကောင်ဖြစ်သွားတဲ့ လူငယ်တွေ ဒီငရဲခန်းကြီးထဲကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြမလဲ၊ ဘယ်လို ရက်စက်မှုတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားစရာ တင်ဆက် ထားတာ တွေ့ရမှာပါ
12
S.Saraswathi 2026 အမှန်တရားဘက်တော်သား IMDb 6.5 အမှန်တကယ် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး plot twist ခပ်မိုက်မိုက် ဇာတ်လမ်းမျိုးရှာနေပါသလား ဒါဆို ရင်တော့ ဒီကားကို လက်မလွှတ်သင့်တဲ့ ဇာတ်ကား list ထဲ အခုပဲထည့်ထားလိုက်ပါတော့ အမေတစ်ခု သမီးတစ် ခုဘဝမှာ အချစ်ဆိုလို့ ဒီသမီးလေးတစ်ယောက်တည်းပေါ့ သမီးလေးမွေးနေ့မှာ စပရိုက်စ် စီစဉ်ထားပေမဲ့ တကယ် စပရိုက်စ်တိုက်ခံရတဲ့လူကတော့ လက်ရှ်မီးကိုယ်တိုင် ပါပဲ မနက်ကတင် သမီးဖြစ်သူကို ကျောင်းလိုက်ပို့ပြီး ညနေကျောင်းဆင်း ပြန်သွားခေါ်တော့ ဆွာရာဆွာသီဆို တဲ့ သူ့သမီးက နာမည်ပဲတူပြီး သူ့သမီးအစစ် မဟုတ်နေ လို့ပါပဲ အတန်းပိုင်ဆရာမကလည်း ဒီအတန်း ဒီကျောင်း မှာ ဒီနာမည်နဲ့ကလေးမက ဒီတစ်ယောက်ပဲရှိကြောင်း အခိုင်အမာပြော လက်ရှ်မီးကလည်း တစ်ကျောင်းလုံးပတ် ရှာနဲ့ ပွက်လောရိုက်ကုန်တော့ ရဲခေါ်တဲ့အဆင့်အထိဖြစ် သွားခဲ့ရတယ် သူ့သမီးရဲ့ သူငယ်ချင်းနာမည်တွေနဲ့လိုက် ရှာတော့လည်း ဘယ်သူမှမသိနေကြတဲ့ ထူးဆန်းတဲ့အမှု ဖြစ်လာတာပေါ့ မနက်ကတင် ကိုယ်တိုင်ကျောင်းလိုက်ပို့ ပေးခဲ့ပြီး ညနေကျ ဘယ်သူမှမသိတော့ဘူးဆိုတော့ လ က်ရှ်မီးလည်း ဝေခွဲမရဖြစ်ရင်း ညရောက်လာခဲ့တယ် ဒီ အချိန် ဖုန်းတစ်ကောလ်ဝင်လာတယ် သူ့သမီးဆိုသူဆီက ပါ ကျောင်းအုပ်ရုံးခန်းမှာ သူ့ကိုလာကယ်ပါဆိုတဲ့သတင်း နဲ့အတူ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်
2
Who Could Kill a Sweet Old Lady (2026)

အီဒီဆိုတဲ့ လူငယ်အမျိုးသမီးလေးဟာ မိဘနှစ်ပါးရဲ့ အလုပ်ကိစ္စကြောင့် အဘွားလက်ထဲမှာကြီးပြင်းလာခဲ့ ရတာဖြစ်ပါတယ်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အချိန် ကောလိပ်ကျောင်းသူအရွယ်ကိုရောက်လာတဲ့အခါမှာ သူ့ကျောင်းက သူနေတဲ့အဘွားအိမ်နဲ့ မနီးအဝေးနေရာ မှာရှိတဲ့အတွက် အဘွားနဲ့အတူတူနေလို့ရပေမယ့်လည်း အဘွားနဲ့မနေဘဲ ကျောင်းသားအိမ်ရာမှာပဲ ခွဲနေဖို့ဆုံးဖြတ် လိုက်ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ဘဲ သူ့အဘွားဟာ ရောဂါ ကြောင့်ကွယ်လွန်သွားရတဲ့အခါ အီဒီဟာ လူကြီးသူမ ကျေးဇူးကိုမဆပ်လိုက်ရဘဲ ကျေးဇူးကန်းသလိုလုပ်ခဲ့မိတဲ့ သူ့အပြုအမူကိုယူကြုံးမရဖြစ်နေတာပါ။ ဒါကြောင့် မလို့ သူနာပြုကျောင်းတက်နေရင်းနဲ့ အားတဲ့အချိန်မှာ အဘွားအရွယ်ရှိတဲ့ သက်ကြီးရွယ်အိုတွေကို မိသားစု ရင်းသဖွယ် စေတနာပါပါနဲ့ အမြဲတမ်းဂရုဏာအပြည့်နဲ့ လိုက်လံပြုစုစောင့်ရှောက်ပေးနေခဲ့တာပါ။ တစ်နေ့မှာ တော့ အီဒီရဲ့ အလုပ်ရှင်ဟာ သူ့ကိုမြို့ထဲက ချမ်းသာတဲ့ အဘွားအိုကြီးတစ်ယောက်ကို သွားပြီးပြုစုဖို့ ခိုင်းလာခဲ့ပါ တယ်။ ဖြစ်ချင်တော့ ဒီအဘွားအိုကြီးဟာ သူ့ရဲ့စည်းစိမ် ကြောင့်ချမ်းသာနေပေမယ့် စိမ်းစည်ကြောင့်ပဲ လူနေ မှုအသိုင်းအဝိုင်းနဲ့ဝေးကွာပြီး တစ်ယောက်တည်း ဥစ္စ ခြောက်နေရတာဖြစ်ပါတယ်။ ဒါကိုသိသွားတဲ့ အီဒီဟာ အိမ်ပိုင်ရှင်အဘွားကြီးကို ပိုဂရုစိုက်ပြုစုပေးခဲ့ပြီး တာဝန် ချိန်နဲ့ တာဝန်ပြင်ပဖြစ်တဲ့ ဝေယျာဝစ္စကိစ္စတွေကိုပါ လိုက် လုပ်ပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ဘဲ တစ်ညမှာတော့ အဘွားကြီးအိမ်ကို သူခိုးတစ်ယောက်ဝင် ဖောက်ပြီးတဲ့အချိန်မှာ အဘွားကြီးဟာ ပိုဥစ္စာခြောက်လာ ပြီး သူ့ကိုပစ်မှတ်ထားနေတဲ့ လူဆိုးတွေရှိတယ်ဆိုတာကို သိလာရတဲ့အချိန်မှာတော့ အီဒီတစ်ယောက် ဒီပြဿနာကို ဝင်ပြီးဖြေရှင်းပေးဖို့ ဖြစ်လာပါတော့တယ်
2
Yo_u-th O-f M_a-y ( 20/21 )
++++++++++
နွေရာသီရာက်ရင်ဒီကားလေးကိုမကြည့်ရရင်မနေနိုင်ဘူး။။
စည်းကမ်း တင်းကြပ် တဲ့ ဖခင်ရဲ့ လက် အောက်မှာ နေခဲ့ရပြီး မတော် တဆမှု တစ်ခု ကြောင့် ဆေးကျောင်းသား ဘဝကနေ ဘွဲ့မရနိုင် သေးတဲ့ အပြင်ဆရာဝန် ဘဝ ကိုပါ စွန့်လွှတ်ရ မလိုဖြစ်နေတဲ့ နဲ့
ဆင်းရဲပြီးချို့တဲ့ပေမယ့်ဘဝအတွက်ရုန်းကန်ကြိုးစားနေတဲ့မာနရှင်သူနာပြုဆရာမလေးနဲ့ဆုံတဲ့အခါ
2
"IAS အရာရှိဖြစ်ဖို့ ရည်မှန်းထားတဲ့ ကျောင်းသူလေးရဲ့ဘဝက ပါတီတစ်ခုကြောင့် ပြာပုံဖြစ်သွားရတဲ့အခါ"

Euphoria (2026)
ယူဖိုးရီးယား

ခေတ်သစ်လူငယ်ထုကြားက မူးယစ်ဆေးဝါးပြဿနာ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးတွေကို ပွင့်ပွင့်လင်းလင်း တင်ဆက်ထားတဲ့ တေလေဂူစကားပြော ဆိုရှယ်ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ချိုင်တရာဟာ IAS (အုပ်ချုပ်ရေးအရာရှိ) ဖြစ်ချင်တဲ့ ရည်မှန်းချက်ကြီးမားတဲ့ ကျောင်းသူလေးတစ်ယောက်ပါ။ သူဟာ ပါတီတစ်ခုမှာ စပြီးသိတဲ့ ဗီကပ်စ်နဲ့ သူငယ်ချင်းတစုရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံလိုက်ရတာကြောင့် ဘဝတခုလုံး ပြောင်းလဲသွားခဲ့ပါတယ်။တစ်ဖက်မှာလည်း စည်းကမ်းကြီးတဲ့ ဗီကပ်စ်ရဲ့အမေ ကောလိပ်ကျောင်းအုပ်ဆရာမကြီး ဗီဒ်ယာဟာ သူ့ရဲ့သား ဖြစ်သူ ဗီကပ်စ်ရဲ့ လုပ်ရပ်တွေကြောင့် စိတ်သောကရောက်ရပြီး မိခင်မေတ္တာနဲ့ ကိုယ်ကျင့်တရားကြားမှာ ဗျာများနေရပုံနဲ့ ပြစ်မှုကျူးလွန်သူတွေ နောင်တရပြီး ပြန်လည်ရုန်းထွက်နိုင်မလားဆိုတာကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာပါ။
2
Ch-h_aa-va (2025)

ပွတ်ရှပါးထဲကမင်းသမီးရဲ့ဇာတ်ကား။ An-i-ma-l နဲ့ ပွတ်ရှပါတို့လိုအရမ်းမိုက်တဲ့ ရာရှ်မီကားရဲ့ ဇာတ်ကား လေး ရာရှ်မီကားဟာ၂ဝ၂၃ မှာ သူမ ပါဝင်တဲ့ Animal ရုပ်ရှင်နဲ့ ကုဋေ ထောင်ကျော်ရပြီး Blockbuster ဖြစ်ခဲ့သလို ၂ဝ၂၄ မှာလည်း Pushpa 2 နဲ့ ကုဋေ ၂ဝဝဝ နီးပါးထိရကာ Bahubali 2 ကို ကျော်တက်နိုင်တဲ့အထိကို အောင်မြင်မူရထားပါတယ်။ ၂၀၂၅ မှာ ရာရှ်မီကားက စလ်မန်းခန်းနဲ့ တစ်ကား၊ ဗစ်ကီနဲ့ တစ်ကား ထွက်ဖို့ရှိပါတယ်။

ရှေ့လရုံတင်မဲ့ ရာရှ်မီကားနဲ့ ဗစ်ကီတို့ရဲ့ Chhaava Historical Action Movie ဖြစ်ပြီး ဗစ်ကီက မရာထာပြည်ရဲ့ဘုရင် Chhatrapati Sambhaji အဖြစ် ပါဝင် သရုပ်ဆောင်ပြီး ရာရှ်မီကားက ဘုရင့် မိဖုရားအဖြစ် သရုပ်ဆောင်ထားပါတယ်။

Chhaava ရုပ်ရှင် က မရာထီ novel ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ကရီသီးရဲ့ MiMi ရိုက်တဲ့ ဒါရိုက်တာ ရိုက်ကူးတာပါ။ ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ရာရှ် မီကားအပြင် ၁၉၉၀ ခေတ် မင်းသား အရှေးခန်နာလည်း ပါဝင်သရုပ်ဆောင်ထားတယ်..
အိမ်ကိုလိမ်ပီး လိုင်းပေါ်ကကြိုက်တဲ့ကောင်လေးနဲ့သွားတွေ့တာ အုပ်စုဖွဲ့အဓ္ဓမကျင့်ပီး Vd ပါရိုက်ထားကာခြိမ်းခြောက်သောအခါ…🙂



ဆယ်ကျော်သက်မိန်းကလေးတွေအတွက် ပညာရစေတဲ့ ဇာတ်ကားလေးပဲဖြစ်တယ်

ဆယ်ကျော်သက်ဆိုတာ အတွေ့အကြုံနုပြီး လောကကြီးအကြောင်း နားမလည်သေးတဲ့အရွယ်လေးတွေပါ လူကောင်းဆိုတာ ရှားတဲ့ခေတ်ကြီးမှာ မိန်းကလေးတွေ ဆင်ခြင်တတ်ဖိုက အဓိကပါ။

ဒီဇာတ်လမ်းလေးမှာတော့ သစ်ရွက်လေးလှုပ်ရင်တောင် ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်ဘဝမှာ လျူမီနာဆိုတဲ့ ကျောင်းသူလေးတစ်ယောက် မကောင်းတဲ့ယောကျ်ားလေးမျိုးနဲ့ ဆုံမိပြီး ဘာတွေဆက်ဖြစ်မလဲ…ဆိုတာ ကြည့်ရှူရင်း ကိုယ်လည်း လျူမီနာလိုမဖြစ်အောင် ဆင်ခြင်နိုင်တာပေါ့
4👍2
"တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့တဲ့ အင်ဒိုနီးရှားက ဖြစ်ရပ်မှန်ဇာတ်လမ်းလေး"

NIA (2025)

မြေစာပင်

အင်ဒိုနီးရှားနိုင်ငံက ကြေကွဲစရာဖြစ်ရပ်မှန်လေးကို ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပါ
ဇာတ်လမ်းလေးကတော့ နီရာက ကျောင်းမှာစာလည်းတော်ပြီး အမေအပေါ် တော်တော်လေးသိတတ်တဲ့ သမီးပါ အလတ်ဖြစ်ပေမဲ့လည်း အကြီးအတွက် အငယ်အတွက် အနစ်နာခံပြီး ကျောင်းပြီးရင် အကြော်ရောင်းပြီး နေမကောင်းတဲ့ အမေဖြစ်သူအစား အကြော်ရောင်းပြီး အိမ်ကိုကူညီပါသေးတယ်
ဒါပေမဲ့ သေမင်းကလည်း အကောင်းကြိုက်တယ်ဆိုတဲ့ စကားတိုင်း ဒီလိုအဘက်ဘက်က လိမ္မာတဲ့နီရာတစ်ယောက် ဘယ်လိုကြမ္မာဆိုးနဲ့ ကြုံရမလဲဆိုတာကတော့
10
Per-fe-ct Cr-o-w-n (2026)


ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10 ရက်နေ့မှာ ထုတ်လွှင့်သွားပါမယ်

နန်းတွင်းဇာတ်လမ်းဆိုပေမယ့် ရှေးခေတ်မဟုတ်ဘဲ Modern Era (ခေတ်သစ်ကိုရီးယား) ကို
နောက်ခံထားထားတာဖြစ်ပါတယ်
အရမ်းကို လွတ်လပ်ချင်တဲ့ မိန်းကလေးတစ်ယောက်က တင်းကြပ်လွန်းတဲ့ နန်းတွင်းစည်းမျဉ်းတွေကြားထဲ မတော်တဆရောက်သွားပြီး Prince (မင်းသားကြီး) နဲ့ လက်ထပ်လိုက်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်

Princess Hours လိုမျိုး နန်းတွင်းအငွေ့အသက်ကိုမှ ခေတ်သစ်ဖက်ရှင်တွေ၊ Lifestyle တွေနဲ့ ဆန်းဆန်းလေး မြင်ရမှာပါ
1
Tu Yaa Main (2026)

လွတ်မြောက်မည့်လမ်း

Survival ဇာတ်လမ်းကိုမှ ရင်တလှပ်လှပ် သည်းထိပ်ရင်ဖိုခံစားစေရမဲ့ ဟင်ဒီရုံတင်ကားလေး တင်ဆက်ပေးချင်ပါတယ်ရုံတင်ငွေအနေနဲ့လည်း ၈ ကုဋေပြန်လည်ရရှိထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်အင်စတာမှာ နာမည်ကြီး influencer တစ်ယောက် follower ကလည်း 2သန်းရှိတဲ့လူ နာမည်က ဗန်နတီ ခေါ် အာဗာနီတဲ့ ရုပ်ကလေးကလည်းချော ဖန်တီးနိုင်စွမ်းလည်းရှိတော့ ပရိသတ်တွေ ဝိုင်းဝိုင်းလည်ပေါ့ ဒီကောင်မလေးနဲ့ ဇာတ်လမ်းဖြစ်သွားတာက တက်သစ်စ influencer လေး မာရူသီ သူတို့ ၂ယောက်ပေါင်း content တစ်ခုဖန်တီးမယ်ဆိုပြီး အပန်းဖြေခရီးထွက်ရာက ရှင်သန်ဖို့အပြင်းအထန် ရုန်းကန်ရမဲ့ အန္တရာယ်မျိုးနဲ့ တွေ့ကြုံလာတဲ့အခါမှာတော့...။
"၁၉၄၅ က အစွန်းရောက်ဘာသာရေးဂိုဏ်းရဲ့ အစုလိုက်သတ်ဖြတ်မှု ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားသစ်ကြီး"

Samakdo (2026)

ဒီတစ်ခေါက်မှာ တင်ဆက်ပေးချင်တာကတော့ Flex x Cop òm :: Kwak Si-Yang

Welcome to Samdal-ri ထဲကမင်းသမီး Yunseo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့

ရုံတင်ကားသစ်လေးပဲ ဖြစ်ပါတယ်။

1945 § The Pure White Cult အစွန်းရောက် ဘာသာရေးဂိုဏ်းက အစုလိုက် အပြုံလိုက်

သတ်ဖြတ်မှု ဖြစ်ရပ်မှန်ကို ကျောရိုးယူထားပြီး ဘာသာရေးအယူသည်းပုံတွေကို ကွက်ကွက်ကွင်းကွင်း

ရိုက်ကူးပြထားတာမို့လို့ Occult အမျိုးအစား ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများ အတွက်တော့
စိတ်ကျေနပ်မှုအပြည့်ရစေမဲ့ ရုပ်ရှင်လေး ဖြစ်မှာ အသေအချာပါပဲ။

ဇာတ်လမ်းအကျဉ်း

မာချီဒါ ဒါအီခီကတော့ ဂျပန်နိုင်ငံရဲ့အကြီးဆုံးအစွန်းရောက်ဘာသာရေးဂိုဏ်းဖြစ်တဲ့

အာခါမိုရီဂိုဏ်းအကြောင်းကိုစုံစမ်းနေတဲ့ ဂျပန်သတင်းထောက်တစ်ဦးပါ။

သဲလွန်စတွေနောက်ကိုလိုက်ရင်းလိုက်ရင်း အာခါမိုရီဂိုဏ်းကဂျပန်ကိုလိုနီခေတ်နောက်ပိုင်းပျောက်ကွယ်သွားပြီလို့
Bhabhiji Ghar Par Hain Fun On the Run(2026) ပြေးနိုင်မှလွတ်မယ်

သူ့မိန်းမကို ကိုယ်ကကြောင် ကိုယ့်မိန်းမကိုသူက ကြောင်နဲ့ အားရင်အားသလို ဖွန်ကြောင်နေတတ် တဲ့ ဘာဘူတီ နဲ့ တီဝါရီ ဆိုတဲ့အိမ်နီးချင်းနှစ် ယောက်ရှိကြပါတယ်။တစ်နေ့တော့ သူတို့နှစ် ယောက်က သူတို့ဇနီးသည်ချောချောလေးတွေ ကို ခေါ်ပြီးခရီးတစ်ခုထွက်ခဲ့ကြပါတယ်။ဒါပေမဲ့ လမ်းမှာ တစ်ယောက်တစ်ခန်းစီ အခန်းတွေ လွတ်နေကြတဲ့ ကြောင်တောင်တောင် လူဆိုး ညီအစ်ကိုနှစ်ယောက်နဲ့ ဆုံမိပါတော့တယ်။ လူဆိုးညီအစ်ကိုနှစ်ယောက်က ဘာဘူတီနဲ့တီဝါ ရီတို့ရဲ့ ဇနီးချောချောလေးတွေကိုသဘောကျ သွားပြီး သူတို့ကိုအပိုင်သိမ်းဖို့ ကြံစည်တဲ့အခါ မှာတော့ ဘာဘူတီနဲ့ တီဝါရီတို့က သူများမိန်းမ ကိုသာဖွန်ကြောင်တာ ကိုယ့်မိန်းမကိုပေးရမဲ့ အရေးကျဘယ်လိုတွေလွတ်အောင်ပြေးရင်း ဘယ်လိုအလွဲတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
၇နှစ်ကြာပြီးမှငယ်ချစ်ဦးနဲ့ပြန်ဆုံသောအခါ
========================

အတိတ်ရဲ့အရိပ်


အချစ်ကို အကဲဖြတ် တွက်ချက်တတ်ကြတဲ့ ဒီလောကကြီးထဲမှာ လူငယ်စုံတွဲတစ်တွဲဟာ အရာအားလုံးကို လောင်ကျွမ်းဝါးမျိုသွားမတတ် ပြင်းရှတဲ့ အချစ်မီးလျှံထဲ တိုးဝင်ပိတ်မိသွားခဲ့ကြတယ်။

ဒါပေမဲ့ ရမ္မက်ဆန္ဒတွေ တပ်မက်မှုတွေနဲ့ စတင်ခဲ့တဲ့ သံယောဇဉ်တွေဟာ အချိန်ကာလက ဝင်ရောက်စွက်ဖက်လာသလို ဘဝရည်မှန်းချက်တွေကြောင့်လည်း လမ်းကြောင်းပြောင်းသွားတယ်။ မြတ်နိုးမှုတွေက အပေးအယူတွေအပေါ် မှီခိုလာရတယ်။ တစ်ချိန်က အဆုံးအစမဲ့တယ်လို့ ထင်မှတ်ခဲ့ရတဲ့ယုံကြည်မှုတွေဟာ နာကျင်စရာ ဒဏ်ရာတွေအဖြစ်နဲ့ ပြိုလဲပျက်စီးပြီး ဇာတ်လမ်းလေးလည်း ပြီးဆုံးသွားခဲ့ပါတော့တယ်။

ခုနစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ဖူဂျီတောင်ကြီးရဲ့အရိပ်အောက်မှာ သူတို့ ပြန်လည်ဆုံစည်းခဲ့ကြပြန်တယ်။ ဂျပန်ပြည်က ပိုပြီးတိတ်ဆိတ်ငြိမ်သက်နေသလို လေထုကလည်း ပိုပြီး ပါးလွှာအေးစက်နေတယ်။ အခုချိန်မှာ သူတို့ဟာ အရင်ကသူတို့ မဟုတ်ကြတော့ဘူး။

ကွဲပြားသွားတဲ့ ဘဝခရီးလမ်းတွေ၊ မတူညီတဲ့ ဒဏ်ရာအမာရွတ်တွေကိုယ်စီ သယ်ပိုးလာရင်း... ဘယ်တော့မှ မေ့ဖျောက်မပစ်ခဲ့ဖူးတဲ့ အတိတ်တစ်ခုရဲ့ရှေ့မှာ သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ရပ်တန့်နေမိကြတယ်။

အချစ်က အတိတ်တွေထဲကနေ ရုန်းထွက်ပြီး ဆက်လက်ရှင်သန်နိုင်မလား... ဒါမှမဟုတ် လမ်းကြောင်းဟောင်းအတိုင်း ပြန်လှည့်လာဖို့ ကြိုးစားသူတွေကိုပဲ ထပ်မံခြောက်လှန့်နေဦးမလား...
J_an-a N-ay_a-ga_n (20/26)
++++++++++
ကတိ စကား တခွန်း ကြောင့် မိတ်ဆွေ ဖြစ်သူ ရဲ့သမီးလေး ဗီဂျာယာ ကိုသမီး အရင်းလို စောင့်ရှောက် ပေးနေတဲ့ သာလာ ပါသီ သူမ ငယ်ဘဝက အဖြစ်ဆိုး တခုကြောင့် စိတ်ဒဏ်ရာရထားသူဖြစ်ပါတယ်

သူဟာသူမကို စိတ်ဓာတ် ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက် ဖြစ်အောင် ပျိုးထောင် ပေးရင်း ဗီဂျာ ယာကို စိတ်ဒဏ် ရာရ အောင် လုပ်ခဲ့တဲ့ သူတွေက အိန္ဒိယနိုင်ငံကို ဖျက်ဆီး ဖို့ကြိုးစား နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ပတ်သက် နေမှန်း သိသွားတဲ့ အခါမှာတော့
L-o*v*e A-m*b*i-t*i*o-n(2026)


ဒီနေ့က Zhao Lu Siလေးကို Modern drama ထဲမှာ Xu Yanအဖြစ် တွေ့ခွင့်ရမယ့်နေ့လေးပါပဲ။ မင်းသား William Chanက Shen Hao Mingအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး  သူတို့နှစ်ဦးကို အသက်ကွာခြားမှုရှိတဲ့ စုံတွဲလေးအဖြစ် ပုံဖော် ရိုက်ကူးထားတာပါ။ ဆွဲဆောင်မှုရှိတဲ့ သတင်းတင်ဆက်သူ Xu Yan နဲ့ မြို့တွင်းမှ အထက်တန်းစား လူကုံထံ Shen Hao Ming တို့ဟာ လူတိုင်း အားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပေမဲ့ သူတို့ရဲ့မတူညီတဲ့နောက်ခံတွေက သူတို့ရဲ့ဆက်ဆံရေးကို တင်းမာမှုတွေဖြစ်လာစေပါတယ်။ Xu Yanက Shen Hao Ming ကို သူ(မ)ဂရုတစိုက် ဖန်တီးထားတဲ့ ပုံရိပ်နှင့် Shen Hao Mingရဲ့လွှမ်းမိုးမှုဩဇာအာဏာတို့ကြောင့် လက်ထပ်ဖြစ်ခဲ့ပါတယ်။
1
My Little Grandma (2025)

ဇာတ်လမ်းအကျဉ်း

မိဘမဲ့ဖြစ်သူ ဆုသည် အဖွား၏ အကြွင်းမဲ့ဂရုစိုက်မှုဖြင့် ကြီးပြင်းလာခဲ့သော်လည်း အဖွားဖြစ်သူ မတော်တဆမှုကြောင့် ဆေးရုံတက်ရချိန်တွင် ဘဝ၏ခါးသီးသော အလှည့်အပြောင်းများ စတင်လာခဲ့သည် ။ ဆေးရုံကုတင်ပေါ်က အဖွားကို ပြုစုရင်း မိသားစုတွင်း ပဋိပက္ခများ၊ နားလည်မှုလွဲမှားမှုများနှင့် နောင်တများကို ဆုတစ်ယောက် ရင်ဆိုင်ဖြေရှင်းရပါတော့သည် ။ အခက်အခဲများကြားမှ အဖွားအပေါ်ထားသည့် ဆု၏ မေတ္တာတရားနှင့် ဘဝ၏နောက်ဆုံးအချိန်များကို အကောင်းဆုံးကျော်ဖြတ်ရန် ကြိုးစားပုံတို့ကို စိတ်မကောင်းစဖွယ် ကြည့်ရှုရမည်ဖြစ်သည် ။
1
Yumi's Cells S03 (2026)


အားလုံးစောင့်မျှော်နေကြတဲ့ Yumi’s Cells ကတော့ Season 3 အနေနဲ့ ပရိသတ်ကြီးဆီကို ပြန်လည်ရောက်ရှိလို့လာပါပြီ.. ဒီတစ်ခါမှာလည်း ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ယူမီအဖြစ် မမ Go Eun နဲ့အတူ .. The Tale of Lady Ok , King the Land ထဲက အားလုံးရဲ့ အသည်းစွဲမင်းသားလေး Kim Jae Won တို့က အဓိကပါဝင်ထားပြီး တခြားနာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ထားပါတယ် ..

သာမန်ရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ Kim Yu Mi ဟာ အခုအချိန်မှာတော့ စာဖတ်သူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ ရိုမန့်စ်ဝတ္ထုစာရေးဆရာမအဖြစ် အောင်မြင်မှုတွေ ရရှိထားပေမဲ့လည်း ငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းရင်းနဲ့ သူမဘဝဟာ အဓိပ္ပါယ်ပျောက်ဆုံးလို့ နေပါတယ် ။

ဒီလိုမျိုး အဓိပ္ပါယ်မဲ့နေတဲ့ Yu Mi ရဲ့ ဘဝထဲကို မမျှော်လင့်ဘဲနဲ့ အသက် ၂၀ အရွယ် အယ်ဒီတာလေး Shin Sun Rok (Kim Jae Won)ရုတ်တရက် ဝင်ရောက်လာတဲ့အခါမှာတော့ တိတ်ဆိတ်ငြိမ်သက်နေတဲ့
"ဖြစ်ရပ်မှန်ဝတ္ထုကို အခြေခံထားတဲ့... ရင်နင့်စရာကောင်းလွန်းတဲ့ စစ်ကားလေး"

Firebird [2021]

ဒီတစ်ခါမှာတော့ Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ဒီဇာတ်ကားလေးဟာဆိုရင် Sertey Fetisov ရဲ့ The story of Roman ဇာတ်လမ်းကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်

ဆာဂျေး၊ လူဝီစာနဲ့ ဗိုလိုဂျာတို သူငယ်ချင်းသုံးယောက်ဟာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေကြတဲ့ တပ်သားတွေဖြစ်ပါတယ်

သူတိုစခန်းကို လေတပ်ငှာနချုပ်ရဲ့ ဒုဗိုလ်ကြီး မက်တီဂျာရောက်ရှိလာခဲ့ပါတယ်..ဆာဂျေးဟာ ဒုဗိုလ်ကြီးကို ကားမောင်းပေးရတဲ့ တာဝန်ပေးအပ်ခံလိုက်ရပါတယ်

ဓာတ်ပုံပညာဝါသနာပါတဲ့ ဆာဂျေးဟာ ဗိုလ်ကြီးမက်တီဂျာဆီကနေ ဓာတ်ပုံကူးနည်းပညာသင်ယူဖို စစ်တန်းလျားကနေ ညတိုင်းခိုးထွက်လေ့ရှိပါတယ်

ဗိုလ်ကြီးမက်တီဂျာဟာ ရုပ်လည်းချော သဘောလည်းကောင်းတဲ့အတွက်ကြောင့် အမျိုးသမီးတွေအာရုံထားခံရတဲ့လူဖြစ်ပါတယ်

အဲ့ဒီထဲမှာလူဝီစာလည်းအပါအဝင်ပေါ့..ဒါပေမယ့် ဗိုလ်ကြီးမက်တီဂျာဟာလူဝီစာကိုအလေးမထားဘဲသူ့ရဲ့သူငယ်ချင်း တပ်သားဆာဂျေးအပေါ်ကိုပဲအလေးထားဆက်ဆံနေတဲ့အခါမှာတော့
"ရေနဲ့မီးလို ဆန့်ကျင်ဘက်ဖြစ်ပေမယ့်... ခွဲခွာလို့မရအောင် ချစ်မိသွားတဲ့အခါ"

Water and Fire(2013)

လူတစ်ယောက်ရဲ့ မျက်ဝန်းတွေကိုကြည့်ပြီးကဗျာဖွဲ့နိုင်လောက်တဲ့အထိ ချစ်ဖူးကြလား??“ငါက လေထဲကအမှုန်အမွှားလေးပါလေတစ်ချက်ဝှေ့လိုက်ရင် တိမ်တွေပေါ်ရောက်သွားတယ်

မိုးအဖြစ်နဲ့ပြန်ရွာချတဲ့အခါ မြေပြင်ပေါ်ကတစ်နေရာမှကျလာတယ်ကံကြမ္မာရဲ့ အကျဉ်းသားပေါ့အမှုန်အမွှားလေးတစ်ခုသာဖြစ်လို့ ဘာမဆိုရင်ဆိုင်ရဲပါတယ်”

ဒါကတော့ အကြည့်ချင်းဆုံဖို့အရမ်းရှက်တတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့မျက်ဝန်းတွေကိုကြည့်ပြီးဖွဲ့ထားတဲ့ကဗျာပါ

ကောင်မလေးရဲ့ အသံချိုချိုလေးတွေအောက်မှာကျရှုံးဖို့သူ့ကိုယ်သူခွင့်ပြုမိလိုက်တဲ့ လူတစ်ယောက်ရဲ့ကဗျာ…..

ချစ်ခြင်းတရားဆိုတာ သိပ်ကိုဆန်းကြယ်တယ်မလားဘာအကြောင်းပြချက်မှမရှိဘဲ သူဖြစ်နေလို့ကိုချစ်မိသွားတာပါဆိုတဲ့ ချစ်သူနှစ်ဦးအတွက်နှစ်နှစ်ကာကာချစ်နေတဲ့အချိန်ရောက်မှ ပေါ်ပေါက်လာတဲ့ အကြောင်းတရားတစ်ခုကသူတို့အချစ်တွေကို ဖျောက်ဖျက်ပစ်နိုင်ပါ့မလား???